ဖေ့စ်ဘုတ်ပေါ်ပြန်ရောက်လာသည့် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများ ပိတ်ပင်ပေးရန် Justice For Myanmar တောင်းဆို
====================
ဝေယံမိုး
Facebook (ယခု Meta ) စာမျက်နှာထက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံပြန်ကြားရေးစာမျက်နှာများသည် ပြန်လည်ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ MRTV News Live၊ MRTV Online News၊ MRTV HD TV Channel အစရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး Facebook (ယခု Meta ခေါ်) စာမျက်နှာများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ ပြန်လည်အသက်ဝင်နေပြီဖြစ်ကြောင်း ustice For Myanmar အဖွဲ့၏ လေ့လာစောင့်ကြည့်မှုအရသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ တရားမဝင်အာဏာသိမ်းမှုနောက် စစ်ကောင်စီ၏ ရေးသားဖော်ပြချက်များနှင့် အမုန်းစကားဖြန့်ဝေမှု အပြင် သတင်းတုသတင်းမှားများ မပြန့်အောင်တားဆီးရန် MRTV အပါအဝင် စစ်တပ်ထိန်းချုပ် သတင်းဖြန့်ဝေရေး စာမျက်နှာများကို Facebook ကုမ္ပဏီသည် ၎င်းတို့စာမျက်နှာပေါ်မှ ဖယ်ရှားခဲ့သည့် တစ်နှစ်ပြည့်တိတိ အကြာတွင်ယခုလို ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။
Facebook ကုမ္ပဏီဘက်ကလည်း မြန်မာစစ်တပ်အကောင့်များ၊ ပေ့ချ်များနှင့် ဂရုများကို ထပ်ပြီးရှင်းလင်းဖယ်ရှားမှု၊ စစ်တပ်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းအားလုံးကို ၎င်း၏ ပလက်ဖောင်းများပေါ်တွင် ထားရှိခြင်းမပြုရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ထပ်ဆင့်ကြေညာခဲဲ့ကြောင်းJustice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
သို့သော်လည်း အဆိုပါလိုင်းများမှ စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးသတင်းများနှင့် သတင်းတုသတင်းမှားများကို MRTV ရုပ်သံလိုင်းနဲ့အပြိုင် အချိန်နှင့်တစ်ပြေးညီ Live အစီအစဥ်များဖြင့်ပါ ပြောင်ကျကျ ထုတ်လွှင့်နေကြခြင်းဖြစ်သည်။
ထိုသို့ထုတ်လွှင့်နေမှုနှင့်ပတ်သတ်၍ "စစ်တပ်ရဲ့ သတင်းတုသတင်းမှား ဝါဒဖြန့်ချီမှုတွေက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အာဏာတည်မြဲ ရေးအဖို့ အလွန်အရေးပါပါတယ်။ အဲ့ဒီလုပ်ဆောင်မှုတွေအတွက် Facebook ပေါ်မှာ ဖြန့်ချိခြင်းမှတစ်ဆင့် အကျိုးအမြတ်တွေ ရရှိနေတာ ကြာပြီဖြစ်တဲ့အတွက် Facebook ကလည်း ဒီရာဇဝတ်မှုတွေမှာ ဆက်စပ်နေပါတယ်" ဟု Justice For Myanmar ကထုတ်ပြန်ချက်တွင် အတိအလင်းရေးသားထားသည်။
ထို့ကြောင့် Facebook အနေနှင့် ဝါဒဖြန့်ချီရေးအပါအဝင် စစ်တပ်၏အကျိုးအမြတ်လုပ်ငန်း အားလုံးအပေါ်လည်း သက်ရောက်စေမည့် အလုံးစုံပိတ်ပင်မှုကို ချို့ယွင်းချက်မရှိ အသေအချာ လုပ်ဆောင်ပေးရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်လုပ်ငန်းအားလုံးကို ယခု တားမြစ်ပိတ်ပင်ပေးပါဟု Justice For Myanmar အဖွဲ့ကတောင်းဆိုထားသည်။
#MizzimaTV
#Justice For Myanmar
#စစ်ကောင်စီလက်အောက်ခံ
#ပြန်ကြားရေးစာမျက်နှာ
#ဝါဒဖြန့်စာမျက်နှာ
#ပိတ်ပင်ပေးရန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

👍11❤1
စစ်ကောင်စီထံ ဝင်ငွေနှင့် လက်နက်ထောက်ပံ့ပေးနေသည့် Star Sapphire ကုမ္ပဏီအုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှု ချက်ချင်းချမှတ်ရန် Justice For Myanmar တောင်းဆို
====================
မေဘယ်လ်သူ
စစ်ကောင်စီကို ဝင်ငွေနှင့် လက်နက်များထောက်ပံ့ပေးနေသည့် Star Sapphire ကုမ္ပဏီအုပ်စုအပါအဝင် ဒါရိုက်တာများ၊ ရှယ်ယာရှင်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar က မေလ ၁၂ရက်ရက်စွဲဖြင့် တောင်းဆို လိုက်သည်။
Star Sapphire ၏ စီးပွါးရေးလုပ်ငန်းနှင့် ဆက်နွှယ်နေသည့်အချက်တွင် ငွေကြေးခဝါချမှု၊တရားမဝင် ငွေကြေးလုပ်ငန်းများနှင့် ပတ်သက်နေကြောင်း ဖော်ပြပြီး၊ စိုးရိမ်စရာကောင်းလှသည့်အတွက် Star Sapphire ကုမ္ပဏီအုပ်စုနှင့် ဒါရိုက်တာများ၊ ရှယ်ယာရှင်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar က တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။
Star Sapphire Company Limited သည် ကုမ္ပဏီ၏ ဝဘ်ဆိုဒ်ရှိ မှတ်တမ်းများအရ မြန်မာစစ်တပ်နှင့် ရာဇဝတ်မှုမကင်းသည့် စီးပွားရေးလုပ်ငန်းများတွင် တရားမဝင် ကာစီနိုရုံကို တည်ဆောက်ခဲ့သည်။
#Mizzima
#ဝင်ငွေနှင့်လက်နက်များထောက်ပံ့
#စစ်ကောင်စီ
#Star Sapphire ကုမ္ပဏီ
#Justice For Myanmar
#ဒဏ်ခတ်ပိတ်ဆို့မှု
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။

👍7
စစ်ကောင်စီကို နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ
001
မဇ္စျိမ။ ။တရားမဝင် စစ်ကောင်စီကို ပံ့ပိုးကူညီနေကြသည့် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Justice For Myanmar ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
စစ်အုပ်စုကို နိုင်ငံရေး(သို့မဟုတ်)ငွေကြေးအထောက်အပံ့ပေးမှုများတွင် ပါဝင်ပတ်သက်သည့် နိုင်ငံတ ကာ အစိုးရ ၂၂ ခု၊ နိုင်ငံတာအစိုးရအဖွဲ့အစည်း ၂၆ ခု (ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့အပါအဝင်)၊ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းရှစ်ဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း ရှစ်ဖွဲ့တို့ပါဝင်ကြောင်း သိရသည်။
ထိုအထဲတွင် စစ်အုပ်စုက နိုင်ငံရေးဆိုင်ရာပံ့ပိုးမှုများကို တရုတ်နှင့် ရုရှားနိုင်ငံတို့ဆီက သိသာစွာတိုးမြှင့် ရရှိခဲ့ပြီး ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့က ပုံစံမျိုးစုံနှင့် ပံ့ပိုးမှုများ ပေးနေသော အရေးပါသည့် ပံ့ပိုးသူများအဖြစ် ထွက်ပေါ်လာကြောင်း၊ ဩစတြေးလျနှင့် နော်ဝေအစိုးရတို့ကလည်း စစ်တပ်ဆက်နွယ်ဟိုတယ်များတွင် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ကို သုံးစွဲထားကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းအများစုက စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူဖြစ်စေသည့် ရန်ပုံငွေနှင့် အရင်းအမြစ်များစီးဆင်းမှုကို အဆုံးသတ်ရန် အနည်းငယ်သာ လုပ်ဆောင်ထားခြင်း သို့မဟုတ် လုံးဝလုပ်ဆောင်မှုမရှိသည်ကိုတွေ့ရကြောင်း JFM ၏ ပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ပြောသည်။
“နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာ ကနေ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲနေတာတွေအဆုံး စစ်အုပ်စုအတွက် ပံပိုးကူညီမှုပုံစံအားလုံးဟာ လက်ခံနိုင်စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
စစ်အုပ်စုကို အဓိကပံ့ပိုးသည့် အမျိုးအစားလေးမျိုးမှာ နိုင်ငံတကာဖိုရမ်များတွင် မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ်ချက်များချမှတ်နိုင်အောင် တရားဝင်မှုပေးအပ်သည့် လုပ်ရပ်များကတဆင့်နိုင်ငံရေးဆိုင်ရာပံ့ပိုးမှု၊ အသိပညာနှင့် ကျွမ်းကျင်မှုများလွှဲပြောင်းပေးမှု၊ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုနှင့် စစ်တပ်နှင့်ဆက်နွယ်သည့် ပိုင်ဆိုင်မှုပစ္စည်းများငှားရမ်းမှုတို့ဖြစ်ကြောင်း ဆိုထားသည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် အဖွဲ့အစည်းများထဲက ၁၃ ဖွဲ့မှာမူ စစ်အုပ်စုအတွက် ၎င်းတို့၏ ပံ့ပိုးမှု များကိုရပ်တန့်ရန် အရေးယူဆောင်ရွက်မှုများကို မကြာသေးမီကလုပ်ဆောင်ထားကြောင်းလည်း သိရ သည်။
စစ်အုပ်စုကို ပံ့ပိုးကူညီသည့်အဖွဲ့အစည်းများအနေဖြင့် ဉပဒေကြောင်းဆိုင်ရာအကျိုးဆက်များ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေများကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေကသာ လျှင် နိုင်ငံတကာအစည်းအဝေးတွေကို ဖိတ်ကြားသင့်တဲ့ မြန်မာနိုင်ငံရဲ့တရားဝင်ကိုယ်စားပြုသူတွေဖြစ် ပါတယ်။ မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေးဆိုင်ရာဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ရမှာဖြစ်ပြီး စစ်အုပ်စု၊ သူရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ အပေါင်းအပါတွေအပေါ် ကမ္ဘာလုံးဆိုင်ရာနဲ့နိုင်ငံချင်းအလိုက် ပစ်မှတ် ထားဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က တိုက်တွန်းသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကောင်စီ
#တရားမဝင်
#Justice_For_Myanmar

👍12🤬5😁2💩2👎1
အိန္ဒိယနိုင်ငံပိုင် Yantra India Limited က စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများရောင်းချဟု JFM ထုတ်ပြန်
==================
001
မဇ္စျိမ။ ။ အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီက နိုင်ငံတကာဉပဒေကို ချိုးဖောက်ပြီး စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများ တင်ပို့ရောင်းချခဲ့ကြောင်း Justice for Myanmarက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
အိန္ဒိယ၏ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်ကို ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိသည့် ၁၂၂ မမ အမြောက်ပြောင်းအလက် ၂၀ ကို တင်ပို့ခဲ့ ကြောင်း Justice for Myanmarက ဖော်ပြသည်။
အဆိုပါ အမြောက်ပြောင်းများကို စစ်ကောင်စီ၏ စစ်လက်နက်ပွဲစား ဦးကျော်ကျော်ထွန်းပိုင်ဆိုင်သည့် Innovative Industrial Technologies Co.,ltd ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက အမြောက်ပြောင်းများ တင်ပို့မှုကို ခွင့်ပြုပေးခြင်းသည် မြန်မာအရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ အဆင်ခြင်မဲ့တိုက်ခိုက်မှုများကို တိုက်ရိုက်ကူညီပံ့ပိုးပေးနေခြင်းဖြစ်ပြီး ယင်းအမြောက် ပြောင်းများကို စစ်အုပ်စုက နိုင်ငံတကာဉပဒေချိုးဖောက်မှုများကို ဆက်ပြီးကျူးလွန်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဉပဒေအရ တာဝန်များကို စောင့်ထိန်းရန် JFM က တိုက် တွန်းထားသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ရှိနေသည့် ပြဿနာများကို ပြည်တွင်းရေးပြဿနာဟု သဘော ထားပြီး ဝင်ရောက်စွက်ဖက်မှုမပြုဆိုသည့် သဘောထားမျိုးရှိပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အိန္ဒိယနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ သဘာဝအတိုင်းပဲ သူ့အကျိုးစီးပွားအပေါ်မှာပဲ ရပ်တည်ပြီးတော့ မြန်မာ နိုင်ငံနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လတ်တလော အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အင်အားစုနဲ့ပဲဆက်ဆက်ဆံမယ်။ နောက် ဒီလိုအကျိုးစီးပွားဆိုင်ရာ ဆက်ဆံရေးမှာလည်း စီးပွားရေးဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုတွေထပ်ပြီးလုပ်သလို လက်နက်တွေလည်း ရောင်းနေပါတယ်။ ဒါ တရုတ်တို့ ရုရှားတို့ နည်းတူ ဒီနိုင်ငံတွေရဲ့ သဘောထားက အဲ့ဒီအတိုင်း ရှိပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ဒီမိုကရေစီနိုင်ငံဖြစ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် စစ်အုပ်စုနှင့် အတူမရပ်တည်ဘဲ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် အိန္ဒိယအစိုးရကိုတောင်းဆိုကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။
စာတည်း။ စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#Justice_for_Myanmar
#အိန္ဒိယနိုင်ငံ
#အမြောက်ပြောင်းများရောင်းချ
#Yantra_India_Limited
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬15👍3👏2😁1💩1
တရားမျှတမှု့သို့ ခရီးရှည် | The Long Road to Justice
=============
လက်ရှိမြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာ ဘယ်မှာမှ ရှာလို့မရပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် မတရားဖမ်းဆီးမှုတွေ၊ ကလေးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးမှုတွေသာမက နေအိမ်များကို တရားမဲ့သိမ်းယူမှုများပါ ရှိနေပါတယ်။ တရားဥပဒေမရှိလို့ လူတွေလုံခြုံမှုမရှိသလို တဖက်မှာလဲ တရားစီရင်မှုကို ကျွန်တော်တို့ ဘယ်မှာရှာဖွေကြမလဲ။ အမှန်တရားနဲ့ ဆင်ခြင်တုံတရားကို အသုံးချပြီး စီရင်ချက်ချမဲ့ တရားသူကြီးတွေမရှိပဲနဲ့ စစ်အာဏာရှင်တွေရဲ့ အမိန့်ကပဲ စီရင်ချက်ဖြစ်နေပါတယ်။ တရားမျှတမှု မရှိပဲနေနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တရားမှုတမှုကို တချိန်ချိန်မှာ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ မတရားမှုအပေါ်မှာ တရားမျှတမှုက အနိုင်ယူပြီးတော့ အသွင်ကူးပြောင်းရေးကာလကို ဖြတ်ကျော်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ကျူးလွန်ခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးဟာ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နစ်နာချက်တွေကို ဖော်ဆောင်နိုင်တဲ့ ပါတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ တာဝန်ရှိတဲ့သူတွေကို တရားစွဲနိုင်ဖို့၊ သူတို့နဲ့ ထိုက်သင့်တဲ့ အရေးယူမှု လုပ်ဆောင်နိုင်ဖို့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဟာ မဖြစ်မနေလိုအပ်ပါတယ်။
https://youtu.be/_hS-QLsE8mk
#MizzimaTV
#Justice
#Transitional_Justice
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
တရားမျှတမှု့သို့ ခရီးရှည် | The Long Road to Justice
လက်ရှိမြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာ ဘယ်မှာမှ ရှာလို့မရပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် မတရားဖမ်းဆီးမှုတွေ၊ ကလေးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးမှုတွေသာမက နေအိမ်များကို တရားမဲ့သိမ်းယူမှုများပါ ရှိနေပါတယ်။ တရားဥပဒေမရှိလို့ လူတွေလုံခြုံမှုမရှိသလို တဖက်မှာလဲ…
👍9🔥1😁1
စစ်ကောင်စီ လေတပ်ချုပ်ဦးဆောင်သည့် အာဆီယံလေတပ်အကြီးအကဲများညီလာခံနေပြည်တော်တွင် ပြုလုပ်မည်
===============
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ကောင်စီ လေတပ်က ဦးစီးပြီး အာဆီယံဆိုင်ရာ လေတပ်အကြီးအကဲများညီလာခံ(The ASEAN Air Chiefs Conference (AACC)) ကို နေပြည်တော်တွင် ကျင်းပလုပ်သွားရန်ရှိနေကြောင်း စစ်ကောင်စီကိုလေ့လာစောင့်ကြည့်နေသည့် Justice For Myanmar က သတင်းထုတ်ပြန်သည်။
လေတပ်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးထွန်းအောင်က ဦးစီးပြီး လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဟု Justice For Myanmar က ၎င်း၏ သတင်းရင်းမြစ်ကိုကိုးကားပြီးဖော်ပြသည်။
ဗိုလ်မှူးကြီးထွန်းအောင်သည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုများပေါ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအထောက်အထားများအထင်အရှားရှိသူတစ်ဦးဖြစ်သည်။ ၎င်း၏ကွပ်ကဲမှုအောက်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃၀ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀၀နီးပါးသေဆုံးခဲ့ရသည်ဟု the Armed Conflict Location & Event Data Project (ACLED)က စာရင်းပြုထားသည်။
အထူးသဖြင့် စစ်ကောင်စီက ကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများထဲတွင် ကလေးငယ်၄၀ဦးအပါအဝင် လူပေါင်း ၁၂၈ဦးသေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ တိုက်ခိုက်မှူဖြစ်စဉ်ကို အာဆီယံဥက္ကဌအနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ယခုကဲ့သို့ သဘာပတိအဖြစ်တာဝန်ပေးထားခြင်သည်အသိအမှတ်ပြုခြင်းဖြစ်ကြောင်းJFMက ထောက်ပြသည်။
စစ်ကောင်စီနှင့်အာဆီယံဆက်ဆံရေးတွင်စစ်ကောင်စီကို လက်ခံသည့်အုပ်စုနှင့်လက်မခံသည့်အုပ်စု နှစ်ခြမ်းကွဲနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အချို့က တရုတ်ပြည်ရဲ့သဘောထားအတိုင်းစစ်ကောင်စီကို ထောက်ခံရပ်တည်တဲ့ အင်အားစုတွေရှိတယ်။အထူးသဖြင့်ထိုင်းတို့ ကမ္ဘောဒီးယားတို့လာအိုတို့ အဲဒီအဖွဲ့တွေ က စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံဖို့ ထက်သန်တက်ကြွပါတယ်။တရုတ်ရဲ့ပေါ်လစီတိုင်းပေါ့။၊ဒါပေမဲ့ မလေးရှား၊ မလေးရှား၊ စင်ကာပူ၊ အင်ဒီုနီးရှားစတဲ့တိုင်းပြည်တွေကတော့ စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံး အဆက်အဆံလုပ်ဖို့ သဘောထားမရှိကြပါဘူး" ဟုပြောသည်။
ထိုညီလာခံကို အကြိမ်( ၂၀) မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။
လာမည့်ညီလာခံကိုတာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီးထွန်းအောင်သည် ဥရောသမဂ္ဂ၊ အမေရိကန်၊ ယူကေနှင့် ကနေဒါတို့ ပိတ်ဆို့အရေးယူမှူများကို ခံထားရသူတစ်ဦးလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် ပြည်သူများကို မြေပြင်တွင်စစ်ကြောင်းထိုးတိုက်ခိုက်မှုများကိုဆက်တိုက်ပြုလုပ်နေသကဲ့ လေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ပြုလုပ်နေသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံပြည်သူများသေဆုံးရသည့်အပြင်၊ နေအိမ်များပျက်စီးခြင်း၊ ဘုရားစေတီများ၊ ဝတ်ပြုကျောင်းများနှင့်စာသင်ကျောင်းများလည်းပျက်စီးခဲ့ရသည်။
စာတည်။ ။အောင်ကျော်ဖြိုး
#Mizzima
#အာဆီယံလေဆိုင်ရာလေတပ်အကြီးအကဲများညီလာခံ
#လေတပ်ကာကွယ်ရေးစစ်ဦးစီးချုပ်
#Justice For Myanmar
ဓာတ်ပုံ -JFM

🤮9❤2👍1
#Justice for #Myanmar calls out #InterraResources for support to #Myanmar #junta
https://eng.mizzima.com/2025/01/30/18714

Progressive Voice welcomes #Argentine court’s arrest #warrants as a step towards #justice
Read more: https://eng.mizzima.com/2025/02/26/19548

👍1
https://www.youtube.com/watch?v=UXCu2Uzperg
#Syria’s longest-serving political prisoner wants #justice

Syrian fighter pilot Ragheed Tatari was 26 when he was arrested. Now 70, the country's longest-serving political prisoner is finally free after Bashar al-Ass...
👍5
https://www.youtube.com/watch?v=NiB10Ps4tNk
Justice Soldier PDF အတုအယောင် စာမျက်နှာဖြင့် တော်လှန်ရေး အလှူငွေ လိမ်လည်မှု

Justice Soldier PDF အတုအယောင် စာမျက်နှာဖြင့် တော်လှန်ရေး အလှူငွေ လိမ်လည်မှု#Misinformation_Buster #Fake_News #Mizzima_Media #မဇ္ဈိမမီဒီယာ #Justice_Soldier_PD...
👍14🍌1