ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦး သေဆုံးကြောင်း PDF ပြော
👍15👏4😁2

================
001
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့ သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတဦးအပါအဝင် ၁၃ ဦးသေဆုံးကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် ဖယ်ခုံမြို့နယ် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလောင်းတွေ တွေ့တာပါ။ သင်္ဂြိုဟ်ထားတဲ့ အလောင်းတွေတွေ့တယ်၊ သူတို့မြှုပ်ထားတဲ့ အလောင်း တွေက ကောင်းကောင်းဖုံးမထားတဲ့အခါကျတော့ သေသေချာချာပြန်ဖုံးလိုက်တယ်၊ လုံးဝမမြှုပ်ထားတဲ့ အလောင်းကျတော့ ကျွန်တော်တို့ မီးရှို့ပေးလိုက်တယ်”ဟု ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂) မှ တာဝန်ရှိသူ တဦးက ပြောသည်။
စစ်ကောင်စီဘက်ကမူ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်လေ့ မရှိပေ။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၅၀ ကျော်ပစ်ခတ်ခဲ့ပြီး ကရင်နီပူးပေါင်းကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း သိရသည်။
တစ်ပကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စက်တော်ရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ပွဲကို ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ 1009 (IPDF) ၊ 1008 ၊1005၊ 1003၊ DMO 1006 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့ SSDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဖယ်ခုံတိုက်ပွဲ
#Mizzima
#ရှမ်းတောင်ပိုင်း
Photo - ဖယ်ခုံ pdf , IPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍21👏4😁2❤1
ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်မှုအား ဟောင်ကောင်တရားရုံးပယ်ချ
=====================
https://youtu.be/8E4JLIdRfFM
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
https://youtu.be/8E4JLIdRfFM
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်မှုအား ဟောင်ကောင်တရားရုံးပယ်ချ
ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်မှုအား ဟောင်ကောင်တရားရုံးပယ်ချ
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍5😁2❤1
ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ
🤬6😢3👍2🔥2😁1
ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ
=================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီခန့်မှစကာ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီတပ်ရိက္ခာတင် ရေယာဉ်များကို လုံခြုံရေးယူပေးနေသည့် အင်အား ၁၅၀ခန့်ပါသော ခြေလျင်စစ်ကြောင်းနှစ်ကြောင်း က မြစ်ကမ်းဘေးရှိ ကျေးရွာများကို ဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။
“ရွာတွေဝင်ပြီဆို သေနတ်တွေ ဆက်တိုက်ပစ်ပြီး ဝင်လာကြတာပါ။ အခုအချိန်ကတော့ ဝရုန်းသုန်းကား ထွက်ပြေးနေရတုန်းပါပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် ပြောသည်။
စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ် မြောက်ခြမ်းရှိ စုန်းချောင်း၊ သံဗိုလ်၊ ကျောက်မှော်၊ ပန်းတိမ်ပြင်၊ စေသူ၊ ကျောက်ကုန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။စုန်းချောင်းရွာသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်က စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်သုံးဦးနှင့် ဒေသခံ၁၁ဦး၊ စုစုပေါင်း ၁၄ဦး သေဆုံးခဲ့ရသည့် ကျေးရွာဖြစ်သည်။
" စစ်ကြောင်းက ဝင်လာတယ်။ ဘာပြင်ဆင်ချိန်မှ မရဘူး။ တော်တော်လေး ဒုက္ခကြုံရတယ်"ဟု စုန်းချောင်းရွာ ဒေသခံတဦးကပြောသည်။
စစ်ကောင်စီရေယာဉ်အချို့ရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်းမပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ထားသည်။
ယနေ့ မှစ၍ နောက်ထပ် အကြောင်းမထုတ်ပြန်မချင်းမောင်းနှင်သွားလာခြင်းမပြုလုပ်ကြရန် ယင်းမာပင်မြို့အခြေစိုက် နဂါးညီနောင်အထူးတပ်ဖွဲ့ (Dragon Brothers Task Force- DBTF)က မှသတိပေးထားသည်။ စစ်ကောင်စီရေယာဉ်နှစ်စီးသည် ကျောက်မှော်ရွာသို့ရောက်ရှိနေပြီဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ယနေ့ နံနက် ၁၀နာရီခန့်တွင် ထုတ်ပြန်ထားသည်။
အဆိုပါစစ်ကောင်စီရိက္ခာတင်ရေယာဉ်များနှင့် စစ်ကြောင်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ကြိုတင်သတိရှိကြရန် ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချ်ို့ကသတိပေးသည်။
စာတည်း - မောင်ကြီး
#mizzima
#ယင်းမာပင်မြို့နယ်
#ချင်းတွင်းမြစ်ဘေးရွာများ
#စစ်ကောင်စီစစ်ကြောင်းထိုး
Photo - စစ်ဘေးရှောင်ပြည်သူများ

🤬8👍4🔥2😢2😁1
မင်းတပ်မြို့အတွင်း ကင်းလှည့်သည့်ကားတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး
=================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ကင်းလှည့်လာသည့်ကားကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားခုနစ်ဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ထုတ်ပြန်သည်။
မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊ သစ်တောဝိုင်းအနီးတွင် ဇူလိုင်လ ၃၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က ကင်းလှည့်လာသည့် စစ်သားနှင့် ရဲသားများပါသော ကားတစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်သားနဲ့ရဲ ခုနစ်ဦးသေတယ်။ ရဲအရာရှိက မျက်နှာမှာဒဏ်ရာရတယ်။ တခြားဒဏ်ရာရတဲ့သူတွေရော မင်းတပ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်” ဟု CDF – Mindat တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေအရ ကားနှင့် လက်နက်များကို သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ဆိုသည်။
စစ်ကောင်စီတပ်က ဒဏ်ရာရလူနာများနှင့် အလောင်းများကို ကားဖြင့်ပြန်လည်သယ်ယူသွားကြောင်း CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ကလည်း မင်းတပ်မြို့အဝင် လေးမိုင်တပ်ကုန်းကို CDF – Mindat က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#CDF–Mindat

👍19❤2👏2😁2
စစ်အုပ်ချုပ်ရေးကြေညာထားသော လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံး ၂ လုံး ပေါက်ကွဲ
===================
ကီရာ
(မဇ္ဈိမ) ။ ။ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်ရှိ အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူများက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
“လူထိခိုက်မှုတော့မသိသေးဘူးဗျ၊ လမ်းသွယ်တွေကတော့ ပိတ်ထားတယ်။ ရုံးနောက်ဘက်က လမ်းသွယ် တွေရောပဲ။ လမ်းမကြီးကတော့ဖွင့်ထားပြီး လာတဲ့ကားမှန်သမျှ အကုန်စစ်နေတယ်၊ စစ်ကားတွေ အဲဒီ ဘက်သွားနေကြတာတွေ့တယ်”ဟု ဒေသခံတဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုအပြီး အဆိုပါရုံးအနီးရှိလမ်းသွယ်များကို ပိတ်ထားလိုက်ပြီး လမ်းမကြီးပေါ်သွားလာနေ သည့် ကားများကိုလည်း စစ်ကောင်စီက တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော အမှတ်(၂၀)ရပ်ကွက်ရုံး၏ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က သေနတ်ပစ်သတ်ခံခဲ့ရသည်။
ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ပထမအုပ်ကြီးကတော့ ပစ်သတ်ခံရလို့သေပြီ၊ အခုရှိနေတာကတော့ နောက်အုပ်ကြီးပေါ့၊ အဲဒီလမ်း နားမှာကလည်း သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ ဆိုင်ကယ်စီးခွင့်ရှိတယ်၊ စီးလို့ရတယ်။ ပြီးတော့ အဲဒီရုံးကို စစ်ကောင်စီကလူတွေ ခဏခဏလာတတ်တယ်” ဟု ဒေသခံက ပြောသည်။
လှိုင်သာယာမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးခြင်းများ၊ ဖမ်းဆီးခြင်းနှင့် ဆိုင်ကယ်များ ၊ ဘေးတွဲဆိုင်ကယ်များကို နေအိမ်အတွင်းထဲထိ ဝင်ရောက်ဖမ်းဆီးမှုများ လုပ်နေကြောင်းလည်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#လှိုင်သာယာ
#ရပ်ကွက်ရုံးဗုံးပေါက်
#အုပ်ကြီးအသတ်ခံရ

👍14❤2😁2🔥1👏1
Forwarded from Bitcoin Myanmar Initiative
Bitcoin ၀ယ်ယူခဲ့တယ်လို့ ၀န်ခံခဲ့သည့် ဒီမိုကရက်တစ်သမ္မတလောင်း Robert
F. Kennedy Jr.
---------------------------------
ဒီမိုကရက်တစ်သမ္မတလောင်းဟာ ယခင်က Bitcoin ကို ထောက်ခံခဲ့ပြီးယခုအခါ အရင်းအနှီးအမြတ်ခွန်များမှ crypto ကို ကင်းလွတ်ခွင့်ပေးမည်ဟု ထပ်ပြီးကတိပြုခဲ့ပါတယ်။ Robert F. Kennedy Jr. ဟာ ယခင်က အငြင်းပွားခဲ့ဖူးသော အရာတစ်ခုဖြစ်တဲ့ Bitcoin (BTC) ကို ပိုင်ဆိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့ပြီး ငွေကြေးထုတ်ဖော်မှုပုံစံဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။ Robert F. Kennedy Jr. ဟာ အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း Robert F. Kennedy ၏သားဖြစ်ပြီး ရှေ့နေနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စ များတွင်လည်း တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ သူဟာ Bitcoin ကို "ဒီမိုကရေစီနှင့်လွတ်လပ်မှု၏သင်္ကေတ" ဟုခေါ်ဆိုခဲ့ပြီး Kennedy က သူရဲ့ရွေးကောက်ပွဲ campaign အတွက် လှူဒါန်းမှုများကိုလည်း Bitcoin လက်ခံနေသူတစ််ဦးလည်းဖြစ်ပါတယ်။ The Wolf of Wall Street ပေါ့တ်ကာစ် အစီအစဉ်တင်ဆက်သူ Scott Melker နှင့်အတူ ဗုဒ္ဓဟူးနေ့က Twitter Spaces တွင် အဆိုပါ အတည်ပြုကို ရရှိခဲ့တာဖြစ်ပါတယ်။
Bitcoin အစည်းအ၀ေးပြီးပြီးချင်းမှာပဲ၊ ကျုပ်ဆီမှာရှိတဲ့ ပိုက်ဆံတွေကို ကျုပ်ကလေး ခုနစ်ယောက်စီအတွက် တစ်ယောက်ဆီအတွက် Bitcoin နှစ်ခုဝယ်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ Kennedy က ပြောကြားခဲ့ပါတယ်။ Kennedy က Bitcoin အကြောင်းကို သဘောကျနှစ်ခြိုက်စွာ ပြောဆိုခဲ့တာပါ။ Bitcoin စျေးဟာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်း $27,000 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိပေါက်စျေးမှာ အကြမ်းဖျင်းအားဖြင့် $29,500 ရှိပြီး14 Bitcoin ဟာ ယခုတန်ဖိုးအရ $414,000 နီးပါးတန်ဖိုးရှိပါတယ်။ Kennedy ဟာ ပြီးခဲ့သည့်အပတ်က Bitcoin ရဲ့ ပံ့ပိုးမှုအပေါ် နှစ်ဆတိုးကာ သမ္မတရာထူးရပါက အရင်းအနှီး
အမြတ်ခွန်များမှ ကင်းလွတ်ခွင့်နှင့် Bitcoin ကဲ့သို့သော ခက်ခဲသောပိုင်ဆိုင်မှုများဖြင့် US ဒေါ်လာကို ကျောထောက်နောက်ခံပြုဖို့ ရည်ရွယ်ချက်ဖြင့် ကတိပြုခဲ့တာပါ။ “ခိုင်မာသော
ပိုင်ဆိုင်မှုများဖြင့် ဒေါ်လာနှင့် အမေရိကန်ကြွေးမြီများကို ကျောထောက်နောက်ခံပြုခြင်းဟာ ဒေါ်လာကို ပြန်လည်ခိုင်မာစေပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် အမေရိကန်ဘဏ္ဍာရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောရေးခေတ်သစ်ကို ပို့ဆောင်
နိုင်ပါတယ်” ဟု Kennedy ကကြေညာခဲ့ပါတယ်။ CNBC မှ ယခုလအစောပိုင်းတွင် Kennedy က Bitcoin တွင် "ရင်းနှီးမြှုပ်နှံသူမဟုတ်ပါ" ဟုဆိုကာ ဇွန် 30 ရက်စွဲပါ ငွေကြေးထုတ်ဖော်မှုပုံစံကို ဆန့်ကျင်ကာ cryptocurrency $100,001 နှင့် $250,000 ကြား ပိုင်ဆိုင်ကြောင်းဖော်ပြခဲ့ပါတယ််။ မဲဆွယ်စည်းရုံးရေးတွင် ဦးစွာ ကိုင်ဆောင်ထားသည့် ပိုင်ဆိုင်မှုများဟာ ကိုယ်စားလှယ်လောင်း ပိုင်ဆိုင်မှုမဟုတ်ကြောင်း မရှင်းလင်းမီ RFK ရဲ့ ဇနီးမှ ပိုင်ဆိုင်တာပါ ဟု ဆိုဦးစွာပြောကြား
ခဲ့ပါတယ်။ Robert F. Kennedy Jr က မြန်မာနိုင်ငံရဲ့ ဒီီမိုကရေစီကြိုးပမ်းမှုတွင်လည်း Bitcoin က အရေးကြီးနေရာမှပါ၀င်ကြောင်း သူရဲ့ Twitter Post တစ်ခုမှ သီီးခြားဖော်ပြခဲ့ဖူးပါတယ်။
Ref ; RFK Jr Says He Purchased Bitcoin For His Kids - Watcher.guru
Coin desk ; RFK Jr. Confirms Recent Bitcoin Purchases

👍9🔥1😁1
အာရှရေးရာ တရုတ် အထူးကိုယ်စားလှယ် မြန်မာပြည်သို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ
==================
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ဇူလိုင်လ ၂၈ ရက်နေ့မှာ မြန်မာပြည်ကိုရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို့ ဇူလိုင်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ရေးသား ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံမှုမှာ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မြန်မာနိုင်ငံရေး အခြေအနေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအခြေအနေ၊ အွန်လိုင်း လောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှု လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်- မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ် အထူး ကိုယ်စားလှယ်တို့ နယ်စပ်တည်ငြိမ်ရေး ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
အလားတူ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းဟာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း သီးခြားစီတွေ့ဆုံခဲ့သလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းဟာ ယခု ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပါတယ်။
အခုလို တွေ့ဆုံမှုတွေမပြုလုပ်ခင် မစ္စတာတိန့်ရှီးကျွင်းက ယခုနှစ် ဖေဖော်ဝါရီလမှာပဲ မြန်မာ-တရုတ်နယ်စပ်ရှိ UWSA “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းဟာ ယခု မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အကျဉ်းကျခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားဖွယ်ရှိနေကြောင်းကိုလည်း နိုင်ငံတကာသတင်းတွေမှာ ရေးသားထားကြပါတယ်။
မစ္စတာ တိန့်ရှီးကျွင်းနေရာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်းဟာ စစ်ကောင်စီဥက္ကဌနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တွေ့ဆုံခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
တရုတ် - မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတစ်ဝိုက်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဇွန်လကစလို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။
တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်တဲ့ ဇူလိုင်လ ၂၈ ရက် နဲ့ ဇူလိုင်လ ၂၉ ရက်မှာ တော့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိပေမယ့် စစ်ရေးတင်းမာနေမှုတွေရှိနေဆဲလို့သိရပါတယ်။
https://youtu.be/4Pb7Arj4s-A
#PoliticalNews
#Mizzima
---------------------

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ဇူလိုင်လ ၂၈ ရက်နေ့မှာ မြန်မာပြည်ကိုရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို့ ဇူလိုင်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ရေးသား ဖော်ပြထားပါတယ်။…
😁5👍3💩3❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းသိုလှောင်ရာဂိုဒေါင်တစ်ခုပေါက်ကွဲမှုမှာ ၉ ဦးထက်မနည်းသေဆုံး
#InternationalNews #mizzima #reels #shorts

😢4🔥2👍1
အစစ်အဆေးကြမ်းသည့် သံလွင်တံတားစစ်ဆေးရေးဂိတ် ဗုံးခွဲခံရ၊ စစ်ကောင်စီတပ်သားများအပါအဝင် အရပ်သားအချို့ပါ ထိခိုက်
👍14🔥2
အစစ်အဆေးကြမ်းသည့် သံလွင်တံတားစစ်ဆေးရေးဂိတ် ဗုံးခွဲခံရ၊ စစ်ကောင်စီတပ်သားများအပါအဝင် အရပ်သားအချို့ပါ ထိခိုက်
=====================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်တံတား(ဘားအံ) တံတားအဆင်းမှ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တွင် ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများအပါအဝင် အရပ်သားအချို့ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘားအံမြို့ခံများက မဇ္ဈိမကို ပြောသည်။
ဗုံးဖောက်ခွဲခံရသော သံလွင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် အဖမ်းအဆီး၊ အစစ်အဆေးကြမ်း ကြောင်း ခရီးသွားပြည်သူများအကြား နာမည်ဆိုးထွက်နေသော ဂိတ်ဖြစ်သည်။
“မနက် ၆ နာရီကျော်လောက်က ဖြစ်တာ၊ အုန်းကနဲပဲ၊ အသံတော်တော်ကျယ်တယ်။ မြို့ထဲကနေ ဆေးရုံ ကားတွေ ခေါက်တုံ့ခေါက်ပြန်သွားနေတာမနည်းဘူး။ အထိအခိုက်တော်တော်များလို့ဖြစ်မယ်” ဟု ဘားအံ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဘားအံမြို့ဘက်ခြမ်းရှိ သံလွင်တံတား(ဘားအံ) စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှေ့တွင် အိမ်စီးကားတစ်စီး၌ မိုင်းထောင်၍ ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်သည်။
ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ် ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အပြင် အရပ်သားများလည်း ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် အရပ်သားများ ထိခိုက်မှုအရေအတွက် ကို ကွဲကွဲပြားပြားမသိရသေးဘဲ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
“ကားကိုထားခဲ့ပြီး ကားမိုင်းခွဲသွားတာ၊ လူထိခိုက်သေဆုံးမှု ရှိပါတယ်၊ အရပ်သားတွေရော လုံခြုံရေးအဖွဲ့ တွေရောပါတယ်။ အရပ်သားစစ်ဆေးရေးဂိတ်ရှေ့မှာဖြစ်တာဆိုတော့ အယောက် ၃၀ နီးပါးလောက်ပေါ့။ အခုထိလည်း ဒဏ်ရာရတာတွေ အရမ်းများတယ်” ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဘားအံသတင်းရင်းမြစ်တဦး က မဇ္ဈိမကို ပြောသည်။
အဆိုပါ သံလွင်တံတား (ဘားအံ)စစ်ဆေးရေးဂိတ်အား မည်သည့်တပ်ဖွဲ့က ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ကို မသိရသေးသကဲ့သို့ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများဘက်မှလည်း တစုံတရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။
အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၅၀ ဝန်းကျင်အထိုင်ချကာ ခရီးသွားပြည်သူများကို နေ့စဉ်မပြတ် စစ်ဆေးမှုများ ပြုလုပ်နေသည်။
ကားမိုင်ထောင် ဖောက်ခွဲခံရမှုကြောင့် သံလွင်တံတား( ဘားအံ) ပေါ်သို့ ဖြတ်သန်းသွားလာခွင့် ပိတ်ထား ပြီး မော်လမြိုင်ဘက်မှ ပတ်လာသူများကိုလည်း အတ္ထရံတံတားတွင် အစစ်အဆေးပြုလုပ်နေကြောင်း သိရသည်။
“ဒီမနက် မိုင်းကွဲတော့ အဲ့ဒီဘက်ကို အသွားအလာပိတ်လိုက်တယ်လေ၊ ကျွန်တော်တို့က သထုံဘက်ကို သွားမှာဆိုတော့ မော်လမြိုင်ဘက်က ပတ်လာတာ၊ ပုံမှန်ဆို အတ္ထရံတံတားက မစစ်ဘူး။ ဒီနေ့တော့ တော်တော်စစ်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
သံလွင်တံတား(ဘားအံ)ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် သက်ကြီးသက်ငယ်မရွေး နိုင်ငံသားစိစစ် ရေး ကတ်ပြားများစစ်ဆေးခြင်း၊ ခရီးဆောင်အိတ်များကို စစ်ဆေးရှာဖွေခြင်း၊ အမျိုးသားများအား အဝတ်အစားချွတ်စေ၍ ခန္ဓာကိုယ်ပေါ်၌ နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် တက်တူးထိုးထားခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ကြောင်း ခရီးသွားပြည်သူများက ပြောသည်။
ထို့ပြင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်းရှိ အချက်အလက်များကိုပါ အတင်းအဓမ္မ တောင်းယူ စစ်ဆေးလေ့ရှိကြောင်း ဆိုသည်။ လက်ကိုင်ဖုန်းအတွင်းရှိ အချက်လက်နှင့် ဓါတ်ပုံများအပြင် လျှို့ဝှက်ထားသောဖိုင်များကိုပါ ကွန်ပျူတာနှင့် ချိတ်ဆက်၍ စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
မဲခေါင်သတင်းဌာန အပါအဝင် အခြားသတင်းဌာနများတွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်နေ သည့် ကိုမောင်မောင်မျိုးသည် ပြီးခဲ့သည့်နှစ် မေလ ၁၀ ရက်နေ့က မြဝတီမြို့မှ မန္တလေးမြို့သို့ ခရီးသည် တင်ကားဖြင့်သွားစဉ် သံလွင်တံတား စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သံလွင်တံတား
#ဗုံးပေါက်ကွဲမှု
#ကားဗုံးထောင်ဖောက်ခွဲ
#ကရင်ပြည်နယ်

👍13👏3🔥2❤1
Media is too big
VIEW IN TELEGRAM
ရုရှားရဲ့စီးပွားရေးကို တရုတ်ကအသက်ဆက်ပေးနေကြောင်း အမေရိကန်ထောက်လှမ်းရေးရဲ့အစီရင်ခံစာအပေါ် ဘေဂျင်းကငြင်းဆို
#InternationalNews #reels #shorts #Mizzima #Russia #China #American

👍2👏2
မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်မှယာဉ်များ တိုက်ခိုက်ခံရ
========================
လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်ကောင်စီတပ်၏ ရေယာဉ်များ ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီ ခန့်တွင် လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Aung San Force တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ထောက်ပို့ ဖလက်တွဲရေယာဉ်ခြောက်စီးနှင့် စစ်သင်္ဘောများပေါ်ရှိ ပစ္စည်းအချို့ ထိခိုက်ပျက်စီးနိုင်ပြီး စစ်သားထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း Aung San Force တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးက ပြောသည်။
“ရှေ့ထွက်ပြောင်းတွေကို အဓိကထားအသုံးပြုပြီး တိုက်ခဲ့တာဖြစ်ပါတယ်။ စစ်သင်္ဘောတွေဘက်က လက် နက်ကြီးတွေနဲ့ ဆက်တိုက်ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ ထောက်ပို့ရေယာဉ်ပေါ်က ပစ္စည်းတွေ ထိခိုက်ပျက်စီးနိုင်ပါတယ် ” ဟု ၎င်း ကဆိုသည်။
ထိုတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၅) တပ်ရင်း (Aung San Force) နှင့် မုံရွာခရိုင် အမှတ် (၂၉) တပ်ရင်း (Black Dragon) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
အဆိုပါ စစ်ရေယာဉ်တန်းသည် ဇူလိုင် ၂၉ ရက်တွင် ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာများကိုပစ်ခတ်ခဲ့၍ ရွှေကုန်းကျေးရွာမှ ဒေသခံနှစ်ဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖြေဆိုထားသည်။
စစ်ကောင်စီတပ်၏ ထောက်ပို့ရေယာဉ်များသည် ယမန်နေ့က အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ရောက်ရှိနေပြီး ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီမှစတင်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အထက်သို့ ဆန်တတ်ရန် ရှေ့ပွိုင့်များဖြင့် လမ်းရှင်းနေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှသိရသည်။
ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်းအတွင်း ကူးသန်းသွားလာနေသည့် မော်တော်ရေယာဉ်များအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ မင်းကင်း၊ ကနီ၊ မုံရွာ ရေကြောင်းကို ယာယီအသုံးမပြုကြသေးရန် ကနီ- ယင်းမာပင် ကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေးထုတ်ပြန်ထားသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/-CLqFJoQ8UM
#ချင်းတွင်းမြစ်
#မုံရွာ
#ရေယာဉ်
#စစ်သင်္ဘော
#ထောက်ပို့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်ကောင်စီတပ်၏ ရေယာဉ်များ ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီ ခန့်တွင် လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Aung San Force တပ်ဖွဲ့ထံမှ သိရသည်။…
👏10👍3😁2