ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================
https://youtu.be/OoUi2yPmDMs
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်…

🔥3👍1
မြန်မာမှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ရုရှ ရရှိနေ
=================
ရုရှစစ်တပ်အတွင်း ကိုင်တွယ်အသုံးပြုနေသော မြန်မာမှ ထုတ်လုပ်သည့် အမြောက်ဆန်တစ်ခုကို စိစစ်တွေ့ရှိထားကြောင်း Militarnyi ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
ယူကရိန်း လက်နက် ခြေရာခံသူများအဖွဲ့မှ သုတေသီများက ဓာတ်ပုံများကို ထုတ်ပြလာပြီး မြန်မာမှ 120mm မော်တာကျည်များကို ရုရှက အသုံးပြုနေသည်ဟု ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

👍13❤3👎3🔥3👏1
အကျပ်အတည်း ဖြေရှင်းရန် အာဆီယံနိုင်ငံများ မြန်မာနှင့် အလွတ်သဘော သီးခြားစီ ဆက်ဆံသင့်ဟု မလေးရှားခေါင်းဆောင် ပြော
====================
ပိုမိုနက်ရှိုင်းလာသည့် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများနှင့် မြန်မာစစ်ကောင်စီအကြား အလွတ်သဘော သီးခြားစီ ဆက်ဆံမှုကို ခွင့်ပြုသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

🔥3👍1👏1🤔1
ငွေကျပ်သိန်းပေါင်း ၉ ထောင်ကျော် ကိုယ်ကျိုးသုံးစွဲမှုဖြင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ
==============
မင်းထက်
(မဇ္စျိမ) ။ ။ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေအား စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်အတွင်း ပုသိမ်မြို့သို့သွားရောက်စဥ် သမဝါယမပိုင် ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်အား ကိုယ်ကျိုးအတွက်သုံးစွဲသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေခံတစ်ဦးကပြောသည်။
" ဦးမြင့်ဆွေရဲ့အဖေ၊ ဦးစစ်မြိုင်လက်ထက်တည်းက သမဝါယမမှာ လုပ်စားလာခဲ့တာကြာပါပြီ။ အသင်းပိုင်ပစ္စည်းတွေကိုလည်းရောင်းစားလာခဲ့တာ ကုန်သလောက်ဖြစ်နေပါပြီ။ ကမ်းနားလမ်းက သမပိုင်မြေနေရာဆိုရင် KBZ ဘဏ်ဖြစ်သွားတယ်။ အောင်သီရိမော် နှစ်ထပ်ရေယာဥ်၊ တုံးလှဲချောင်းကဆန်စက်၊ ၁၂ လမ်းထိပ်က သမရုံးတွေဟာလည်း လူမသိ၊ သူမသိ ရောင်းစားခံလိုက်ရတဲ့ ဟာတွေဖြစ်ပါတယ် " ဟုဒေသခံက ပြောသည်။
ယင်းပြင် ဦးမြင့်ဆွေသည် သမဝါယမအုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်ဖြစ်ကြောင်းနှင့် နှင်းဆီပါတီ၏ မြို့နယ်ဥက္ကဋ္ဌလုပ်ခဲ့ဖူးသူဖြစ်ကြောင်းလည်း ဒေသခံကဆက်လက်ပြောသည်။
သို့သော် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မဇ္ဈိမမှစုံစမ်းနေဆဲဖြစ်သည်။
၎င်းသည်သမဝါယမအုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်ဖြစ်စဥ်အခါက သမပိုင်ပစ္စည်းများကို ရောင်းစားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်ကျွန်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေသည် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပြီး ရပ်ကွက်အတွင်းရှိဒေသခံများအား မောက်မာစွာဆက်ဆံခြင်း၊ ဖမ်းဆီးနှိပ်စက်ခိုင်းခြင်းများကို ပြုလုပ်သူ နာမည်ကြီးသူဖြစ်သည်ဟု ဒေသခံကဆိုသည်။
" ဒီလိုလူအဖမ်းခံရတာတော့ မြို့အတွက် တော်တော်ကောင်းပါတယ်။ မြို့ကို ဒုက္ခပေးမယ့်သူ တစ်ယောက် လျော့သွားတော့ပေါ့ " ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။
လက်ရှိတွင် ၎င်းကိုပုသိမ်မြို့တွင်ဖမ်းဆီးထားသည်ဟုသိရပြီး မည်သည့်ပုဒ်မများဖြင့် အရေးယူမည်ကို မသိရသေးကြောင်း မော်လမြိုင်ကျွန်းဒေသခံကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၉) ရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ဦးဇော်ဝင်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့သေးသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ပုသိမ်မြို့
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#သမဝါယမ
#မော်လမြိုင်ကျွန်းမြို့နယ်
------------------------

👍12😁9👏5❤1🔥1
ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှဆင်းပြီး သူ့သားကိုအာဏာလွှဲပေး
===============
https://youtu.be/LsRWYPU8_00
#International
#MizzimaTV

ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကရာထူးမှဆင်းပြီး သူ့သားကိုအာဏာလွှဲပေး
ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှဆင်းပြီး သူ့သားကိုအာဏာလွှဲပေး
#internationalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

😁11❤3👍1🔥1👏1
စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု
=================
မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မလေးရှားနိုင်ငံက လူ့အခွင့်အရေး ကိစ္စကို ပစ်ပယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေအကြား အလွတ်သဘော ဆက်ဆံတာမျိုးတွေ ခွင့်ပြုပေးသင့်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim) က ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ ကွာလမ် လမ်ပူမှာ တွေ့ဆုံတဲ့အချိန် ဒီကိစ္စကို နှစ်နိုင်ငံအကြား သူဆွေးနွေးခဲ့တဲ့အကြောင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာပါ။
ဒါပေမဲ့ စစ်ကောင်စီနဲ့ အဲဒီလိုဆက်ဆံတဲ့အခါ လူ့အခွင့်အရေးကိစ္စရပ်တွေကိုတော့ ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ ပိုခိုင်မာလာအောင် လုပ်နေချိန်မှာ အလျှော့အတင်း နည်းနည်းရှိဖို့လည်း လိုပါတယ် လို့ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်အန်နဝါက ပြောပါတယ်။
အိမ်နီးချင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက လူနည်းစုတွေအရေး၊ အထူးသဖြင့် ရိုဟင်ဂျာအရေးစတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ချန်လှပ်မထားဘဲ (မြန်မာစစ်ကောင်စီနဲ့) အလွတ်သဘော ဆွေးနွေးခွင့်ရဖို့ လိုပါတယ် လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ အကြီးအကဲတွေကို ဖိတ်ကြားထားတာကို လက်မခံဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ မလးရှားအပါအဝင် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ထားပါတယ်။
စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမယ့် မလေးရှား နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ စစ်ကောင်စီနဲ့ ပြန်လည်စေ့စပ်ဆွေးနွေးရေးအစီအစဉ်ကို ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း မလေးရှားဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။
အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ချန်လှပ်ထားပေမဲ့ ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့လမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ အလွတ်သဘောတွေ့ဆုံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးကို သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် အဆိုပါသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေးဟာ ၂ နှစ်ကျော် ကြာလာပေမယ့် အောင်မြင်မှုများ မရဘဲဖြစ်ကြောင်း ဝေဖန်မှုများရှိနေခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲ မှာ စစ်ကောင်စီပေါ် ဝေဖန်ပြစ်တင်မှု အများဆုံးပြုလုပ်နေတဲ့နိုင်ငံဖြစ်ပြီး ဒီလအစောပိုင်းတုန်းကလည်း စစ်ကောင်စီ ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းတောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။
စစ်ကောင်စီနဲ့ဆက်ဆံဖို့ အခုလို လေသံပြောင်းပြီး ပြောဆိုလာတဲ့အပေါ် အာဆီယံအဖွဲ့ရဲ့ သဘောထားကို မသိရသေးပါဘူး။
ဖိလစ်ပိုင်သမ္မတကတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်း သိရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအကြား သဘောထားညီညွတ်ကြဖို့ တိုက်တွန်းထားပါတယ်။
https://youtu.be/MCDzMkpgDpY
#Political News

မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်…
မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်…
🤣8👍5👎2🔥2👏2
ဇူလိုင်လ ၂၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===============
-စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြုတဲ့သတင်း
-ကန့်ဘလူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDFနဲ့ ပူးပေါင်းတဲ့သတင်း
-ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှဆင်းပြီး သူ့သားကိုအာဏာလွှဲပေးတဲ့သတင်း
-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့စားအုန်းဆီဈေးတွေ အပါအဝင်တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှဖြစ်ပါတယ်။
https://youtu.be/PFnsjvOY59o
#12pmnews
#Mizzimanewshour

00:58-စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြုတဲ့သတင်း
04:07-ကန့်ဘလူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDFနဲ့ ပူးပေါင်းတဲ့သတင်း
05:03-ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှဆင်းပြီး သူ့…

👍8🔥1😁1
စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြော (ရုပ်သံ)
=================
(မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အာဏာလုယူတဲ့ လုပ်ရပ် တည်မြဲနေအောင် နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
စစ်တပ်က မဲစာရင်းအကြောင်းပြ အရေးပေါ်အခြေအနေကို တစ်နှစ်ကြေညာပြီး အာဏာသိမ်းခဲ့တာ အခုဆိုရင် အချိန် နှစ်နှစ်ခွဲ ဝန်းကျင်အထိရှိလာပါပြီ။ အာဏာသိမ်းအပြီး စစ်တပ်ကနေဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ဥပဒေပုဒ်မ ၄၂၅ ကိုအသုံးပြုပြီး သုံးကြိမ်အထိ သက်တမ်းထပ်တိုးထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ နောက်ဆုံးအကြိမ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ သူ့ရဲ့သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
သတင်း၊ တည်းဖြတ် ။ ။ လင်းသူရိန်
စာတည်း ။ ။ Alden
https://youtu.be/tvIcgYq9whg
#အာဏာသိမ်း
#သက်တမ်းတိုး
#မင်းအောင်လှိုင်
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
(မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အာဏာလုယူတဲ့ လုပ်ရပ် တည်မြဲနေအောင် နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
စစ်တပ်က မဲစာရင်းအကြောင်းပြ အရေးပေါ်အခြေအနေကို တစ်နှစ်ကြေညာပြီး အာဏာသိမ်းခဲ့တာ အခုဆိုရင် အချိန် နှစ်နှစ်ခွဲ ဝန်းကျင်အထိရှိလာပါပြီ။ အာဏာသိမ်းအပြီး စစ်တပ်ကနေဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ဥပဒေပုဒ်မ ၄၂၅ ကိုအသုံးပြုပြီး သုံးကြိမ်အထိ သက်တမ်းထပ်တိုးထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ နောက်ဆုံးအကြိမ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ သူ့ရဲ့သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
သတင်း၊ တည်းဖြတ် ။ ။ လင်းသူရိန်
စာတည်း ။ ။ Alden
https://youtu.be/tvIcgYq9whg
#အာဏာသိမ်း
#သက်တမ်းတိုး
#မင်းအောင်လှိုင်
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြော
(မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အာဏာလုယူတဲ့ လုပ်ရပ် တည်မြဲနေအောင် နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။…
🤬10👍6🔥2😁2🤔1
မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံ
================
မြန်မာနိုင်ငံမှာ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အင်အားစုတွေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက် နှိမ်နင်းဖို့ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက စစ်လက်နက်နဲ့ စစ်ပစ္စည်းတွေ ဒေါ်လာသန်းနဲ့ချီ ဝယ်ယူခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာကို အခိုင်အမာ ထောက်ခံတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ စစ်လက် နက်တွေကို တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံ တင်ပို့ခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တရုတ်နိုင်ငံက ပယ်ချခဲ့ပေမယ့် ဒီအစီရင်ခံစာကို အမေရိကန်နိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူဟာ သူရဲ့ လုပ်ပိုင်ခွင့်အာဏာကိုကျော် လွန်ခဲ့တယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၁၈ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။
အထူးအစီရင်ခံစာတင်ပြသူအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုမကျော် လွန်ဖို့ ကျွန်မတို့ သူ့ကို ပြောထားပါတယ် လို့ မော်နင်က ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။
ဒေါ်လာဘီလီယံချီတန် သေမန်းတမန် လက်နက်ကုန်သွယ်မှု၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို အားပေးနေတဲ့ နိုင်ငံတကာ လက်နက်ကွန်ရက် လို့ အမည်ပေးထားတဲ့ မေလအတွင်းကထုတ်ပြန်ခဲ့တဲ့ အဆိုပါ အစီရင်ခံစာအရ ရုရှားက အမေရိကန်ဒေါ်လာ ၄၀၆ သန်းနဲ့ အများဆုံး ရောင်းချထားပြီး တရုတ်က ၂၆၇ သန်းနဲ့ ဒုတိယအများဆုံး ရောင်းချခဲ့ကာ စင်္ကာပူက ၂၅၄ သန်း၊ အိန္ဒိယက ၅၁ သန်းနဲ့ ထိုင်းက ၂၈ သန်း ရောင်းချထားကြောင်း ဖော်ပြထားပါတယ်။
Tom Andrews ကတော့ တရုတ်နိုင်ငံက တင်ပို့ခဲ့တဲ့ လက်နက်တွေထဲမှာ အဆင့်မြင့် သံချပ်ကာကားနဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေအပြင် စစ်လက်နက် ထုတ်လုပ်ရေးသုံး အလူမီနီယံ၊ ကြေး၊ ရာဘာ စတဲ့ ဆက်စပ်ပစ္စည်းတွေလည်း ပါဝင်တဲ့အကြောင်းပြောဆိုထားပါတယ်။
အမေရိကန်အစိုးရကတော့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ပိတ်တာ၊ တဦးချင်း အရေးယူတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ကပဲ စစ်တပ် ထိန်းချုပ်ထားတဲ့ ပြည်တွင်းက MFTB နဲ့ MICB တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူခဲ့တာဖြစ်ပါတယ်။
https://youtu.be/WwTt18Gsojw

မြန်မာနိုင်ငံမှာ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အင်အားစုတွေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက် နှိမ်နင်းဖို့ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက စစ်လက်နက်နဲ့ စစ်ပစ္စည်းတွေ ဒေါ်လာသန်းနဲ့ချီ ဝယ်ယူခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်…
👍22😁1
ချောက်မြို့ရှိ မြန်မာ့စီးပွာရေးဘဏ် ကင်းဂိတ်စခန်း တိုက်ခိုက်ခံရ
====================
MTO
(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ကင်းဂိတ်စခန်းကို ဇူလိုင်လ ၂၆ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ ထုတ်ပြန်သည်။
လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲခဲ့ပြီး တစ်ဦးထိမှန်လဲကျသွားသည်ကို မြင်တွေခဲ့ကြောင်းလည်း ယင်းအဖွဲ့ကဆိုသည်။
“စစ်သားတွေနေတဲ့ တဲအတွင်းသို့ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာများနိုင်ပါတယ်၊ တစ်ဦးနေရာတွင် လဲကျသွားတာ ကိုယ်မျက်မြင်တွေ့ရှိရပြီး သေမသေတော့ အတိအကျ မသိရသေးဘူး“ ဟု Chauk Guerrilla Force မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်ခြင်းမရှိခဲ့သော်လည်း ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့ အဝင်၊ အထွက်များကို ပိတ်ဆို့စစ်ဆေးနေကြာင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ချောက်မြို့ပေါ် ဂိတ်များဖွင့်လှစ်၍ ပြည်သူများကိုစစ်ဆေးခြင်း၊ ရိုက်နှက် ခြင်းများပြုလုပ်နေပြီး မတရားဖမ်းဆီး ငွေတောင်းခံခြင်းများလည်းရှိနေကြောင်း Chauk Guerrilla Force အဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
“အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းစီးတာတွေ အကြောင်းမဲ့ ရိုက်နှက်တာတွေ သူတို့ချထားတဲ့ဂိတ်တွေရှေ့ ဆိုင်ကယ်မောင်းမိတာတွေဆိုရင် ထိုင်ထတွေ၊ ရိုက်နှက်တာတွေလုပ်တယ်လို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။
တရားမဝင်စစ်ကောင်စီမှ ၎င်းတို့လုပ်ပိုင်ခွင့်မရှိသော ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုသည် ပြည်သူများကိုပိုမိုဒုက္ခရောက်စေပြီး ငွေကြေးဖောင်းပွမှုကိုဖြစ်စေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း Chauk Guerrilla Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုကို Chauk Guerrilla Force ၊ ချောက် (ပ.က.ဖ) နှင့် Burma Revolution Rangers အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Chauk Guerrilla Force က ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချောက်မြို့နယ်
#မြန်မာ့စီးပွားရေးဘဏ်
#လက်ပစ်ဗုံး
#ChaukGuerrillaForce

👍21👏2😁2🔥1
27.7.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
✅Highlight ✅
👉Korea Movie - Too hot to die (မနက်- ၁၀ နာရီ)
👉 ပန်ချရက် ( ညနေ- ၆ နာရီ)
👉 ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ)
➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv #dailyschedule

👍9🥰2🔥1😁1
ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားက လှိုက်လှဲစွာကြိုဆို
=============
https://youtu.be/JCplP1SyHbI
#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============
https://youtu.be/JCplP1SyHbI
#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားက လှိုက်လှဲစွာကြိုဆို
ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားက လှိုက်လှဲစွာကြိုဆို
#internationalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍6👏2😢2❤1😁1
စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေ၍ ဒေသခံ ၁,၅၀၀ ကျော် စစ်ရှောင်နေရ
👍7😢5🔥2😁1🤬1
စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေ၍ ဒေသခံ ၁,၅၀၀ ကျော် စစ်ရှောင်နေရ
==============
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ တပ်စွဲနေခြင်းကြောင်း ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကာယကံရှင်များက ပြောသည်။
“ ရွာကိုတပ်စွဲနေတာ ဒီနေ့ရောဆို နှစ်ရက်ရှိပြီ ဖြစ်ပါတယ်။ ကျမတို့ဘက်က ဟင်းချက်စရာ ဟင်းသီး၊ ဟင်းရွက်ပေါပေမယ့် ဆန်နဲ့ ဆီတော့ မလုံလောက်ဘူးဖြစ်နေတာပေါ့။ တချို့က ဖြစ်သလိုလေး ချက်စားကြရတယ်။ တချို့ကိုတော့ နီးစပ်ရာကျေးရွာတွေက အဖွဲ့အစည်းတွေက ချက်ပြုတ်ကျွေးနေတာဖြစ်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် စစ်ရှောင်တစ်ဦးက ဆိုသည်။
ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲနေခြင်းကြောင့် ညောင်ပင်သာကျေးရွာအပါအဝင် လင်းပိုး၊ လင်းပင်ဝ၊ ထန်းလေးပင်၊ ဆူးလေကုန်း စသည့် ကျေးရွာများမှ ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စစ်အင်အား ၆၀ ခန့်ဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) မှထွက်ခွာလာပြီး ရွာစဉ်လှည့်လည် စစ်ကြောင်းထိုးနေကာ ယခုအခါ ညောင်ပင်သာ ကျေးရွာတွင် စခန်းချတပ်စွဲနေခြင်းဟု သိရသည်။
စစ်ကောင်စီတပ်သည် ညောင်ပင်သာကျေးရွာအတွင်း တပ်စွဲနေထိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဇွန်လ ၁၂ ရက်နေ့က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး နေအိမ် လေးလုံးကို မီးရှို့ခဲ့ဖူးသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်လူထိပ္ပါန်ကျေးရွာအုပ်စု၌ တည်ရှိသည့် ညောင်ပင်သာကျေးရွာသည် အိမ်ခြေ ၇၀ ခန့်သာရှိသော ကျေးရွာဖြစ်ပြီး အသေးစိတ်အခြေအနေများကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ညောင်ပင်သာကျေးရွာ
#မုံရွာမြို့နယ်
#စစ်ရှောင်
#ဒေသခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ တပ်စွဲနေခြင်းကြောင်း ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကာယကံရှင်များက ပြောသည်။
“ ရွာကိုတပ်စွဲနေတာ ဒီနေ့ရောဆို နှစ်ရက်ရှိပြီ ဖြစ်ပါတယ်။ ကျမတို့ဘက်က ဟင်းချက်စရာ ဟင်းသီး၊ ဟင်းရွက်ပေါပေမယ့် ဆန်နဲ့ ဆီတော့ မလုံလောက်ဘူးဖြစ်နေတာပေါ့။ တချို့က ဖြစ်သလိုလေး ချက်စားကြရတယ်။ တချို့ကိုတော့ နီးစပ်ရာကျေးရွာတွေက အဖွဲ့အစည်းတွေက ချက်ပြုတ်ကျွေးနေတာဖြစ်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် စစ်ရှောင်တစ်ဦးက ဆိုသည်။
ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲနေခြင်းကြောင့် ညောင်ပင်သာကျေးရွာအပါအဝင် လင်းပိုး၊ လင်းပင်ဝ၊ ထန်းလေးပင်၊ ဆူးလေကုန်း စသည့် ကျေးရွာများမှ ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စစ်အင်အား ၆၀ ခန့်ဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) မှထွက်ခွာလာပြီး ရွာစဉ်လှည့်လည် စစ်ကြောင်းထိုးနေကာ ယခုအခါ ညောင်ပင်သာ ကျေးရွာတွင် စခန်းချတပ်စွဲနေခြင်းဟု သိရသည်။
စစ်ကောင်စီတပ်သည် ညောင်ပင်သာကျေးရွာအတွင်း တပ်စွဲနေထိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဇွန်လ ၁၂ ရက်နေ့က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး နေအိမ် လေးလုံးကို မီးရှို့ခဲ့ဖူးသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်လူထိပ္ပါန်ကျေးရွာအုပ်စု၌ တည်ရှိသည့် ညောင်ပင်သာကျေးရွာသည် အိမ်ခြေ ၇၀ ခန့်သာရှိသော ကျေးရွာဖြစ်ပြီး အသေးစိတ်အခြေအနေများကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ညောင်ပင်သာကျေးရွာ
#မုံရွာမြို့နယ်
#စစ်ရှောင်
#ဒေသခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🤬5🔥4😢4👍2😁1
အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင် ထပ်မံမိုးကြီးနိုင်
================
ဂျူချန်း
(မဇ္ဈိမ)။ ။ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း၊ ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလမှ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသ၊ မကွေးတိုင်း နှင့် နေပြည်တော်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ဖော်ပြထားသည်။
ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာ မုတ်သုံမုန်တိုင်းငယ်သည် အန္ဒိယနိုင်ငံ ဩရိဿကမ်းခြေအနီးသို့ စတင်ဖြတ်ကျော်နိုင်ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆက်လက်မိုးကြီးနိုင်သဖြင့် ထိုဒေသများတွင် ရေဘေးအပြင် မြေပြိုခြင်း ဘေးအန္တရာယ်ကိုပါ အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (NUG-MOHADM) မှ သတိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့ရာ အချို့နေရာတွင် အုတ်တံတိုင်းပြိုကျခြင်း၊ လမ်းတံတား မြေပြိုခြင်းနှင့် ရေနစ်သဖြင့် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။
လတ်တလောတွင် မိုးအနည်းငယ် လျော့နေပြီး အများအားဖြင့် ညပိုင်းတွင်သာ မိုးကြီးတတ်ရာ နေ့ပိုင်းတွင် နေသာလေ့ရှိကြောင်း မော်လမြိုင်၊ ပေါင်၊ မုဒုံနှင့် ရေးမြို့မှ ဒေသခံများက ပြောသည်။
“ညက မိုးကြီးတယ်။ ဒီနေ့တော့ နေသာနေတယ်။ အရင်ကလည်း ညဘက်တွေပဲ ရွာတာများတယ်။ ဟိုတလောကတုန်းကပဲ မိုးကြီးတာပါ” ဟု ရေးမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ဇူလိုင်လ နောက်ဆုံးအပတ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မိုးပိုနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားကြရန် NUG-MOHADM မှ သတိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ-ဘိုဘိုဝင်း (ဇူလိုင် ၁၉ ရက်နေ့ မော်လမြိုင်မြို့)
#mizzima
#NUG
#MOHADM
#မုန်တိုင်းငယ်h

👍21❤1🔥1🤯1
ဇူလိုင်လ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
============
-ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေမှာ မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေတဲ့သတင်း
- ဗြိတိန်နာမည်ကျော်ကုန်တိုက်က မြန်မာ့ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်းတဲ့သတင်း
-ငွေကျပ်သိန်းပေါင်း ၉ ထောင်ကျော် ကိုယ်ကျိုးသုံးစွဲမှုနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရတဲ့သတင်း
- နိုင်ငံခြားရေးဝန်ကြီးချင်းဂန်ကို ရာထူးကဘာကြောင့်ထုတ်ပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားဖို့ တရုတ်ငြင်းဆန်တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/mtr1S8-RLJ8
#2pmnews

01:02-ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေမှာ မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေတဲ့သတင်း
02:14- ဗြိတိန်နာမည်ကျော်ကုန်တိုက်က မြန်မာ့ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်းတဲ့သတင်း
04:42-ငွေကျပ်သိန်းပေါင်း ၉ ထောင်ကျော် ကိုယ်ကျိုးသုံးစွဲမှုနဲ့…

👍10😁3🍌1
ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်း
===============
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ John Lewis Partnership ကုန်တိုက်က မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ရောင်းချတာ ရပ်ဆိုင်းတော့မယ်လို့ ပြောလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် ရတနာကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေဟာ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေမဟုတ်ကြောင်း သက်သေပြဖို့ မြန်မာ့ကျောက်မျက်ရတနာတွေကို ဝယ်ယူရောင်းချပြီး စစ်ကောင်စီကို ထောက်ပံ့သလို မဖြစ်စေဖို့ John Lewis ကုန်တိုက်အပါအဝင် ကုမ္ပဏီ ၄ဝ ကိုBurma Campaign UK အဖွဲ့က မေလ ၃ဝ ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာပါ။
အဲ့ဒီနောက် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ John Lewis Partnership ကုန်တိုက်က အခုလို အကြောင်းပြန်ကြားလာတာဖြစ်ကြောင်း Burma Campaign UK အဖွဲ့က ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွက် စိုးရိမ်ပူပန်ကြောင်း၊ သူတို့ကုန်တိုက်အနေနဲ့ ကျောက်မျက်ရတနာ အနည်းအကျဉ်းကိုပဲ ဝယ်ယူခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီကို ထောက်ပံ့တဲ့ လမ်းကြောင်းထဲ ရောက်နေဆဲဖြစ်ကြောင်း" John Lewis Partnership ကုန်တိုက်က Burma Campaign UK အဖွဲ့ကို ပြန်ကြားတဲ့စာမှာ ဖော်ပြပါရှိပါတယ်။
အလားတူ တခြားကျောက်မျက်ကုမ္ပဏီတွေအနေနဲ့လည်း ကျောက်မျက်တွေ ဝယ်ယူရောင်းချပြီး မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ဝယ်ယူရေးမှာ ကူညီပေးတဲ့ အရင်းအမြစ်မဖြစ်ကြစေဖို့ တောင်းဆိုတယ်လို့ Burma Campaign UK ကဆိုပါတယ်။
ဗြိတိန်အခြေစိုက် TJC ကျောက်မျက်ကုမ္ပဏီကလည်း မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်ကြောင်း ဇွန်လထဲမှာ ပြောဆိုခဲ့ပါတယ်။
နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအပြင် စစ်တပ်ခေါင်း ဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကတစ်ဆင့် ကျောက်မျက်ရတနာ ရောင်းချမှုတွေကို တရားဝင်အပြင် တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံအမျိုးမျိုးနဲ့ ဝင်ငွေရနေတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ မေလ ၃၀ ရက်ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ ဒီကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
https://youtu.be/bUDc4qcwMpY

ဗြိတိန်အခြေစိုက် ရတနာကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်…

👍24🔥2😁2
မြင်းမူမြို့နယ်တွင် လမ်းပေါ်တက်ငွေတောင်းသည့်စစ်တပ် ပစ်ခတ်ခံရ ၂ ဦးသေဆုံး
==============
ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် ခရီးသွားပြည်သူများကို စစ်ဆေးပြီးငွေတောင်းခံနေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း Black Eagle Defence Force (MMU) က ဇူလိုင်လ ၂၇ရက် ယနေ့တွင်ထုတ်ပြန်သည်။
မြောင်လမ်းခွဲတွင် အထိုင်ချထားသည့် စခန်းမှ စစ်ကောင်စီတပ်သား ရှစ်ဦးခန့်သည် လမ်းပေါ်သို့ထွက်နေချိန် ဇူလိုင်လ ၂၅ရက် နေ့လယ် ၁နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ကျနော်တို့ နာရီဝက်လောက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ် ၊ ပြည်သူ့ကားတွေကို ကာဗာလုပ်တာရယ်၊ အထိုင်စခန်းနဲ့ နီးနေတဲ့အတွက် ပြန်ဆုတ်လာခဲ့ရတယ်” ဟု Black Eagle Defence Force အဖွဲ့ တာဝန်ခံ ဗိုလ်စံရှား က မဇ္စျိမ ကို ပြောသည်။
တိုက်ခိုက်မှု မိနစ် ၃၀အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်းနှင့် လမ်းပေါ်တွင်ဖြတ်သန်းသည့် ပြည်သူ့ကားများကို ရပ်တန့်၍ အကာကွယ်အဖြစ် အသုံးပြုသည့်အတွက် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့်အတူ T.R.G People Defense Force , T.R.G Women Drone Force နှင့် ကျောက်ဆည်ခရိုင် တပ်ရင်း (၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်ဖြင့် အထိုင်ချထားပြီး လမ်းသွားပြည်သူများကို စစ်ဆေးခြင်းနှင့် ဒေသတွင်းကျေးရွာများကို စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၇ရက်ယနေ့တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲ အထိုင်စခန်းမှ အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် မြင်းမူမြို့နယ် လက္ကပင်ရွာကို လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
https://youtu.be/Uzq1bDEmTrQ
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြင်းမူမြို့နယ်
#မြောင်လမ်းခွဲ
#BlackEagleDefenceForce
#စစ်ကောင်စီတပ်ဖွဲ့

ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် ခရီးသွားပြည်သူများကို စစ်ဆေးပြီးငွေတောင်းခံနေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း Black Eagle Defence Force (MMU) က ဇူလိုင်လ ၂၇ရက် ယနေ့တွင်ထုတ်ပြန်သည်။
မ…
မ…
👍25👏5❤4🤣2