ခီမောင်နှံ၏ ဒုတိယအကြိမ် ရန်ပုံငွေရှာဖွေပွဲ ကျပ်သိန်း ၉၃၀ ကျော် ရရှိ
----------------
ဝေဟင်စိုး
အနုပညာ ဇနီးမောင်နှံ ဖြစ်သော ဇာဏ်ခီနှင့် ခရစ္စတီးနားခီ တို့၏ ဒုတိယအကြိမ် ရန်ပုံငွေ ရှာပွဲ အစီအစဥ်မှ ကျပ်သိန်း ၉၃၀ ရရှိခဲ့သည်ဟု ခီမောင်နှံက ယမန်နေ့ ည ၈ နာရီတွင် Live လွှင့်ကာ ပြောခဲ့သည်။
ခီမောင်နှံ၏ ပထမအကြိမ် ရန်ပုံငွေ ရှာဖွေမှုတွင် ကျပ်သိန်း ၁၃၀၀ ကျော် ရရှိခဲ့ပြီး ယခု ဒုတိယ အကြိမ်တွင်မူ ကျပ်သိန်း ၉၃၀ ကျော် ရရှိခဲ့သဖြင့် ပထမအကြိမ်ထက် ကျပ်သိန်း ၃၇၀ ခန့် လျော့ကျသည်။
ယခု ရန်ပုံငွေ ရှာဖွေပွဲ အစီအစဥ်တွင် ကံစမ်းမဲစောင်ရေ ၆,၄၈၈ စောင်သာ ရောင်းချ နိုင်ခဲ့ပြီး ပထမ အကြိမ်တွင် စောင်ရေ ၁၁,၂၄၁ စောင် ရောင်းချနိုင်သည်။
ခီ မောင်နှံ၏ ယခု ဒုတိယအကြိမ် ရန်ပုံငွေ အစီအစဥ်တွင် စင်ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက ကံစမ်းမဲ အမှတ် ၅၇၁၈ ဖြင့် ကံထူးခဲ့ပြီး ပထမ အကြိမ်တွင် ကိုရီးယား နိုင်ငံရောက် မြန်မာတစ်ဦးက ကံထူးခဲ့ခြင်း ဖြစ်သည်။
"ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ကျပ်သိန်း ၂,၀၀၀ ကျော်လောက် ရတဲ့အတွက် တစ်ဦး တစ်ယောက် မကျန် အထူး ကျေးဇူး တင်ပါတယ်"ဟု ခရစ္စတီးနားခီက ဆိုသည်။
မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ အခက်အခဲ ကြုံတွေ့နေရသော ပြည်သူများကို လှူဒါန်းရန် ရန်ပုံငွေ ရှာဖွေသည့် ယခု အစီအစဉ်၌ ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးပုံတွင် Love Revolution စာတန်းပါသည့် ကျောက်စီ ပန်းချီကား တစ်ချပ်နှင့် ရွှေသားအတိ ပေါ်တွင် Zenn နှင့် Chris ၊ Proud of you စာတမ်းပါ ရင်ထိုး တစ်စုံအတွက် ကံစမ်းမဲ လက်မှတ် ရောင်းချပေးကာ မဲနှိုက်ပေးခဲ့ခြင်း ဖြစ်သည်။
ကျောက်စီ ပန်းချီကားသည် ၎င်းတို့ ရန်ကုန်မြို့ နေအိမ်တွင် နေထိုင်စဉ်က အိမ်အတွင်း မြင်သာသည့် နေရာတွင် အမှတ်တရ ချိတ်ဆွဲထားရှိသည့် အရာဖြစ်ပြီး ရွှေအတိဖြင့် ပြုလုပ်ထားသည့် ရင်ထိုးမှာ ပြည်တွင်းပြည်ပ ပရိတ်သတ်များက ပြည်သူ့ အကယ်ဒမီပွဲတွင် ပေးအပ်ခဲ့သည့် ရင်ထိုးဖြစ်သည်။
ဒီပစ္စည်းလေး တွေကို ဒီကာလမှာ မဲဖောက်တဲ့အထဲ ထည့်လိုက် ချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား အားလုံး ဒုက္ခ ရောက်နေချိန်မှာ ဒီပစ္စည်းလေး ထည့်လိုက်ရတာ အများကြီး တန်ဖိုး ရှိပါတယ်။ ဒီရင်ထိုးလေးကလည်း ကျွန်တော်တို့ နှစ်ဦးအတွက် မြတ်နိုးရတဲ့ တန်ဖိုးထားရတဲ့ ပစ္စည်းလေး ဖြစ်နေပါတယ်။ ဒါလေးကို ရောင်းပြီး ကျွန်တော်တို့ ရသမျှ ရန်ပုံငွေတွေကို တိုင်းပြည် အတွက် ဒုက္ခရောက်နေတဲ့ သူတွေ အကုန်လုံး လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ ဆုံးဖြတ် ထားပါတယ်" ဟု ဇာဏ်ခီက ဒုတိယအကြိမ် ရန်ပုံငွေရှာဖွေပွဲ စတင် ပြုလုပ်မည့် အချိန်က ပြောဆိုခဲ့သည်။
#ခီမောင်နှံ
#ရန်ပုံငွေရှာဖွေပွဲ
#Love_Revolution
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

👍3