ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်ကစားသမား နေမာ ‘ခြေစွမ်းမပြနိုင်အောင်’ ပီရူးနတ်ဆရာတွေ အစီအရင် လုပ်
=======================
By AFP
အရောင်စုံ ခေါင်းစွပ်ဝတ်ရုံတွေ ဝတ်ဆင်ထားကြတဲ့ ပီရူး နတ်ဆရာ တစုဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပီရူး-ဘရာဇီးလ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် မတိုင်ခင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာရဲ့ ပုံစံရုပ်တခုကို ချည်တုပ်ကြရင်းနဲ့ ပွဲစဉ်မှာ နေမာ ခြေစွမ်းမပြနိုင်အောင် ရည်ရွယ်ပြီး မှော်အစီအရင်တွေ လုပ်ကြပါတယ်။
တောတောင်တွေနဲ့ ကမ်းခြေဧရိယာတွေက လာတဲ့ ရိုးရာနတ်ဆရာ အုပ်စုဟာ ကမ္ဘာ့ဖလား ငါးကြိမ် ဆွတ်ခူးထားတဲ့ ဘရာဇီးလ်အသင်းနဲ့ တွေ့ရမယ့် ပွဲစဉ်မှာ ပီရူးအသင်းကို ကူညီ ‘မ’စပေးဖို့ “Tayta Inti” နေနတ်ဘုရားကိုလည်း တိုင်တည်ပန်ကြားကြပါတယ်။
“နေမာကို ခြေချုပ်အစီအရင်လုပ်ထားပြီးတော့ ပွဲမှာ သူ ခြေစွမ်းမပြနိုင်အောင် ကျုပ်တို့ လုပ်ထားတယ်။ ကျုပ်တို့ သူ့ကို ခုလို ချည်တုပ်ထားတာကြောင့် သူ ပုံစံကောင်း ရမှာမဟုတ်သလို ကောင်းကောင်းလည်း ပြေးလွှားကစားနိုင်မှာ မဟုတ်ပါဘူး” လို့ နတ်ဆရာ ဖီးလစ် ရွန်ဒန်က ပြောပါတယ်။
ပီရူးနတ်ဆရာတွေဟာ ပီရူးအမျိုးသားအားကစားကွင်းကြီးရဲ့ အပြင်ဘက်မှာ အဲဒီ အစီအရင်ပြုလုပ်တဲ့ ရိုးရာဓလေ့ပွဲတခုကို လုပ်ခဲ့ကြတာဖြစ်ပြီး အဲဒီမှာ ဓားရှည်တွေ၊ အဆောင်လက်ဖွဲ့တွေ၊ အလံတွေနဲ့ နှစ်ဘက်အသင်းတွေက ကစားသမားတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ အရောင်စုံ ယဇ်ပလ္လင်တခုကို လုပ်ခဲ့ကြပြီး ခရုသင်းတွေ မှုတ်ခဲ့ကြပါတယ်။
အစောပိုင်းတုန်းက သူတို့ဟာ ဝိညာဉ်ကမ္ဘာဆီ တံခါးဖွင့်ဖို့ ဆိုတဲ့ အစွမ်းထက် စိတ်ချောက်ချားစေတယ်ဆိုတဲ့ အစီအရင်ကိုလည်း ယူဆောင်ခဲ့ကြပါတယ်။
ဒီအစီအရင်လုပ်တဲ့ ပွဲဟာ နေမာရဲ့ စိတ်တွေကို နောက်ကျိနေစေအောင် ရည်ရွယ်တာဖြစ်ပြီး ဒါမှလည်း သူဟာ လိုချင်တဲ့ ဂိုးတွေ သွင်းနိုင်မှာ မဟုတ်တော့ဘူးလို့ နတ်ဆရာ ဝေါ်လ်တာ အလာကွန်းက ပြောပါတယ်။
ဒီပွဲစဉ်ဟာ ခက်ခဲမှာဖြစ်ပြီး သရေကျလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။
Photos: AFP
#neymar #shaman #peru #worldcup #နေမာ

👍7🔥1