Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ZSSI မှ ပြည်သူ့ရေးရာမဟာတန်း (MPA) အပါအဝင် သင်တန်း ၃ မျိုးဖွင့်လှစ်မည်ဟု ကြေညာ
========================

ဂျူနို
မဇ္စျိမ ။ ။ National University of Zoland (NUZ) စီမံခန့်ခွဲမှုအောက်ရှိ အင်စတီကျူ့တစ်ခုဖြစ်သည့် Zoland Social Studies Institute (ZSSI) မှ မဟာတန်းအဆင့်သင်တန်းများ၊ Diploma သင်တန်းများနှင့် Certificate ပေးအပ်မည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ZSSIမှ ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားသုံးမျိုးမှာ ပြည်သူ့ရေးရာမဟာတန်း Master of Public Affairs (MPA)၊ Diploma Courses၊ Certificate Courses တို့ဖြစ်ပြီး အဆင့်မြင့်ပညာရေး သို့မဟုတ် တက္ကသိုလ်အဆင့်ပညာရပ်နယ်ပယ်တွင် ရောက်ရှိနေသူများကို ဦးတည်သည်။

“ သင်တန်းပို့ချမယ့်သူတွေက ကမ္ဘာ့ထိပ်သီးတက္ကသိုလ်ဆင်းအပါအဝင် ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ၊ တက္ကသိုလ်ဆရာမတွေဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကို မတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ အခြေအနေအရ ရက်တိုးသတ်မှတ်ပေးတာမျိုးလည်း ရှိနိုင်ပါတယ် ” ဟု ZSSIမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ကြားမှုမှတ်တမ်းအား ကောင်းမွန်စွာထိန်းသိမ်းပေးမည်ဖြစ်ပြီး သင်တန်ပြီးစီးပါက ကွန်ယက်ဖွဲ့စည်းခြင်း၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းများအတွက် mentorship program များအတွက် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရေးရာ မဟာတန်း Master of Public Affairs (MPA) တက်ရောက်ရန် မည်သည့်ပညာရပ် နယ်ပယ်တွင်မဆို ဘွဲ့ကြိုတက်ရောက်နေသူများ (သို့မဟုတ်) ဘွဲ့ကြိုသင်တန်းပြီးမြောက်သူများ ဖြစ်ရန်လိုအပ်သည်။

ပြည်သူ့ရေးရာ မဟာတန်း Master Program အတွက် သင်တန်းကာလမှာ တစ်နှစ်တာကြာမြင့်မည်ဖြစ်ပြီး အများဆုံးကျောင်းသားဦးရေ ၂၅ ဦးသာ ရွေးချယ်လက်ခံမည် ဟုဆိုသည်။

တက္ကသိုလ်ဝင်တန်း ပြီးမြောက်ထားသူများအနေဖြင့် Certificate နှင့် ဒီပလိုမာ သင်တန်းများကို ရွေးချယ်လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ Course တစ်ခုလျှင် နှစ်လကြာမြင့်မည် ဖြစ်သည်။


သင်တန်းလျှောက်ထားနိုင်ရန်လင့်
https://forms.gle/W5nzk3pWx9wxH4zGA...

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#Zoland
#ZSSI
#ချင်းပြည်နယ်
#ပညာရေး
#University
❤2👍2🔥1