လက်နက်ခဲယမ်းနှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်
==========================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ လက်နက်ခဲယမ်းဖြင့် CDM ပြုလုပ် လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန် ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။
၎င်းသည် MA1 သေနတ်တလက်၊ ကျည်အိမ်လေးခုနှင့် ကျည်ဆံ ၁၂၆ တောင့်ကိုယူဆောင်၍ ဇူလိုင်လ ၁၇ ရက်နေ့တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်။
“ စစ်တပ်ထဲကို သူ့သဘောအလျောက်နဲ့ ဝင်ရောက်ခဲ့တာမျိုးမဟုတ်ပဲ မိဘကအတင်းအကျပ်ဝင်ခိုင်းတဲ့ အတွက်ဝင်ခဲ့ရပြီး တပ်တွင်းမှာလည်း ဖိနှိပ်မှုနဲ့ အဓမ္မခိုင်းစေမှုတွေရှိလို့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကို သူ့အနေနဲ့လက်မခံနိုင်တော့တဲ့အတွက် အခုလို CDM လုပ်ရတာ” ဟု CDM ဝင်လာသူက ဝန်ခံကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ပြောသည်။
ယင်းစစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်ပြီးနောက် လုံခြုံသည့်နေရာသို့ပို့ဆောင်ပေးခဲ့ပြီး ဇူလိုင်လ အတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားသုံးဦးရှိပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆို သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကိုအဓမ္မသိမ်းယူခဲ့သည့်နောက်ပိုင်း CDM Support Team ထံ ဝင်ရောက်ခဲ့သည့် စာရင်းမပါဘဲ CDF – Hakha ထံသို့ စစ်ကောင်စီ လက်အောက်ခံလက်နက်ကိုင် ၃၁ ဦး ဝင်ရောက်ခဲ့ပြီးကြောင်းလည်း သိရသည်။
ယင်း ၃၁ ဦးတွင် ရဲ ၁၁ ဦးနှင့် စစ်သား ၂၀ ဦးဖြစ်ပြီး လက်နက် ၂၁ လက်သယ်ယူလာကြောင်းနှင့် လက်နက် ယူဆောင်လာသူများကို တဦးလျှင် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် လက်နက်ကိုင်များအနေဖြင့် ပြည်သူလူထု ကို ရန်သူအဖြစ်မသတ်မှတ်ကြရန်နှင့် စစ်ကောင်စီတပ်ကသာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေ သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိစေလိုသည်ဟု ဆိုသည်။
စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း၍ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ အရှိန်မြှင့်တင် တော်လှန် သွား မည်ဖြစ်ပြီး လက်လျော့ရန်အကြောင်းမရှိကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လတ်တလောတိုက်ပွဲအခြေအနေမှာ ဟာခါးမြို့နယ်အတွင်းရှိ သီးမြစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သား များ ဆက်လက်နေရာယူထားနေပြီး လှုပ်ရှားမှုမရှိသေးကြောင်း သိရသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#CDM
#ဆုငွေ
#ဟားခါးမြို့နယ်
#CDF
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11❤6😁3
ကန်ပက်လက်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးဟုဆို
===================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း ဇူလိုင်လ ၁၉ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) CDF-Kanpetlet က သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့အောက်ဘက် ၊မြတ်နိုးသူလမ်းအကွေ့တွင် ဇူလိုင်လ ၁၉ရက် ညနေ ၆နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ယမန်နေ့ ဇူလိုင်၂၀ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဆောမြို့နယ် ဘက်မှ စစ်ကောင်စီတပ်များနှင့် တပ်အပြောင်းအလဲလုပ်ရန်အတွက် ကန်ပက်လက်မြို့မှ ထွက်ခွာလာပြီး ယာယီစခန်းချထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-Kanpetlet တပ်မဟာမှူးဆလိုင်းထွန်းလိန်းက မဇ္စျိမကိုပြောသည်။
“ကန်ပက်လက်ကဆင်းလာပြီး ဆောဘက်ကတက်လာတဲ့တပ်နဲ့ ချိန်းဘို့လို့ယူဆရတယ်။ လောက်နူးမြေမှ ကြိုဆိုပါ၏ အနီးမှာရှိတဲ့ မြတ်နိုးသူအကွေ့မှာ ယာယီစခန်းချထားတာကို သွားတိုက်ခဲ့တာပါ”ဟုတပ်မဟာမှူးဆလိုင်းထွန်းလိန်းကပြောသည်။
ယာယီစခန်းချထားသည့် အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီအင်အား ၃၀ခန့်ရှိပြီး စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့ကြသော်လည်း လက်နက်အင်အားနှင့် ကျည်အင်အားနည်းပါးမှုကြောင့်မသိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ထိုတိုက်ပွဲတွင်CDF – Kanpetletရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။တိုက်ပွဲသည် ၁နာရီ ကျော်ကြာခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ်အပါအဝင် မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်နေရာများတွင် ဇူလိုင်လ ၁၆ရက်မှ ဇူလိုင် ၁၉ရက်အတွင်း တိုက်ပွဲများဖြစ်ခဲ့ခြင်းဟုသိရသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၉ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း၊ CDF-Kanpetlet က ထုတ်ပြန်ထားသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် စစ်ကောင်စီသည် မကွေးတိုင်း၊လောင်းရှည်မြို့ဘက်မှ ကျင်ဒွေးဒေသဘက်သို့ တင့်ကားနှစ်စီးအပါအဝင်အင်အား ၃၀၀ခန့်နှင့် ကျောက်ထုမြို့ဘက်မှ ထွက်လာသည့် အင်အား ၁၇၀ခန့်စစ်ကြောင်းဖြင့် ကန်ပက်လက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုရှိနေကြောင်း တပ်မဟာမှူးဆလိုင်းထွန်းလိန်းက ပြောသည်။
အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်ခုခံနိုင်ရန်အတွက် လက်နက်ခဲယမ်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများလိုအပ်နေသည်ဟု
CDF-Kanpetlet က ပြည်သူလူထုအား အသိပေးထားသည်။
စာတည်း - မောင်ကြီး
CDF - Kanpetlet ရဲဘော်များ
Photo/CDF-Kanpetlet
#mizzima
#ကန်ပက်လက်မြို့
#တိုက်ပွဲ
#CDF-Kanpetlet
------------------------

👍25👏3😁2❤1
ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
====================
ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အင်အား ၁၄၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် ကန်ပက် လက်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၊ နှစ်ယောက်သေပြီး တယောက်ဒဏ်ရာရတယ်ဆိုတာ အတည် ပြုလို့ရပါတယ်။ အခု အဲဒီစစ်ကြောင်း မြို့ထဲကိုရောက်နေပြီ” ဟု CDF – Kanpetlet တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
ကန်ပက်လက်မြို့နယ် လုံမောင်အနီးတွင် နံနက် ၁၁ နာရီတွင် တကြိမ်၊ မြတ်နိုးသူအကွေ့မြောက်ဘက် တွင် မွန်းလွဲ ၁ နာရီ ၃၀မိနစ်၌တကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ကန်ပက်လက်မြို့အတွင်းသို့ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုမှ အထိအခိုက်မရှိကြောင်း CDF – Kanpetlet ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်းရန် ထွက်ခွာ လာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့်စစ်ကြောင်းမှာလည်း လမ်းတလျှောက်တွင် တော်လှန်ရေး တပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ခုနစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့က မောချောင်းတွင် စခန်းချရပ်နားခဲ့ပြီး ကျင်ဒွေးမြို့သို့ ရောက်ရှိရန် ၁၄ မိုင်ဝန်းကျင်အကွာတွင်ရှိပြီး ဆက်လက်ထွက်ခွာလာနေကြောင်း သိရသည်။
CDF – Kanpetlet သည် ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီတပ်၏ အကြမ်း ဖက်လုပ်ရပ်များကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ရေရှည်ရပ်နိုင်ရေးနှင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်နိုင်ရေးအတွက် မိဘပြည်သူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများလိုအပ်နေသဖြင့် ပံ့ပိုးပေးကြပါရန် တိုက်တွန်းထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#CDF–Kanpetlet

👍28👏2😁2
မင်းတပ်မြို့အတွင်း ကင်းလှည့်သည့်ကားတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး
=================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ကင်းလှည့်လာသည့်ကားကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားခုနစ်ဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ထုတ်ပြန်သည်။
မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊ သစ်တောဝိုင်းအနီးတွင် ဇူလိုင်လ ၃၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က ကင်းလှည့်လာသည့် စစ်သားနှင့် ရဲသားများပါသော ကားတစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်သားနဲ့ရဲ ခုနစ်ဦးသေတယ်။ ရဲအရာရှိက မျက်နှာမှာဒဏ်ရာရတယ်။ တခြားဒဏ်ရာရတဲ့သူတွေရော မင်းတပ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်” ဟု CDF – Mindat တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေအရ ကားနှင့် လက်နက်များကို သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ဆိုသည်။
စစ်ကောင်စီတပ်က ဒဏ်ရာရလူနာများနှင့် အလောင်းများကို ကားဖြင့်ပြန်လည်သယ်ယူသွားကြောင်း CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ကလည်း မင်းတပ်မြို့အဝင် လေးမိုင်တပ်ကုန်းကို CDF – Mindat က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#CDF–Mindat

👍19❤2👏2😁2
This media is not supported in your browser
VIEW IN TELEGRAM
CDF တပ်ဖွဲ့ဝင် ၂၀၀ လက်နက်ချပြီး အိန္ဒိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့် တောင်းတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နေပါတယ်
#Misinformation_Buster #Fake_News #Shorts #Reels #CDF #အလင်းဝင် #လက်နက်ချ #နိုင်ငံရေးခိုလှုံခွင့် #အိန္ဒိယ
သတင်းအပြည့်အစုံဖတ်ရန် - t.ly/BzzdV

😁6👍2🍌2👎1
ဖလမ်းမြို့ တိုက်ပွဲတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်ကျဆုံး၊ စစ်ကောင်စီကြောင့် ၉ နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရ
====================
ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ခလရ(၂၆၈) တပ်ရင်းကို ယနေ့ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီခန့်တွင် CNA နှင့် CDF- KKG တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ CDF KKG မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်း CNA ရဲဘော်သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကြာဖြစ်ပွားခဲ့ကြောင်း CNA ရဲဘော်သတင်းရင်းမြစ်က ဆိုသည်။
ထိုတိုက်ပွဲအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကိုး နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ခလရ (၂၆၈) တပ်ကုန်းမှ ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ ဆွန်တလာကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် ဆွန်တလာရွာမှ အသက် ၄၀ အရွယ် အမျိုးသမီး Pi Hrang Lian Hluai ခြေထောက်တွင် ဒဏ်ရာရှိထားပြီး အသက် ၁၈ နှစ်အရွယ် Biak Thawng Mang သည် ကျောပြင်ထိ လက်နက်စထိမှန်ကာ အသက် ကိုးနှစ်အရွယ် Ram Tluan Par သည်လည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာများသည် အခြေအနေ မစိုးရိမ်ရကြောင်း Chin National Defense Force တပ်မဟာ( ၂) က သတင်းထုတ်ပြန်ထားသည်။
“ ဒီမနက်က CNA တွေက ဖလမ်းတပ်ကုန်းကို သွားပစ်တာကြောင့် ဖြစ်မယ်ဗျ။ မနက်က ၁ နာရီခွဲလောက်က မနက်အစောကြီး သူတို့က သွားပစ်ကြတယ်လို့ ပြောတယ်။ ဆိုတော့ ဒီနေ့မနက်မှာ တပ်ကုန်းကနေ ရမ်းသန်းပစ်ခတ်တာကြောင့် ဆွန်တလာရွာ အိမ်တစ်အိမ်နားမှာ လက်နက်ကြီးကျရောက်တော့ မိသားစုဝင်သုံးဦးဒဏ်ရာရသွားတာဗျ။ သူတို့အိမ်နားမှာ လက်နက်ကြီးကျတာဆိုတော့ အိမ်လည်းပျက်စီးတယ်လို့ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကျူံးငိုင်းက မဇ္စျိမသို့ပြောသည်။
ဆွန်တလာရွာသည် ဖလမ်းမြို့ရှိ ခလရ ၂၆၈ တပ်ကုန်းအောက်ဘက်တွင်တည်ရှိပြီး ဖလမ်းမြို့မှ လေးမိုင်ခန့် ကွာဝေးသော ကျေးရွာဖြစ်သည်။
ထို့အပြင် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်ကဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီးလေးဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကျူံးငိုင်းထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဖလမ်းမြို့
#CDF- KKG

😢16👍4😁2

=======================

😁4😢4👍2🔥1
မင်းတပ်မြို့တွင်းတိုက်ပွဲ စစ်တပ်ဘက်မှ ၂ဦးသေ၊ ၇ဦးဒဏ်ရာရဟုဆို
======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဩဂုတ်လ ၂၆ရက် နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat ထံမှသိရသည်။
ခလရ (၂၇၄) တပ်မှ ကားနှစ်စီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မင်းတပ်မြို့၊အရှေ့ပြင်ရပ်ရှိ ဝမ္မသူးမောင်ပန်းခြံအနီးတွင် CDF – Mindat က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကားနှစ်စီးနဲ့ ကင်းလှည့်လာတာကို စောင့်ပစ်ကြတာပါ။ စစ်ကောင်စီတပ်က နှစ်ယောက်သေပြီး ခုနှစ်ယောက် ဒဏ်ရာရသွားပါတယ်" ဟုCDF – Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမ ကိုပြောသည်။
မိနစ် ၃၀ခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ကားပေါ်တင်ဆောင်သွားကြောင်း သိရသည်။
" လူနာတင်ကားလည်းခေါ်သွားတယ်။ တခြားကားတွေလည်း ခေါ်ပြီး ၂၇၄ တပ်ရင်းထဲ မောင်းဝင်သွားတယ်"ဟု CDF – Mindat ရဲဘော်တဦးကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်ညက စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းမှ လူနာတင်ကားတစီးကို လူငယ်တစုကမောင်းနှင်ယူဆောင်သွားခဲ့သည်။ယင်းဖြစ်စဥ်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့တွင်း လုံခြုံရေးတိုးထားပြီး ဆေးရုံနှင့်ကျောင်းအပါအဝင် အစိုးရရုံးများကို ပိတ်ခိုင်းထားရာ ယနေ့ဩဂုတ်လ ၂၈ရက် အထိ ပြန်မဖွင့်သေးကြောင်း ဒေသခံများက ပြောသည်။
ဇွန်လိုင်လ ၃၀ရက်နေ့ကလည်း မင်းတပ်မြို့တွင်း ကင်းလှည့်လာသည့် စစ်ကောင်စီကားကို အရှေ့ပြင်ရပ်တွင် CDF – Mindat မှ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယခုရက်ပိုင်းတွင် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအချို့ လှုပ်ရှားမှုရှိနေ၍ လုံခြုံရေးအထူးသတိပြုနေထိုင်ကြရန် ဒေသခံများအား CDF-Mindatက သတိပေးထားသည်။
စာတည်း - အေးချမ်း
#mizzima
#မင်းတပ်မြို့
#တိုက်ပွဲ
#CDF-Mindat
Photo - HKL / မင်းတပ်မြို့ထဲ၌ တွေ့ရသည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့(ပုံဟောင်း)
---------------------

👍19❤1🔥1
စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ဖြင့် ခိုလှုံ
=================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ တပ်ကြီးကြီးနှင့် ဒုတပ်ကြပ်တို့ လက်နက်ခဲယမ်းများဖြင့် ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က စက်တင် ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
မတူပီဗျူဟာစခန်းမှ တပ်ကြပ်ကြီးဇော်ထွန်းနှင့် ဒုတပ်ကြပ်ဝေလွင်တို့သည် MA1 တလက်၊ MA2 တလက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည် ၅၃၀ တောင့်နှင့် ကျည်ဘောက်ရှစ်ခုယူဆောင်၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် CDF – Matupi ထံ ခိုလှုံလာခြင်းဖြစ်သည်။
“အခုလို ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်မှုလုပ်ပေးတာကို ကျေးဇူးတင်သလို ဂုဏ်လည်းဂုဏ်ယူတယ်။ ပြည် သူ့ဖက်က ရပ်တည်ချင်တဲ့ စိတ်ဓါတ်ကိုလည်းလေးစားတယ်။ အသက်နဲ့ရင်းပြီး လက်နက်အပြည့်အစုံနဲ့ ပူးပေါင်းမှုလုပ်လာတာ အရမ်းကျေးဇူးတင်တယ်။ ကျနော်တို့ဘက်ကလည်း ထိုက်သင့်တဲ့ဆုငွေ ချီးမြှင့် ပေးခဲ့တယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြောသည်။
ပူးပေါင်းလာသူနှစ်ဦးကို ၎င်းတို့ထုတ်ပြန်ထားသည့်အတိုင်း လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာသူ ကို တဦးလျှင် ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။
၎င်းတို့သည် စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်ရသည်မှာ လိပ်ပြာမသန့်၍ ယခင်ကတည်းက ထွက် ခွာရန်ကြိုးစားခဲ့ကြသော်လည်း အခွင့်အရေးမရသဖြင့် အချိန်ကြာသွားခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ် ရေးအဖွဲ့တာဝန်ရှိသူများထံပြောကြားကြောင်း သိရသည်။
စစ်ကောင်စီတပ်အတွင်းရှိသူများအနေဖြင့် အချိန်နောက်မကျသေးကြောင်း၊ ပြည်သူနှင့်အတူ ပူးပေါင်းပါ ဝင်ပေးကြရန်နှင့် ချင်းကာကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက်များတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များဖော် ပြထားပြီး အချိန်မရွေးဆက်သွယ်နိုင်ကြောင်း CDF – Matupi ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းသည်။
အကယ်၍ ပြည်သူနှင့်ပူးပေါင်းရန် ထွက်ခွာလာမည်ဆိုပါက လုံခြုံရေး၊ ကျန်းမာရေးမှစ၍ လိုအပ်သော အရာများကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီလက်အောင်တွင် လက်နက်ကိုင်တာဝန်ထမ်းဆောင်ခဲ့သူ လက်နက်မဲ့ ၁၅ ဦးနှင့် လက်နက် အပြည့်အစုံဖြင့် ကိုးဦး၊ စုစုပေါင်း ၂၄ ဦး CDF – Matupi ထံ ခိုလှုံခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် CDF – Matupi က ခလရ (၃၀၄) တပ်စခန်းဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စာတည်း။ ။စောဖေ
#ချင်းပြည်နယ်
#မတူပီမြို့
#CDF-Matupi
ပုံအညွှန်း - စစ်ကောင်စီတပ်သားများယူဆောင်လာသည့် လက်နက်ခဲယမ်းများ မြင်တွေ့ရစဥ်
ဓါတ်ပုံ - CDF - Matupi

👍28👏4👎2❤1😁1
တမူးမြို့နယ်တွင် လေဖြတ်နေသူ အပါအဝင် အရပ်သား ၂ ဦး အသတ်ခံရ
====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကလေဖြတ်နေသူ အပါအဝင် ဒေသခံအမျိုးသား နှစ်ဦးကိုသတ်ဖြတ်ကာ လူနေအိမ်များကို ဖျက်ဆီး၊ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း တမူးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
တမူးမြို့နယ် နန်းမွန်းတားနှင့် ခမိတ်ရွာက ဒေသခံနှစ်ဦးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။
ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက)၊ ခလရ (၈၉) မှ အင်အား ၂၀၀ ကျော် ခန့်ပါသည့် စစ်ကောင်တပ်ဖွဲ့ကို ကလေးမြို့မှ မလူသို့ ပို့ဆောင်ပြီးနောက် ယင်းမှ တမူးလမ်းတလျောက်စစ်ကြောင်းထိုးလာစဉ် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု တမူး ပအဖ အဖွဲ့ဝင်က ပြောသည်။
“နန်းမွန်းတားရွာက လေဖြတ်နေတဲ့သူကို သူ့အိမ်မှာပစ်သတ်သွားတယ် ၊ ခမိတ်က သူကိုတော့ ခါး ၊လက် ၊ ပေါင်တွေမှာ သေနတ်နဲ့ပစ်ပြီး အလောင်းကို လမ်းမပေါ် ပစ်ထားခဲ့တာ” ဟု တမူးမြို့နယ် အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ဝင် တဦးက မဇ္စျိမ ကို ပြောသည်။
အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာလ ၉ ရက်နေ့တွင် နန်းမွန်းတားရွာသို့ ဝင်ရောက်ပြီး လေဖြတ်ကာ မသန်စွမ်းဖြစ်နေသူ အသက်(၄၈) နှစ်အရွယ် ဦးသောင်းခိုရန်းကို ၎င်းနေအိမ်တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ခမိတ်ရွာသို့ဝင်ရောက်လာစဉ် စစ်ကြောင်းကို ကြောက်လန့်ပြီး ထွက်ပြေးသူ နှစ်ဦးအား ပစ်ခတ်ရာ အသက် (၂၉) နှစ်အရွယ် ကိုသားငယ်၏ ခါး ၊ လက်နှင့် ပေါင်တို့တွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားသည်။
၎င်း၏ ရုပ်အလောင်းကို လမ်းမပေါ်စွန့်ပစ်ထားခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီးချိန်မှ ကောက်ယူသင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
အိမ်ခြေ ၂၆၀ ခန့်ရှိသည့် ခမိတ်ရွာကို နံနက် ၆နာရီမှ ဝင်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒေသခံများကို စာသင်ကျောင်းတွင် စုဝေးစေကာ ရွာအတွင်းရှိ အိမ်ခြေ ၂၁၀ ခန့် ကို ဖျက်ဆီးဝင်ရောက်ပြီး ရွှေ ၊ ငွေနှင့် အဖိုး တန်းပစ္စည်းများယူဆောင်သွားခဲ့ကြောင်း တမူး (ပအဖ) က ပြောသည်။
ယင်းအပြင် ခမိတ်ရွာမှ ရွာသားနှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားရာ စက်တင်ဘာလ ၁၁ ရက် ယနေ့ နံနက်ပိုင်း အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဆိုသည်။
ထိုစစ်ကောင်စီတပ်သည် နယ်မြေခံ ပျူစောထီးများဖြင့် ဒေသတွင်း ဖြန့်ကျက် စစ်ကြောင်းထိုးလာနေခြင်းဖြစ်ပြီး တမူးခရိုင်၊ ပြည်သူ့ခရိုင်တပ်ရင်း (၁) နှင့် စက်တင်ဘာလ ၆ ရက်နေ့မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေသည့်အပြင် ဒေသတွင်းရှိ အခြားကာကွယ်ရေးတပ်ဖွဲ့ များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စက်တင်ဘာလ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် ရရှိသော သတင်းများအရ အဆိုပါ စစ်ကောင်စီတပ်သည် ပန်းသာ (ပျူစောထီး) ရွာတွင် ဝင်ရောက်တပ်စွဲနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။
လက်ရှိမှာ တမူးမြို့နယ်အတွင်း နှစ်ဘက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြရန် တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။
စာတည်း။ ။ နောင်နောင်
#တမူး
#အရပ်သားနှစ်ဦး
#လေဖြတ်သူသတ်ဖြတ်
#CDF
#Mizzima
ဓာတ်ပုံ- စစ်ကောင်စီတပ်သားများကို တွေ့ရစဉ် (ပုံဟောင်း)

👍8🤬3❤1😢1💩1
ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ချင်းကာကွယ်ရဲဘော်၂ ဦး နောက်တန်းတွင် ကျဆုံး
================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း နောက်တန်းတွင်ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwa က စက်တင်ဘာလ ၁၆ ရက် ယမန်နေ့က ထုတ်ပြန်သည်။
ရဲဘော်နှစ်ဦးသည် ၎င်းတို့သစ္စာပြုသော ချင်းလဲန်းနှင့် ချင်းလူမျိုးအတွက် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးသွားကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆလိုင်းမောင်မောင် (၂၅ နှစ်) သည် ဩဂုတ်လ ၃ ရက်နေ့တွင်လည်းကောင်း၊ ဆလိုင်းဧနောက် (၁၉ နှစ်) သည် ဩဂုတ်လ ၈ ရက်နေ့တွင်လည်းကောင်း CDF – Paletwa နောက်တန်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။
“သူတို့က ရောဂါအခံတွေကြောင့်လည်းပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခွဲစိတ်နိုင်တဲ့အဆင့်ထိ မရှိတာရယ် ၊ ဆေးရုံပို့ရမယ့်ခရီးကကြာတာကြောင့်လည်း ပါတယ်” ဟု CDF – Paletwa ခေါင်းဆောင် တဦးက မဇ္စျိမကိုပြောသည်။
၎င်းရဲဘော်နှစ်ဦးသည် တပ်ဖွဲ့မှပြုလုပ်နေသည့် ကွန်မန်ဒိုသင်တန်း တက်ရောက်နေသူများဖြစ်ကြောင်း ဆိုသည်။
တော်လှန်ရေးအတွက် ၎င်းတို့၏ပေးဆပ်မှုအပေါ် တပ်ဖွဲ့မှလေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသား စုနှင့်ထပ်တူ ဝမ်းနည်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ပြီး စစ်မှန်သောပြည်သူအစိုးရတရပ် ပေါ်ပေါက်လာစေ ရေးအတွက် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူများ၏ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာ ကွယ်ရေးကိစ္စရပ်များကို အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း CDF – Paletwa ခေါင်းဆောင်က ဆက်ပြောသည်။
တောခိုပြီး လက်နက်ကိုင်တိုက်ခိုက်ရေးလုပ်ငန်းတခုသာမျှ မဟုတ်သောကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးလုပ်နေသည့် အဖွဲ့အစည်းဒေသများတွင် ပါဝင် မလုပ်ဆောင်နိုင်သော်လည်း တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် တပ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ယင်း ယနေ့အချိန်အထိ CDF – Paletwa မှ ရဲဘော် ကိုးဦး အသက်စွန့်လွှတ်ခဲ့ပြီးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#ချင်းပြည်နယ်
#CDF-Paletwa
#ကျန်းမာရေးစောင့်ရှောက်မှု

😢16👍7❤1🔥1
စစ်ကောင်စီတပ်သား ၂ ဦး ခဲယမ်းများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ခိုလှုံ
=================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားနှစ်ဦး လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် ခိုလှုံ လာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တပ်ရင်း(၂)က ယနေ့စက်တင်ဘာလ ၂၄ ရက်တွင်ထုတ် ပြန်သည်။
မတူပီအခြေစိုက် စစ်ဗျူဟာရုံးမှတပ်သားနှစ်ဦးဖြစ်သော ရဲဘော်မိုးအောင်နှင့် ရဲဘော်တိုးနိုင်ဝေတို့ စက်တင်ဘာလ ၁၈ ရက်နေ့က ခိုလှုံဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“တပ်တွင်းမှာ ဖိအားတွေ တအားပေးတယ်။ လစာလည်း အပြည့်မပေးဘူး။ စစ်အာဏာရှင် လက်အောက် မနေချင်တော့ပဲ ပြည်သူတွေနဲ့အမှန်တရားအတွက် ရပ်တည်ချင်တော့တဲ့အတွက် ထွက်လာခဲ့တာလို့ပြော တယ်” ဟု စစ်ကောင်စီတပ်သားများဝန်ခံချက်ကို CDF–Matupi တပ်ရင်း(၂) တာဝန်ရှိသူက မဇ္စျိမကိုပြော သည်။
စစ်ကောင်စီတပ်သားနှစ်ဦးသည် ၎င်းတို့နှင့်အတူ လက်ပစ်ဗုံး နှစ်လုံး၊ MA ကျည်ဆံ ၁၂၂ တောင့် ယူဆောင် လာခဲ့ကြောင်း သိရသည်။ သေနတ်ပါမလာသည့်အတွက် တပ်ဖွဲ့မှသတ်မှတ်ထားသော ကျပ်သိန်း ၆၀ မချီးမြှင့်နိုင်သော်လည်း ၎င်းတို့လိုအပ်သော အသုံးအဆောင်အဝတ်အထည်များဝယ်ပေးပြီး လွတ်မြောက် နေရာသို့ ပို့ဆောင်ပေးရန်တာဝန်ယူထားကြောင်း ဆိုသည်။
မတူပီမြို့တွင် စစ်ဗျူဟာရုံးထိုင်ထားပြီး ၎င်းလက်အောက်တွင် ခလရ(၃၀၄)နှင့် ခလရ(၁၄၀) တပ်ရင်း နှစ် ရင်းရှိပြီး CDF–Matupi တပ်ရင်း(၂)ထံ စစ်ကောင်စီတပ်သားခုနစ်ဦး လာရောက်ခိုလှုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အာဏာရှင်တိုက်ဖျက်သည့်တော်လှန်ရေးတွင် လူငယ်များအနစ်နာခံ လုပ်ကိုင်ဆောင်ရွက် နေချိန်တွင် စစ်ကောင်စီလက်အောက်မှ တပ်သားများအနေဖြင့် ပြည်သူဖက်ရပ်တည်ပြီး ၎င်းတို့နှင့် အမြန် ဆုံးလာရောက်ပူးပေါင်းရန် တပ်ရင်း(၂) တာဝန်ရှိသူက ဖိတ်ခေါ်ထားသည်။
ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မတူပီအခြေစိုက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်တို့ သေနတ်နှစ်လက်ဖြင့် CDF–Matupi ထံ ခိုလှုံလာသဖြင့် တဦးလျှင်ကျပ်သိန် ၆၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားနှင့်ခဲယမ်းများ
ဓါတ်ပုံ - CDF – Matupi တပ်ရင်း (၂)
#ချင်းပြည်နယ်
#မတူပီမြို့နယ်

👍18😁1
ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် ၂ နေရာ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
====================
ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက် လက်) CDF – Kanpetlet က ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။
ကန်ပက်လက်မြို့တွင် အင်အား ၃၀ ဖြင့် တပ်စွဲထားသော ထွေအုပ်ရုံးကို ယမန်နေ့ နံနက် ၆နာရီ မှ ၁၁ နာရီထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိသည်ဟု သိရသည်။
တဖန် စစ်ကောင်စီ တပ်အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ပညာရေးမှူးရုံးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် သား သေဆုံးဒဏ်ရာရရှိမှုကို အတည်မပြုနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ထွေအုပ်ရုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားသေတာက ကျနော်တို့က စနိုက်ပါနဲ့ပစ်ခဲ့တာပါ ။ အဲဒီနောက် အနီးဆုံး ကတုတ်ကျင်းအထိ ချည်းကပ်နိုင်ခဲ့ကြတယ်။ လက်နက်ချဖို့ အော်ဟစ်ပြော ဆိုခဲ့ပေမဲ့ အသေခံပြီး တောင့်ခံခဲ့ကြတယ်။ တပ်စွဲထားတဲ့အထဲက ငိုသံတွေလည်း ကြားခဲ့ကြတယ်” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း က မဇ္စျိမ ကိုပြောသည်။
အဆိုပါထွေအုပ်ရုံးကို သိမ်းယူနိုင်ရန်အခွင့်အရေးရခဲ့သော်လည်း လက်လုပ် လက်နက်ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူများ မရှိ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။
ပညာရေးရုံးမှူးတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများက အဆင်သင့်နေရာယူထားသဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သော်လည်း သေဆုံးမှုကို အတည်မပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
ကန်ပက်လက်မြို့တွင် တိုက်ခိုက်ခဲ့သည့် နှစ်နေရာအပြင် စစ်ကောင်စီတပ်သည် အထက(၁)ကျောင်းတွင် အင်အား ၇၀ ၊ ရဲစခန်းတွင် ရဲအင်အား ၃၀ ၊ ရန်အောင်စေတီကုန်းနှင့် ဘုန်းကြီးကျောင်းတွင် ၅၀ခန့်ဖြင့်တပ်စွဲထားပြီး တိုက်ခိုက်ချိန်တွင် ၎င်းနေရာများမှ စစ်ကူမလာ ရောက်နိုင်စေရန် လမ်းကြောင်း များကို ကာကွယ်ရေးတပ်ဖွဲ့မှ ပိတ်ဆို့ထားခဲ့ကြောင်း တပ်မဟာမှူးက ဆက်လက် ပြောဆိုသည်။
တိုက်ပွဲနှစ်ခုစလုံးတွင် ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိကြောင်း CDF – Kanpetlet က ထုတ်ပြန်ချက်တွင်အသိပေးထားသည်။
CDF – Kanpetlet တပ်ဖွဲ့သည့် တိုက်ပွဲပေါင်း ၁၅၀ ကျော် ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအချို့အပါအဝင် အနည်းဆုံး ၂၀၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကာ ၎င်းတို့ဘက် မှ တပ်ဖွဲ့ဝင် ၁၆ဦး ကျဆုံးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ယခုအချိန်တွင် ပြောက်ကျားစခန်းမှ တန်ပြန်ထိုးစစ်များစတင်နိုင်ရန်နှင့် စစ်ကောင်စီ တပ်အထိုင်စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် လိုအပ်သော လက်နက် ကြီး၊ ငယ်များနှင့် ကျည်ဆန်များ ဖြည့်တင်းနိုင်ရေးအတွက် “ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း” ခေါင်းစဥ်ဖြင့် ရန်ပုံငွေ ကျပ်သိန်း ၅၀၀,၀၀၀,၀၀၀ (သိန်းငါးထောင်) ကမ်ပိန်းပြုလုပ်လျက်ရှိကြောင်းသိရသည်။
ဩဂုတ်လ ၃၁ရက်နေ့မှ အောက်တိုက်ဘာ ၁၅ရက်အထိ ၄၅ ရက်အကြာပြုလုပ်မည် ဖြစ်သော အဆိုပါကမ့်ပိန်းတွင် စက်တင်ဘာလ ၂၈ရက် ယနေ့အထိ ကျပ် ၁၂၀,၀၀၀,၀၀၀(သိန်း၁,၂၀၀) ခန့်သာရရှိသေးသဖြင့် ရာခိုင်နှုန်းပြည့်မီရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းအာရုံစိုက်ပေးစေလိုကြောင်း တပ်မဟာမှူးက မေတ္တာရပ်ခံထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - CDF – Kanpetlet ရဲဘော်များ
ဓါတ်ပုံ။ - CDF – Kanpetlet
#Mizzima
#CDF – Kanpetlet

👍11❤6😁2
ကန်ပက်လက်မြို့အဝင် မုခ်ဦးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့အလံ လွှင့်ထူ
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ အဝင် မုခ်ဦးတွင် ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အလံကို လွှင့်ထူနိုင်ခဲ့ကြောင်း CDF – Kanpetlet က စက်တင်ဘာလ ၂၈ရက်တွင် ထုတ်ပြန်သည်။
ကန်ပက်လက်မြို့အဝင်ရှိ “လောက်နူးမြေ ကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏” ဟု ရေးသားထားသည့် မုခ်ဦးတွင် CDF - အလံနှင့် ချင်းပြည်နယ်အလံ လွှင့်ထူထားခြင်းကို ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်လာခြင်း ဖြစ်သည်။
“ကိုယ့်မြို့ကိုယ် စိုးမိုးတော့မယ်လို့ နိမိတ်ပြလိုခြင်းဖြစ်တယ် ။ ကိုယ်မြို့ကိုယ်ပိုင်တယ်ဆိုတာ ပြသလိုခြင်းဖြစ်တယ်။ လူသူမနေတော့တဲ့ မြို့ပျက်ကြီးလိုဖြစ်နေတဲ့ ကန်ပက်လက်မြို့လေးကို ကျနော်တို့ ပြန်ပိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု အလံလွှင့်ထူခြင်းနှင့် ပတ်သက်၍ CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမကိုပြောသည်။
ကန်ပက်လက်မြို့ကို ပြန်လည်ပိုင်ဆိုင်လိုပြီး ယခင်ကဲသို့ ပြန်လည်စိုပြေကာ စည်စည်ကားကားပြန်ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။
ယခု အလံလွှင့်ထူသည့် မုခ်ဦးနေရာနှင့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးရုံးသည် တမိုင်ခွဲခန့် အကွာအဝေးရှိကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်၏ နယ်မြေ ၉၀ရာခိုင်နှုန်းကို CDF – Kanpetlet အနေဖြင့် စိုးမိုး ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့တွင် အနည်းငယ် တပ်စွဲထားကြောင်း CDF – Kanpetlet တပ်မဟာမှူးက ဆက်ပြောသည်။
စစ်ကောင်စီတပ်နှင့် ယင်းတို့နှင့်ဆက်နွှယ်နေသောသူများအောက်တွင် မည်သည့် ပြည်သူမျှ နေထိုင်လိုခြင်းမရှိသောကြောင့် ဒေသကို စွန့်ခွာသွားကြသည်ကို သိရှိနားလည်အမြင်မှန်ရပြီး စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်က ရပ်တည်၍ ပြည်သူများနှင့် ပူးပေါင်းရန် လိုအပ်ကြောင်းဆိုသည်။
CDF – Kanpetlet အနေဖြင့် မြို့ကိုဆက်လက်ထိန်းချုပ်နိုင်ရန် လိုအပ်နေသော ခဲယမ်းများဖြည့်တင်းနိုင်ရေးအတွက် ဩဂုတ်လ ၃၁ရက်မှ အောက်တိုဘာ ၁၅ရက်အထိ “ဝိတိုရိယ သူရဲ ကောင်း စုပေါင်းအားသစ်လောင်း” ခေါင်းစဥ်ဖြင့် ရန်ပုံငွေ ကျပ် ၅၀၀,၀၀၀,၀၀၀(သိန်းငါးထောင်) ကမ်ပိန်းပြုလုပ်နေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ကန်ပက်လက်မြို့နယ်အတွင်း ခုခံစစ်များ ဆင်နွှဲခဲ့ရာ လက်နက်မပြည့်စုံသဖြင့် CDF – Kanpetlet တပ်ရင်း(၂) ၏ စခန်း အား သုံးကြိမ် နှင့် တပ်မဟာဌာနချုပ်အား တကြိမ် လက်လွှတ်ခဲ့ရကာ ရဲဘော် ၁၆ဦး အသက်ပေးခဲ့ရကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၁၅၀ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ အချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀၀ခန့် ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး ယခုအချိန်သည် ပြောက်ကျားစစ်မှ ထိရောက်သောထိုးစစ် ပြုလုပ်နိုင်ရေးနှင့် အထိုင်စခန်းများ သိမ်းယူနိုင်ရေးအတွက် မိဘပြည်သူများနေဖြင့် ရန်ပုံငွေကမ့်ပိန်းတွင် ပါဝင်ပေးကြပါရန် ဖိတ်ခေါ်ထားသည်။
စက်တင်ဘာလ ၂၇ရက်နေ့ကလည်း ကန်ပက်မြို့ရှိ အထွေထွေဦးစီးမှူးရုံးနှင့် ပညာရေးမှူးရုံးတို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Kanpelet တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ကန်ပက်လက်မြို့
#CDF–Kanpelet
ပုံအညွှန်း - မြို့အဝင်မုခ်ဦးတွင်း ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးအလံ လွှင့်ထူထားစဥ်
ဓါတ်ပုံ - CDF - Kanpetlet

Facebook
#ချင်းပြည်နယ် – Explore
explore #ချင်းပြည်နယ် at Facebook
👍12❤8🔥1
CDF – Mindat ကို သေနတ် ၄၀ နှင့် ခဲယမ်းများထောက်ပံ့
=====================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat တပ်ဖွဲ့သို့ အလှူရှင်သုံးဖွဲ့ပူးပေါင်းပြီး သေနတ် ၄၀ လက်အပါအဝင် ကျည်ဆန် ၊ ကျည်ဘောက်များ လှူဒါန်းခဲ့ကြောင်း International Mindat K'Cho Organization (IMCO) အဖွဲ့ က အောက်တိုဘာ ၂ရက်နေ့တွင် ထုတ်ပြန်သည်။
အလှူရှင် သုံးဖွဲ့ဖြစ်သော International Mindat K'Cho Organization (IMCO)၊ Heal the world နှင့် CEA(Norway) တို့မှပူးပေါင်းဝယ်ယူခဲ့သော AK47 သေနတ် ၄၀လက် ၊ ကျည် ၁၂,၀၀၀ တောင့် နှင့် ကျည်အိမ် ၁၂၀ တို့ကို CDF – Mindat ထံသို့ စက်တင်ဘာလ ၂၈ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မင်းတပ် အတွက် AK – 47 သေနတ် ၅၀ လက် ၊ကျည် ၁၅,၀၀၀ ၊ ကျည်အိမ် ၁၅၀ ဝယ်ယူတပ်ဆင်ပေးမည့် ပရောဂျက် ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၈၅,၀၀၀ (တစ်သိန်းရှစ်သောင်းငါးထောင်) ကုန်ကျစရိတ်အတွက် ရန်ပုံငွေများရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းပရောဂျက်အတွက် ကံစမ်းမဲထီလက်မှတ်ရောင်းချခြင်းဖြင့် ဒေါ်လာ ၇၀,၀၇၂ ဒသမ ၇၁ ရရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်အရ ဖြည့်ဆည်းခဲ့ရသဖြင့် ၅၈,၇၄၉ ဒသမ ၄၀ ကို အသုံးပြုခဲ့ပြီး လိုအပ်သောငွေများမှာ IMCO အဖွဲ့ဝင်များထံမှ လစဥ်ကြေးကောက်ခံခြင်း ၊ ဒေါက်တာအငြိမ်း ဦးဆောင်သော Heal the World နှင့် CEA (Norway) တို့မှ ဒေါ်လာ ၃၅,၀၀၀ အားဖြည့်ကူညီပါဝင်ခဲ့ကြောင်း သိရသည်။
ပရောဂျက်လက်ကျန် AK-47 သေနတ် ၁၀ လက်၊ ကျည် ၃,၀၀၀ တောင့်၊ကျည်အိမ် ၃၀ ခုကိုလည်း မကြာမီ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။
“အားဖြည့်ပေးတဲ့ နိုင်ငံခြားရောက်ချင်းလူမျိုးတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တာဝန်ကျေကြောင်းပြောချင်ပါတယ်။ တော်လှန်ရေးက လက်နက်ကိုင်မှ တော်လှန်ရေး လုပ်နေတာမဟုတ်ပါဘူး ၊ ကျရာကဏ္ဍကပေးဆပ်နေကြရတာ ၊ တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင် ကျနော်တို့ချင်းတွေ ဘာမဆို လုပ်နိုင်ပါတယ်” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်နိုင်တမ်း က မဇ္စျိမ ကို ပြောသည်။
အခု အသစ်ရောက်လာတာတင်မကဘဲ မကြာသေးမီကလည်း CDF – Mindat ဗဟိုမှ လက်နက်ခဲယမ်းဖြည့်တင်းထားပြီး အသစ်တဖန်ပြင်ဆင်မွမ်းမံထားတဲ့ သင်တန်းဆင်း ရဲဘော်များလည်း စိတ်ဓာတ်တက်ကြွနေကြောင်းဆိုသည်။
မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်သား အင်အား ၄၀၀ခန့်နှင့် စစ်ကြောင်းထိုးလာသည်များရှိလာသော်လည်း ၎င်းတို့တွင် ကျည်အလုံလောက်ရှိပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ကိုကျော်ပြီး ချင်းပြည်သူတွေဆီကို ရောက်ရန်မဖြစ်နိုင်ကြောင်း ဆလိုင်းနိုင်တမ်းက ဆက်ပြောသည်။
အဆိုပါပရောဂျက်ဖြစ်မြောက်ရေးအတွက် ကံစမ်းမဲ ထီလက်မှတ်ဝယ်ယူအားပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ ၊ ဒေါက်တာအငြိမ်းဦးဆောင်သော Heal the World အဖွဲ့သားများ ၊ CEA (Norway) အဖွဲ့သားများ ၊ လက်နက်များဝယ် ယူရာတွင် အကူအညီပေးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ခံပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိ ကြောင်း IMCO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် လက်နက်များကို ဘေးကင်းလုံခြုံစွာ သယ်ယူခဲ့သည့် CDF – Mindat ရဲဘော်များ ၊ IMCOမြောက်အမေရိက ၊ ဩစတြေးလျပြည်နယ်များနှင့် နိုင်ငံအလိုက် အီးစီလူကြီးများ ၊ လစဥ်ကြေးထည့်ဝင်ကြသော အသင်းသားများနှင့် လက်နက်များကို K’Cho ချင်းရိုးရာထုံးစံဓလေ့နှင့်အညီ အပ်နှံခဲ့သည့် ပွဲအတွက် လိုအပ်သော နွားနောက် သုံးကောင်ကို လှူဒါန်းခဲ့ကြသည့် IMCO ဩစတြေလျ ၊ IMCO (ဦးအွမ်ဖေ - အမေရိကန်၊ IMCO ဥရောပတို့မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးတူမီး သေနတ်ကိုင်ပြီး တော်လှန်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ပထမဆုံးတိုက်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် ည ၉ နာရီဝန်းကျင်တွင် ကန်ပက်လမ်းခွဲ၊ စံပြမြို့မ ထမင်းဆိုင်နား၊ ထွေအုပ်ရုံး၊ မီးသတ်ကုန်း၊ မောင်းတံဂိတ် စသည်ဖြင့် တမြို့လုံးအနှံ့ စစ်ကောင်စီတပ်ဖွဲ့များကို တူမီးသေနတ်ဖြင့် တွေ့သည့်နေရာမှပစ်ခဲ့ရာက စတင်ခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် ရဲတဦး၊ စကစတပ်သား တဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ငါးယောက်ဝန်းကျင်ရှိကြောင်း သိရသည်။
၂၀၂၁ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း မောင်းပြန် ခြောက်လက်နှင့် တူးမီးအများစုပါဝင်ခဲ့သော မင်းတပ်ကာကွယ်ရေး အဖွဲ့သည် စစ်ကောင်စီတပ်သား ၁၀၀ကျော်ပါသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ယာဥ် ခုနစ်စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများသည် CDF-မင်းတပ်အဖွဲ့၏ တူမီးတော်လှန်ရေးအစလည်း ဖြစ်ပြီးယခုအခါ လက်နက်ခိုင်မာတောင့်တင်းသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုအဖြစ် ရှိနေပြီလည်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မင်းတပ်မြို့နယ်
#CDF
#IMCO
ပုံအညွှန်း - အခမ်းအနားဖြင့် လက်နက်များ ပေးအပ်နေစဥ် (ဓါတ်ပုံ - International Mindat K'Cho Organization)

👍32❤2🔥1😁1
တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်သား CDF ထံ ခိုလှုံ
================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းစစ်ကောင်စီတပ်စခန်းမှ တပ်သားတဦး ခိုလှုံလာကြောင်း CDF – Civic Defense Militia (CDM – Siyin) တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၂၂ရက်တွင် ထုတ်ပြန်သည်။
ခလရ (၂၆၉) မှ ရဲဘော် ကိုစိုင်းဇော်ထွေး ဆိုသူသည် အောက်တိုဘာလ ၂၀ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံလာခြင်း ဖြစ်သည်။
“ကျနော်တို့ တင်တဲ့ပို့စ်တွေကိုတွေ့ပြီး ရအောင်ခိုးထွက်လာတာပါ ။ လက်နက်တော့ ပါမလာဘူး” ဟု CDF - CDM – Siyin တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားသည် တပ်အတွင်း နေထိုင်လိုခြင်းမရှိသောကြောင့် ထွက်ပြေးရန် သုံးကြိမ်တိုင် ကြိုးစားခဲ့ပြီး ယခုအကြိမ်တွင်အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ကိုစိုင်းဇော်ထွေးသည် အသက် ၃၁နှစ် အရွယ်ရှိပြီး ၂၀၁၈ ခုနှစ်တွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ကို စွန့်ခွာ၍ ခိုလှုံလာသည့်အပေါ် အားရကျေနပ်မှုအပြည့်ဖြင့် ကြိုဆိုသည့်အပြင် လွတ်မြောက်နယ်မြေသို့ ရောက်သည်အထိ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် လိုလေသေးမရှိ ကိစ္စအဝဝကို စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် တဖက်နှင့် တဖက် မနစ်နာရေးအတွက် ပြည်သူ့ဘက်သို့ အချိန်မီ ခိုလှုံကြရန်နှင့် တတ်နိုင်သည့်ဘက်မှ အကူအညီများ ပေးမည်ဖြစ်ပြီး ကြိုဆိုဖိတ်ခေါ်နေပါကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
အကယ်၍ လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာပါက ကျပ် ၅၀၀၀,၀၀၀(သိန်းငါးဆယ်) နှင့်အထက်မှ ပစ္စည်းအမျိုးအစားနှင့် အရေအတွက်ပေါ် မူတည်၍ နောက်ထပ်ဆုငွေများလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်အထိ CDF - CDM – Siyin တပ်ဖွဲ့ထံသို့ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် အဖွဲ့ဝင် ၁၀ဦးအထက် ဝင်ရောက်ခိုလှုံခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#ချင်းပြည်နယ်
#တီးတိန်မြို့နယ်
#CDF
ပုံအညွှန်း - CDF ထံသို့ဝင်ရောက်ခိုလှုံလာသူ (ဓါတ်ပုံ - CDF-CDM–Siyin)

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍7
လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအတွင်းသို့ နိုဝင်ဘာ၂၈ရက် ယနေ့တွင် ဝင်ရောက်ခိုလှုံခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
လိုင်လင်းပီမြို့တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ခမရ(၃၀၄) လက်အောက်ခံ စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၉ရက် ည ၉ နာရီကျော်မှ စတင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ရက်နေ့တွင် သိမ်းပိုက်ရခဲ့ကြောင်း သိရသည်။
စခန်းကိုစွန့်ခွာပြီး တောထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေရာမှ ယခုကဲ့သို့ အိန္ဒိယနိုင်ငံ ၊ ဆိုင်ဟားခရိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
“လူအယောက် ၃၀မှာ ဒဏ်ရာရထားတဲ့ သုံးယောက်ကို တံပိုးနဲ့ထမ်းပြီး ဒီနေ့မနက်ပိုင်းက အာသံရိုင်ဖယ်တပ်မှာ ဝင်ရောက်သွားတယ်၊ အဲဒီကနေတဆင့် နေလယ် ၁နာရီမှာ ဗျူဟာမှူးထိုင်တဲ့နေရာကို ထပ်ပို့တယ်လို့ သိရတယ်” ဟု CDF – Mara တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
၎င်းတို့နှင့်အတူ စစ်ကောင်စီတပ်သားများကိုင်ဆောင်သည့် မောင်းပြန်ရိုင်ဖယ် ၂၉လက်နှင့် ပစ္စတိုတလက်တို့ကိုအပ်နှံပြီး ၎င်းတို့၏ စခန်းကိုဝင်တိုက်စဥ် မိသားစုအရေး စိုးရိမ်သည့်အတွက် လက်နက်မချခဲ့ခြင်းဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်နှင့် နီးစပ်သူထံက သိရသည်။
ဝင်ရောက်ခိုလှုံလာသည့် စစ်ကောင်စီတပ်သားများကို မွန်းလွဲ ၁နာရီအချိန်တွင် အာသံ ရိုင်ဖယ်ဗျူဟာမှူးရုံးထိုင်သည့် ဆိုင်ဟားခရိုင် သွီပန်းရွာသို့ ကားဖြင့်ပို့ဆောင်သည်ဟု ၎င်းက ဆိုသည်။
လိုင်လင်းပီစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားများ ဖွက်ထားသည့် လက်နက်ကြီး ငါးလက် ထပ်မံသိမ်းဆည်းရခဲ့ကြောင်း CDF – Mara တာဝန်ရှိသူက ဆက်ပြောသည်။
ငါးရက်အကြာ တိုက်ခိုက်ခဲ့ရသည့် လိုင်လင်ပီစခန်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး စိုးထိုက်အပါအဝင် ရုပ်အလောင်းသုံးလောင်းတွေ့ရှိရပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့ က နိုဝင်ဘာ ၂၅ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၁၀ကြိမ်ထက်မနည်း လာရောက်ပြီး ၂၉ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅၀အရွယ် ဒေသခံအမျိုးသားသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကာ လူနေအိမ် ၁၆လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“သူတို့ကညှိထားပြီးသားဖြစ်မှာပါ ၊ ဒီဖက်ကနေ သူတို့ကို ပြန်ပို့မှာလို့ပဲထင်တယ် ၊ အရေးယူတာတွေ လုပ်မှာမဟုတ်ပါဘူး” ဟု မီဇိုရမ်ပြည်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တဦးက သုံးသပ်ပြောဆိုသည်။
အိန္ဒိယ - မြန်မာနယ်စပ်မျဥ်းအနီးရှိ စစ်ကောင်စီတပ်သားများ စခန်းလက်လွှတ်ရပါက အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံရန် ၎င်းတို့ကိုအသိပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။
နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သော တမူးမြို့နယ် ဝိတုတ် ၊ခါမ်းပါတ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါရ် နှင့် သီးဘွာလ်စခန်းများကို တော်လှန်ရေးတပ်သားများက တိုက်ခိုက်စဥ် ယင်းစခန်းများရှိ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရပြည်နယ်အတွင်းသို့ဝင်ရောက်ခိုလှုံခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးမသီရန်မခ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တမူးမြို့နယ်
#မတူပီမြို့နယ်
#CDF
Website Link - https://www.mizzimaburmese.com/article/136042

👍9👏2😁2❤1🔥1
မတူပီမြို့အဝင်ဂိတ်ကို CDF တိုက်ခိုက်၍ ၇ ဦးသေပြီး သေနတ် ၃ လက်ရရှိ
=====================
ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မတူပီမြို့အဝင်ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအား CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းရရှိခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီတာဝန်ရှိသူ မဇ္ဈိမကို အတည်ပြုသည်။
အင်အား ၂၀ ခန့် တပ်စွဲနေရာယူထားသော မြို့ဝင်ဂိတ်ကို CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းပြီး ကာကင်းစခန်းကို သိမ်းယူခြင်နိုင်ခြင်းတော့ မရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“မတူပီမြို့အဝင် ဂိတ်ပါ၊ အဲ့ဂိတ်မှာ စစ်ကောင်စီတပ်အင်အားက ၂၀ လောက်ရှိပါတယ်၊ အဲ ကာကင်းစခန်းကို သိမ်းယူနိုင်တာတော့မရှိဘူး၊ စစ်ကောင်စီတပ်ဘက်က ခုဦးသေဆုံးတာကို မျက်မြင်တွေ့ ရှိသလို တပ်တွင်းသတင်းကိုလည်း ပြန်လည်အတည်ပြုရတာပါ” ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော MA-3 သေနတ်နှစ်လက်၊ MA-5 ပစ္စတိုတလက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း CDF - မတူပီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်မှု ၎င်းတို့၏ တပ်စခန်းတိုက်ခိုက်ခံရမှုနှင့် တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း CDF ၏ ထုတ်ပြန်ချက်အပေါ် တစုံတရာ တုံ့ပြန်ခြင်း၊ ထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။
ထိုတိုက်ပွဲအတွင်း မတူပီမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၂၇၄) တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲနေရာဘက်သို့ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် ရဲသားများအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်ကလည်း မတူပီ-ဟားခါးလမ်းပေါ်သို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ချင်းလဲန်းကာကွယ် ရေးတပ်ဖွဲ့-မတူပီမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ပုံအညွှန်း ။ ။ မတူပီမြို့အဝင်ရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းတိုက်ခိုက်မှုတွင် သိမ်းဆည်းရရှိထားသော လက်နက်များနှင့် CDF- Matupi တပ်ဖွဲ့ဝင်များ၊ Photo- (CDF- Matupi)
စာတည်း။ ။ နောင်နောင်
#မတူပီ
#မြို့အဝင်ဂိတ်

👍23❤4😁3👏2
https://www.youtube.com/watch?v=oBJAtRgZFbI
CDF ဟားခါးက မူးယစ်ဆေးသယ်တယ်ဆိုတဲ့ ဗီဒီယိုအတု

YouTube
CDF ဟားခါးက မူးယစ်ဆေးသယ်တယ်ဆိုတဲ့ ဗီဒီယိုအတု
#Misinformation_Buster #Fake_News #Mizzima_Media #မဇ္ဈိမမီဒီယာ #CDF_Hakha #Old_Video #reels #shorts -----------------------------------------လွတ်လပ်တဲ့ မီဒီယ...
👍10
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၅ မတ် ၂၀၂၆ )
စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်နယ် ၊ ဖလမ်းမြို့ဖက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့်သေဆုံးကြောင်း CDF CDM – Siyin တပ်ဖွဲ့ ထံကသိရသည်။
♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ကလေး
#ဖလမ်းလမ်း
#CDF_CDM_Siyin
#ချင်းပြည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------

👍6😁2❤1🤮1