Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အာရှရေးရာ တရုတ် အထူးကိုယ်စားလှယ် မြန်မာပြည်သို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ

Watch more detail - https://youtu.be/4Pb7Arj4s-A

#PoliticalNews
#reels
#shorts
#MizzimaTV
🤮7👍4💩4❤1👏1
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး NLD ကြိုးပမ်း
===================

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နဲ့ တိုင်းရင်းသားရေးရာ ကော်မတီများ ဖွဲ့စည်းရန် NLD ပါတီ ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

NLD က ဇူလိုင်လ ၂၉ ရက်မှာ ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ကာ ဆုံးဖြတ်ချက် ၇ ချက် ချမှတ်နိုင်ခဲ့ပြီး စစ်အာဏာရှင်တစ်စုက တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ချန်လှပ်ထားလို့မရတဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ NLD ပါတီကပြောပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန်နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာမှာ တိုင်းရင်းသားများနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီ ကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စတဲ့ အချက်များကို ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယင်းအစည်းအဝေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီနဲ့ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြောင်း၊ ဗဟိုအလုပ်ကော်မတီရဲ့ လုပ်ငန်း အစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာတဲ့ အကြံပြုချက် များ အားလုံးကိုလည်း ဒုတိယ ဗဟို ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မှတ်တမ်းတင် ထားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီအစည်းအဝေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တာနဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးမယ့်အချိန်တွေနဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတပ်က အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲကနေ ပိုပြီးသက်တောင့်သက်သာရှိတဲ့ နိုင်ငံတော်ပိုင် နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်။

ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက်၊ တနင်္လာနေ့ကတည်းက ထောင်ထဲကနေ နေပြည်တော်က ဒုတိယဝန်ကြီးတွေ နေထိုင်တဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့လိုက်တာလို့ ဖော်ပြထားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာပဲ ဆက်ထားမလား၊ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ပြန်ပို့မလားဆိုတာ အတိအကျ မသိရသေးပါဘူး။

အရင်စစ်အစိုးရတွေလက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်-၅၄ မှာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

https://youtu.be/g7VwzKFNUQo

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤1😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
July - 31 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍8😁1🍌1
ဇူလိုင်လ (၃၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး NLD ကြိုးပမ်းတဲ့သတင်း

05:36 - ၁ ပတ်ကြာ ဖယ်ခုံတိုက်ပွဲမှာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၁၃ ဦး သေဆုံးတဲ့သတင်းနဲ့

09:35 - ရုရှားရဲ့စီးပွားရေးကို တရုတ်ကအသက်ဆက်ပေးနေကြောင်း အမေရိကန်ထောက်လှမ်းရေးရဲ့

11:05 - အစီရင်ခံစာအပေါ် ဘေဂျင်းကငြင်းဆိုတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။

https://youtu.be/3dH9I_DAzgg

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🤮1
Media is too big
VIEW IN TELEGRAM
ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်မှုအား ဟောင်ကောင်တရားရုံးပယ်ချ

#InternationalNews #reels #shorts #Mizzima
😁4👍2
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး NLD ကြိုးပမ်း

Watch more detail - https://youtu.be/g7VwzKFNUQo

#PoliticalNews
#reels
#shorts
#MizzimaTV
👍10❤4😁1🤮1
ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်
==========================

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA Centre)မှ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ကရင်နီစစ်ရှောင်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ၁၄၅၀ ကို (AHA Center ) က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PLNO) ကတစ်ဆင့် အကူအညီတွေ ထောက်ပံ့ပေးခဲ့တာပါ။

PNLO က ဇူလိုင် ၁၆ ရက်နေ့မှာ ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများမှာ AHA Centre ရဲ့ ပထမဆုံးအသုတ် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလဆန်းတုန်းက ဆီဆိုင်မြို့နယ်အတွင်း အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံ့ခဲ့ရတာကြောင့် AHA Centreရဲ့ အကူအညီပေးရေးအစီအစဉ် မအောင်မြင်မှုကို PNLO က ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အာဆီယံသံအဖွဲ့ယာဉ်တန်း ဆီဆိုင်မြို့နယ်ထဲပစ်ခတ်ခံရတဲ့ အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်လို့ မသိရှိခဲ့ရဘဲ အပြန်အလှန်စွပ်စွဲမှုတွေနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ဟာ PNLO ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်အတွင်း လာရောက်ခိုလှုံနေတာပါ။

အခု စစ်ရှောင်ကူညီပေးရေးအစီအစဉ်ဟာ အပစ်ရပ်ဆဲလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအစုအဖွဲ့(PPST)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး၊ AHA Centre တို့နဲ့ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းချက်အရ PNLO က အကောင်အထည်ဖော်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် ဆက်လက်ဆောင်ရွက်နေပါတယ်။

တဖက်မှာလည်း ကယားပြည်နယ် (ကရင်နီပြည်) ဒီမောဆိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ Karenni Nationalities Defense Force-KNDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ ပိုမိုများပြားလာနေပြီး ပြီးခဲ့တဲ့ရက်အတွင်းကပဲ ထိုင်းဘက်ကို ထွက်ပြေးလာသူ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ နီးပါး ရှိပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဘက်ကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

ဒါအပြင် ထိုင်းဘက်ကို ဝင်ခွင့်မရတာကြောင့် သံလွင်မြစ်ကြောင်းတလျောက်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော်လောက်လည်း ရှိနေပါသေးတယ်။

https://youtu.be/CYSNzvDbP8M

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1😁1
​​ပါကစ္စတန် နိုင်ငံရေးစုဝေးပွဲ၌ အသေခံဗုံးခွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံး
======================

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇူလိုင် ၃၀ ရက်က အစ္စလမ္မစ် ပါတီတစ်ခု၏ နိုင်ငံရေးစုဝေးပွဲတစ်ခု၌ အသေခံဗုံးခွဲမှုကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2👏2
Media is too big
VIEW IN TELEGRAM
ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်

Watch more detail - https://youtu.be/CYSNzvDbP8M

#PoliticalNews
#reels
#shorts
#MizzimaTV
👍9🔥1😁1
​​ရွှေဘိုနယ်ကို စစ်တပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှပြည်သူများ ဘေးလွတ်ရာပြေးနေရ
========================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာခုနစ်ရွာမှ ဒေသခံပြည်သူ ၉,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အင်အား ၈၀ ခန့်ရှိ‌သော စစ်ကြောင်းသည် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ဆိပ်ခွန်၊ စောင်တန်း၊ ဘိုတဲကုန်း၊ ထူးကြီး၊ တည်ပင်၊ နံသာနှင့် ပုဏ္ဏားကုန်း ကျေးရွာများကို ဇူလိုင်လ ၂၉ရက်မှစတင်ကာ ဝင်ရောက်လာခြင်းဟု သိရသည်။

“ကျမတို့ စစ်ရှောင်နေရတာ ဒီနေ့ရောဆို သုံးရက်မြောက်နေ့ ဖြစ်ပါတယ်။ ညတိုင်းဆိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်း ထုနေတော့ ဘေးလွတ်ရာကို ရှောင်နေရတာပါ။ ပြေးလာတော့လည်း ချက်စရာ၊ပြုတ်စရာ ဘာမှပါမလာတော့ စားရေးသောက်ရေး အခက်အခဲတွေတော့ ရှိနေတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အထက်ပါ ကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူ ၉,၀၀၀ ကျော်သည် စစ်ကြောင်းနှင့်လွတ်အောင် ထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် လတ်တလော နေရေးနှင့်စားရေးအတွက် အခက်အခဲများ ရင်ဆိုင်နေကြရသည်။

" စစ်ကြောင်းဝင်လာလို့ ပြေးရတယ်ဗျာ။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအရမ်းဒုက္ခရောက်ကြရတယ်" ဟု စစ်ဘေးရှောင်အမျိုးသားတဦးကပြောသည်။

ဒေသခံပြည်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေသူများဖြစ်သည်။ ယခုလို မိုးတွင်းကာလ စပါးစိုက်ချိန်တွင် စစ်ရှောင်နေရသောကြောင့် ရေရှည်အတွက် မိသားစု စားဝတ်နေရေးကိုပါ စိုးရိမ်နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ပျူစောထီးများလည်း ပါဝင်နေပြီး ယနေ့ ဇူလိုင် ၃၁ရက်နေ့လယ်အထိ ဆိပ်ခွန်ကျေးရွာတွင် တပ်စွဲထားသည်ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက ပြောသည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိသေးသော်လည်း ဇူလိုင် ၂၉ရက်က စစ်‌ကြောင်းထိုးဝင်ရောက်လာစဉ် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့သည်ဟုရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း၌ ရွှေဘိုမြို့နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်၊ ဘုတလင်၊ ပုလဲ၊ ထီးချိုင့် မြို့နယ်တို့ကိုလည်း ရေ‌ကြောင်းရော၊ ကုန်းကြောင်းမှပါ စစ်ကြောင်းထိုးနေသည်။

စာတည်း - မောင်ကြီး

#mizzima
#ရွှေဘို
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
Photo - စစ်ဘေးရှောင်ပြည်သူများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🔥2👍1😁1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ ဂျီ-၂၀ ရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးမှာ ရာသီဥတုအကျပ်အတည်းအတွက် သဘောတူညီချက် တစ်စုံတစ်ရာမရခဲ့

#InternationalNews#reels #shorts
👍4❤1🔥1
​​ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီက ၁၅ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ
========================

ထိုင်းနိုင်ငံတွင် အစိုးရသစ် ဖွဲ့စည်းရေး မသေချာမရေရာမှုတို့ ရှိနေစဉ် စီးပွားရေး ပြန်လည်နာလန်ထမှု မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးနေခြင်းနှင့် လူနေမှုစရိတ်များ မြင့်တက်မှုတို့ကြောင့် နိုင်ငံ၌ ပျမ်းမျှ အိမ်ထောင်စုကြွေးမြီများက ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း စစ်တမ်းတစ်ခုက ပြသနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ဆော်ဒီပရိုလိဂ်က 'အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲပစ်လိုက်ပြီ' - မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ
=====================

ဆော်ဒီပရိုလိဂ်ရဲ့ ဘဏ္ဍာရေးသြဇာလွှမ်းမိုးမှုမှာ အပြောင်းအရွှေ့တွေအတွက် "ဈေးကွက်ကို ပြောင်းလဲပစ်လိုက်"ပြီး ထိပ်တန်းကလပ်တွေအနေနဲ့ "ဘာဖြစ်ပျက်နေတယ်ဆိုတာကို သတိထားဖို့ လိုအပ်တယ်"လို့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြောပါတယ်။

ဒီဇင်ဘာလက ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီအာရေဗီးယားဆီ အရကမ်းလှမ်းပြီးနောက် လိဂ်ဟာ အခုနွေရာသီမှာ နာမည်ကြီးကစားသမားများစွာကို ဆွဲဆောင်လာပါတယ်။

အဲဒီအုပ်စုမှာ အယ်လ်-အာလီကို ပြောင်းရွှေ့ဖို့ စီးတီးကနေ ထွက်ခွာခဲ့တဲ့ အယ်လ်ဂျီးရီးယားကစားသမား ရီးယတ်ဇ် မာရက်ဇ် ပါဝင်ပါတယ်။

“ဆော်ဒီအာရေးဗီးယားက ဈေးကွက်ကို ပြောင်းလဲပစ်လိုက်ပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

“လွန်ခဲ့တဲ့လအနည်းငယ်က ခရစ္စတီယာနို (ရော်နယ်လ်ဒို) ပြောင်းသွားရာမှာ တစ်ဦးတည်း ဖြစ်တုန်းက ဒီထိပ်တန်း၊ ထိပ်တန်းကစားသမားတွေ အများကြီး ဆော်ဒီလိဂ်မှာ ကစားလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။

“အနာဂတ်မှာ ဒီထက်တောင် ပိုများလာအုံးမှာပါ။ အဲဒါကြောင့် ကလပ်အသင်းတွေအနေနဲ့ ဘာဖြစ်ပျက်နေတယ်ဆိုတာကို သတိထားဖို့ လိုပါတယ်။

"ရီးယတ်ဇ်ဟာ မယုံနိုင်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ရခဲ့ပြီး အဲဒါကြောင့် ကျနော်တို့က 'အဲဒီကို မပြောင်းနဲ့' လို့ မပြောနိုင်ခဲ့ပါဘူး။
စီးတီးဟာ မာရက်ဇ်ကို ပေါင်သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူညီပြီး အလန် စိန့် – မက်ခ်စီမင်ဟာ အလယ်လ်-အာလီမှာ မာရက်ဇ်နဲ့ ပူးပေါင်းတဲ့အခါ သူဟာ ဆော်ဒီအာရေးဗီးယားအတွက် ပရီးမီးယားလိဂ်ကနေ ထွက်ခွာမယ်ါ နောက်ထပ်ကစားသမား ဖြစ်လာဖို့ ရှိပါတယ်။

ဘလွန်းဒီအော်ဆုရှင် ကာရင်ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုရှိရာ ဆော်ဒီအာရေဗီးယားကို လိုက်သွားပြီးချိန်မှာပဲ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဆာဒီယိုမာနေးဟာ အယ်လ်-နာဆာထံကနေ ကမ်းလှမ်းမှုတစ်ခုရရှိခဲ့ပြီး ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိနေပြီလို့ သိရပါတယ်။ 

ပရီးမီးယားလိဂ်အမှုဆောင်အရာရှိချုပ် ရစ်ချက် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလောကမှာ သြဇာကြီးထွားလာမှုနဲ့ ပတ်သက်လို့ သူဟာ “အခုအချိန်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေမှာမဟုတ်”လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ပြောပါတယ်။

ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ သြဇာလွှမ်းမိုးမှုအပေါ် 'အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိ'
“ဒါက ခြိမ်းခြောက်မှုနဲ့ မဟုတ်ပါဘူး။ ဒါက ဖြစ်ရပ်အမှန်တစ်ခုပါပဲ"လို့ ဂွာဒီယိုလာက စီးတီးရဲ့ ရာသီကြို အာရှခရီးစဉ်အတွင်း ဖြည့်ဆွတ်ခဲ့ပါတယ်။

“သူတို့က ခိုင်မာတဲ့လိဂ်တစ်ခုကို ဖန်တီးချင်ပြီး အခုချိန်အထိ သူတို့ ဒါကို လုပ်နိုင်တဲ့လိဂ်ပါ။

“ပရီးမီးယားလိဂ်ရဲ့အဖွဲ့အစည်းက ပိုကောင်းပြီး ရုပ်သံထုတ်လွှင့်မှုတွေနဲ့ စပွန်ဆာတွေက တခြားလိဂ်တွေထက် ပိုမြင့်မားတယ်ဆိုတော့ ကလပ်တွေက သူတို့မှာရှိတဲ့အရာတွေကို သုံးစွဲနိုင်တာကြောင့် ပရီးမီးယားလိဂ်က တခြားသူထက် ပိုသုံးပါတယ်။

"အခုအချိန်မှာတော့ ဆော်ဒီလိဂ်က သူတို့ဟာ ဒါကို ဘယ်လောက်ကြာကြာ တည်တံ့အောင် ထိန်းထားမလဲဆိုတာ ကျနော် မသိပေမယ့် ခံစားရတာကတော့ သူတို့ ဆက်ရှိလိမ့်မယ်။ ကစားသမားတွေက ဒီလိဂ်မှာ ကစားဖို့အတွက် ဒီအတွေ့အကြုံကို ရယူချင်ပြီး သူတို့ဟာ ဒါကို လုပ်နိုင်မှာပါ။"
👍7😁2❤1
တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရ
👍9😁2🔥1
တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်းအတွင်းအခြေစိုက် စစ်ကောင်စီတပ်မှ ထိပ်တန်းအရာရှိနှစ်ဦးနှင့် တိုင်းအစိုးရ အဖွဲ့ နယ်လုံဝန်ကြီးတို့ကို နေပြည်တော်ကစစ်ဆေးမှုများပြုလုပ်ပြီး နောက်ဆက်တွဲအဖြစ် မြိတ်မြို့မှ လုပ်ငန်းရှင်ခြောက်ဦးကို စစ်ဆေးမှုများပြုလုပ်နေခဲ့သည်ဟု လုပ်ငန်းရှင်များက မဇ္ဈိမသို့ပြောသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊အမှတ်(၂၀)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်မှလာသော အထူးအဖွဲ့က ဖမ်းဆီးအရေးယူမှုများပြုပြီးနောက် လုပ်ငန်းရှင်များကို အဂတိလိုက်စားမှုသံသယဖြင့် စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။

စစ်ဆေးခံရသော လုပ်ငန်းရှင်ခြောက်ဦးမှာ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်း၊ ဖိုးလမင်းကုမ္ပဏီမှ ဦးဖိုးစိန်၊ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့မှ ဦးသက်စိုး၊ OK ဆန်ရောင်းဝယ်ရေးမှ ဦးမောင်ထွေး၊ ဦးမင်းသူရနှင့် ဦးဝင်းထိန်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် စစ်ကောင်စီတပ် အရာရှိ များနှင့်လည်း ရင်းနှီးကျွမ်းဝင်သူများဖြစ်သည်ဟု လူသိများသည်။

လုံခြံရေးစိုးရိမ်ကာ အမည်မဖော်လိုသူသတင်းရင်းမြစ်တခုက “ မြိတ်က ထိပ်တန်းလုပ်ငန်းရှင် ခရိုနီ အကြီးစား ဦးလှသန်း အပါအဝင် ခြောက်ဦး ပါဝင်တယ်”ဟု ပြောသည်။

“အဓိက ကတော့ သူတို့ခြောက်ယောက်က (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) နယ်လုံနဲ့ အဓိကပတ် သက်တာဖြစ်တယ်။ တလောက ဖမ်းဆီးစစ်ဆေးမှုမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သိန်းသောင်းချီ သိမ်းဆည်းခံရတော့ နယ်လုံကိုလာဘ်ထိုးတဲ့ကိစ္စနဲ့ ခေါ်ယူစစ်ဆေးခံနေရတာ ဖြစ် တယ်”ဟု ထပ်ပြောသည်။

ထားဝယ်မြို့တွင် စစ်ဆေးမှုများပြုလုပ်နေခဲ့ပြီး အချို့ကိုတော့ နေအိမ်ပြန်လွှတ်လိုက်သည်ဟု သိရပြီး ကာယကံရှင်များကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမပြုပါ။
နေပြည်တော်က အစောပိုင်းတွင် ဖမ်းဆီးခဲ့သောစစ်အရာရှိများအနက် ဗိုလ်မှူးချုပ်သစ်လွင်ထူးကို ဒုတိုင်းမှူးရာထူးမှ ဖယ်ရှားကာ အရန်အင်အားအဖြစ် နေအိမ်တွင်ထားပြီး နယ်လုံဝန်ကြီးကိုလည်း ဆက် လက်ဖမ်းဆီးထားပြီး သူ၏မိသားစု ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားသည်။

နယ်လုံဝန်ကြီးမှာ ဇူလိုင်လဆန်းပိုင်းက ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့တွင် နယ်စပ်ကုန်သည်များက ထိုင်းနိုင်ငံဘက်မှ တရားမဝင်သွင်းလာသော ကုန်ပစ္စည်းများဖမ်းဆီးမှုတွင် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ဒုတိုင်းမှူး
#နယ်လုံဝန်ကြီး
#အဂတိလိုက်စားမှု
Photo - တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏4😁2
ဒေါ်လာနှင့် ရွှေဈေး ခုန်တက်ခဲ့ပြီးနောက် အမြင့်ဈေးမှာပဲ ဆက်ရှိနေ | Business Round Up (31.7.2023)
==================

- ဒေါ်လာနှင့် ရွှေဈေး ခုန်တက်ခဲ့ပြီးနောက် အမြင့်ဈေးမှာပဲ ဆက်ရှိနေ

- ထိုင်းကုမ္ပဏီ Scan Inter က တစ်လ ဒေါ်လာ ၇ သိန်း ဝင်ငွေရရှိနေတဲ့ မင်းဘူးဆိုလာစီမံကိန်းကို တိုးချဲ့

- ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အရန်ဆန်ထုတ်ရောင်းမယ်လို့ ဆန်စပါးအသင်းချုပ် ထုတ်ပြန်

- မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အချက်အလက်ကောက်ခံနေတာတွေကို ရပ်ဖို့ အိန္ဒိယကို တောင်းဆို

https://youtu.be/T1Yn7GOtyRk

#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🔥2