Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီနဲ့ အပစ်ရပ် (၅) ဖွဲ့ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့ကြလဲ
=======================

မဇ္ဈိမ

"ဒါတွေဟာ အနာဂတ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့အတွက် EAO တွေနဲ့ တိုင်ပင်ပြီးတော့မှ ရရှိထားတဲ့ အဆိုပြု မူကြမ်းဖြစ်တယ်၊ လွှတ်တော်မှာလည်း အတည်ပြုမယ်ဆိုတာကို နားလည်ထားပါတယ်" လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက မဇ္ဈိမကို ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ငါးဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးခေါင်းစဉ်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဘယ်လိုသဘောတူညီမှုတွေ ရရှိခဲ့ပါသလဲ။ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ PPST အဖွဲ့ဝင် ငါးဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/0-5oVFSNqus

#weeklyinterviews
#ppst
#ALP
#Mizzima
#၂၀၀၈ဖွဲ့စည်းပုံ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5👍2❤1🔥1
“ရွာတွေအကုန်လုံး မီးလောင်နေချိန် ရွေးကောက်ပွဲဆိုတဲ့ စကားလုံးက လားလားမှ မအပ်စပ်ဘူး”
====================

မဇ္ဈိမ

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၂၃ အထွေထွေရွေး ကောက်ပွဲကို ပြည်သူတွေ တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အဖွဲ့ဝင် ဒေါက်တာလွမ်းဝေက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ်အမြင်၊ ၂၀၂၃ မျှော်မှန်းချက်နဲ့ မြေပြင်သပိတ် စစ်ကြောင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး GSCB အဖွဲ့ဝင် ဒေါက်တာလွမ်းဝေကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/-eYQkaAe2c4

#weeklyinterviews
#GSCB
#election
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17😁4🤮1
“သာမန်အခြေအနေ မဟုတ်အောင် သူတို့ပဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာ” ဒေါက်တာတေဇာဆန်း (အင်တာဗျူး)
===================

နောင်နောင်

လက်ရှိမြေပြင်အခြေအနေအရ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဘယ်လောက်ပဲ ကျင်းပဖို့ ပြင်ဆင်နေပေမယ့် သူတို့မှာ အုပ်ချုပ်ရေး စွမ်းဆောင်ရည်၊ နယ်မြေထိန်းချုပ်နိုင်တဲ့ စွမ်းဆောင်ရည် မရှိတော့ဘူးလို့ ဒေါက်တာတေဇာဆန်းက မဇ္ဈိမကို ပြောပါတယ်။

နွေဦးတော်လှန်ရေးနှစ်နှစ်ပြည့် အခြေအနေနဲ့ ၂၀၂၃ မှာ မြင်တွေ့လာနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေးမှာ ထင်ရှားတဲ့ သပိတ်ခေါင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/oBLRFBpU8AA

#weeklyinterviews
#‌ဒေါက်တာတေဇာဆန်း
#၂၀၂၃ရွေးကောက်ပွဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15❤5😁1🤮1
ချင်းပြည်နယ်ကို ၇၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ CNA ပြော (အင်တာဗျူး)
======================

နောင်နောင်(မဇ္ဈိမ)

ချင်းပြည်နယ်ဟာ အာဏာသိမ်း စစ်တပ်ကို ရိုးရာတူမီးသေနတ်နဲ့ အစောဆုံး ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်ပြီး လက်ရှိမှာ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ CNA/CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက မဇ္ဈိမကို ပြောပါတယ်။

ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်လုံးမှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီတပ်အနေနဲ့ကတော့ မြို့ပေါ်လောက်ပဲ ထိန်းချုပ်ထားနိုင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ ထန်တလန်မြို့မှာဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရား လုံးဝပျက်စီးသွားပြီး ချင်းဒေသခံ ကာကွယ်ရေးတပ်တွေကပဲ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်တယ်လို့လည်း ဆလိုင်းထက်နီက မဇ္ဈိမကို ပြောပါတယ်။

ချင်းပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော် (CNA/CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/VWuDq71acQ8

#mizzima
#ချင်းပြည်နယ်
# ချင်းအမျိုးသားတပ်မတော်
#weeklyinterviews
#chin
#CNACNF

👍23😁3❤2
ချင်းပြည်နယ်ကို ၇၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ CNA ပြော (အင်တာဗျူး)
========================

👍22❤5😁2🤮2👎1
စစ်ကိုင်းတိုင်းမှာ၂၀၂၃ အတွင်း မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ NUG မီးသတ်ဌာန သတိပေး
====================

ဂျူနို

မြို့နယ်အများစုကို စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနေအိမ် မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

''စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာကလည်း အောက်ခြေကကောင်တွေကို မင်းတို့လုပ်ချင်တာလုပ်ဆိုတဲ့ ပုံစံချမှတ်ပေးတာပဲ။ သူတို့လည်း ခွင့်ပြုမိန့်ရပြီဆိုတော့ သူတို့လုပ်ချင်တာလုပ်နေတယ်။ ဒီထက်ပိုပြီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ NUG ကဖွဲ့စည်းပြီးဖြစ်တဲ့ မီးဘေးလုံခြုံရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေဘက်ကလည်း လိုက်နာပေးပါ” လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို NUG မီးသတ်ဦးစီးဌာနက စာရင်းကောက်ယူကာ Fire Service Department . MOHAI - NUG ဆိုတဲ့ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်တာတွေ လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မဇ္ဈိမ သတင်းထောက် မစန်းကျိန်က မေးမြန်းထားပါတယ်။

https://youtu.be/DvdjAVMJiG0

#weeklyinterviews
#NUGFIRE
#2023
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1😭1
စစ်ကိုင်းတိုင်းမှာ ၂၀၂၃ အတွင်း မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ NUG မီးသတ်ဌာန သတိပေး
=========================

ဂျူနို

မြို့နယ်အများစုကို စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနေအိမ် မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

''စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာကလည်း အောက်ခြေကကောင်တွေကို မင်းတို့လုပ်ချင်တာလုပ်ဆိုတဲ့ ပုံစံချမှတ်ပေးတာပဲ။ သူတို့လည်း ခွင့်ပြုမိန့်ရပြီဆိုတော့ သူတို့လုပ်ချင်တာလုပ်နေတယ်။ ဒီထက်ပိုပြီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ NUG ကဖွဲ့စည်းပြီးဖြစ်တဲ့ မီးဘေးလုံခြုံရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေဘက်ကလည်း လိုက်နာပေးပါ” လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို NUG မီးသတ်ဦးစီးဌာနက စာရင်းကောက်ယူကာ Fire Service Department . MOHAI - NUG ဆိုတဲ့ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်တာတွေ လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မဇ္ဈိမ သတင်းထောက် မစန်းကျိန်က မေးမြန်းထားပါတယ်။

https://youtu.be/lgAjfCKvVuU

#weeklyinterviews
#NUGFIRE
#2023
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2😁2
နွေဦးတော်လှန်ရေးရဲ့ လက်ရှိကာလကို အားရကျေနပ်တယ်လို့ ရေးဘီလူးပြော (အင်တာဗျူး)
============================

ဂျူချန်း

“ဒီအခြေအနေအတိုင်းဆို ကျနော် တို့အားရတယ်ဗျ။ ဘာလို့လဲဆိုတော့ တကယ်တမ်းလုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးရှိတယ်။ တကယ်တမ်းလုပ်နေတဲ့ အဖွဲ့တွေကိုမြင်တော့လည်း ကျနော်တို့ ပိုပြီးတော့ အားရတယ်”

“တော်လှန်ရေးကို ကျနော်တို့ အချိန်အကြာကြီး မဆွဲထားဘူး။ ကျနော်တို့ လုပ်နိုင်တဲ့ အပိုင်း၊ ကဏ္ဍတွေမှာ ကျနော်တို့ လုပ်ဆောင်သွားမယ်။ ပြည်သူတွေနဲ့ တစ်သားတည်း အမြဲတမ်း တိုင်တိုင်ပင်ပင်ပဲ သွားမယ်” ဟု ရေးဘီလူးက ပြောသည်။

ရေးဘီလူးအဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒီအပတ် Weekly interview အစီအစဉ်မှာတော့ ရေးမြို့နယ်အတွင်းက လက်ရှိစစ်ရေးအခြေနေတွေ၊ နွေဦးတော်လှန်ရေးအပေါ် ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးကို မဇ္ဈိမ သတင်းထောက် ဂျူချန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/8gkapUS9xY0

#weeklyinterviews
#ရေးဘီလူး
#မွန်
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤1😁1🤮1
ကရင်နီဒေသက စစ်ဘေးရှောင်တွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲများ
=========================

ဂျူချန်း (အင်တာဗျူး)

မဇ္ဈိမ ။ ။ ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို အဖိုးအဖွားများမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် HOPE- The Humanitarian Organization အဖွဲ့၏ ဒါရိုက်တာ ကိုစတီဗင်ကို ဆက်သွယ်မေးမြန်းထားသည်။

စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကြောင်းထိုးကာ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း အစရှိသည့် လုပ်ရပ်များ ပြုလုပ်နေသဖြင့် ကရင်နီပြည်နယ်တွင် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းနီးပါးရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRGက ဖော်ပြထားသည်။

https://youtu.be/uJVeVjUcuXw

#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#weeklyinterviews

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3😢3👎1
“မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို သေချာစနစ်တကျနဲ့ စီစစ်ပြီး ထောက်ပံ့သင့်တာတွေကို ထောက်ပံ့စေချင်တယ်။မောင်းပြန်သေနတ်တွေမထောက်ပံံ့ပေးနိုင်ရင်တောင် လက်နက်ခဲယမ်းလေးတွေ ကူညီပေးစေချင်ပါတယ်” Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲ (အင်တာဗျူး)
============================

မောင်ခက်နွေ (မဇ္ဈိမ) 

တော်လှန်ရေးကို စတင်ချိန်မှာ လူ ၇ ယောက်တည်းနဲ့ စတင် ခဲ့တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ယခုဆိုရင် တပ်ဖွဲ့ဝင်အင်းအား ရာနဲ့ချီရှိနေပါပြီ။ 

လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေးကလဲ ၂ နှစ်ကျော်နေသလို သူတို့ အဖွဲ့ရဲ့ အာဏာရှင်ကို တွန်းလှန်နေတာဟာလဲ တစ်နှစ်ကျော်သက်တမ်းရှိနေပါပြီ။ 

ဒီလို အချိန်ကာလ ကြာမြင့်လာတဲ့ အချိန်ထိ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ ဘယ်လိုတွေ ရပ်တည်နေပါသလဲ၊ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ Myingyan Black Tiger (MBT) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ Mizzima ရဲ့ weekly interview အစီအစဉ်ကနေ မေးမြန်းတင်ဆက်ပေးထားပါတယ်။ 

https://youtu.be/7fWfDWb3PX8

တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ

#Weeklyinterviews
#MBT
#Mizzima
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1
"စစ်ကောင်စီ အကျပ်တည်းဖြစ်နေချိန် ပြည်သူတွေအနေနဲ့ ဘဏ္ဍာရေး တိုက်ပွဲ အလံကို အမြင့်ဆုံးလွှင့်ထူကြဖို့ လိုအပ်" 
=================

မောင်ခက်နွေ

(မဇ္ဈိမ)။  ။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီ အကျပ်တည်း ဖြစ်နေချိန်မှာ ပြည်သူတွေအနေနဲ့ ဘဏ္ဍာရေးတိုက်ပွဲအလံကို အမြင့်ဆုံး လွှင့်ထူကြဖို့ လိုအပ်တယ်လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက မဇ္ဈိမရဲ့ Weekly Interview မှာ ပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ “ဖက်စစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ ဘဏ္ဍာတည်ဆောက်” ဆိုတဲ့ ဘဏ္ဍာရေးတိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာတေဇာဆန်းကို မဇ္ဈိမ သတင်းထောက် မောင်ခက်နွေက ဆက်သွယ်မေးမြန်း ထားပါတယ်။ 

တည်းဖြတ် - မောင်ခက်နွေ 

https://youtu.be/ozrVXQY9UY0

#weeklyinterviews
#ဘဏ္ဍာရေးတိုက်ပွဲ
#Mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁2❤1
"ကုလသမဂ္ဂဟာ ရိုဟင်ဂျာအရေးကို ပိုပြီး ကြိုးစား အားထုတ်စေချင်တယ်" ရိုသင်းသင်းလှိုင် (မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု) 
=================

မောင်ခက်နွေ
(မဇ္ဈိမ)။  ။ ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေးကိုကိုင်တွယ်ပုံဟာ ထိရောက်မှုရှိတာထက် ပိုပြီးကြိုးစား အားထုတ်စေချင်တယ်လို့ ရိုသင်းသင်းလှိုင် ကဆိုပါတယ်။ 

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရခိုင်က ရိုဟင်ဂျာအင်အားစုရဲ့ သဘောထား အစစ်အမှန်က ဘာတွေပါလဲ၊ ရိုဟင်ဂျာအရေး ကုလသမဂ္ဂက ကိုင်တွယ်နေတာ ထိရောက်ရဲ့လားဆိုတာကို မြန်မာမွတ်စလင်တော်လှန်ရေး အင်အားစုရဲ့ အဖွဲ့ဝင်ရေးရာတာဝန်ခံ တစ်ဦးလည်ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မရိုသင်းသင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ 

https://youtu.be/2JJGagY_tN8?si=XmElXx2TIhlcRBkx

#weeklyinterviews
#mizzimatv
#rohingya
#ကုလသမဂ္ဂ 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
"အညာဒေသမှာ စစ်တိုက်စွမ်းရည်တိုးတက်လာပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ဖို့ လိုအပ်တယ်" လင်းနွေ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA)
==================

မောင်ခက်နွေ(မဇ္ဈိမ)။ ။ အညာဒေသမှာ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ အရင်ကထက် တိုးတက်မှုရှိလာပေမယ့် အမိန့်နာခံဖို့နဲ့ အတွေးအခေါ် လက်နက် တပ်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADRPA)ရဲ့ ဥက္ကဌ ကိုလင်းနွေက ဆိုပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ အညာဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက် တိုးတက်လာပါသလဲ၊ LPDF တွေနဲ့ ‘ပကဖ’ တွေ မြို့နယ်အလိုက်၊ နယ်မြေအလိုက် ပူးပေါင်း တိုက်ပွဲ၀င်နေတာ ဘယ်လို အခြေအနေရှိနေပြီလဲ ဆိုတာ ကိုလင်းနွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/tY7dj0q1K-E?si=r2SUZAdVfGlHefkk

#weeklyinterviews
#mizzimatv
#ADRPA
#အညာဒေသ
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2🥰1
"တိုင်းရင်းသား အရေးကို မဖြေရှင်းဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားလို့မရဘူး”
======================

"တိုင်းရင်းသား အရေးကို မဖြေရှင်းဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားလို့မရဘူး” ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း)

မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား အရေးကို မဖြေရှင်းဘူးဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ဘယ်လိုနည်းနဲ့မှ သွားလို့မရဘူးလို့ ဦးမြအေးကဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း တဦးဖြစ်တဲ့ ဦးမြအေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/bHjPrVOIi0Q?si=oLgOGNi3DTC263D6

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🤮1
အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်
=========================

"အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ အလေ့အထတွေ ပပျောက်အောင်လုပ်ဆောင်ကာ အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်“ မဝေဝေလှိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU)
အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ အလေ့အထတွေ ပပျောက်အောင်လုပ်ဆောင်ပြီး ကျူးလွန်တဲ့ ပြစ်မှု ၊ ပြစ်ဒဏ်အရ အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်တဲ့ မဝေဝေလှိုင်က ပြောပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU ) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်တဲ့ မဝေဝေလှိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

https://youtu.be/i8_x0c3vDnU?si=pilM1p-BhAYspXJd

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
#women
#BWU
#မြန်မာ့အမျိုးသမီးသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁1🤮1
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဆက်သွယ်မေးမြန်းချက်
======================

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

https://youtu.be/OKR79OINslU?si=Df_wJRGxBIko9Fvv

မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
#TNLA
#တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍6🔥2😁1
"ဖက်ဒရယ်ဒီမိုကရေစီနဲ့ကိုက်ညီတဲ့အခင်းအကျင်းကိုဖန်တီးပြီးမှရွေးကောက်ပွဲလုပ်လို့ရလိမ့်မယ်”
ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း) မြန်မာနိုင်ငံဟာ ဖက်ဒရယ် ...
https://www.youtube.com/watch?v=sHIyWepV6i8
👍14