Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရှမ်းမြောက်မှ လေယာဉ်အစုအဖွဲ့ ရုပ်သံသည် တောင်ကိုးရီးယားလေတပ်ယာဉ်များ၏ ရုပ်သံကို ယူသုံးထ
ရှမ်းမြောက်မှ လေယာဉ်အစုအဖွဲ့ ရုပ်သံသည် တောင်ကိုးရီးယားလေတပ်ယာဉ်များ၏ ရုပ်သံကို ယူသုံးထားခြင်းသာဖြစ်JCမဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် အင်အားတွေ တိုးထားတယ်ဆိုတဲ့ အကြောင်းဟာ ဗီဒီယိုဖိုင်တခု နဲ့အတူ ပျံ့နှံ့နေပါတယ်။ “ဝဿန်မိုးနှင့်အတူ” ဆိုတဲ့ ဖေ့ဘုတ်အကောင့်တခုကနေ လေယာဉ်တွေ ပျံဝဲနေတဲ့ ရုပ်သံဖိုင်တခုကို ဇွန်လ ၃၀ ရက်နေ့မှာ ဖြန့်ဝေထားပြီး ဒီရုပ်သံထဲမှာ “ရှမ်းမြောက် သိန်းငှက်အင်အားတိုးအစာကောက်” ဆိုတဲ့ စာသားကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ ဒီဖိုင်ကိုတော့ ကြည့်ရှုသူ ၂၄၈,၀၀၀ ကျော်ရှိနေပြီး ပြန်လည်ဖြန့်ဝေမှု ၁၁၈ ခုရှိနေပါတယ်။ မဇ္ဈိမရဲ့ အချက်အလက်စစ်ဆေးတဲ့သူတွေက ဒီရုပ်သံကို စိစစ်ခဲ့တာမှာ မြန်မာနိုင်ငံက ရုပ်သံဖိုင်မဟုတ်ဘဲ ကိုးရီးယားနိုင်ငံကလေယာဉ်တွေရဲ့ ရုပ်သံဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ဒီရုပ်သံဖိုင်ထဲမှာတော့ TikTok အကောင့် နှစ်ခုရဲ့ အမည်တွေ ပါဝင်နေပါတယ်။ ဒီအကောင့်တွေကို ခြေရာခံလိုက်တဲ့အခါမှာတော့ "Ye Naung" ဆိုတဲ့ TikTok အကောင့်က ဒီစာသားနဲ့ပဲ ဇွန်လ ၃၀ ရက်နေ့က ဖြန့်ဝေထားတာပါ။ နောက်တခုကတော့ Robal ဆိုတဲ့ TikTok အကောင့်က ဧပြီလ ၉ ရက်နေ့က ဖော်ပြထားတာပါ။ သူ့ဖော်ပြမှုမှာတော့ စာသားမပါဝင်ပါဘူး။ လင့် - t.ly/dvB_vRobal ဖော်ပြထားတဲ့ ရုပ်သံရဲ့ ရည်ညွှန်းစာ(caption) ထဲမှာ BLACK EAGLES #rokaf ဆိုတာ ပါဝင်နေပါတယ်။ Black Eagles ဆိုတာ The 53rd Air Demonstration Group ရဲ့ နာမည်ပြောင် (nickname) ဖြစ်ပြီး rokaf ဆိုတာကတော့ Republic of Korea Air Force တောင်ကိုးရီးယားနိုင်ငံလေတပ် ရဲ့ အတိုကောက်အမည်ဖြစ်ပါတယ်။ သတင်းမှားရုပ်သံကို ပုံကိုယူပြီး Google Image Search နဲ့ ရှာဖွေတဲ့အခါမှာတော့ လေယာဉ် အရေအတွက် ဒီဇိုင်းတွေအပြင် လေယာဉ်တောင်ပံ ထောင့်စွန်းမှာပါတဲ့ ဒုံးကျည်ပါ တူညီတဲ့ ပုံတပုံကိုတွေ့ရပါတယ်။ ဒီပုံကိုတော့ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှာ themalaysianreserve.com ကနေဖော်ပြထားတာပါ။ သူ့ဖော်ပြမှုမှာတော့ တောင်ကိုးရီးယားနဲ့ မလေးရှား ချစ်ကြည်ရေးခရီးစဉ်ပျံသန်းမှုကို လန်ကာဝီ လေဆိပ်မှာ ပြုလုပ်တဲ့အကြောင်း ဖော်ပြထားတာပါ။ လင့် - t.ly/CyFl7နောက်ထပ် ထပ်တူညီတဲ့ ဖိုင်တခုကိုတော့ "Nigel Woolley" ဆိုတဲ့ အမည်နဲ့ Youtube ချန်နယ်တခုကနေ ၂၀၁၇ ခုနှစ်မှာ ဖော်ပြထားခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ လေယာဉ်တွေရဲ့ ဒီဇိုင်း၊ အရေအတွက်၊ စုစုစည်းစည်း ပျံသန်းပုံ၊ ခွဲထွက်လိုက်ပုံတွေက ထပ်တူကျနေပါတယ်။ လန်ကာဝီ လေဆိပ်မှာ ကိုးရီးယားသမ္မတနိုင်ငံ လေတပ်က ပျံသန်းပြတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစပြီး ၁၀၂၇ အပိုင်း(၂) စစ်ဆင်ရေး ပြန်လည်စတင်နေပြီး တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာတွေရှိပေမယ့် ပျံ့နှံ့နေတဲ့ ရုပ်သံထဲက လေယာဉ်တွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီရုပ်သံဖိုင်ဟာ တောင်ကိုးရီးယားနိုင်ငံလေတပ်က လေယာဉ်တွေရဲ့ ရုပ်သံဖိုင်ကို ယူသုံးထားပြီး ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ ရုပ်သံဆိုပြီး ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။#Misinformation_Buster#Fake_News #Black_Eagles#Air_Force#Korea#Video#flight ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/QdUs7VaDf_c------------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3VWb8Qlလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/3Wdbyn2
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQdUs7VaDf_c&h=AT3fL8eahq7FnBK1VQoJViACWRYtt09WjPpX-W-QLee1HTpHgwVQtXwO-iaDcQFtP5h6fzjcxplH_FBnJzKPrnEVh44mhVKI7QbCcyNGmvMWEc9UI_3yN5-CUIo3A1hf&s=1
👍10😁1
ရှမ်းမြောက်မှ လေယာဉ်အစုအဖွဲ့ ရုပ်သံသည် တောင်ကိုးရီးယားလေတပ်ယာဉ်များ၏ ရုပ်သံကို ယူသုံးထ
ရှမ်းမြောက်မှ လေယာဉ်အစုအဖွဲ့ ရုပ်သံသည် တောင်ကိုးရီးယားလေတပ်ယာဉ်များ၏ ရုပ်သံကို ယူသုံးထားခြင်းသာဖြစ်JCမဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် အင်အားတွေ တိုးထားတယ်ဆိုတဲ့ အကြောင်းဟာ ဗီဒီယိုဖိုင်တခု နဲ့အတူ ပျံ့နှံ့နေပါတယ်။ “ဝဿန်မိုးနှင့်အတူ” ဆိုတဲ့ ဖေ့ဘုတ်အကောင့်တခုကနေ လေယာဉ်တွေ ပျံဝဲနေတဲ့ ရုပ်သံဖိုင်တခုကို ဇွန်လ ၃၀ ရက်နေ့မှာ ဖြန့်ဝေထားပြီး ဒီရုပ်သံထဲမှာ “ရှမ်းမြောက် သိန်းငှက်အင်အားတိုးအစာကောက်” ဆိုတဲ့ စာသားကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ ဒီဖိုင်ကိုတော့ ကြည့်ရှုသူ ၂၄၈,၀၀၀ ကျော်ရှိနေပြီး ပြန်လည်ဖြန့်ဝေမှု ၁၁၈ ခုရှိနေပါတယ်။ မဇ္ဈိမရဲ့ အချက်အလက်စစ်ဆေးတဲ့သူတွေက ဒီရုပ်သံကို စိစစ်ခဲ့တာမှာ မြန်မာနိုင်ငံက ရုပ်သံဖိုင်မဟုတ်ဘဲ ကိုးရီးယားနိုင်ငံကလေယာဉ်တွေရဲ့ ရုပ်သံဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ဒီရုပ်သံဖိုင်ထဲမှာတော့ TikTok အကောင့် နှစ်ခုရဲ့ အမည်တွေ ပါဝင်နေပါတယ်။ ဒီအကောင့်တွေကို ခြေရာခံလိုက်တဲ့အခါမှာတော့ "Ye Naung" ဆိုတဲ့ TikTok အကောင့်က ဒီစာသားနဲ့ပဲ ဇွန်လ ၃၀ ရက်နေ့က ဖြန့်ဝေထားတာပါ။ နောက်တခုကတော့ Robal ဆိုတဲ့ TikTok အကောင့်က ဧပြီလ ၉ ရက်နေ့က ဖော်ပြထားတာပါ။ သူ့ဖော်ပြမှုမှာတော့ စာသားမပါဝင်ပါဘူး။ လင့် - t.ly/dvB_vRobal ဖော်ပြထားတဲ့ ရုပ်သံရဲ့ ရည်ညွှန်းစာ(caption) ထဲမှာ BLACK EAGLES #rokaf ဆိုတာ ပါဝင်နေပါတယ်။ Black Eagles ဆိုတာ The 53rd Air Demonstration Group ရဲ့ နာမည်ပြောင် (nickname) ဖြစ်ပြီး rokaf ဆိုတာကတော့ Republic of Korea Air Force တောင်ကိုးရီးယားနိုင်ငံလေတပ် ရဲ့ အတိုကောက်အမည်ဖြစ်ပါတယ်။ သတင်းမှားရုပ်သံကို ပုံကိုယူပြီး Google Image Search နဲ့ ရှာဖွေတဲ့အခါမှာတော့ လေယာဉ် အရေအတွက် ဒီဇိုင်းတွေအပြင် လေယာဉ်တောင်ပံ ထောင့်စွန်းမှာပါတဲ့ ဒုံးကျည်ပါ တူညီတဲ့ ပုံတပုံကိုတွေ့ရပါတယ်။ ဒီပုံကိုတော့ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှာ themalaysianreserve.com ကနေဖော်ပြထားတာပါ။ သူ့ဖော်ပြမှုမှာတော့ တောင်ကိုးရီးယားနဲ့ မလေးရှား ချစ်ကြည်ရေးခရီးစဉ်ပျံသန်းမှုကို လန်ကာဝီ လေဆိပ်မှာ ပြုလုပ်တဲ့အကြောင်း ဖော်ပြထားတာပါ။ လင့် - t.ly/CyFl7နောက်ထပ် ထပ်တူညီတဲ့ ဖိုင်တခုကိုတော့ "Nigel Woolley" ဆိုတဲ့ အမည်နဲ့ Youtube ချန်နယ်တခုကနေ ၂၀၁၇ ခုနှစ်မှာ ဖော်ပြထားခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ လေယာဉ်တွေရဲ့ ဒီဇိုင်း၊ အရေအတွက်၊ စုစုစည်းစည်း ပျံသန်းပုံ၊ ခွဲထွက်လိုက်ပုံတွေက ထပ်တူကျနေပါတယ်။ လန်ကာဝီ လေဆိပ်မှာ ကိုးရီးယားသမ္မတနိုင်ငံ လေတပ်က ပျံသန်းပြတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစပြီး ၁၀၂၇ အပိုင်း(၂) စစ်ဆင်ရေး ပြန်လည်စတင်နေပြီး တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာတွေရှိပေမယ့် ပျံ့နှံ့နေတဲ့ ရုပ်သံထဲက လေယာဉ်တွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီရုပ်သံဖိုင်ဟာ တောင်ကိုးရီးယားနိုင်ငံလေတပ်က လေယာဉ်တွေရဲ့ ရုပ်သံဖိုင်ကို ယူသုံးထားပြီး ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ ရုပ်သံဆိုပြီး ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။#Misinformation_Buster#Fake_News #Black_Eagles#Air_Force#Korea#Video#flight ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/QdUs7VaDf_c------------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/kPEa7DG
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQdUs7VaDf_c&h=AT1XIjX7tyZttk6l9EiEjBJ81hrgcSoDslgfa9j1R0FuaylBs_mfRaZ2TBGzw3W2Jhx2bvlO5enLxy2w6VZasiOZ7XtAhKb6LE34Si50JVhvghnAUO36KNvYKBKwkkN-&s=1
👍9