Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ဆင်ရေး ၇ ခု အောင်မြင်ဟု Black Eagle Ranger ကဆို
===================

ရိုဇာ
ရန်ကုန်တိုင်း လှိုင်သာယာ မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သည့် Black Eagle Ranger သည် မတ်လအတွင်း စစ်ကောင်စီကို တိုက်ခိုက်သည့်စစ်ဆင်ရေး ခုနစ်ခု အောင်မြင်ခဲ့ကြောင်း မတ်လ ၃၀ ရက် ညပိုင်းက ထုတ်ပြန်သည်။
BER မြို့ပြပြောက်ကျားအဖွဲ့နှင့် တပ်ခွဲညီနောင်မဟာမိတ်များ စုပေါင်းလုပ်ဆောင်မှုများ တင်ပြခြင်းဖြစ်ပြီး စစ်အာဏာရှင် အပြီးတိုင် ပျက်သုဥ်းသည့်အထိ တိုက်ပွဲဝင်မည် ဖြစ်၍ မိဘပြည်သူများ ပူးပေါင်း ပါဝင်ပေးဖို့ တောင်းဆိုထားသည်။
အောင်မြင်ခဲ့သည့်စစ်ဆင်ရေး ခုနစ်ခုမှာ အမှတ် (၁၀) ရပ်ကျေးရုံး၊ ၅ ထိပ်မှတ်တိုင်အနီး၊အတွင်းပဒံ၊ အောက်ထိပ်မှတ်တိုင်အနီး၊ ပီမိုးနင်းလမ်းမကြီး၊ လှိုင်သာယာ လျှပ်စစ်ရုံးနှင့် ရိုးကြီးမှတ်တိုင်အနီး စစ်ဆင်ရေးများ ဖြစ်ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများရှိသည်ဟု Black Eagle Ranger အဖွဲ့ တာဝန်ရှိသူကပြောသည်။
မတ်လအတွင်း မအောင်မြင်ခဲ့သည့် စစ်ဆင်ရေးများလည်းရှိကြောင်း ဆိုသည်။
“ကျွန်တော်တို့ ဖောက်ခွဲကာနီးမှ အဲ့အနီးအနားကို ပြည်သူတွေ ရောက်လာလို့ ကျွန်တော်တို့ မဖောက်ခွဲတော့ဘဲ နောက်ပြန်ဆုတ်ခဲ့ရတာတွေလည်း ရှိတယ်။ ကျွန်တော် ပြောချင်တာကတော့ မိဘပြည်သူများအနေနဲ့ အရေးကြီးကိစ္စတွေ မရှိရင် အပြင်ကိုမထွက်ဖို့ တောင်းဆိုချင်ပါတယ်။ တချို့ Mission တွေက ငွေကြေးတွေ အကုန်အကျ ခံရတယ် အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေ ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ကျွန်တော်တို့လုပ်ဆောင်နေရတာ ဖြစ်တာမို့ ပြည်သူတွေ ထိမှာစိုးလို့ မဖောက်ခွဲဘဲ နောက်ပြန်ဆုတ်လိုက်ရတဲ့အခါ ဘာမှအကျိုးသက်ရောက်မှု မရှိဘဲ ကုန်ကျတာသက်သက် ဖြစ်သွားစေတာမို့ပါ” ဟု ၎င်းက ရှင်းပြသည်။

#Mizzima
#လှိုင်သာယာ
#BlackEagleRanger
#Mission
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U
👍1
​​သတင်းပေးကိုသာ Mission အတိုင်း ပစ်ခတ်ခဲ့သည်ဟု MBDF ပြော
==================

ရွှေနွယ်
မဇ္ဈိမ။ ။ မကွေးတိုင်း၊ အောင်လံမြို့နယ် ချင်းစခန်းကြီးကျေးရွာနေ စစ်ကောင်စီသတင်းပေး ကျော်ရဲအောင်အား ရှင်းလင်းရာတွင် ရုန်းရင်း ဆန်ခတ်ဖြစ်အောင် ဘေးလူများမှ ပြုလုပ်သော်လည်း Mission အတိုင်း ကျော်ရဲအောင်ကိုသာပစ်ခတ်ခဲ့သည်ဟု မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF) မှ ရဲဘော်ကျားလေးက ပြောသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့က အောင်လံမြို့နယ် ချင်းစခန်းကြီးကျေးရွာနေ စစ်ကောင်စီသတင်းပေး ကျော်ရဲအောင်ကို သွားရောက်ပစ်ခတ်ခဲ့စဉ် ကျော်ရဲအောင်နှင့်အတူပါလာသော သူ၏အကိုအရင်းဖြစ်သူ ဇော်မျိုးအောင်မှ MBDF တပ်ဖွဲ့ဝင်အား ဓားဖြင့်ပြန်လည်ခုခံသည့်အပြင် ၎င်းတို့နှင့်အတူပါလာသည့် ဝမ်းကွဲညီအကို တော်စပ်သူမှာလည်း တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းချုပ်ခဲ့သည့်အတွက် အတင်းရုန်းထွက်ခဲ့ရသည်ဟု MBDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျော်ရဲအောင်က တော်လှန်ရေးအင်အားစုတွေကို မြေပြင်ကင်းထောက်ပြီး စစ်ကောင်စီကိုသတင်းပို့နေတာပါ၊ ခြင်းခတ်တာကအစ နိုင်ငံရေးအဆုံး သူ့အဖေစစ်တပ်ကိုခေါ်ပြီး ရမ်းကားနေတာလည်းမနည်းတော့ဖူး၊ သူ့အကိုဝမ်းကွဲဆို ကျွန်တော်တို့ကို ဝိုင်းချုပ်တာ၊ လက်သီးနဲ့တောင်တစ်ချက်ပြန်မထိုးခဲ့ပါဘူး” ဟု ရဲဘော်ကျားလေးက ပြောသည်။

ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော်လည်း အရပ်သားပြည်သူဟုထင်မှတ်သောကြောင့် ရုန်းထွက်ဆုတ်ခွာခဲ့သည်ဟု MBDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောင်လံမြို့တွင် တော်လှန်ရေးအင်အားစုများမှ လှုပ်ရှားမှုနည်းသေးသောကြောင့် ပြည်သူများအားမကိုးနိုင်သေးသည့်အတွက် မိမိတို့အနေဖြင့်ပိုကြိုးစားပြရမှာဖြစ်သည်ဟု ရဲဘော်ကျားလေးမှ ပြောသည်။

"လှုပ်ရှားမှုနည်းပေမယ့် စခ(စကစတပ်သား)တွေဘက်ကတော့ စစ်ဆေးတင်းကျပ်တာက တခြားနယ်တွေထက် လျော့ပေါ့တာမျိုးမတွေ့ရပါဖူး၊ နောက်တစ်ခုကတော့ အောင်လံပြည်သူလူထုကိုလည်း စစ်ကောင်စီတပ်တွေရဲ့ တပ်အရွေ့အပြောင်းသတင်းပဲဖြစ်ဖြစ်၊ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲအကျပ်အတည်းကိစ္စတွေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ telegram အကောင့်ကနေတစ်ဆင့် သတင်းပေးကြပါလို့ ပြောချင်ပါတယ်" ဟု ရဲဘော်ကျားလေးက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် သတင်းပေး ကျော်ရဲအောင်မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သတင်းပေး
#Mission
#ပစ်ခတ်ခဲ့သည်
#MBDF
👍23👏3🔥1🥴1