Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လျှပ်စစ်မော်တော်ယာဥ်အားသွင်းရန်နေရာများ တိုးချဲ့တည်ဆောက်မည်ဟု စစ်ခေါင်းဆောင်ဆိုပြန်
===============
မေဘယ်လ်သူ
မဇ္ဈိမ။ ။လျှပ်စစ်မော်တော်ယာဥ်များအားသွင်းရန်နေရာ(Power Station)များကို လူသွားများသည့် လမ်း နှင့်မြို့ကြီးများတွင်တိုးချဲ့တည်ဆောက်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကဆိုပြန် သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်တိုင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၌တွေ့ဆုံစဥ် ၎င်းက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လျှပ်စစ်ဓာတ်အားသုံးကားတွေ တင်သွင်းနိုင်ဖို့အတွက် အခွန်နှုန်းထားတွေ လျှော့ပေါ့ပေးထားပါတယ်။ လျှပ်စစ်ဓာတ်အားသုံးကားတွေအတွက် Power Station တွေကို စပြီးတည်ဆောက်နေပါတယ်။ လူအသုံး များတဲ့လမ်းတွေနဲ့ မြို့ကြီးတွေမှာ ထပ်ပြီးတိုးချဲ့တည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အား လုံလောက်စွာထုတ်လုပ်နိုင်ပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများ ပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကိုကျင့်သုံးမည်ဟုလည်း ပြောကြားခဲ့သည်။
“နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင် နေသလို လေအားသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်နိုင် ဖို့ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင်မပေးနိုင်သေးသလို၊ လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ အချိန် ပိုင်းပေးဝေမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပုံမှန်မရဘဲ မကြာခဏဆိုသလို ပြတ်တောက်နေချိန်တွင် ပြည်သူများ လျှပ်စစ် မီးချွေတာကြရန်၊ ရေကိုချွေတာကြရန်နှင့် စက်သုံးဆီကိုချွေတာရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ ပြောဆိုထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#လျှပ်စစ်မော်တော်ယာဥ်
#Power_Station
#လျှပ်စစ်ဓာတ်အား
💩17👍3❤1🤮1
👍5