Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"CDM လုပ်ရတာ ဂုဏ်ယူပါတယ်" ကမ်ပိန်းပြုလုပ်
👍19❤8😁1🤩1🤮1
"CDM လုပ်ရတာ ဂုဏ်ယူပါတယ်" ကမ်ပိန်းပြုလုပ်
=================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ နွေဦးတော်လှန်ရေးပေါ်ပေါက်လာချိန်တွင် CDM (Civil Disobedience Movement) အာဏာဖီဆန် ဆန့်ကျင်လှုပ်ရှားမှု၌ ပါဝင်ခဲ့သူများကို ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် People Power 2023 မှ "CDM လုပ်ရတာ ဂုဏ်ယူပါတယ်" ကမ်ပိန်းကို ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပထမဆုံးပြောပြချင်တာက CDM ဆိုတာနဲ့ ဝန်ထမ်းတွေပဲ မဟုတ်ပါဘူး။ စစ်ကောင်စီ ကို ဆန့်ကျင်ရှုတ်ချ ဖီဆန်သူ ပြည်သူအားလုံး CDM ပဲ ဖြစ်ပါတယ်။ ‌ဝန်ထမ်း CDM, ကျောင်းသား CDM, ပြည်သူ CDM စသဖြင့်သာ ကွဲပြားသွားတာပါ။ နွေဦးတော်လှန်ရေး မှာ CDM လုပ်ဆောင်ချက်ဟာ အလွန်အင်မတန် အဖိုးတန် အရေးပါတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၁ အာဏာသိမ်းချိန်ကစပြီး ယနေ့အထိ ခိုင်ခိုင်မာမာ နဲ့ စစ်ကောင်စီရဲ့ အမိန့်အာဏာကို ဖီဆန်နေသူ CDM တစ်ယောက်ချင်းစီအား ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။" ဟု People Power Network ၊ ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casper က ပြောသည်။

အဆိုပါဂုဏ်ပြုကမ်ပိန်းအား people power network က စတင်ခဲ့ကာ မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စစ်အာဏာမသိမ်းခင်ကာလက တက္ကသိုလ်အချိန်ပိုင်းနည်းပြဆရာမဖြစ်သူ Risha(အမည်လွှဲ) ကလည်း သူမအနေဖြင့် CDM လုပ်ရတာ ဂုဏ်ယူကြောင်းကို ယခုလိုပြောသည်။

"တရားတဲ့ဘက်မှာ ရပ်တည်ခဲ့ရလို့ ဂုဏ်ယူပါတယ်၊ အခုချိန်ထိလည်း တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေဆဲပါပဲ၊ နောက်ထပ်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအတွက် ကြိုးစားသွားဦးမှာပါ။ အခုကတော့ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းအသေးလေးလုပ်ပြီး ရပ်တည်နေပါတယ်။" ဟု ပြောသည်။

အလားတူ Emilie စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးစီးအရာရှိတစ်ဦးဖြစ်သူ Emilie ကလည်း CDM ပြုလုပ်ရသည်ကို ဂုဏ်ယူကြောင်း ယခုလိုပြောသည်။

"လက်ရှိမှာလည်း တော်လှန်ရေးလုပ်ငန်းတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ပါဝင်ဆောင်ရွက်နေပါတယ်။ ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ‌ကျွန်မတို့ ပြည်သူတွေနဲ့ အနာဂတ်‌မျိုးဆက်သစ်တွေရဲ့ ကောင်းကျိုးကို ရှေ့ရှုပြီး တရားမျှတတဲ့ဘက်မှာ ရပ်‌တည်ခဲ့တာမလို့ ကိုယ့်ကိုယ်ကိုရော အခြားသော CDM ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများအားလုံးအတွက်‌ရော ဂုဏ်ယူပါတယ်ရှင့်။" ဟု ဆိုသည်။

နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် CDM အခန်းကဏ္ဍက အလွန် အရေးပါခဲ့ပြီး ပါနေဆဲလည်းဖြစ်သလို ဝန်ထမ်း၊ ကျောင်းသား၊ ပြည်သူ တို့က ကဏ္ဍအလိုက် ဆက်လက်အာဏာဖီဆန်ရန်လိုအပ်ကြောင်း People Power Network ၊ ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casper က ထပ်မံပြောဆိုသည်။

ယခုကမ်ပိန်းသည် CDM ပြုလုပ်ထားသော ဝန်ထမ်းများအတွက်သာမက စစ်အာဏာသိမ်းမှုကို ဖီဆန်နေသူအားလုံးအတွက်ဖြစ်ပြီး အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာသည်အထိ တောင့်ခံရပ်တည်ပေးနေသူများကို စိတ်ခွန်အားပေးကာ ဂုဏ်ပြုချင်ကြောင်း ပြသလို၍ဖြစ်သည်ဟု People Power Network က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကမ်ပိန်း
#CDM
#PeoplePowerNetwork
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤3😁1🤮1
​​ဇင်းကျိုက်မြို့တွင် အရပ်သားအား မှားယွင်းပစ်ခတ်ရာမှ သေဆုံးသွားမှု တပင်ရွှေထီးစစ်ကြောင်း တောင်းပန် 
===================

YT 

(မဇ္ဈိမ)။      ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ရဲနှင့်အတူ ထိုင်နေသည့် အရပ်သားအား မှားယွင်းပစ်ခတ်မိခဲ့သဖြင့် တောင်းပန်ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက ဥတ္တံတားကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမဘေး၊ ဇွဲမာန်အောင် ဆီဆိုင်အနီးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် စားသောက်နေသည့် ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဥတ္တံတားကျေးရွာနယ်ထိန်း ဖြိုးဇော်အောင်အား တပ်မဟာ (၁) KNLA၊ PDF တပ်ရင်း (၂) UG ရဲဘော်များက သွားရောက်ရှင်းလင်းပစ်ခတ်ရာ အဆိုပါ နယ်ထိန်းနှင့်အတူရှိနေသည့် ကိုစည်သူဝင်းအား ရဲဟုထင်မှတ်၍ မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်သည်။

“ UG ရဲဘော်များက နယ်ထိန်းရဲအားပစ်ခတ်စဉ် ကိုစည်သူဆိုသူက ရုတ်တရက် မတ်တပ်ရပ်လိုက်သောကြောင့် UG ရဲဘော်များက ကိုစည်သူအား နယ်ထိန်းနှင့်အတူ ပါလာသည့် ရဲဟု ထင်မြင်ပြီး မရည်ရွယ်ဘဲ ပစ်ခတ်မိခဲ့ပါသည်" ဟု တပင်ရွှေထီးစစ်ကြောင်းက ဆိုသည်။ 

ကိုစည်သူဝင်းသည် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်မှ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နားထင်၊ ရင်ဘက်နှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် ပစ်ခတ်ခံရသည့်နေရာ၌ပင် သေဆုံးသွားခဲ့သည်။ 

" ဒါကတော့ မှားပစ်ခတ်မိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ပြောဖို့အတွက်က သေချာမသိရသေးဘူး။ ဇင်းကျိုက်ကိစ္စက ဒီကို သတင်းမပို့လာသေးဘူး" ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဌ ဗိုလ်မှူး စောကျော်မြင့်က မဇ္ဈိမကိုပြောသည်။ 

တပင်ရွှေထီးစစ်ကြောင်းက ၎င်းတို့​၏ UG ရဲဘော်များအနေဖြင့် စစ်ကောင်စီထောက်တိုင်များအား ရှင်းလင်းရာတွင် အချိန်ပေး စိစစ်နိုင်ခဲ့ခြင်းမရှိခဲ့၍ ယခုကဲ့သို့ မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှေ့လျှောက် ယခုဖြစ်စဉ်ကဲ့သို့သော အခြေအနေမျိုး ထပ်မံ မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်သွားမည့်အကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားရသော ကိုစည်သူဝင်း​၏ မိသားစုဝင်များကိုလည်း တောင်းပန်ထားပြီး နစ်နာသူမိသားစု​၏ သဘောဆန္ဒနှင့်အညီ လိုအပ်သည်များကို တာဝန်ယူဆောင်ရွက်ပေးသွားမည့်အကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။ 

ဇင်းကျိုက်မြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အရပ်သားပစ်ခတ်ခံရပြီး သေဆုံးမှုနှင့် ပတ်သက်၍ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။

တပင်ရွှေထီးစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ပူးပေါင်းဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့​၏ စစ်ရေးကွပ်ကဲမှုဖြင့် တပ်မဟာ (၁) တပ်ရင်း (၂) နယ်မြေအတွင်း အဓိက လှုပ်ရှားလျက်ရှိသည်။

ဓါတ်ပုံ- ဇူလိုင်လ ၂၂ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် နယ်ထိန်းရဲ ဖြိုးဇော်အောင်နှင့် အရပ်သား ကိုစည်သူဝင်း

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဇင်းကျိုက်မြို့
#မှားယွင်းပစ်ခတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2😢2🔥1🥰1
ဖက်ဒရယ် နိုင်ငံရေးစနစ်၊ Gender နှင့်တရားမျှတမှု | Beyond Panglong Oath Ep13
================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Cfp_iNfMZ_E

#ပင်လုံသစ္စာ
#ဖက်ဒရယ်
👍20🔥2
​​ကန့်ဘလူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDFနှင့် ပူးပေါင်း
==================

ရောင်နီ

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦးသည် ရှေ့တန်းစခန်းမှထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံလာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။ 

ကန့်ဘလူမြို့နယ်၊ကိုးထောင်ဘို့တိုက်နယ် အခြေစိုက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့၀င်သုံးဦးသည် ပြီးခဲ့သည့် ဇူလိုင်လ၂၂ ရက်နေ့က ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဟု သိရသည်။ 

“ ကန့်ဘလူခရိုင် တပ်ရင်း(၁)ကို စစ်သားသုံးဦး ၀င်လာတာပါ။ အကုန်လုံးက တပ်သားအဆင့်တွေ ဖြစ်ပါတယ်။ တစ်ယောက်က ၁၈ နှစ်မပြည့်သေးပါဘူး။ ကျန်တဲ့ နှစ်ယောက်က ၂၈ နှစ်နဲ့ ၃၅ နှစ်အရွယ်တွေပါ” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထွက်ပြေးလာပြီး နှစ်ဦးပြန်ဖမ်းမိသွားခြင်းဟု သိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံလာရောက်ပူးပေါင်းခဲ့သည့် သုံးဦးကို လက်ရှိအချိန်တွင် လုံခြုံသည့်နေရာတွင် ရှိနေသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းပါလာခြင်းရှိမရှိ မသိရသေးပေ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လတ်တ‌လော၌ စစ်ကောင်စီတပ် စစ်ကြောင်းတချို့ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်းသိရသည်။

စာတည်း - မောင်ကြီး
#mizzima
#ကန့်ဘလူမြို့နယ်
#ကိုးထောင်ဘို့တိုက်နယ် 
#စစ်ကောင်စီတပ်သားသုံးဦး
#ပူးပေါင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27😁2🤔1🤩1
လောင်းလုံးမှာ“သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်” ချီတက်ဆန္ဒပြ
===============

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဂျူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး လောင်းလုံးမြို့နယ်အတွင်းက အ‌ခြေခံပညာကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်ဒေသခံပြည်သူ အလုပ်သမား လယ်သမားများ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#DDMSC
#လောင်းလုံမြို့နယ်

website link >>> http://www.mizzimaburmese.com/article/131326

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍10🔥1😁1🤩1
လောင်းလုံးမှာ“သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်” ချီတက်ဆန္ဒပြ
==================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဂျူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး လောင်းလုံးမြို့နယ်အတွင်းက အ‌ခြေခံပညာကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်ဒေသခံပြည်သူ အလုပ်သမား လယ်သမားများ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

https://youtu.be/d0fzie0so00

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#DDMSC
#လောင်းလုံမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤11😁4🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/yo97iNJX2eg

#PVTV 
#mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮1🍌1
ဇူလိုင်လ (၂၇) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနှင့်လွိုင်ကော် အဝေးပြေးလမ်းမကြီးပေါ် ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေကို ဇူလိုင်လ ၂၄ ရက်နေ့မှာစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေရာယူထားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့အတူ တရုတ် - မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကန်ပိုက်တီနယ်စပ်ဂိတ်ကို အဓိက တာဝန်ယူကွပ် ကဲနေတဲ့ ဒုတိယဗိုလ်မှူးကြီး လှမိုးကို နေပြည်တော်က ညွန်ကြားတဲ့ စစ်တပ်အမိန့် နဲ့ ဖမ်းဆီးလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်ဆောင်းပါးကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/l6S4vSs26WE 

#Mizzimaradio 
#Morningradio 
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2❤1👏1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
================

နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲ မြန်မာကျောင်းသားတွေ ဆုရခဲ့တဲ့အကြောင်းနဲ့ အမေရိကန်သဲကန္တာရထဲက တရုတ်ပန်းပုရုပ်များအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Ky7_Ik3wO60

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲ မြန်မာကျောင်းသားတွေ ဆုရ | VOA On Mizzima
===============

ဇူလိုင်က ၂ရက်ကနေ ၁၃ နေ့အထိ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၄ကြိမ်မြောက် နိုင်ငံတကာ သင်္ချာအိုလံပစ် ပြိုင်ပွဲကို ထူးထူးခြားခြား မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ မြန်မာကျောင်းသားနှစ်ဦး ဂုဏ်ပြုလက်မှတ်ရရှိခဲ့ပါတယ်။ ဒီအကြောင်း ဦးတင်မောင်သန်း ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/yKAAZAIpC_o

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
အမေရိကန်သဲကန္တာရထဲက တရုတ်ပန်းပုရုပ်များ | VOA On Mizzima
=========

တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီနဲ့ သဘောထားမကိုက်ညီတဲ့ အနုပညာရှင်တွေ တခါတရံ တိုင်းပြည်ပြင်ပကို ထွက်ပြီး သူတို့ အနုပညာ ဖန်တီးတဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ နည်းလမ်းရှာ ကြိုးစားကြရပါတယ်။ အထူးသဖြင့် သူတို့ ဖန်တီးတဲ့ အနုပညာတွေဟာ အစိုးရကို ဝေဖန်တာမျိုးတွေ ဖြစ်ခဲ့ရင် တိုင်းပြည်ပြင်ပကို ထွက်နိုင်အောင် လမ်းရှာကြရာတပါ။ ပန်းပုဆရာ Weiming Chen လည်း ဒီလို အနုပညာရှင်တွေထဲက တယောက်ပါ။ ကယ်လီဖိုးနီးယားပြည်နယ် သဲကန္တရထဲက သူ ဖန်တီးတဲ့ အနုပညာ ပန်းပုရုပ်တွေအကြောင်း Genia Dulotwent ရဲ့ သတင်းဆောင်းပါးကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။

https://youtu.be/ryPyDsr9jV4

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
စစ်ကောင်စီကြောင့် တခြားနိုင်ငံသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ
=================

မြန်မာပြည်က အထည်ချုပ်စက်ရုံတွေရဲ့ လက်ရှိအခြေခံလုပ်ခလစာဟာ တစ်ရက်ကို ၄၈၀၀ ကျပ်ဖြစ်ပြီး အဲဒီ အထည်ချုပ်စက်ရုံတွေကနေ တကယ့်ဈေးကြီးပေးရတဲ့ ကမ္ဘာကျော် ဘရန်းတွေကို ချုပ်ပေးနေတာ ဖြစ်ပါတယ်။

၄၈၀၀ ဆိုတဲ့ ကျပ်ငွေဟာ လူသုံးလေးယောက်ရှိတဲ့ မိသားစုတစ်စုကို ဘယ်လိုမှ ကျားကန်ပေးလို့မရတာ အများအသိဖြစ်ပါတယ်။

ဆန်ကြမ်း တစ်ပြည်ကိုတောင် ကျပ် ၄၀၀၀ လောက် ပေးဝယ်နေရတဲ့ အနေအထားမျိုးမှာ ကျန်တဲ့ ကျပ် ၈၀၀ နဲ့ ဘာဟင်းစားမှ ဝယ်ယူလို့မရနိုင်ပါဘူး။ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စဆိုတာတော့ အဝေးကြီးမှာပါ။

စစ်ကောင်စီလက်ထက်မှာ ငွေကြေးဖောင်းပွမှုကြောင့် လူတစ်ယောက်ရဲ့ ဝင်ငွေဟာ အရင်အရပ်သား အစိုးရ လက်ထက်ကထက် ၃ ချိုးတစ်ချိုးလောက်ပဲ တန်ဖိုးရှိလာတဲ့ အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာမှု တွေကြောင့် အလုပ်သမားတွေ ရပ်တည်ရ ခက်ခဲလာပါတယ်။

https://youtu.be/UvAIflU-ULQ

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢5🔥4
နိုင်ငံခြားရေးဝန်ကြီးချင်းဂန်ကို ရာထူးကဘာကြောင့်ထုတ်ပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကိုဖြေကြားဖို့ တရုတ်ငြင်းဆန်
=============

https://youtu.be/Htleb3KnOw0

#International

😁8👍3🔥1