Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ
======================

JC
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များက လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းများလုပ် ဆောင်နေကြောင်း ဖြန့်ဝေနေသည်။ ယင်းမှာ မှားယွင်းနေသည်။

“People Media” တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၁၂ ရက်နေ့တွင် “မင်းကိုနိုင်ရဲ့ အုပ်စုဖြစ်တဲ့ ဒီငြိမ်း လင်းအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ ပြည်သူ တွေကို သတ်ဖြတ်တာ၊ ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်” ဟု (မူရင်း အရေး အသားတိုင်း) ဓာတ်ပုံသုံးပုံဖြင့် ဖြန့်ဝေထားသည်။ ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရု(ပ်) ၁၇ ခုတွင် ထပ်ဆင့်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၆၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ထိုအကြောင်းသည် တစိတ်တပိုင်း မှားယွင်း နေသည့် သတင်းတု ဖြစ်သည်။

သတင်းမှား၌ဖော်ပြထားသည့်ဓာတ်ပုံများသည် ဩဂုတ်လ ၁၁ ရက်နေ့က နယ်ထိန်းရဲတစ်ဦးအား သတင်း အရ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း Royal Peacock Column မှ ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်ထဲမှ ဒီငြိမ်းလင်းပါဝင်သည့်နေရာများအား စခရင်ရှော့(Screenshot) ယူ ထားခြင်းဖြစ်သည်။

Royal Peacock Column မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူအား မဇ္ဈိမကထိုအကြောင်းအရာ နှင့်ပတ်သက်၍မေးမြန်းရာ ဖမ်းဆီးရမိသည့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရဲစခန်းမှ နယ်ထိန်းရဲ အောင်ကိုကိုနိုင်အား သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ထိန်းသိမ်းထားကြောင်း ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာစစ်ကြောင်းများဖြစ် သော Royal Peacock Column၊ Spring Warriors Column ၊ ၃၇၀၂ တပ်ရင်းများမှ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လမ်းလုံခြုံရေးယူကာ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများမှလည်း စစ်ဆေးမှုတွင် ကြည် ဖြူစွာ ပူးပေါင်းပါဝင်ကြကြောင်း Royal Peacock Column သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။
ထိုလမ်းပိုင်းစစ်ဆေးသည့်အကြောင်းကို သတင်းဌာနများတွင်လည်းဖော်ပြထားကြပြီး သတင်းမှားတွင် ဖော်ပြသကဲ့သို့ ပြည်သူများအား သတ်ဖြတ်ခြင်း မရှိပေ။

လင့် - https://fb.watch/mAEm2TzuxW/
ဤအကြောင်းအရာနှင့်ပတ်သက်၍ “ရွှေကျင်ညောင်လေးပင်က နယ်ထိန်းရဲအဖမ်းခံရပြီးနောက် ပြည်သူ တွေကို PDF ခြိမ်းခြောက်လို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်” ဟု သံလွင်တိုင်းမ်သတင်းဌာနက လည်း အချက်အလက်စစ်ဆေးထားသည်။

လင့် - https://shorturl.at/fnrAK
ထို့ကြောင့် ဒီငြိမ်းလင်းဦးဆောင်သည့် PDF တပ်ဖွဲ့က ရွှေကျင်-ညောင်လေးပင်လမ်းပိုင်း၌ လမ်းစစ်ဆေး ခြင်း ဆောင်ရွက်ခဲ့သော်လည်း ပြည်သူများအား ခြိမ်းခြောက်သတ်ဖြတ်နေသည်ဆိုခြင်းမှာ သတင်းမှား သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ဒီငြိမ်းလင်း
#royal_peacock_column
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ

အပြည့်အစုံဖတ်ရန် t.ly/ve13_

#misinformation_buster #Fake_News #Royal_Peacock_Column #reels #shorts
👍10🤮2🥴2