Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်အဖြစ် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခုဖွင့်ဖို့ ထိုင်းလွှတ်တော်မှာ တင်ပြ ဆွေးနွေး
========================

တိုက်ပွဲတွေကြောင့် မြန်မာပြည်က ထွက်ပြေးလာတဲ့သူတွေအတွက် အန္တရာယ်ကင်းမဲ့ဇုန်တစ်ခု ဖွင့်နိုင်ရေး Fair party အမတ် ကန်နာဝီ ဆစ်ဘ်ဆန် (Kanawee Suebsaeng) က ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌကို သြဂုတ်လ ၁ဝ ရက်နေ့က အကြံပြုတင်ပြခဲ့ပါတယ်။

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာစစ် ဘေး ဒုက္ခ‌သည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ထိုင်းအောက်လွှတ်တော် အစည်း အဝေးမှာတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်(Kannavee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

သူဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖောင်ဒေးရှင်းတွေ ထူထောင်ခဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၃၀၀,၀၀၀ ကျော်အတွက် ဘာတွေပြင်ဆင်ထားကြမလဲ…ဘာတွေ လုပ်ဆောင်လို့ ရသေးလဲဆိုတာ ထိုင်းဝန်ကြီးချုပ်ကနေ အထူးအလေးပေး ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်လို့ လွှတ်တော်အမတ် ကန်နာဝီ ကဆိုပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန် (Kanvee Suebsaeng) ရဲ့ တင်ပြချက်ထဲမှာ ထိုင်း-မြန်မာ နယ်စပ်က ပြည်သူတွေအတွက် လိုအပ်တဲ့ အကာအကွယ် တွေပေးနိုင် ရေး အတွက် အဓိက အချက် သုံးချက် ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ကန်နာဝီ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

ပထမအချက်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ အန္တရာယ်ကင်းဇုန်အဖြစ်သတ်မှတ်ဖို့ လူသားချင်းစာနာ ထောက် ထားမှုစင်္ကြန် (Humanitarian Corridor) တစ်ခုကို နှစ်နိုင်ငံ နယ်နမိတ်ထဲကနေ ၅ ကီလိုမီတာ အကွာအဝေး အညီအမျှ သတ်မှတ်ပေးဖို့ မြန်မာစစ်တပ်နဲ့ ဆွေးရန်လိုအပ်ကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။

အန္တရာယ်ကင်းဇုန် သတ်မှတ်ပေးနိုင်ရင် နယ်စပ်တလျှောက်က ထိုင်းနိုင်ငံသားတွေ ကြုံတွေ့ရမယ့် ဝန်ထုပ်ဝန်ပိုးတွေ လျော့နည်းသွားမယ့်အပြင် ထွက်ပြေးလာသူတွေအနေနဲ့လည်း အဲဒီနေရာမှာ လုံလုံခြုံခြုံနေနိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအဆင့်အနေနဲ့ နှစ်နိုင်ငံ သီးသန့်ဆွေးနွေးတာမဟုတ်ဘဲ နိုင်ငံပေါင်းစုံ ပူးပေါင်းဆွေးနွေးတာမျိုး လုပ်‌ဆောင်သင့်ကြောင့် တင်ပြခဲ့ပါတယ်။

အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယံ အထူးသံ တမန်ကတဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တလျှောက် “ဘေးကင်း‌ရေးဇုန်”(Safety Zone) ကို အမြန်ဆုံး အကောင် အထည်ဖော်ရေး တွန်းအားပေးသင့် တယ်လို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

တတိယအကြံပြုချက်ကတော့ အနာဂတ်ကာလမှာ အမျိုးသား လုံခြုံ ရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာမယ့် ထိုင်းဝန်ကြီးချုပ်အနေနဲ့ လူသားချင်း စာနာထောက်ထားမှုစင်္ကြန် (Humanitarian Corridor) ဖွင့်လှစ်နိုင်ရေး အတွက် မူဝါဒကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

မြန်မာဒုက္ခသည်တွေကို ကူညီရေးနဲ့ အန္တရာယ်ကင်းမဲ့ဇုန်ပေါ်ပေါက်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးပြီး အကူအညီတွေ ရယူဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ မြေပြင်နဲ့ဝေဟင်က မဆင်မခြင်ထိုးစစ်တွေကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်စလုံး ထိုင်းလူ့ဘောင် အသိုင်းအဝန်းကို ထိခိုက်စေခဲ့ကြောင်း၊ အဲဒီလူ သုံးသိန်း ထိုင်းနိုင်ငံထဲရောက်လာရင် သူတို့အားလုံးကို လက်ခံနိုင်ဖို့ အခြေအနေမရှိတာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံအတွက် စိန်ခေါ်ချက်တွေဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီပြဿနာတွေကို အဖြေရှာဖို့ ဝန်ကြီးချုပ်ထံ စာရေးသားတင်ပြဖို့လည်း Fair party အမတ် Kanawee Suebsaeng က အကြံပြုခဲ့ပါတယ်။

https://youtu.be/lp52CKO8V3o

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေ
=====================

အရေးပေါ်ကာလ သက်တမ်းတိုးပြီး နယ်မြေရှင်းလင်းရေး အရှိန်မြှင့်နေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ခုခံမှုတွေရှိနေတဲ့ ဒေသတွေမှာ လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ နေ့စဉ်တိုက်ခိုက် ပစ်ခတ်နေပါတယ်။

နိုင်ငံအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သြဂုတ် ၁၁ ရက်ကနေ ၁၂ ရက်နေ့အထိ ၂ရက်အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်လေးခုမှာ အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ နဲ့ ငါးမိုင်ခန့်အကွာ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆွန်တလာရွာထဲမှာလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး လေကြောင်းက တိုက်ခိုက်တဲ့အတွက် ဆွန်တလာရွာအနီး ရမ်ထလိုရွာက ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ်က တလိုင်းရွာကိုတော့ စစ်ကောင်စီတပ်က ဩဂုတ် ၁၁ ရက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဒီ့အတွက် ရှစ်လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ် ၁၁ ရက်မှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီး ဝက်လက်မြို့နယ် ပယ်သူကြီးရွာကို လက်နက်ကြီးနဲ့ ဝင်ရောက်လာလို့ လူတွေ ထွက်ပြေးချိန်မှာ ပစ်ခတ်တဲ့အတွက် လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ကရင်နီဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဖရူဆို-ဒီမော့ဆို လမ်းမကြီးဘက်မှာတော့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုရားကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တဲ့အကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၈၀ ကျော် ရှိနေတယ်လို့ သြဂုတ်လ ၁၀ ရက်မှာပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တွေရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကတော့ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှု ပိုမိုကျူးလွန်လာသလို ပြောင်ပြောင်တင်းတင်း အရှက် အကြောက်မဲ့ ကျူးလွန်တဲ့ အထောက်အထား တွေ့ရတယ်လို့ ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ထောက်ပြထားတဲ့ စစ်ရာဇဝတ်မှုတွေဟာ စစ်ကိုင်းနဲ့ ကရင်နီလို ဒေသတွေမှာတော့ နေ့စဉ် ကြုံတွေ့နေရတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။

https://youtu.be/GngOamOF-HM

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1🥰1👏1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 15 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍5😁1🍌1
​​အင်ဒိုနီးရှားတွင် အိမ်အကူနှင့် တက်ကြွလှုပ်ရှားသူများ အစာငတ်ခံ ဆန္ဒပြမှု စတင်
=======================

ခွဲခြားဆက်ဆံမှုများ၊ နိုင်ထက်စီးနင်း ပြုကျင့်ခြင်းများနှင့် အရှက်တကွဲ ဖြစ်ရခြင်းများ စသည့် ပြဿနများကို ဖြေရှင်းရေးအတွက် အိမ်အကူများအား အကာအကွယ်ပေးရေး ဥပဒေကြမ်းကို လွှတ်တော်အမတ်များက ၂၀၀၄ ခုနှစ်အတွင်း အဆိုပြုလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ပြင်ဆင်မွမ်းမံမှုများ ရှိကာ သုံးကြိမ်တိုင် ဦးစားပေး စာရင်းမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်
👍8🔥1😁1
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ ဒေသခံစစ်ရှောင်များအတွက် အကူအညီလိုအပ်နေသည််ဟု ရိက္ခာထောက်ပံ့ရေး ဆောင်ရွက်နေသည့် အဖွဲ့ဝင်များထံမှ သိရသည်။

“စစ်ရှောင်လူဦးရေ တနေ့ထက်တနေ့ များပြားလာနေပါတယ်။ ရိက္ခာထောက်ပံ့ကူညီမှုတွေ မရတာလည်း ငါးလ ခြောက်လလောက်ရှိပါပြီဗျ။ ဒါကြောင့်မို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာထောက်ပံ့မှုများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပန်းဆိုင် ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းမှ တာဝန်ခံ ကိုဖိုးဝိဒက ပြောသည်။
ဖရူဆိုမြို့နယ်တွင် စစ်ရှောင်ဦးရေ ပို၍များလာသည့်အပြင် လက်ရှိ သက်ကြီးရွယ်အိုနှင့် မွေးကင်းစ ကလေးငယ်များအတွက် အကူအညီလိုအပ်နေသည်ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်နေရသူများအတွက် ရိက္ခာများထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းနှစ်ခုက ဆောင်ရွက်နေသည်ဟု သိရသည်။

စစ်ဘေးရှောင်များသည် ၎င်းတို့ပိုင်သည့် နီးစပ်ရာ မြေကွက်များတွင် ပြန်လည်လုပ်ကိုင်၍ စားဝတ်နေရေးအတွက် ဆောင်ရွက်နေကြရပြီး စစ်ရှောင်အချို့မှာ လယ်ယာလုပ်ငန်းခွင်သို့ပင် ပြန်လည်လုပ်ကိုင်စရာ မရှိတော့သည်အထိ မီးရှို့ဖျက်ဆီးခံလိုက်ကြရသည်ဟု ဆိုသည်။

"အခု ကရင်နီမှာ ေ-တွေ(စစ်ကောင်စီတပ်ဖွဲ့)က စစ်မျက်နှာပြင်များစွာ ဖွင့်ထားတဲ့အတွက် အရင်ကလို ခိုးကြောင်ခိုးဝှက်တောင် လယ်သွားလုပ်လို့ မရတော့ဘူး အဲ့တော့ စားဝတ်နေရေးက တနေ့ထက်တနေ့ ခက်ခဲလာပြီး အလှူရှင်တွေကိုပဲ မျှော်နေရတော့တာပါ”ဟု မြေပြင်တွင်ရှိနေသော To Comrades - ရဲဘော်များသို့ ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းမှ ဒုတိယအမှုဆောင်ဒါရိုက်တာ ရဲဘော်အားလူးက ပြောသည်။

စစ်ရှောင်များအတွက် အခြေခံစားသောက်ကုန် လိုအပ်ချက်များစွာ ရှိနေသည့်အတွက် ရိက္ခာရရှိနိုင်ရန် ကြိုးပမ်းနေရသည်ဟု ၎င်းကပြောသည်။

ပန်းဆိုင်အဖွဲ့ နှင့် To Comrades - ရဲဘော်များသို့ ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းတို့ ပူးပေါင်းကာ သိန်း ၁၀၀ ပရောဂျက် ပြုလုပ်ထားပြီး အညာဒေသတွင်ရှိသည့် အခြေစိုက်တပ်ခွဲတစ်ခုဖြစ်သော 96 Soldiers - PDF နှင့် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအား ဖြည့်တင်းကူညီသွားနိုင်ရန်အတွက် ကြိုးပမ်းနေကြသည်ဟု သိရသည်။

လက်ရှိ ကူညီထောက်ပံ့ရေးအတွက် သိန်း ၁၀၀ ပရောဂျက်အား ဩဂုတ်လ ၄ ရက်နေ့တွင် စတင်ခဲ့ကာ ယခုအချိန်ထိ ၃၀ ရာခိုင်နှုန်းသာ ရရှိသေးသဖြင့် သတ်မှတ်ချက်ပြည့်မီမှသာ ပရောဂျက်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်
#ဖရူဆိုမြို့နယ်
#စစ်ဘေးရှောင်
#အကူအညီ

ပုံအညွှန်း-စစ်ရှောင်များအတွက်ကူညီရန် ပန်းဆိုင်နှင့် ရဲဘော်သို့တို့မှ ပြုလုပ်သည့် သိန်း ၁၀၀ ပရောဂျက်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👎1🔥1😁1
သြဂုတ်လ (၁၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:05 − မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်အဖြစ် လူသားချင်းစာနာထောက်ထားမှုစင်္ကြန်တစ်ခုဖွင့်ဖို့ ထိုင်းလွှတ်တော်မှာ တင်ပြဆွေးနွေးတဲ့သတင်း

03:55 − ရှမ်းပြည်နယ်တောင်ပိုင်းမှာ လိုအပ်ပါက ပြည်သူ့စစ်ဖွဲ့ဖို့ Non CDM ဝန်ထမ်းစာရင်း ပြုစုတင်ပြရန် စစ်ကောင်စီညွှန်ကြားတဲ့သတင်း

05:35 − ရန်ကင်းပညာရေးကောလိပ် ပစ္စည်းစတိုခန်းအတွင်းရှိတိုင်ကီမှ အမိုနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားတဲ့သတင်းနဲ့

08:03 − အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံးသွားတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3J33RexEC3o

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1🔥1🍌1
Media is too big
VIEW IN TELEGRAM
မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်အဖြစ် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခုဖွင့်ဖို့ ထိုင်းလွှတ်တော်မှာ တင်ပြ ဆွေးနွေး

#reels #shorts #politicalnews #Thailand #Myanmar #Mizzima
❤5👍1🔥1😁1
ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေ
=================

ရခိုင်ပြည်သူများအနေဖြင့် မိုခါမုန်တိုင်းဒဏ်အပြင်ရေကြီးမှုကိုပါရင်ဆိုင်နေရခြင်းကြောင့် အရေးပေါ် အကူအညီများ အမြန်ဆုံးကူညီပေးရန် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင်တပ်တော်(ULA/AA)က ဩဂုတ် ၁၄ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ရေကြီးမှုဖြစ်စဉ်အတွင်း လူ ၆ ဦးသေဆုံးပြီး အိမ်ခြေ ၃ သောင်းခန့် ရေလွှမ်းခံခဲ့ရသည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA)ရဲ့ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

ရခိုင်ရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ်စသည့်မြို့နယ် ၇ ခုတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့၍ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကျေးရွာပေါင်း ၃၉ဝ နှင့် အိမ်ခြေပေါင်း ၂၈ဝ၇၂ အိမ် ရေလွှမ်းမိုးခံခဲ့ရသည်ဟု ULA ၏ စာရင်းက ဆိုသည်။

ရခိုင်ဒေသသည် မေလလယ်ပိုင်းကလည်း မိုခါမုန်တိုင်းတိုက်ခတ်မှု ခံခဲ့ရသည်၊ ယခုအခါ ရေကြီးမှုကိုပါ ထပ်မံကြုံရခြင်းကြောင့် အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ ရရန် အရေးပေါ်လိုအပ်လျက်ရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အခြေအနေများကြောင့် ရေဘေး၊ လေဘေး ဒဏ်သင့်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ မျိုးစပါးများ၊ လယ်ယာသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီပေးကြရန် AA က အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေ ၁၄ က မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများစွာရှိခဲ့သည်။

ပြည်သူများလည်း အရေးပေါ်အကူအညီ လိုအပ်နေသော်လည်း စစ်ကောင်စီ ကူညီထောက်ပံ့ပေးမှု နည်းပါးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင် ကန့်သတ်ထားသည်။

အဓိက မုန်တိုင်းဒဏ်ခံရသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ရမ်းဗြဲ စသည့်မြို့နယ်များတွင် လုံခြုံသည့် အမိုးအကာ အောက်သို့ ရောက်ရှိရန် အခက်အခဲများရှိနေသေးသည်ဟု ဆိုကြသည်။

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇)မြို့နယ်စလုံးအား သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး မုန်တိုင်းတိုက်ပြီး ၂ လအတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စသည့် ပြည်နယ်များအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့မှုကြောင့် လူဦးရေ ၆ သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားသည်။

https://youtu.be/wYVDXfObsd0

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🤣1
​​အာဏာအလွဲသုံးစားပြုမှုဖြင့် တရားစွဲခံရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မူယစ်ဒင်တွင် အပြစ်မရှိဟု တရားရုံးက အမိန့်ချ
==========================

ရင်းဂစ် ၂၃၂ ဒသမ ၅ သန်း (ဒေါ်လာ သန်း ၅၀) ပါဝင်ပတ်သက်သည့် အာဏာအလွဲသုံးစားလုပ်မှု စွဲချက်လေးခုဖြင့် မလေးရှားဝန်ကြီးချုပ်ဟောင်း မူယစ်ဒင် ယက်ဆင်ကို စွဲဆိုထားသည့် အမှုတွင် ၎င်း၌ အပြစ်မရှိကြောင်း မလေးရှားတရားရုံးချုပ်က ဩဂုတ် ၁၅ ရက်တွင် စီရင်ချက် ချမှတ်လိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4
​​တရုတ်ရှိ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် စည်းမျဉ်းသစ်များ သမ္မတဘိုင်ဒင် ချမှတ် 
========================

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများဖြင့် တရုတ်၏ စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေစီးဝင် နေခြင်းကို ရပ်တန့်ရန် ရည်ရွယ်သော ကာလရှည်စောင့်စားခဲ့ရသည့် ကြိုးပမ်းမှုအဖြစ် တရုတ်အဆင့်မြင့် နည်းပညာကဏ္ဍများတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် စည်းမျဉ်းသစ်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ်လ ၁၆ ရက်တွင် ချမှတ်သွားတော့မည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3
Media is too big
VIEW IN TELEGRAM
ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေ

#reels #shorts #politicalnews #Mizzima
😢4🔥1😁1
​​15.8.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

Highlight

နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie - Bhoothnath (ည- ၈ နာရီ)
Korea Movie -Iris the movie(ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
😁3
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေ

#reels #shorts #politicalnews #Mizzima
👎3👍2❤1👏1🤬1
​​လက်ခတ်တောင်စခန်းကုန်း တဝိုက်တွင် တိုက်ပွဲပြင်းထန်
==================

မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသည့်နေရာများကို စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခမရ (၃၅၅)၊ ခလရ (၂၇၅) နှင့် မြဝတီမြို့အနီးရှိ ထိုင်တော်မူဘုရားကုန်းဘက်မှ လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ ဟောက်ဝစ်ဇာ၊ အတွဲလိုက်ပစ်မစ်ဇိုင်းများဖြင့် အကြိမ်ရေ ၁၀၀ နီးပါးပစ်ခတ်နေကြောင်း ရှေ့တန်းရဲဘော်များထံမှ သိရသည်။

" လတ်ခတ်တောင်အောက်ခြေကို တက်လာတာဗျ။ တာဝေးပစ်တွေကော လေယာဉ်တွေကော သုံးနေတယ်ဗျ။ ၄ နာရီထိုး ဝန်းကျင်လောက်ပဲ၊ လက်နက်ကြီး တောက်လျောက်ထုပြီး ကျားထိုးတက်လာကြတာ။ လက်ခတ်တောင်ကို ပြန်လိုချင်နေကြတာ” ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အများအပြား ပစ်ကူပေးနေသည့်အပြင် နံနက် ၁၀ နာရီ ဝန်းကျင်တွင် လက်ခတ်တောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် လေးကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံး အတိအကျကို မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။
နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မေးမြန်းချက်အရ လက်ရှိအချိန်တွင် လက်ခတ်တောင်တဝိုက်ဒေသ၌ ခေတ္တငြိမ်နေသော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ခတ်တောင်တိုက်ပွဲမှပစ်ခတ်သံများကို မြဝတီမြို့နယ်တဖက်ကမ်း၊ မဲဆောက်မြို့အထိ အတိုင်းသား ကြားနေရကြောင်း ဆိုသည်။

" လက်ခတ်တောင်ဘက်ကနေကြားရတာ။ အကြီးအကျယ်ကိုဖြစ်နေတာ။ ညကလည်း တညလုံးပဲ။ အခုချိန်ထိလည်း ကြားနေရတုန်းပဲ။ လေယာဉ်ကတော့ လာပစ်ချသွားပြီ။ အခုလည်း အဆက်မပြတ်ဘဲ ဝဲနေတယ်" ဟု မြဝတီမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက လက်ခတ်တောင်စခန်းကုန်းကို သိမ်းပိုက်ပြီးချိန်မှစ၍ အဆိုပါစခန်းကုန်းအားပြန်လည်ရယူရန် ဩဂုတ်လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးနေကြောင်း KNU ဗဟိုကလည်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#လက်ခတ်တောင်
#စခန်းကုန်း
#မြဝတီ
#တိုက်ပွဲပြင်းထန်

ဓာတ်ပုံ- လက်ခတ်တောင်စခန်းကုန်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်သည့် နေရာကို ညွှန်ပြနေပုံ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3🤬3🥰1👏1
လယ်များအတွင်း ရွှေခရုဝင်ရောက်မျိုးပွားမှုမြန်ဆန်နေ၍ ပျက်စီးဆုံးရှုံးမှုများပြား
🔥1😁1
လယ်များအတွင်း ရွှေခရုဝင်ရောက်မျိုးပွားမှုမြန်ဆန်နေ၍ ပျက်စီးဆုံးရှုံးမှုများပြား
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးနေသည့် လယ်ယာမြေများအတွင်း ရွှေခရုများဝင်ရောက်၍ မျိုးပွားနှုန်းမြန်ဆန်နေသည့်အတွက် အဖျက်အားကောင်းကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံလယ်သမားများထံမှသိရသည်။

ယခင်ကလည်း လယ်များအတွင်း ရွှေခရုဝင်ရောက်ဖျက်ဆီးမှုများရှိခဲ့သော်လည်း လက်ရှိတွင် မျိုးပွားနှုန်းမြန်ဆန်ကာ အဖျက်အားကောင်းနေသည့်အတွက် ဆေးဖြန်း၍ပင်မနိုင်အောင် ဖြစ်နေသည်ဟု သိရသည်။

“ခရုပြဿနာကို ဒီလောက်တခါမှမကြုံဖူးဘူး။ တော်တော်ဆိုးနေတယ်။ ဆေးလည်းမနိုင်ဘူး။ တချို့လယ်တွေဆို စိုက်လိုက် ကိုက်ဖျက်လိုက်နဲ့ဖြစ်နေလို့ ပြန်မစိုက်တော့ဘူး အလွတ်ထားတဲ့လယ်တွေတင် မနည်းတော့ဘူး” ဟု မင်းလှမြိို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။

လက်ရှိတွင် ရွှေခရုပြဿနာကို ကြီးကြီးမားမားရင်ဆိုင်နေရသော လယ်များသည် ဆည်ရေကိုအသုံးပြုရသည့်လယ်များဖြစ်ပြီး ရေကြောအရ ထိုသို့ဖြစ်ပွားလာသည်ဟု ယူဆကြောင်းနှင့် မျိုးကြဲစိုက်ပျိုးသော လယ်များတွင် အပင်စထွက်လာသည့်အချိန်တိုင်း ဖျက်ဆီးခံနေရသဖြင့် ပျိုးထောင်ကာ ပြန်ချနေကြရကြောင်း သို့သော်လည်း ဖျက်ဆီးခံနေရဆဲဖြစ်ကြောင်း ၎င်းမှပြောသည်။
မင်းလှမြို့နယ်အတွင်း လှည်းပြင်တင်ရွာ၊ ကြံတိုင်းအောင်ရွာ၊ လက်ဆက်ရွာ၊ တယ်ပင်ကုန်း၊ တယ်ပင်ကျော၊ စိန်ကန့်လန့်၊ ရှမ်းစု၊ သရက်တပင်၊ ဆင်ပချပ်၊ ကုလားကုန်းအပါအဝင် ကျေးရွာအများအပြား ကြုံတွေ့နေကြရကြောင်းသိရသည်။

“ငွေတတ်နိုင်တဲ့သူတွေ လယ်ဧက လေးငါးဆယ်ပိုင်သူတွေက အခု ခရုအကောက်ငှားပြီး ကောက်နေကြတယ်။ ဒါပေမယ့် မနိုင်ပါဘူးဗျာ။ စရိတ်ကလည်းမသေးဘူး၊ တမနက် ကောက်ရင် တစ်ယောက်ကို သုံးထောင်လောက်ပေးရတယ်။ ကျွန်တော်တို့ရွာနားတင် ပြန်မစိုက်တော့ဘူး အလွတ်ထားထားတဲ့လယ် ဧကရာချီနေပြီ” ဟု မင်းလှဒေသခံ လယ်သမားမှပြောသည်။

ထို့ပြင် လက်ပံတန်းမြို့နယ်တွင်လည်း မိုးကြီး၍ ရေဝင်ထားသည့်လယ်များတွင် အဆိုပါ ရွှေခရုအန္တရာယ်ကို ကြီးကြီးမားမားကြုံတွေ့နေကြရကြောင်း လက်ပံတန်းဒေသခံ လယ်သမားတစ်ဦးကလည်း ပြောသည်။

“လယ်ထဲရေမဝင်ခင်ကလည်း ရှိနေတယ်။ လယ်ထဲရေဝင်ပြီးတဲ့နောက်မှာ တော်တော်ကိုပိုများလာတာ ပျက်တာမှနည်းတာမဟုတ်ဘူး၊ ဧကတွေ ရာနဲ့ချီတယ်။ ပျက်လို့ မျိုးပြန်ချ ပြန်စိုက်ဆို တဧက လေးငါးသိန်းပြန်ထွက်တာပေါ့ဗျာ” ဟု လက်ပံတန်းမြို့ဒေသခံလယ်သမားမှပြောသည်။

လယ်အတွင်းရေဝင်ရောက်မှုများသည့် ရွာများဖြစ်သည့် ရင်းတိုက်ကွင်းရွာနှင့် ညောင်ဝိုင်းရွာအပါအဝင် ကျေးရွာအများအပြားရှိ လယ်ပိုင်ရှင်များ အဆိုပါ ပြဿနာကိုကြုံတွေ့နေကြရသည်ဟု ဆိုသည်။
အလားတူ နတ်လင်းမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် သာယာဝတီခရိုင်အတွင်းမြို့နယ်များမှ လယ်ပိုင်ရှင်များလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရွှေခရုပြဿနာနှင့်ပတ်သက်၍ စာများပုံများ မျှဝေထားကြသည်ကို တွေ့ရသည်။

“အစပိုင်းတော့ ခရုကောက်ကြပြုတ်စားကြပေါ့။ အခုက ကောက်မနိုင် စားမနိုင် ကောက်ရောင်းတဲ့သူတောင် လာမကောက်နိုင်တော့ဘူး” ဟု နတ်တလင်းဒေသခံမှလည်း ဆိုသည်။

အဆိုပါ ရွှေခရုအန္တရာယ်သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုကြုံတွေ့ရလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲခူးတိုင်းအတွင်း၌ပါ ကြီးကြီးမားမားကြုံတွေ့နေကြရခြင်းဖြစ်သည်။​
ရွှေခရုနှိမ်နင်းရေးတွင် လယ်အတွင်း ဝင်ရောက်နေသည့်ခရုအရေအတွက်၊ ပျိုးပင်သက်တမ်းများနှင့်နှိုင်းယှဉ်လျှင် လယ်မြေအတွင်း ရေဝင်ရောက်မှုအနည်းအများသည် ပိုမိုအရေးကြီးကြောင်း၊ ရွှေခရုသည် နွေစပါးကာလနှင့်နှိုင်းယှဉ်လျင် မိုးကာလ၌ ပို၍ မျိုးပွားမှု ဖျက်ဆီးမှုအား ပိုမိုကောင်းမွန်ကြောင်း၊ စိုက်ခင်းအတွင်း ရေပိုများနေလျှင် မျိုးပွားမှု ဖျက်ဆီးမှုအား ပိုကောင်းကြောင်း ၂၀၂၁ ခုနှစ်အတွင်း အစိမ်းရောင်လမ်းမှရေးသားတင်ဆက်သည့် ရွှေခရုကာကွယ်နှိမ်နင်းရေးအစီအစဉ်အတွင်း ရွှေခရုနှင့်ပတ်သက်၍သုတေသနများစွာပြုလုပ်ခဲ့သည့် ရွှေခရုပညာရှင်မှပြောကြားခဲ့ဖူးသည်။

ရွှေခရုနှိမ်နင်းရန် ထုံးကိုအသုံးပြုခြင်း၊ လယ်မြေအတွင်း ဘဲကျောင်းခြင်း၊ ခရုစုပ်ငှက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လက်ဖြင့်ကောက်ခြင်း၊ မျှားစာချခြင်း၊ ဥမျှားတိုင်ထောင်ခြင်းနှင့် ရေထွက်ပေါက်တွင် ပိုက်များဖြင့်တားခြင်းများ လုပ်ဆောင်နိုင်သည်ဟု အဆိုပါပညာရှင်မှပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေခရု
#သာယာဝတီခရိုင်
#မျိုးပွား
#သုတေသန

ပုံအညွှန်း - လယ်အတွင်းမှကောက်ယူထားသည့်ရွှေခရုများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3