မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ သန်းကျော်အတွက် အကူအညီများလိုအပ်နေဟု UNOCHA ထုတ်ပြန်
============
ဝေဟင်စိုး
မဇ္ဈိမ။ ။မြန်မာနိုင်ငံအတွင်းရှိ စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးသည် လက်ရှိအချိန်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ ၁ ဒသမ ၅ သန်းကျော်ရှိနေပြီး၊ ၂၀၂၃ ခုနှစ်အထိ ပြည်သူ ၁၇ ဒသမ ၆ သန်း (စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ပုံ နီးပါး) သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ထားခြင်းဖြစ် သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ရေး အစီ အစဉ်အတွက် ဒေါ်လာ ၇၆၄ သန်း ကုန်ကျနိုင်သည်ဟုဆိုသည်။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ လူဦးရေ ၄ သန်းကျော်အတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးအပ်ထားပြီး ဖြစ်ကြောင်းဆိုသည်။ သို့သော် မည်သည့်ဒေသမှ စစ်ဘေးရှောင်များကို မည်ကဲ့သို့ကူညီခဲ့ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေကို ဖော်ပြထားခြင်းမရှိပေ။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူထားသော ကိန်းဂဏန်း များအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိ များ ပြားလာခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#UNOCHA
#ကုလသမဂ္ဂ
#လူသားချင်းစာနာမှု
#အကူအညီ
#မြန်မာနိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7😁1💩1
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေဟု UNOCHA ထုတ်ပြန်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။မြန်မာနိုင်ငံအတွင်း မဆုံးသေးသောပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ ၁၈ သန်းနီးပါး( မြန်မာ့လူဦးရေ၏ သုံးပုံတပုံခန့်)သည် လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မှ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကာလက နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၀ ဒသမ ၃ သန်းခန့်သာရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ ပြီးခဲ့သည့်ဇူလိုင်လအထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေမှာ ၁ ဒသမ ၉ သန်းအထိ တိုးများလာခဲ့သည်။
ထို့ပြင် ကိုဗစ်ကပ်ရောဂါ၊ ပြည်တွင်း ပဋိပက္ခများ၊ စီးပွားရေးကျပ်တည်းလာမှုဒဏ်၊ မိုခါမုန်တိုင်းဒဏ်၊ လတ်တလောရာသီဥတုအခြေအနေများနှင့် ရေဘေးဒဏ်သင့်ခံနေရသူများသည် အဆိုပါ စာနာထောက်ထားမှုအကူအညီလိုအပ်နေသူများထဲတွင် ပါဝင်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်များအရသိရသည်။
ဒေသခံနှင့် ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် ပဋိပက္ခနှင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ဝင်ရောက်ကူညီနိုင်ရန် ဆန်းသစ်သောချဉ်းကပ်နည်းလမ်းများ အသုံးပြုနေကြောင်းနှင့် ယခု ၂၀၂၃ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း ဘေးဒဏ်သင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၁ ဒသမ ၈ သန်းကို အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနှင့် ကာကွယ်စောင့်ရှောက်မှုအကူအညီများပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ အကူအညီပေးအပ်ခဲ့သည့် လူဦးရေသည် အကူအညီပေးအပ်မည်ဟု လျာထားသည့်လူဦးရေ၏ ၃၆ ရာခိုင်နှုန်းသာရှိသေးသည်ဟုလည်း သိရသည်။
"ဒါပေမယ့် ခရီးအဆုံးအထိ ပြီးမြောက်ဖို့လိုအပ်နေပါသေးတယ်။ ဘေးကင်းလုံခြုံမှုကင်းပြီး အလျဉ်မပြတ်တဲ့ စိန်ခေါ်မှုတွေကြားက ဒီတာဝန်တွေပြီးဆုံးအောင် ဆောင်ရွက်ဖို့ရာ ရဲဝံ့တဲ့ လူမှုကရုဏာလုပ်သားတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေဆီ အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ရဖို့ လိုအပ်ပါတယ်" ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် စစ်ကောင်စီ၏ တားမြစ်ကန့်သတ်ချက်များရှိနေသည့်အတွက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် အကူအညီများ ပေးအပ်ခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Martin Griffiths (မာတင် ဂရစ်ဖစ်) မှ မကြာသေးမီက မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်ခဲ့သည့်ခရီးစဉ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တောင်းဆိုခဲ့သည်။
ထို့ပြင် လူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ရရှိရန်၊ လူမှုကရုဏာလုပ်သားများကို ကာကွယ်စောင့်ရှောက်ရန်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာစောင့်ထိန်းကြရန် အစုအဖွဲ့များအားလုံးကို ပန်ကြားကြောင်းနှင့် အလှူရှင်အသိုင်းအဝိုင်းကိုလည်း ရန်ပုံငွေထည့်ဝင်မှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းကြောင်း ယနေ့ UNOCHA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း၏ ၉၀ ရာနှုန်းနှင့်အထက်ကို ဖျက်ဆီးခဲ့သော မိုခါမုန်တိုင်းအလွန်တွင် ဒေသတွင်းမှ အရေးပေါ်အကူအညီလိုအပ်နေသူများသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များ၏ လုပ်ငန်းစဉ်များကို စစ်ကောင်စီမှ ကန့်သတ်ထားဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#UNOCHA
#လူသားချင်းစာနာမှု
#မြန်မာနိုင်ငံ
#Hardnews

👍17🔥1😁1
Media is too big
VIEW IN TELEGRAM
UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ
Watch more detail - https://youtu.be/u1KLCnc9zDE#UNOCHA
#အာဏာသိမ်း စစ်ခေါင်းဆောင်#NUG #VideoNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

❤13😁1🤮1
လူသားချင်းစာနာထောက်မှု အကူအညီတွေ ပေးတဲ့နေရာမှာ ပါဝင်လိုတယ်လို့ အပစ်ရပ် ၅ ဖွဲ့ ပြော
======================
လင်းသူရိန်
(မဇ္ဈိမ) ။ ။ စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့အချို့တွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းအကောင်အထည်ဖော်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ပါဝင်ခွင့်ရရှိရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA )တို့တွေ့ဆုံပြီး နှစ်ပတ်နီးပါးအကြာမှာ ပြုလုပ်တဲ့ အဲ့ဒီတွေ့ဆုံပွဲမှာ ထိုအချက်ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ PPSTအဖွဲ့က ကထုတ်ပြန်ထားပါတယ်။
အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA))အဖွဲ့တို့က စစ်ကောင်စီအဖွဲ့နဲ့ ဩဂတ်လ ၂၈ရက်နေ့ကစပြီး ၃၀ရက်နေ့အထိ သုံးရက်ကြာတွေ့ဆုံခဲ့တာပါ။
PPST၏ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက ဒေသအလိုက်အလုပ်လုပ်တဲ့နေရာမှာ EAOတွေ ပါဝင်နိုင်ဖို့အတွက် ပြောဆိုခဲ့ကြတာဖြစ်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ်- လင်းသူရိန်
https://youtu.be/idEWyrMTNIs?si=UjGj-WUuMhw9oOa6
#Mizzima
#အပစ်ရပ် ငါးဖွဲ့
#UNOCHA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
လင်းသူရိန်
(မဇ္ဈိမ) ။ ။ စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့အချို့တွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းအကောင်အထည်ဖော်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ပါဝင်ခွင့်ရရှိရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA )တို့တွေ့ဆုံပြီး နှစ်ပတ်နီးပါးအကြာမှာ ပြုလုပ်တဲ့ အဲ့ဒီတွေ့ဆုံပွဲမှာ ထိုအချက်ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ PPSTအဖွဲ့က ကထုတ်ပြန်ထားပါတယ်။
အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA))အဖွဲ့တို့က စစ်ကောင်စီအဖွဲ့နဲ့ ဩဂတ်လ ၂၈ရက်နေ့ကစပြီး ၃၀ရက်နေ့အထိ သုံးရက်ကြာတွေ့ဆုံခဲ့တာပါ။
PPST၏ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက ဒေသအလိုက်အလုပ်လုပ်တဲ့နေရာမှာ EAOတွေ ပါဝင်နိုင်ဖို့အတွက် ပြောဆိုခဲ့ကြတာဖြစ်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ်- လင်းသူရိန်
https://youtu.be/idEWyrMTNIs?si=UjGj-WUuMhw9oOa6
#Mizzima
#အပစ်ရပ် ငါးဖွဲ့
#UNOCHA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
လူသားချင်းစာနာထောက်မှု အကူအညီတွေ ပေးတဲ့နေရာမှာ ပါဝင်လိုတယ်လို့ အပစ်ရပ် ၅ ဖွဲ့ ပြော
လင်းသူရိန် (မဇ္ဈိမ)။ ။ စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့အချို့တွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းအကောင်အထည်ဖော်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ပါဝင်ခွင့်ရရှိရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။…
❤10👍3🤔2🤮2
အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းတဲ့ UNOCHA ကူညီရေးအစီအစဉ်အတွက် ဖိတ်ခေါ်မှု အရပ်ဘက်အဖွဲ့တွေ ငြင်းဆို#reels
အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတဲ့ UNOCHA ကူညီရေးအစီအစဉ်အတွက် ...
https://www.youtube.com/watch?v=_SHQh3j6cf0

အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတဲ့ UNOCHA ကူညီရေးအစီအစဉ်အတွက် ဖိတ်ခေါ်မှု အရပ်ဘက်အဖွဲ့တွေ ငြင်းဆို
Watch more detail - https://youtu.be/sue3A7R4wfQ
#UNOCHA #အကြမ်းဖက်စစ်တပ်
#VideoNews #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့…

👍3😁1
တိုက်ပွဲများကြောင့် ၁လအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃၃၀,၀၀၀ ကျော်တိုးလာ
================
001
(မဇ္စျိမ)။ ။ အောက်တိုဘာလ ၂၆ ရက်နေ့မှစတင်၍ အရှိန်မြှင့်လာသည့် တိုက်ပွဲများကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အများအပြားတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃၃၀,၀၀၀ ကျော် ထပ်တိုးလာကြောင်း UNOCHA Myanmar က နိုဝင်ဘာလ ၂၃ ရက်တွင် သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည်တို့တွင် လူဦးရေ ၃၃၅,၀၀၀ နီးပါး လတ်တလော နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း UNOCHA၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲများနှင့် ဆက်စပ်ဖြစ်ရပ်များကြောင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ထို့ကြောင့် လတ်တလောနေရပ်စွန့်ခွာရသူများ၊ ကာလရှည်ကြာ နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင်များနှင့် ဒေသခံလူထုကို ထောက်ပံ့ကူညီပေးရာတွင် အရေးတကြီး ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များ ရှိလာကြောင်းလည်း ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးကလည်း စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုများကိုလည်း ကြုံတွေ့နေရပြီး စားနပ်ရိက္ခာအပြင် အမိုးအကာနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း ပြောသည်။
“လောလောဆယ်ကျွန်တော်တို့ ဟိုအရင် အလှူရှင်တွေလှူထားတဲ့ဟာတွေ ဒေသခံတွေလှူထားတဲ့ဟာတွေ စုထားတာရှိတယ်။ ကျွန်တော်တို့လည်း အကုန်လုံးမဟုတ်ဘူးပေါ့ဗျာ။ လုံးဝစားစရာမရှိဘူး။ ဘာမှလည်း မပါလာတဲ့ မိသားစုတွေကို တပတ်စာပေးထားတယ်။ နောက်တပတ်ဆိုရင်တော့ ကျွန်တော်တို့လည်း ပေးစရာမရှိတော့ဘူး။ ဆေးဝါးလိုတယ်။ နောက်ပြီးတော့ သူတို့လာတာ အရင်တခေါက်ထက်စာရင် ဒီတခေါက် ပိုအခြေအနေဆိုးတယ်။ အရင်တခေါက်က နည်းနည်းပြင်ဆင်ပြီး သူတို့ယူလာသေးတယ်။ ဒီတခေါက်ကျတော့ အဝတ်တထည် ကိုယ်တလုံး လာတဲ့အခါကျတော့ များသောအားဖြင့် စောင်တွေခြင်ထောင်တွေမပါဘူး။ အခုက သူတို့က ကိုယ်လွတ်ရုန်းဆိုတော့ ဘာမှလည်း မပါလာတဲ့အခါကျတော့ လိုအပ်ချက်တော့ ကြီးကြီးမားမားရှိနေဆဲဖြစ်တယ်”ဟု ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်များအား ကူညီပေးနေသူကပြောသည်။
ဆီဆိုင်မြို့နယ်သို့ စစ်ဘေးရှောင်လာသူအများစုမှာ လက်ရှိ တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်နယ်မှဖြစ်ပြီး ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း သောင်းဂဏန်းအထိ ထပ်မံရောက်ရှိလာကာ ယခင်ရှိပြီးသား စစ်ဘေးရှောင်များနှင့်ပေါင်းပါက ခန့်မှန်း လူဦးရေ ၂၀,၀၀၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
“အခုထပ်ရောက်လာတဲ့လူက အရင်လူဦးရေထက်ပိုများတာပေါ့။ နဂိုရှိနေတဲ့အဟောင်းတောင်မှ ကျွန်တော်တို့ တော်တော်လေး စားနပ်ရိက္ခာခက်ခဲတာပေါ့လေ။ အခုအသစ်ထပ်များပြန်တော့ ပိုပြီးတော့ ခက်ခဲကြတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။
UNOCHA Myanmar ၏ စာရင်းအရ ပဋိပက္ခများကြောင့် နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည်ဦးရေမှာ နှစ်သန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် အဓိကသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများလည်း ပိတ်ဆို့ခံထားရသည့်အတွက် ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားလာရေးကို အကန့်အသတ်ဖြစ်စေပြီး လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးကိုလည်း နှောင့်နှေးစေကြောင်း UNOCHA Myanmar က ဖော်ပြထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#UNOCHA
#စစ်ဘေးရှောင်
Photo - ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှ စစ်ဘေးရှောင်များအား ယခုလ ၁၅ ရက်နေ့က တွေ့ရစဥ် (ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့-KHAI)

🔥4👍2😢2
"ဂျနီဗာကွန်းဗန်းရှင်းလို့ခေါ်တဲ့ ဒုက္ခသည်စာချုပ်ကို လက်မှတ်ထိုးထိုး၊ မထိုးထိုး ဒါက လူသားချင်းစာနာမှုအကူအညီ ပေးသင့်တဲ့အရာဖြစ်ပါတယ်။ သူတို့ကို(စစ်ဘေးဒုက္ခသည်များ) အန္တရာယ်ရှိနိုင်မယ့်နေရာကနေ ယာယီလုံခြုံမယ့်နေရာကို လုပ်ဆောင်ပေးဖို့၊ လုံခြုံတဲ့နေရာမှာ ခိုလှုံခွင့် ပေးဖို့အတွက် အိမ်နီးနားချင်း နိုင်ငံတွေမှာ ဒါတွေကို လေးစားစွာဖြင့် လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
စစ်ဘေးဒုက္ခသည်များသည် အရေးပေါ်တိမ်းရှောင်ရမည့်ကာလအတွင်း လိုအပ်သည့် ဘေးကင်းရာသို့ ယာယီထွက်ခွာကြသူများသာဖြစ်ကြောင်းနှင့် ၎င်းတို့အား လူသားချင်းစာနာမှုစိတ်ထားဖြင့် ကူညီထောက်ပံ့ပေးရန် ဝန်ကြီးက ထပ်ဆင့် တောင်းဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လောက်ကိုင်မြို့အနီး၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့၏ တောင်ဘက်ရှိ တုန်ချိန်အနီးတွင် စစ်ကောင်စီ၏ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသကဲ့သို့ လေကြောင်းမှလည်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် အရပ်သားနေထိုင်ရာ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားများသည် တရုတ်−မြန်မာနယ်စပ်ခြံစည်းရိုးအနီးသို့ ထွက်ပြေးခဲ့ကြရကြောင်းဒေသခံများက ပြောသည်။ထိုအရပ်သားများအား တရုတ်နိုင်ငံ နယ်ခြားစောင့်တပ်က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း ဒေသခံများက ပြောသလို ရုပ်သံမှတ်တမ်းများလည်း ထွက်ပေါ်လာသည်။
"သိရသလောက်က နယ်စပ်မှတ်တိုင် (၁၂၅) ဘက်မှာ လက်နက်ကြီးသံတွေ အရမ်းကျယ် အရမ်းများလို့ဆိုပြီး (၁၂၇) ဘက်ကို ပြောင်းရွှေ့ကြတာ။ အဲ့လိုပြောင်းရွှေ့တဲ့အချိန်မှာ အဲ့ဒီရုပ်သံဖိုင်ထဲကလို ကိစ္စတွေ ဖြစ်သွားတယ်လို့ သိရတယ်" ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၏ ပြောခွင့်ရသူလီကျားဝင်းက မဇ္ဈိမကိုပြောသည်။
မြန်မာစစ်ဘေးရှောင်များအား တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးဖြင့်တားဆီးခဲ့သည့်ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်၌ ဖြန့်ဝေထားပြီး ယင်းလုပ်ရပ်အပေါ် ပြစ်တင်ရှုံ့ချထားသည်။
" ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်မို့လို့ ရှုံ့ချပါတယ်။ သူတို့ဘက်ကလည်း နယ်စပ်မျဥ်း ကပ်ပြီး လာလို့ရသလို ကျနော်တို့ဘက်ခြမ်းလည်း လာလို့ရတာပဲ။ ကျူးကျော်တာလည်း မဟုတ်ဘူး။ နယ်စပ်မျဥ်းတလျှောက် ကျနော်တို့နိုင်ငံ နယ်နိမိတ်အတွင်းသွားလာတဲ့ လူမှန်တမျှ ကို cctv ချိန်ရိုက်ပြီး ခြံစည်းရိုးကပ်လာတယ် ဆိုပြီး သတိပေးသံ ထုတ်လွင့်နေတာလဲ ရပ်သင့်ပြီ။ ကိုယ့်နိုင်ငံအတွင်း ကြိုက်သလို လုပ်ခွင့်ရှိပေမယ့် နယ်စပ်ကျော်ပြီး လုပ်နေတာကတော့ စော်ကားသလို ခံစားရတာ ကြာပါပြီ။
နိုင်ငံတကာ ဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူး" ဟု ဒေါက်တာတူးခေါင်က ရေးသားထားသည်။
မြန်မာ-တရုတ်နယ်စပ်ဒေသများပါဝင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့တွင် တလပြည့်မြောက်ပြီဖြစ်သည်။ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းသာမက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် ဆက်စပ်သည့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများကြောင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးဒုက္ခသည် ၃၀၀,၀၀၀ခန့် ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိပြီဟု UNOCHA ၏ စစ်တမ်းများအရ သိရသည်။
စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပါအဝင် နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားရာ တိုက်ပွဲများပိုပြင်းထန်လာနိုင်ပြီး စစ်ဘေးရှောင်များအတွက် အကူအညီများပိုမိုလိုအပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေးထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း
#NUG

Facebook
#nug – Explore
explore #nug at Facebook
👍22🔥2🥰2😁1
" UN Agency တွေ လှူတယ်လို့ပြောလည်း လေပေါ်မှာပဲရှိလိမ့်မယ်"
YT။ ။နိုင်ငံတော်အာဏာကို စစ်တပ်သိမ်းယူခဲ့တဲ့ ၂၀၂၁ ...
https://www.youtube.com/watch?v=19rm7liYCl0

YT။ ။နိုင်ငံတော်အာဏာကို စစ်တပ်သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေစပြီး အခု ၂၀၂၄ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းစစ်ရေးပဋိပက္ခတွေကြောင့် ပြည်သူ ၂ဒသမ၆သန်းကျော်ဟာ စစ်ဘေးဒုက္ခသည်ဘဝကိုရောက်နေပါတယ်။
မြန်မာစစ်ဘေးရှောင်တွေကို ကူညီနေတယ်လို့ ကုလသမဂ္ဂလူသားခ…

👍2
#UNOCHA releases its 2024 #Humanitarian Needs and Response Plan year-end dashboard for #Myanmar
https://eng.mizzima.com/2025/02/19/19329

👍4❤2