Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဩဂုတ်လ ၂၀ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Stadium Australia မှာ စပိန်နဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ မတိုင်ခင် ပိတ်ပွဲအခမ်းအနား။

ဓာတ်ပုံ - EPA-EFE

#womenworldcup
#FIFAWWC
#BeyondGreatness
#Mizzima
👍10🔥1
Media is too big
VIEW IN TELEGRAM
အရက်အလွန်အကျွံသောက်ခြင်း | ကျန်းမာသုတ လူမှုဘ၀

Watch more detail - https://youtu.be/JkMgyhhiniI

#ကျန်းမာသုတလူမှုဘဝ #အရက်အလွန်အကျွံသောက်ခြင်း #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🌭1🍌1
​​ဝန်ထမ်းပေါင်း ၇၀၀ ကျော်ရှိသည့် မန္တလေးက မင်္ဂလာဆေးရုံကို စစ်ကောင်စီ ၃ လ ပိတ်သိမ်း
=====================

၀၀၈(မဇ္ဈိမ)။ ။ ဝန်ထမ်းပေါင်း ၇၀၀ ကျော် အလုပ်လုပ်ကိုင်နေကြသည့် မန္တလေးမြို့က နာမည်ကြီး မင်္ဂလာဆေးရုံကို စစ်ကောင်စီက သုံးလ ပိတ်သိမ်းခိုင်းထားကြောင်း သိရသည်။

ထိုဆေးရုံသည် မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၅၈လမ်းနှင့်၄၂လမ်းထောင့်တွင် တည်ရှိပြီး လာမည့် ဩဂုတ် ၂၅ရက်တွင် စတင်ကာ ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်တွင် စစ်ကောင်စီက အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အသိုင်းအဝိုင်းကကို ဝေခွဲရခက်နေတယ်။အခုဆေးရုံက ဘာရှော့(ပြဿနာ) မှ ရှိသံ မကြားဘူး”ဟု အရိုးကြော အထူးကု သမားတော် တဦးကပြောသည်။

အဆိုပါဆေးရုံသည် စစ်ကောင်စီ အလိုကျဖွင့်ထားသည့် ဆေးရုံဖြစ်ပြီး CDM ကျန်းမာရေး ဝန်ထမ်းများကို အလုပ်ခန့်ထားခြင်းမရှိသည့် ဆေးရုံဖြစ်ကာ ယခုလို ယာယီ အပိတ်ခံရခြင်းကို ဝေခွဲရခက်နေကြောင်း မန္ထလေးမြို့ခံ သမားတော်ကြီး တဦးကဆိုသည်။

နောက်ထပ် အမည်မဖော်လိုသည့် သမားတော် တစ်ဦးကလည်း”သုံးလ ထဲဆိုတော့ လုပ်ရကိုင်ရခက်ပါတယ်။ လူနာတွေ ဘယ်ရွှေ့ကြမလဲ။ လက်ရှိက ဆေးရုံတိုင်း လူနာအပြည့်ပဲ။ လတ်တလော အတွေ့အကြုံတွေ့ရဆိုရင်တော့ ယာယီ ပိတ်ခိုင်းပြီးရင် အပြီး ပိတ်ခိုင်းထားတာတွေ ရှိတယ်”ဟု သုံးသပ်ပြောဆိုသည်။
ဆေးရုံတွင် တက်ရောက်ကုသသူ လူနာဦးရေ ရာနှင့်ချီရှိပြီး လက်ရှိတွင် ဆေးရုံပြောင်းရွှေ့ကုသမှုခံယူရန် အခက်အခဲရှိကြောင်း သိရသည်။

“သမားတော်နဲ့ပြတဲ့ လူနာတစ်ချို့ကိုတော့ သမားတော်တွေက သူတို့ဆေးခန်းတွေမှာလာပြဖို့နဲ့ တက်ရောက်ကုသနေတဲ့ လူနာတစ်ချို့ကိုတော့ သင့်တော်မယ့် ဆေးရုံပြောင်းကုဖို့ စီစဉ်နေတာကြားတယ်”ဟု ဆေးရုံနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်နှစ် ၂၀၂၂ကလည်း မန္တလေးမြို့တွင် နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့်ကံ့ကော်ဆေးရုံတို့ကို CDM ကျန်းမာရေး ဝန်ထမ်းများကို အလုပ်ခန့်သည်ဆိုသော အကြောင်းပြချက်ဖြင့် ပိတ်သိမ်းခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မင်္ဂလာဆေးရုံ
#သုံးလပိတ်သိမ်း

ပုံအညွှန်း- ယာယီပိတ်သိမ်းခံရမည့် မင်္ဂလာဆေးရုံ( ဓာတ်ပုံ-လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10❤2👍2😁1🤬1
​​လန်ဒန်ရှိ မြန်မာသံအမတ်နေအိမ်ကို တရားမဝင် သိမ်းယူရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို MAP အဖွဲ့ ပြစ်တင်ဝေဖန်
====================

မြန်မာအာဏာသိမ်းစစ်ကောင်စီသည် ဒီမိုကရေစီ လိုလားသော ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို လန်ဒန်မြို့ရှိ တရားဝင် မြန်မာသံအမတ်နေအိမ်မှ နှင်ထုတ်ရန်နှင့် ထိုနေအိမ်အဆောက်အအုံကို တရားမဝင် ရယူရန် ဗြိတိန်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ယူကေအခြေစိုက် “တာဝန်ခံမှုရှိရေး မြန်မာ ပရောဂျက်” (MAP) အဖွဲ့က ပြောပြီး စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်သည်။

စစ်ကောင်စီ၏ တိုင်ကြားချက်တွင် သံအမတ်ကြီး ဦးကျော်စွာမင်းသည် သံအမတ်နေအိမ်တွင် ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲထားသည်။ အမှု စစ်ဆေးမှု မတိုင်မီ ယင်းကို ယူကေ ရှေ့နေချုပ်က အတည်ပြုပေးရမည်ဖြစ်သည်။

ဦးကျော်စွာမင်းသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် များမကြာမီ စစ်တပ်လိုလားသော ကိုယ်စားလှယ်များကြောင့် သံရုံးထဲ ဝင်ခွင့်မရဘဲ ဖြစ်ခဲ့သော်လည်း ၎င်းသည် ၎င်း၏သံအမတ်နေအိမ်တွင် ဆက်လက်နေထိုင်ခဲ့သည်။

၎င်းအနေဖြင့် သံအမတ်နေအိမ်အဆောက်အအုံမှ ထွက်ခွာမည် မဟုတ်ဟု ဦးကျော်စွာမင်းက အခိုင်အမာ ပြောသည်။ “ကျွန်တော့်ကို နှင်ထုတ်ဖို့ ကြိုးပမ်းမှုတိုင်းကို ခုခံသွားပါမယ်။ ဒီ ကလပ်တိုကရက်တစ် ရာဇဝတ်ဂိုဏ်းအဖွဲ့ဆီက ခြိမ်းခြောက်မှု ဆက်ရှိနေသမျှ မြန်မာပြည်သူတွေကိုယ်စား ဒီ သံအမတ်နေအိမ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားပါမယ်။ ဒါမှလည်း လာမယ့် ဒီမိုကရေစီအစိုးရရဲ့ သံအမတ်တစ်ဦးဆီ ဒီအိမ်ကို လွှဲပြောင်းအပ်နှံပေးနိုင်မှာဖြစ်တယ်” ဟု ပြောသည်။

“အင်္ဂလန် မြေယာမှတ်ပုံတင်ဌာနအရတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က ဒီနေအိမ်ကို ပိုင်ပါတယ်။ လက်ရှိ စစ်အုပ်စုက မြန်မာနိုင်ငံကို ကိုယ်စားမပြုတဲ့အတွက် ဒီလုပ်ရပ်က ဥပဒေအရ ကျိူးကြောင်းညီညွတ်မှု မရှိပါဘူး” ဟု MAP အဖွဲ့၏ ဒါရိုက်တာ ခရစ် ဂန်းနက်စ်က ပြောသည်။

လက်ရှိ စစ်အုပ်စု၏ လုပ်ဆောင်ချက်က “အထမမြောက်သည့် နေအိမ် လုယက်ရန် ကြိုးပမ်းမှု” ဆိုပြီး အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ဂန်းနက်စ်က ပြစ်တင်ဝေဖန်သည်။ နိုင်ငံ၏ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချဖမ်းဆီးပြီး လူအစုအပြုံလိုက် သတ်ဖြတ်မှုများ၊ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်ထားသည့် တရားမဝင်သော စစ်အုပ်စု၏ ယခု ကြိုးပမ်းမှုကို ဗြိတိန်အာဏာပိုင်တို့က ခွင့်ပြုပေးမည် ဆိုပါက ယင်းက စိတ်ကူး၍ပင် မရနိုင်အောင် ဖြစ်လိမ့်မည်ဟု ၎င်းက ပြောသည်။ ဗြိတိန်အာဏာပိုင်တို့သည် မြန်မာစစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချထားပြီး စစ်ဗိုလ်ချုပ်များအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသည်။

လန်ဒန်ရှိ မြန်မာသံအမတ်နေအိမ်တွင် ကိုယ်စားလှယ်ရုံးတစ်ရုံး ထူထောင်ရန်နှင့် အဓိကကျသော သံတမန်အချက်အချာနေရာအားလုံးတွင် မြန်မာပြည်သူများကို ကိုယ်စားပြု၍ အရေးကြီးသော လုပ်ငန်းတာဝန်ကို ဆက်လက်လုပ်ဆောင်ရန် ဂန်းနက်စ်က မြန်မာအမျိုးသားညီညွတ်ရေးအစိုးရကို တိုက်တွန်းသည်။ ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက စစ်အုပ်စုကို သံတမန်ရေးရာ ဆုလာဘ်တစ်ခု ပေးသလိုဖြစ်စေရာရောက်လိမ့်မည်ဟု ၎င်းက သတိပေးသည်။

မြန်မာစစ်အုပ်စုသည် ရိုဟင်ဂျာတို့အပေါ် လူမျိုးတုန်းသတ်မှု ကျူးလွန်မှုဖြင့် အိုင်စီဂျေ တရားရုံးတွင် စွပ်စွဲတိုင်တန်းခံထားရသလို အိုင်စီစီ တရားရုံး၏ စုံစမ်းစစ်ဆေးခြင်းကိုလည်း ခံနေရသည်။ MAP အဖွဲ့သည် တူရကီနှင့် အင်ဒိုနီးရှားတွင် မြန်မာစစ်အုပ်စု အဖွဲ့ဝင်များအပေါ် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်များ ဖွင့်လှစ်လုပ်ဆောင်ထားသလို ယခုနှစ်ကုန်ပိုင်းတွင်လည်း ဖိလစ်ပိုင်တွင် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ရပ်ကို ဖွင့်လှစ်သွားမည် ဖြစ်သည်။
👍8😁2🤬2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဩဂုတ် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ
• နိုင်ငံရေးအကျဉ်းသား CDM ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် သေဆုံးရမှု ဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။

• မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခံတပ်စခန်း နှင့် ကျေးရွာသင်္ချိုင်းအနီးတွင် တပ်စွဲနေသည့် အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို KNLA/PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ဩဂုတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

• မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြရွာ ရဲစခန်း နှင့် မြင်းခြံမြို့နယ်၊ ညောင်တိုရွာရှိ အကြမ်း ဖက် တပ်စခန်း ၂ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်ဖွဲ့ဝင် ဗိုလ်တစ်ဦး၊ အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ဩဂုတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
👍8❤1🔥1😁1
မုံရွာမြို့တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ် အနီးကပ်ပစ်ခံရပြီး ၄ ဦးသေဆုံးဟုဆို
==================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် လမ်းမပေါ်တက်၍ လမ်းသွားလာသူများကို စစ်ဆေးကာ အဓမ္မငွေတောင်းခံနေသည့် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်ခဲ့သဖြင့် လေးဦးသေဆုံးကြောင်း Golden Eagle Force – Monywa က ယနေ့ ဩဂုတ်လ ၂၀ရက်တွင်ဘထုတ်ပြန်သည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖောကားစီးကာ မုံရွာမြို့ ၊ ဘိုးဘွားရိပ်သာမြောက်ဘက် ၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ထိုစစ်သားများထံ ဩဂုတ်လ ၁၉ရက် မနက် ၇နာရီတွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အနီးကပ် ကားပေါ်ကဆင်းပြီး ပစ်ခဲ့တာပါ ။ လေးယောက်သေပြီး သေနတ် တလက်ရခဲ့ပါတယ်။ အနားမှာ စစ်ကောင်စီအခြေစိုက်စခန်းတွေလည်းရှိတယ်။ နယ်မြေအခြေအနေအရ ကားကိုတော့ အဲဒီနားမှာပဲ ထားခဲ့လိုက်တယ်” ဟု Golden Eagle Force ခေါင်းဆောင် ဗိုလ်လင်းယုန်က မဇ္စျိမကို ပြောသည်။

ပစ်ခတ်ရာတွင် စစ်ကာင်စီတပ်သားတဦးက ခုခံပစ်ခတ်နေသဖြင့် သေနတ်တလက်ကိုကောက်ယူပြီး ကားကိုထား၍ ပြန်ဆုတ်ခွာခဲ့ကြောင်း ၎င်းကဆိုသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်သားများသည့် မုံရွာမြို့ လ.ဝ.က ရုံးဟောင်းအတွင်းစခန်းချသော စစ်ကောင်စီတပ်သား ၁၀ဦးခန့်ထဲမှ အချို့ဖြစ်ပြီး လက်ရှိတွင် ထို လ.ဝ.က ရုံးဟောင်း၌ စစ်ကောင်စီတပ်သား အင်အား တိုးချထားကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force က ဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၂၄) (Monywa Ranger Group Truth Army ) ၊ ကြယ်နီတပ်ဦး (PLA) ၊ Brpther Revolution Force – Monywa နှင့် Ka Nayng Min Thar Gyi – Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်ဆက်လက်ပြီး စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရေးတွင် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် မိဘ ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရန် ဗိုလ်လင်းယုန် က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/so9bx8CMv10

#Mizzima
# Golden Eagle Force – Monywa
#ဆက်ကြေးကောက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁5❤1
အရက်အလွန်အကျွံသောက်ခြင်း | ကျန်းမာသုတ လူမှုဘ၀ Episode - 29
=====================

ပွင့်လင်းမြင်သာလာတဲ့ ခေတ်ရေစီးအလိုက် အမျိုးသမီးတွေဟာ အရင်ကထက် အရက်၊ ယမကာတွေ သောက်လာတာကို တွေ့ရပါတယ် ဒါကြောင့် ဒီတစ်ပတ်မှာ အမျိုးသမီးနဲ့ အရက် ယမကာတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ အရက် အလွန်အကျွံသောက်ရင် နောက်ဆက်တွဲ ဘယ်လို ကျန်းမာရေးပြသနာတွေ ကြုံရနိုင်လဲ။
အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာဖွဲ့စည်းပုံခြင်း မတူတော့ အရက်သောက်တာခြင်းအတူတူမှာ သက်ရောက်မှုတွေအနေနဲ့ ဘာတွေကွာလဲ။

တန်ဆေးလွန်ဘေးဆိုသလို ဆေးဖြစ်ဝါးဖြစ်ရော သောက်နိုင်လားဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/JkMgyhhiniI

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#WomenandAlcohol
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😁1🌭1
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲပြီးရလဒ်
=================

စပိန် ၁-ဝ အင်္ဂလန်

- စပိန်အသင်းဟာ ပွဲချိန် ၂၉ မိနစ်မှာ ကာမိုနာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ သူတို့ရဲ့ ပထမဆုံး အမျိုးသမီးကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ စပိန်တို့ဟာ အမေရိကန် (၄)ကြိမ်၊ ဂျာမနီ (၂)ကြိမ်၊ နော်ေ၀ (၁)ကြိမ်နဲ့ ဂျပန်(၁)ကြိမ်တို့ပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလားကို ဆွတ်ခူးတဲ့ (၅)သင်းမြောက်ဖြစ်ပါတယ်။

- စပိန်ရဲ့ ကာမိုနာဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲနှစ်ပွဲစလုံးမှာ ဂိုးသွင်းယူတဲ့ ၇ ယောက် ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အမေရိကန်အသင်းအတွက် ကားလီလွိုက် နောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။ ကာမိုနာဟာ အသက် ၂၃ နှစ်နဲ့ ၆၉ ရက်နဲ့အတူ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူတဲ့ လေးယောက်မြောက် အသက်ငယ်ဆုံးကစားသမားဖြစ်ပါတယ်။

Photos: EPA

#womenworldcup
#FIFAWWC
#BeyondGreatness
#Mizzima
👏5🔥2👍1😢1