Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရခိုင်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် စစ်ရှောင်စခန်းအချို့မှ ပြည်သူများ စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲရှိနေ
🔥2😢1
ရခိုင်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် စစ်ရှောင်စခန်းအချို့မှ ပြည်သူများ စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲရှိနေ
====================

ရောင်နီ
(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုရှိခဲ့သည့် စစ်ဘေးရှောင်စခန်းအချို့မှ ပြည်သူများ စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း စခန်းတာ၀န်ရှိသူများထံမှ သိရသည်။

သြဂုတ်လ အစောပိုင်းကာလများမှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေမြင့်တက်မှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင်ရှိသည့် စစ်ရှောင်စခန်းများတွင် ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ရှောင်စခန်းတွင် ရေပြန်ကျသွားပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည် ၎င်းတို့၏ နေအိမ်တွင် ပြန်လည်နေထိုင်နေပြီဖြစ်သော်လည်း စား၀တ်နေရေးအခက်အခဲများ ရှိနေကြောင်း သိရသည်။

“ စခန်းထဲမှာ ရှိတဲ့ သူတွေက စခန်းထဲမှာပဲ အရင်တုန်းကလို ပြန်နေနေကြတယ်၊ ၁၀ရက်နေ့က ရေပြန်ကျတယ်။ ရေကျသွားပြီးတဲ့ နောက်ပိုင်းမှာ နေအိမ် အလုံး ၄၀ လောက် ပျက်စီးသွားတယ်။ တချို့တ၀က်ပျက်တာက ၃၁ လုံး၊ လုံး၀ပျက်စီးသွားတာက တလုံး ရှိတယ်။ စား၀တ်နေရေးအတွက်က သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထောက်ပံ့တာရှိတော့ ၁၀ ရက်စာလောက်ရှိတယ်။ ပုံမှန် အားဖြင့်တော့ စားရေးသောက်ရေးက အခက်အခဲရှိတာပေါ့။” ဟု မြောက်ဦးမြို့ရှိ မြတန်ဆောင်း စစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။

စစ်ဘေးရှောင်ဦးရေ ၁,၁၇၅ ဦး နေထိုင်လျက်ရှိသည့် မြတန်ဆောင်းစစ်ရှောင်စခန်းမှ လူဦးရေ ၄၀ ထက်မနည်းသည်လည်း လက်ရှိအချိန်တွင် ဖျားနာမှုများရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက ကျန်းမာရေးစောင့်ရှောက်မှု များပေးအပ်လျက်ရှိကြောင်း သိရသည်။

“ ဖျားတာတွေလည်းရှိတယ်။ အခု နေမကောင်းတာဆို စခန်းမှာ အယောက် ၄၀ လောက်ရှိတယ်။ ရေကျတဲ့ အချိန် ပစ္စည်းတွေ ရွှေ့ကြတဲ့ ပြောင်းကြတဲ့အခါ မိုးရေထဲမှာ ရေမြုပ်နေတဲ့ နေရာတွေထဲမှာ ရေကူးပြီးသွားကြရတာဆိုတော့ အအေးပတ်တာနဲ့ တူတယ်၊ တချို့ကလေးတွေဆို ခန္ဓာကိုယ်မှာ အဖုအပိန့်လေးတွေ ပေါက်တာရှိတယ်။ နေမကောင်းတာက အရွယ်စုံပဲ။ “ ဟု စစ်ရှောင်စခန်းတာ၀န်ခံဆရာတော်က ဆက်လက်မိန့်ကြားသည်။

ထို့အပြင် လူဦးရေ နှစ်ထောင်ကျော်ရှိသည့် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ရှောင်စခန်းတွင် မြစ်ရေ၀င်ရောက်ပြီးနောက် ကျန်ခဲ့သည့် ရေအိုင်များတွင် ခြင်ပေါက်ဖွားမှုများ ရှိနေပြီး သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း စခန်းတာ၀န်ခံက ဆိုသည်။

“စခန်းမှာကြုံနေရတာက စား၀တ်နေရး အခက်အခဲ တအား ကြုံနေရတယ်။ နောက်ပြီး စခန်းထဲမှာရေနစ်မြုပ်သွားပြီးတဲ့နောက် ရေအိုင်တွေ ကျန်သေးတယ်။ အဲ့ဒါတွေမှာ ခြင်တွေက တအားပေါက်တယ်။ နောက်တော့ လမ်းတွေက နွံတွေ ဖုံးသွားလို့ သွားရေးလာရေး အရမ်းခက်ခဲတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေအတွက် စိုးရိမ်ရပါတယ်၊ အရင်တုန်းက စခန်းမှာ ဒီရောဂါတွေ ဖြစ်တာမရှိဘူး။ အခုက ရေနစ်မြုပ်သွားတော့ အိုင်တွေမှာ ခြင်ပေါက်ဖွားမှုတွေ တအားများလာလို့ ခြင်ကိုက်တာတွေ တော်တော်ဖြစ်လာတယ်။” ဟု တိမ်ညိုစစ်ရှောင်စခန်းတာ၀န်ခံ ကိုကျော်ထင်က မဇ္စျိမကို ပြောသည်။

ယင်းအပြင် စခန်းတွင်းနေထိုင်သည့် စစ်ဘေးရှောင်ပြည်သူဦးရေများပြားခြင်းကြောင့် စား၀တ်နေရေး အခက်အခဲတချို့လည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ စစ်ဘေးရှောင် ၄,၀၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်မှ ညောင်ချောင်းစစ်ရှောင်စခန်းတွင်လည်း မြစ်ရေမြင့်တက်မှုကြောင့် စခန်းတခုလုံး နစ်မြုပ်ခဲ့ကာ ကျန်းမာရေးနှင့် စား၀တ်နေရေးခက်ခဲမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် မိုးသည်းစွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ် မြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယင်းသို့ မြစ်ရေကြီးမှုဖြစ်စဥ်အတွင်း အမျိုးသား ငါးဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၃၀,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကြောင်း ULA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရခိုင်ပြည်နယ်
#မြစ်ရေမြင့်တက်မှု
#စစ်ရှောင်စခန်း

ပုံအညွှန်း - ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စိီးခဲ့သည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ နေအိမ်အချို့။ (ပုံ - Mratazaung Foundation - Mrauk-U)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😢1
This media is not supported in your browser
VIEW IN TELEGRAM
လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် အမေရိကန်စစ်သားဘက်ပြောင်းလာခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားပြော

#InternationalNews #reels #shorts #American #NorthKorea #Mizzima
👍2👏2😁1
​​ဘင်္ဂလားဒေ့ရှ် ရဲများက ရိုဟင်ဂျာ ဒုက္ခသည်များကို နှိပ်စက်ခြင်းများ ရှိဟု ဆို
=====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ အထူးတိုက်ခိုက်ရေးတပ်ရင်း လက်နက်ကိုင်ရဲတပ်ရင်း( APBn )မှ အဖွဲ့ဝင်များက တရားလက်လွတ် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဥ်းပန်းခြင်းများ ကျူးလွန်နေကြောင်း လူ့အခွင့်အရေး အင်န်ဂျီအိုအဖွဲ့ Fortify Rights အဖွဲ့၏ စုံစမ်းစစ်ဆေးမှု၌ ထုတ်ဖော်ထားသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3❤1😱1
​​စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန် စျေးနှုန်း ၃ ဆကျော်အထိ မြင့်တက်
=========================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်အများစု စျေးနှုန်းသည် အာဏာမသိမ်းခင်ကာလ စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်း တဆကျော်မှ သုံးဆကျော်အထိ မြင့်တက်လာကြောင်း သိရသည်။

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖော်ပြထားသည့် ဆန်တအိတ်စျေးနှုန်းများမှာ ပေါ်ဆန်း - ၃၂,၅၀၀ ကျပ်၊ ကျားပျံရှယ် - ၃၅,၀၀၀ ကျပ် ၊ ငစိန်ဆန် -၂၂,၅၀၀ကျပ် တို့ ဖြစ်သည်။ ယမန်နေ့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက် စျေးနှုန်းမှာ ပေါ်ဆန်း- ၁၀၅,၀၀၀ ကျပ် ၊ ကျားပျံရှယ် - ၁၁၅,၀၀၀ ကျပ်၊ ငစိန် - ၆၉,၀၀၀ ကျပ် တို့ဖြစ်သည်။ ထိုစျေးနှုန်းများကို နှိုင်းယှဥ်ပါက ဆန်စျေးနှုန်းမှာ သုံးဆကျော်မြင့်တက်လာသည်ကို တွေ့ရသည်။

“ ကျွန်မက ဆန်ကို လက်လီဝယ်စားတာ တခါဝယ် ငါးပြည်လောက်ကနေ တပြည်လောက်ထိ ငွေအဆင်ပြေသလို ဝယ်တာပါ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် (၂၀၂၂ ခုနှစ်) က ဆန်တပြည် ၂,၀၀၀ တန်ဝယ်စားတာ။ အဲ့ဆန်က အခု ၅,၀၀၀ ဖြစ်နေပြီ။ ဝင်ငွေသာ တိုးမလာတာနော် ကုန်စျေးနှုန်းတွေက တရိပ်ရိပ်ပဲ “ ဟု ရန်ကုန်မြို့နေ အိမ်ရှင်မ တဦးက ဆိုသည်။

ထို့ပြင် အခြား အခြေခံစားသောက်ကုန်များ၏ တပိဿာ ကုန်စျေးနှုန်းများမှာ ကုလားပဲဖြူလုံး -၁,၄၇၀ ကျပ်မှ ၄,၅၈၅ ကျပ်၊ စားတော်ပဲ-၃,၂၀၀ကျပ်မှ ၇,၅၀၀ကျပ် ၊ ကုလားပဲခြမ်း-၁,၈၅၀ ကျပ်မှ ၆,၂၀၀ကျပ် ၊ ကြက်သွန်နီ ဆိပ်ဖြူရှယ် ၃၅၀ ကျပ်မှ ၂,၆၀၀ကျပ် ၊ ကြက်သွန်ဖြူ ကြူကုတ်ရှယ် -၃,၂၀၀ကျပ်မှ ၇,၈၀၀ ကျပ် ၊ အာလူး ၃၅၀ ကျပ်မှ ၂,၄၅၀ ကျပ် ၊ ဖျာပုံရွှေပုဇွန်ခြောက်ရှယ် - ၅၅,၀၀၀ကျပ်မှ ၉၅,၀၀၀ကျပ် ၊ ငါးရံ့ခြောက်ကြီး ၃၆,၀၀၀ကျပ်မှ ၅၅,၀၀၀ကျပ် အထိ မြင့်တက်လာသည်။

အထက်ပါ ကုန်စျေးနှုန်းများမှာ ဘုရင့်နောင် ကုန်စည်ဒိုင်က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖော်ပြထားသည့် စျေးနှုန်းများနှင့် ယနေ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက် တွင် ဖော်ပြထားသည့် စျေးနှုန်းများကို နှိုင်းယှဥ်ထားခြင်းဖြစ်သည်။ ထိုစာရင်းများအရ ကြက်သွန်နီစျေးနှုန်းမှာ ခုနစ်ဆကျော်အထိ မြင့်တက်လာပြီး အခြားကုန်စျေးနှုန်းများမှာ တဆကျော်မှ သုံးဆကျော်အထိ မြင့်တက်လာနေသည်ကို မြင်တွေ့ရသည်။

"ဆန်မပါ၊ ဆီမပါဘဲ သားငါးသီးရွက်ကို မိသားစုသုံးယောက်စာအတွက် တပတ်ဈေးဖိုး ၃၀,၀၀၀ နဲ့ရတယ်။ အခု ဈေးဖိုး ၃၀,၀၀၀ ယူသွားလို့ရှိရင် အများဆုံးစားရ သုံးရက်ပဲ။ အသီးအရွက်နဲ့ကူမယ်ဆို အများဆုံး စားရ လေးရက်ပဲ။ လစာ အရင် သုံးသိန်း ရတုန်းကလည်း စမူဆာ တခု ၅၀၊ ၁၀၀ နဲ့စားလို့ရတယ်။ အခုလည်းလစာ သုံးသိန်းပဲကို စမူဆာတခု ၃၅၀ လောက် ပေးစားနေရတယ်။ အခုစားနေတဲ့ မြန်မာကြက်တောင် တခြမ်း ၇,၀၀၀ ပေးရတယ် အရင်က တကောင်လုံးဈေးကို" ဟု အရှေ့ဒဂုံမြို့နယ်နေ အိမ်ရှင်မ တဦးက ပြောသည်။

အလားတူ ဆီ၊ ဆား၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်ဈေးများမှာလည်း ယခင်ထက် နှစ်ဆမှ သုံးဆနီးပါး ခုန်တက်နေကြောင်း သိရသည်။

"ကြက်ဥကလေ ၁၅၀ ကနေ ၃၀၀ ဖြစ်တာ၊ ဘဲဥက ၃၅၀ လောက်ဖြစ်သွားတယ် ပိုပြီးဈေးကြီးသွားတာ။ ကြက်သွန်နီဆိုလည်းနော် တပိဿာကို ငါးရာခြောက်ရာကနေ ၃,၀၀၀ ဖြစ်သွားတာ။ ကြက်သွန်ဖြူက တစ်ပိဿာကို ၇,၀၀၀ ကနေ ၁၅,၀၀၀ ဖြစ်သွားပြီ" ဟု စမ်းချောင်းမြို့နယ်နေ အိမ်ရှင်မတဦးက ပြောသည်။
ဝင်ငွေနည်းပါးသည့် မိသားစုများမှာ ထမင်းနပ်မှန်အောင်စားနိုင်ဖို့ပင် ခက်ခဲလာနေပြီး ခက်ခဲကျပ်တည်းလာကြသည့်အတွက် ခိုးဆိုးလုယက်မှုများလည်း ပိုမိုပေါများလာနိုင်ကြောင်း မြောက်ဥက္ကလာပ မြို့နေ အမျိုးသားတဦးကပြောသည်။

“ ဝင်ငွေက တိုးမလာဘဲ ကုန်စျေးနှုန်းတွေ တအားတိုးလာတယ်။ ကျပ်၂၀,၀၀၀ တန် ဂယက်ကလည်း အတော်ထတာ။ ပစ္စည်းအများစုက တရုတ်နဲ့ ထိုင်းသွင်းတာ အချိုမှုန့်တို့ ဘာတို့က အခု အဲ့ဒါတွေပါ စျေးတက်။ အခုဆို ကော်ဖီ တနေ့ နှစ်ခွက်သုံးခွက်သောက်တာကနေ အခု တနေ့ သုံးခွက်ပဲ သောက်တော့တယ်။ ထမင်း ဟင်း အရင်လို စိတ်ရှိတိုင်း ဗိုက်ပြည့်အောင် မစားနိုင်တော့ဘူး“ ဟု ၎င်းကဆိုသည်။

ကုန်စျေးနှုန်းမှာ နှစ်ဆခန့် တက်လာသော်လည်း ဝင်ငွေမှာ နှစ်ဆ ဖြစ်မလာကြောင်း ကုမ္ပဏီ တခုတွင် အရောင်းမြှင့်တင်ရေးဝန်ထမ်းလုပ်ကိုင်နေသူ အမျိုးသမီးက ပြောသည်။
👍9🔥2😢2
​​အမေရိကန် ဆန်ရှင်ချမှတ်ထားသော မြန်မာဘဏ် ၂ ခု၏ အကောင့်များကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ပိတ်ထား
=========================

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်သည့် Sonali Bank သည် အမေရိကန် အရေးယူပိတ်ဆို့ထားသည့် မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်ထားကြောင်း အဆိုပါ ဘင်္ဂလားဒေ့ရှ်ဘဏ်၏ တာဝန်ရှိသူက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3👏1
Media is too big
VIEW IN TELEGRAM
ဖိလစ်ပိုင်က တရုတ်နဲ့ပဋိပက္ခဖြေရှင်းရေးအတွက် အထူးသံတမန်တစ်ဦးခန့်အပ်

#InternationalNews #reels #shorts #China #Philipines #Mizzima
👍4
ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် အခြေခံစားကုန်ဈေးနှုန်းများ အတက်ကြမ်း | Business Round Up (17.8.2023)
===================

- မြန်မာနိုင်ငံက H&M အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေ

-ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေး  တဟုန်ထိုး မြင့်တက်လာ

- မြန်မာ့သစ်လုပ်ငန်းကို ပိတ်ဆို့အရေးယူထားတဲ့နိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့သစ်တင်ပို့မှု ဆက်လက်လုပ် ဆောင်နေ

- ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် အခြေခံစားကုန်ဈေးနှုန်းများ အတက်ကြမ်း
 
https://youtu.be/uf8vwthEtC8
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🔥3😢3👍2
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျနိုင်ငံသားရေလွှာလျှောစီးသူ ၄ ဦးနဲ့ အင်ဒိုနီးယားနိုင်ငံသား ၂ ဦးကို အင်ဒိုနီးရှားကမ်းလွန်မှာ ကယ်ဆယ်နိုင်ခဲ့

#InternationalNews #reels #shorts #Austria #Indonesia #Mizzima
👍2🔥1
စင်ကာပူ၌ ငွေကြေးခဝါချမှု စီးနင်းမှုအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ သန်းခန့် တန်ဖိုး သိမ်းဆည်းရမိ 
👍2😁2
စင်ကာပူ၌ ငွေကြေးခဝါချမှု စီးနင်းမှုအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ သန်းခန့် တန်ဖိုး သိမ်းဆည်းရမိ 
=====================

စင်ကာပူနိုင်ငံ၏ ငွေကြေးခဝါချမှု နှိမ်နင်းရေး အကြီးမားဆုံး စုံစမ်းထောက်လှမ်းမှုအတွင်း တန်ဖိုးကြီးအိမ်များ၊ ကားများနှင့် နာရီများအပါအဝင် စင်ကာပူဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၃၅ သန်း) ခန့် တန်ဖိုးကို စင်ကာပူရဲများက သိမ်းဆည်းရမိသည်။ 
စီးနင်းမှုများအတွင်း သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် ရွှေချောင်းများ၊ ဒီဇိုင်နာလက်ကိုင်အိတ်များ၊ ဝိုင်များနှင့် ငွေသား စင်ကာပူဒေါ်လာ ၂၃ သန်းလည်း ပါဝင်သည်။ 

စစ်ဆင်ရေးအတွင်း ရဲက လူ ၁၀ ဦးကို ဖမ်းဆီးရမိပြီး အားလုံးမှာ နိုင်ငံခြား ပတ်စ်ပို့ ကိုင်ဆောင်ထားကြသူများ ဖြစ်သည်။ 

ကမ္ဘာ့တွင် ရာဇဝတ်မှု အနည်းပါးဆုံး တနိုင်ငံဖြစ်သည့် စင်ကာပူ၌ ယခုကဲ့သို့ စီးနင်းမှုများက ဖြစ်ခဲသည်။ 
အဆိုပါ စီးနင်းမှုများကို မြို့အနှံ့၌ အင်္ဂါနေ့က တပြိုင်တည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

နိုင်ငံ၏ တောင်ဘက်စွန်းက အိမ်များ အပါအဝင် အိမ်ပေါင်း ၉၄ လုံးနှင့်အတူ ကားစီးရေ ၅၀ ကိုလည်း သိမ်းဆည်းရမိသည်။ 
အသက် ၃၁ နှစ်မှ ၄၄ နှစ်ရှိ လူဆယ်ဦးကို ငွေကြေးခဝါချမှုနှင့် လိမ်လည်မှုများဖြင့် စွဲဆိုဖမ်းဆီးထားသည်။ ဖမ်းဆီးရမိသူများသည် တရုတ်၊ ကမ္ဘောဒီးယား၊ တူရကီနှင့် ဗင်နော့တူ ပတ်စ်ပို့များ ရှိထားကြောင်း ရဲက ပြောသည်။ 

ထို အုပ်စုသည် “လိမ်လည်ခြင်းနှင့် အွန်လိုင်းလောင်းကစားခြင်းများ အပါအဝင် ပြည်ပမှ ရာဇဝတ်မှုများမှ ရရှိသော ငွေကြေးများကို ခဝါချပေးရာ၌ ပါဝင်သည်ဟု သံသယရှိရကြောင်း” ရဲဌာနက ဆိုသည်။ 

“စင်ကာပူကို ရာဇဝတ်သားတွေအတွက် ဘေးကင်းလုံခြုံရာအဖြစ် အသုံးချနေတာမျိုးကို ကျွန်တော်တို့ လုံးလုံး သည်းမခံဘူး”ဟု ရဲတပ်ဖွဲ့မှ ဉာဏလုပ်သား ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရသည့် ကုန်သွယ်ရေးဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဒေးဗစ်ချောက ပြောသည်။ 

“ဒီလို ရာဇဝတ်သားတွေအတွက် ကျွန်တော်တို့ရဲ့ သတင်းစကားက ရှင်းပါတယ်၊ သူတို့ကို မိတာနဲ့ ဖမ်းမှာပဲ၊ သူတို့တွေ တရားမဝင်တာတွေ လုပ်ထားတာ တွေ့တာနဲ့ အဲဒါတွေကို သိမ်းဆည်းမှာပဲ၊ ဥပဒေနဲ့ကို အပြည့်အဝ အရေးယူသွားမယ် ဆိုတာပဲ”ဟု ၎င်းက ပြောခဲ့သည်။
👍10🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဘာကီနာဖာဆိုအနီး တိုက်ခိုက်မှုအတွင်း နိုင်ဂျာတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

#InternationalNews #reels #shorts #Mizzima
👏3👍2❤1🔥1
ပျဉ်းမနား၊ ဘိုးမသံတောင်စခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသတွင်းလမ်းအချို့ကို စစ်ကောင်စီပိတ်ဆို့ထား
😁5👍1