ယင်းမာပင်မြို့နယ်တွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပါဝင်သည့် ရွာပေါင်းစုံသပိတ်ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ဇူလိုင်လ၂၇ရက်တွင် ပြုလုပ်ခဲ့ကြသည်။
စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြကြောင်း သိရသည်။
ရွာပေါင်းစုံသပိတ်ကော်မတီတာဝန်ရှိသူက လူထုအား “ ရန်သူစစ်အုပ်စုက ဘာတွေလုပ်နေလဲ ၊ ဘယ်လို တော်လှန်ကြမလဲ ၊ ဘယ်လို ကြုံတွေ့နိုင်လဲ “ စသည့် ခေါင်းစဥ်များဖြင့် နိုင်ငံရေး တရား ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယင်းမာပင်မြို့နယ်
#သပိတ်စစ်ကြောင်း
website link >>> http://www.mizzimaburmese.com/article/131347
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤9👍9🔥1😁1
အိန္ဒိယဘက်မှ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ပြန်မပို့နိုင်သေး
=================
ကလေး ၃၀၁ ဦးအပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ပြန်ပို့ရေးအတွက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက နယ်စပ်လုံခြုံရေးကွပ်ကဲရသော Assam Rifles တပ်သို့ တိုက်တွန်းပြီးနောက်တစ်နေ့တွင် အဆိုပါ “တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ”အား မြန်မာနိုင်ငံဆီ ပြန်မပို့ရသေးကြောင်း တာဝန်ရှိသူတစ်ဦးက အင်္ဂလိပ်လို ထုတ်ဝေသော The Hindu နေ့စဉ်သတင်းစာသို့ အင်္ဂါနေ့က ပြောသည်။

❤11👍5🔥2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု
Watch more detail - https://youtu.be/MCDzMkpgDpY
#စစ်ကောင်စီနဲ့ #အာဆီယံ#ဆွေးနွေး#VideoNews #shorts #reels

🤣13👍3
သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ဗုံးပေါက်ကွဲ
===============
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ပိန်းတောကျေးရွာရှိ အထက်တန်းစာသင်ကျောင်းရှေ့ ကျောင်းခြံစည်းရိုးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။
ဗုံးဖောက်ခွဲမှုကို မည်သူတို့က လုပ်ဆောင်ခဲ့ကြောင်း မသိရသော်လည်း ပေါက်ကွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ရမ်းသန်းပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
“ဗုံးက ဘယ်အဖွဲ့က ဖောက်ခွဲတယ် ဆိုတာ မသိရသေးဘူး၊ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်”ဟု သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုသည် စာသင်ကျောင်းအတွင်း ကျောင်းသူ၊ ကျောင်းသားများ မရှိချိန် နံနက်အစောပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် ယခုနှစ် ဧပြီလ ၂၄ ရက် ည ၆ နာရီကလည်း လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#သရက်ချောင်း
#ပိန်းတော
#ဗုံးပေါက်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ပိန်းတောကျေးရွာရှိ အထက်တန်းစာသင်ကျောင်းရှေ့ ကျောင်းခြံစည်းရိုးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။
ဗုံးဖောက်ခွဲမှုကို မည်သူတို့က လုပ်ဆောင်ခဲ့ကြောင်း မသိရသော်လည်း ပေါက်ကွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ရမ်းသန်းပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
“ဗုံးက ဘယ်အဖွဲ့က ဖောက်ခွဲတယ် ဆိုတာ မသိရသေးဘူး၊ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်”ဟု သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုသည် စာသင်ကျောင်းအတွင်း ကျောင်းသူ၊ ကျောင်းသားများ မရှိချိန် နံနက်အစောပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် ယခုနှစ် ဧပြီလ ၂၄ ရက် ည ၆ နာရီကလည်း လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#သရက်ချောင်း
#ပိန်းတော
#ဗုံးပေါက်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬3🔥1😁1
မြိတ် ခလရ (၁၀၃) တပ်ကြပ်ကြီး PDF တွင် သင်တန်းနည်းပြဖြစ်လာ
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ မြိတ်မြို့နယ် ခလရ (၁၀၃) မှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် တပ်ကြပ်ကြီးတစ်ဦးမှာ ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ်တွင် သင်တန်းဆရာဖြစ်လာသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ခြေစိုက် ခြေလျင်တပ်တပ်ရင်း (၁၀၃) မှ အလင်းဝင်လာသော တပ်ကြပ်ပြီး ဝင်းနိုင်သည် မြိတ်ခရိုင် ပုလောပြည်သူ့ကာကွယ်ရေးတပ် (PPDF) တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ သုံးလဝန်းကျင်ရှိပြီဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးဌာနအပြောအရသိရသည်။
“သူက စစ်ကောင်စီရဲ့ လုပ်ရပ် မမှန်ဘူး ဆိုတာ သိလို့၊ သူလုပ်နေတာတွေ အဓိပ္ပာယ် မရှိတော့ဘူးဆိုတော့၊ စိတ်ညစ်လာလို့၊ ရအောင်ပြေးလာခဲ့တယ်ပြောတယ်။ တောထဲမှာတင် နှစ်ပတ်လောက်ကြာပြီး နောက်မှ ကျွန်တော်တို့နဲ့ ချိတ်ဆက်မိပြီး ရောက်လာတာ ဖြစ်တယ်”ဟု ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက မဇ္ဈိမကိုပြောသည်။
တပ်ကြပ်ကြီးဝင်းနိုင်သည် MA (3) သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု နှင့် 5.56 ကျည် ၃၁၇ တောင့်နှင့်အတူ ခိုလှုံလာသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၄၄ သိန်း ချီးမြှင့်ခဲ့သည်။
၎င်းသည် PPDF သို့ ဝင်ရောက်ခဲ့သည်မှာ ငါးလခန့်ရှိပြီဖြစ်သော်လည်း ယနေ့ (ဇူလိုင် ၂၇ ရက်နေ့)တွင်မှ သတင်းထုတ်ပြန်သည်။
ဆက်သွယ်ရေး တပ်ကြပ်ကြီးဝင်းနိုင်သည် PPDFတွင် စစ်ဗျူဟာ အဓိက သင်ကြားပေးနေသည်ဟု ကိုအာနိုးက ပြောသည်။
ခလရ (၁၀၃) သည် မြိတ်ခရိုင်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် အခြေစိုက်သည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) လက်အောက်ခံတပ်ဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ခလရ (၁၀၃)
#အလင်းဝင်

👍21😁2
Media is too big
VIEW IN TELEGRAM
မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံ
Watch more detail - https://youtu.be/WwTt18Gsojw
#စစ်ကောင်စီနဲ့ #တရုတ်#လက်နက်ရောင်းချ#VideoNews #shorts #reels

👍16😁2
နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေး | Business Round Up (27.7.2023)
================
- နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေး
- မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ODA စီမံကိန်းတွေကို ချက်ချင်းရပ်တန့်ရန်မဖြစ်နိုင်ဟု ဂျပန်အစိုးရ ပြော
- ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စက်သုံးဆီဈေး အပါအဝင် ကုန်ဈေးနှုန်းများ အတက်ကြမ်း
- ပဲခူးတိုင်း၊ ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း သွားလာခြင်းမပြုရန် KNDO သတိပေး
- အမေရိကန်နိုင်ငံရှိ credit card ကြွေးမြီးက နှစ်ပေါင်း(၂ဝ)ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာ
https://youtu.be/4lrUJF_ix0o
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
- နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေး
- မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ODA စီမံကိန်းတွေကို ချက်ချင်းရပ်တန့်ရန်မဖြစ်နိုင်ဟု ဂျပန်အစိုးရ ပြော
- ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စက်သုံးဆီဈေး အပါအဝင် ကုန်ဈေးနှုန်းများ အတက်ကြမ်း
- ပဲခူးတိုင်း၊ ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း သွားလာခြင်းမပြုရန် KNDO သတိပေး
- အမေရိကန်နိုင်ငံရှိ credit card ကြွေးမြီးက နှစ်ပေါင်း(၂ဝ)ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာ
https://youtu.be/4lrUJF_ix0o
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေဖြေရှင်းဖို့ထိုင်းနှင့်စစ်ကောင်စီဆွေးနွေး|BusinessRoundUp(27.7.2023)
- နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေး
- မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ODA စီမံကိန်းတွေကို ချက်ချင်းရပ်တန့်ရန်မဖြစ်နိုင်ဟု ဂျပန်အစိုးရ ပြော
- ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စက်သုံးဆီဈေး အပါအဝင် ကုန်ဈေးနှုန်းများ…

👍6👏2🤮2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်း
Watch more detail - https://youtu.be/bUDc4qcwMpY
#ဗြိတိန် #ရောင်းချမှုရပ်ဆိုင်း #မြန်မာ့ကျောက်မျက် #VideoNews #Shorts #reels

👍13👏3🔥2
ဇူလိုင်လ (၂၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
-စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြောတဲ့သတင်း
-မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံတဲ့သတင်း
-စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေလို့ ဒေသခံ ၁,၅၀၀ ကျော် စစ်ရှောင်နေရတဲ့သတင်း
_အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင် ထပ်မံမိုးကြီးနိုင်တဲ့သတင်း
အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/LWdBAbQNOxQ
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

-စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေလို့ ဒေသခံ ၁,၅၀၀ ကျော် စစ…

👍8😁1🍌1
Media is too big
VIEW IN TELEGRAM
တွန်ဂါနိုင်ငံကိုရောက်ရှိနေတဲ့ဘလင်ကင်က တရုတ်ရဲ့ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့ အကူအညီကို မယူမိဖို့သတိပေး
#Internationalnews #Reels #Shorts #Mizzima

👍10🔥1😁1
ပုသိမ်တံတား သံဘောင်အမြင့်ဆုံး နေရာသို့ အမျိုးသား ၁ ဦးတက်ပြီး ပြေးလွှားနေ
======================
မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ အမှတ် (၂) တံတား၏ သံဘောင်အမြင့်ဆုံးနေရာသို့ အမည်မသိ အမျိုးသားတစ်ဦးတက်ကာ ပြေးလွှားနေကြောင်း ပုသိမ်ကမ်းနားလမ်းနေ ဒေသခံများက မဇ္ဈိမကို ပြောသည်။
ထိုအမျိုးသားသည် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် အချိန်မှစကာ တံတားသံဘောင်ပေါ်သို့ တက်သွားခဲ့ခြင်းဖြစ်ပြီး စိတ်မနှံ့သူတစ်ဦး ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"တံတားသံဘောင်ပေါ်ကိုတက်သွားတဲ့လူက အရူး (စိတ်မနှံ့သူ) လို့ပြောတယ်၊ ဒါပေမဲ့ အဲ့ဒီလူကို ပုသိမ်မှာ တစ်ခါမှမမြင်ဖူးဘူး၊ ကျန်ခဲ့တဲ့နာရီဝက်လောက်က တံတားသံဘောင် ပေါ်ကို ကယ်ဆယ်ရေးလုပ်တဲ့လူတစ်ယောက်တက်ပြီး ဖျောင်းဖျနေတယ်၊ အရူး(စိတ်မနှံ့သူ) က တံတားသံဘောင်ပေါ်မှာ ပြေးလိုက်၊ ထိုင်နေလိုက်၊ ပက်လက်လှန်လိုက် လုပ်နေတယ်၊ အခုထိတော့ ဆင်းမလာသေးဘူး"ဟု ၎င်းက ဆိုသည်။
အမည်မသိအမျိုးသားသည် တံတားသံဘောင်ပေါ်သို့တက်ပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများတံတားပေါ်သို့ ရောက်ရှိလာပြီး လမ်းများပိတ်ထားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ပုသိမ်တံတား အမှတ်(၂) ပေါ်သို့ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်များရောက်ရှိနေပြီး အမည်မသိအမျိုးသားအား ကယ်တင်ရန်ကြိုးပမ်းနေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ကလည်း ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက် ကိုးသောင်း (၅)လမ်းတွင် နေထိုင်သည့် အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦး ပုသိမ်တံတားပေါ်မှ ခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
၎င်း၏ ရုပ်အလောင်းကို ပုသိမ်-ငပုတော လမ်းမကြီးပေါ်ရှိ သက်ကယ်ချောင်း တံ တားအောက်တွင် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်က ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
#ပုသိမ်တံတား
#သံဘောင်ပေါ်တက်ပြေး
#စိတ်မနှံ့သူ
#Mizzima
ဓာတ်ပုံ- တံတားသံဘောင်ပေါ်တွင် တက်ပြီးပြေးလွှားနေသူကို တွေ့ရစဉ်

👍7🔥3😁3
This media is not supported in your browser
VIEW IN TELEGRAM
အသေအပျောက်များခဲ့တဲ့ အကျဉ်းထောင်အဓိကရုဏ်းကို အီကွေဒေါတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့

👍6🔥2