နိုင်ငံခြားငွေဈေးနှုန်းမတည်ငြိမ်စေသည့် လှုံဆော်မှုများကိုသတင်းပေးရန် ဗဟိုဘဏ်ဥက္ကဋ္ဌတိုက်တွန်း
=======================
မေဘယ်လ်သူ
(မဇ္ဈိမ)။ ။ငွေလဲကောင်တာ(Money Changer)လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေကြေးဈေး ကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်စေသည့်လှုံဆော်မှုများကိုသိရှိပါက သတင်းပေးရန် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုထားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့ အစည်းများနှင့်ဆွေးနွေးမှုအတွင်း “နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စေရေး အတူတကွဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေလိုပါတယ်”ဟု ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Money Changer များအနေဖြင့် ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုသလို မူဝါဒပိုင်းဆိုင်ရာတွေကို သိရှိရန်လိုအပ်ကြောင်း လည်း ၎င်းကပြောဆိုခဲ့သည်။
“ငွေလဲကောင်တာတွေမှာလည်း အရင်ကလို အချိန်နဲ့အမျှ ငွေလဲနှုန်းဖော်ပြထားတာတွေ မရှိတော့သလို၊ တချို့ဆိုရင် စကစရဲ့ဖမ်းဆီးစစ်ဆေးတာ၊ အကြပ်ကိုင်တာမျိုး ခံဝန်ကတိပေးရတာမျိုးလည်း လုပ်ဆောင် ခံရတဲ့အတွက် စကစနဲ့ ဗဟိုဘဏ်ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေတယ်။ ဒါ့ကြောင့် ငွေလဲလှယ်တဲ့ အခါမှာ လည်း သတိထားဆောင်ရွက်ဖို့လိုတယ်” ဟု မဇ္ဈိမ၏သတင်းရင်းမြစ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထား သော်လည်း ယနေ့ ဇန်နဝါရီလ ၁၈ ရက် ပြင်ကငွေလဲလှယ်နှုန်းထားမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဗဟိုဘဏ်
#နိုင်ငံခြားငွေဈေးနှုန်း
#Money_Changer

😁8👍4👏2
IM Finance ကုမ္ပဏီ၏ Money Changer လိုင်စင်ကိုရုပ်သိမ်းကြောင်း ဗဟိုဘဏ်ကြေညာ
============
မေဘယ်လ်သူ
(မဇ္ဈိမ) ။ ။ Imperial Myanmar Finance Co.,Ltd ၏ Money Changer လိုင်စင်ကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသည့် IM Finance ၏ လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ကြောင်းဆိုသည်။ ထိုသို့ စစ်ဆေးစဉ် အဆိုပါကုမ္ပဏီအမည်ဖြင့် Money Changer လုပ်ငန်းကိုပါ ပူးတွဲဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရကြောင်း ဆိုသည်။
ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြားကုမ္ပဏီ (သို့မဟုတ်) မိခင်ကုမ္ပဏီ အမည်ဖြင့်သာ လျှောက်ထားရန် မူချမှတ်ထားခြင်းဖြစ်သည်။
IM Finance ကုမ္ပဏီသည် ဘဏ္ဍာရေး အတိုင်ပင်ခံလုပ်ငန်းနှင့် အသေးစား ချေးငွေဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီဖြစ်ကြောင်း Yangon Directory ၏ website ( shorturl.at/jrTVX ) တွင် ဖော်ပြထားသည်။
ထို့ကြောင့် မဇ္ဈိမ အနေဖြင့် Imperial Myanmar Finance Co.,Ltd အား ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း ဖြစ်သည့် IM Finance သည် Money Changer လုပ်ငန်းကိုဆောင်ရွက်နေ၍ ဗဟိုဘဏ်မှချမှတ်ထားသည့်မူအရ လိုင်စင်ကိုရုပ်သိမ်းလိုက်ကြောင်း ဆိုသည်။
ကုမ္ပဏီအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်တွင် Money Changer လိုင်စင်အမှတ် စီဘီအမ်-အက်ဖ်အီးအမ်ဒီ- ၄၈၇/ ၂၀၂၀ ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၃ နှစ်အကြာတွင် ယခုကဲ့သို့ လိုင်စင်ရုပ်သိမ်း ခံရခြင်းဖြစ်သည်။
စာတည်း ။ ။ စိုးသူအောင်
#IMF
#Money_Changer
#လိုင်စင်
#ရုတ်သိမ်း

👍10😁2🔥1👏1
Global watchdog removes #Philippines from #money #laundering 'grey list':
https://eng.mizzima.com/2025/02/23/19457

👍2