ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ရိုးရာ ဝါခေါင်လက်ချည်ဖြူဖွဲ့ပွဲတော် (Photo News)
====================
(မဇ္ဈိမ)။ ။ကရင်ရိုးရာ ဝါခေါင်လက်ချည်ဖြူဖွဲ့ပွဲတော်ကို ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ တောရကျောင်းတိုက်တွင် ကျင်းပကြသည်။
အဆိုပါကျောင်းတိုက်၌ လက်ချည်ဖြူဖွဲ့ပွဲတော်ပြုလုပ်လာသည်မှာ ယခုအကြိမ်သည် (၃၄) ကြိမ်မြောက် ဖြစ်ပြီး မဲဆောက်မြို့ရှိ ကရင်တိုင်းရင်းသားများ တက်ရောက်ကြသည်။
#PhotoNews
#လက်ချည်ဖြူဖွဲ့ပွဲတော်
#ကရင်တိုင်းရင်းသား
#ယာဉ်ကျေးမှု
ပုံအညွှန်း-မဲဆောက်မြို့ရှိ တောရကျောင်းတိုက်က လက်ချည်ဖြူဖွဲ့ပွဲတော်။(ဓာတ်ပုံ-Mizzima)
website link >>> http://www.mizzimaburmese.com/article/132332
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤7
ပျောက်ဆုံးနေရာကနေ ၂၀၂၃ ခုနှစ်တွင် Bitcoin ပြန်လည်ရှင်သန်လာ
===================
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
၂၀၂၃ ခုနှစ် မတ်လတွင် ဆီလီကွန်ဘေလီဘဏ်ပြိုကျပြီးနောက် ဘဏ်လုပ်ငန်းများ မငြိမ်မသက်မှုများကြောင့် ကြီးကျယ်သော စီးပွားရေးကျဆင်းမှုဖြစ်လာပြီးနောက်ပိုင်း မကြုံစဖူးသော ပြဿနာအမျိုးအစားများက စျေးကွက်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဆီလီကွန်ဘေလီဘဏ် (SVB) ဟာ အမေရိကန်ပြည်ထောင်စုတွင် တစ်ဆယ့်ခြောက်ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပြီး အကျိုးတူအရင်းရှင်များနှင့် လုပ်ငန်းစတင်လုပ်ကိုင်သူများအတွက် ရွေးချယ်စရာဘဏ်ဖြစ်နေခဲ့ပါတယ်။ နာမည်ကြီးသော ဘဏ်ဒေ၀ါလီခံမှု ကလူများစွာရဲ့ပိုင်ဆိုင်မှုကို မည်မျှလုံခြုံကြောင်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။အဆုံးစွန်အားဖြင့် ဗဟိုဘဏ်ဟာ ဘဏ်ငွေစု သူများ အားလုံးကို ဖြေသိမ့်ဖို့ ဝင်ရောက်လာပေမယ့် အဆိုပါဖြစ်ရပ်က ဘဏ်လုပ်ငန်းစနစ်အတွက်ကြီးကျယ်တဲ့ရိုက်ခတ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
လူတိုင်းဟာ သူတို့ရဲ့ ငွေများကို ဘဏ်ကနေ မှအကုန်ထုတ်ယူတာမဟုတ်ပေမယ့် ယခုအခါတွင် လူများစွာက ဘဏ်ပြိုလဲမှု ကို အနည်းဆုံးသတိပြုမိကြပြီး ဘဏ်အများအပြားကြားတွင် ပိုင်ဆိုင်မှများကို ခွဲထုတ်စုဆောင်းခြင်း Bitcoin ကဲ့သို့သော အခြားနည်းလမ်းများဖြင့်ပင် အမျိုးအစားခွဲပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုများကိုသိမ်းဆည်းနေကြပါတယ်။
Bitcoin ကဲ့သို့ အပြည့်အဝ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပိုင်ဆိုင်မှုတစ်ခု ကိုသိမ်းဆည်ဖို့ ဆုံးဖြတ်ချက်ချခြင်းက ဘဏ်များရဲ့ ပြိုလဲမှုကြောင့်ဆိုတာကိုမီးမောင်းထိုးပြနေပါတယ်။
Bitcoin အသုံးပြုသူများက Bitcoin ကိုအသုံးပြုဖို့ ဘယ် ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့ကို ယုံကြည်ဖို့ မလိုအပ်ပါဘူး ။ Bitcoin ကွန်ရက်ကို ထိန်းချုပ်တဲ့ open-source ကုဒ်ကြည့်ခြင်းအားဖြင့် မည်သူမဆို Bitcoin blockchain တွင်ပြုလုပ်ဖူးသမျှငွေပေးငွေယူကိုကြည့်ရှုနိုင်ပြီး network ဟာပွင့်လင်းမြင်သာမှု ရှိပါတယ်။ အကျပ်အတည်းကြောင့် မတ်လတွင် bitcoin စျေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဧပြီလနှောင်းပိုင်းတွင် First Republic Bank တွင် အပ်ငွေ ဒေါ်လာ 70 ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း အစီရင်ခံထုတ်ပြန်ပြီးနောက် ယခင်သုံးလပတ်တွင် အပ်ငွေများ ဆုံးရှုံးသွားခဲ့ရတာကြောင့် bitcoin စျေးနှုန်းများဟာ ထပ်မံမြင့်တက်လာပါတယ်။ လက်ရှိ ဘဏ်များရဲ့ မသေချာမရေရာမှုများကြားတွင် မုန်တိုင်းအတွင်း ဆိပ်ကမ်းတစ်ခုအဖြစ် ငွေစုသူများက Bitcoin ကို ရှင်းရှင်းလင်းလင်းမြင်လာကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာတစ်ခုတွင် DEDOLLARIZATION
ဘဏ်အကျပ်အတည်းမှ မီးမောင်းထိုးပြနေတဲ့ တိကျသောပြဿနာများအပြင် ဒေါ်လာကို ယုံကြည်မှုဟာ တစ်ကမ္ဘာလုံးတွင် လျော့နည်းသွားပုံရပါတယ်။ Bitcoin ကတော့ ဒီနေရာတွင် တစ်ခုတည်းသောအစာထိုးစရာတော့မဟုတ်ပါဘူး။ ရွှေနှင့် ငွေကဲ့သို့သော အဖိုးတန်သတ္တုများ မြင့်တက်လာနေချိန်တွင် အခြားနိုင်ငံများရဲ့ အရန်ငွေကြေးဖြစ်တဲ့ USD ဟာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်တွင် ရှိနေပါတယ်။ ၂၀၀၁ ခုနှစ်တွင် ၇၃% မှ ၅၅% မှ 20 နောက်ပိုင်း၊ 2021 ခုနှစ်တွင်၊ 2022 ခုနှစ် ဧပြီလတွင် 47% အထိ ကျဆင်းခဲ့ကြောင်း စီးပွားရေးပညာရှင် Stephen Jen က ယွမ်သည် ယခုအခါ ရုရှားတွင် ရောင်းဝယ်ဖောက်ကားမှုအများဆုံးငွေကြေးအဖြစ် တရုတ်နှင့်ဘရာဇီးနိုင်ငံတို့က မကြာသေးမီက သဘောတူညီမှုရရှိခဲ့ပြီး ယွမ်နှင့် ဒေါ်လာအစား အမှန်တကယ် ရောင်းဝယ်မှုအခြေချရန် သဘောတူညီခဲ့ကြပါတယ်။ ထိုအတောအတွင်း မလေးရှားကလည်း အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးနှင့် အလားတူ သဘောတူညီချက်များ ပြုလုပ်နေခဲ့ပါတယ်။
BRICS အတိုကောက်ကို အစပြုခဲ့တဲ့ Goldman Sachs ဘောဂဗေဒပညာရှင်ဟောင်း Jim O'Neill က ထိုအချိန်က ထွန်းသစ်စနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ကို ရည်ညွှန်းတာဖြစ်ပြီး မကြာသေးမီက အဆိုပါနိုင်ငံများကို ငွေကြေးစနစ်အသစ်ဖြင့် ဒေါ်လာတန်ဖိုးကို စိန်ခေါ်ဖို့ပြောခဲ့ပါတယ်။ ထိုရည်မှန်းချက်ဟာ ယခုအချိန်မှာတော့၀ေးကွာလွန်းသေးတဲ့ ရည်မှန်းချက်ဖြစ်နိုင်ပါတယ်။
ကုန်ပစ္စည်းတင်သွင်းသူတိုင်းအနေနဲ့ ကတော့တရုတ်နိုင်ငံစီးပွားရေး
ပန်းတိုင်များဖြစ်တဲ့ ဘရာဇီးနှင့် ရုရှားတို့ကဲ့သို့ မကိုက်ညီပါဘူး။ ထို့အပြင် တရုတ်နှင့် အိန္ဒိယကြား တင်းမာမှုမျာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးအဖြစ် အာမခံချက် ဖြစ်တဲ့ ဒေါ်လာရဲ့ စိုးမိုး မှုအဆုံးသတ်ခြင်းကိုမဆိုလိုသော်လည်း၊ လူတစ်ဦးချင်းစီနှင့် နိုင်ငံများ ရွေးချယ်မှု ကွဲပြားစေရန် ဒေါ်လာမဟုတ်သော အခြားရွေးချယ်စရာများကို ရှာဖွေနေကြသည့်ပုံကို ပုံဖော်ထားခြင်းသာဖြစ်ပါတယ်။

👍9😁1🤮1
ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်ကြီး သေဆုံးပြီး ၅ ဦးဒဏ်ရာရ
=====================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ စာသင်ကျောင်းတွင် ဝင်ရောက်အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ယမန်နေ့ ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ကျုံဒိုးမြိို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၄၆) က စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်ဖြင့် အထိုင်ချနေသည့် ထိုကျောင်းအား ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း- GD2 Drone Force တပ်ဖွဲ့၊ ကျားဖြူတပ်ခွဲ (၃) (ပျံလွှားတပ်ခွဲ) Drone တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" တောင်ကြာအင်းစာသင်ကျောင်းမှာ ခန့်မှန်းအင်အား ၃၀ ဝန်းကျင်အထိုင်ချထားပြီး ကျုံဒိုး ခမရ (၅၄၆ ) ကနေ လာရောက် တပ်စွဲထားတယ်။ ထိတွေ့မှုဖြစ်တဲ့အခါ အင်အားထပ်တိုးပါတယ်။ ထိခိုက်သေဆုံးမှုကို စစ်မြေပြင် သတင်းထောက်များ ရှိပါတယ်။ သူတို့ကနေတဆင့် ခိုင်လုံမှုရှိတဲ့ သတင်းကို အတည်ပြုထုတ်ပြန်တာပါ" ဟု ဂဠုန်စစ်ကြောင်း တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ပူးပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း စာသင်ကျောင်းရှိ စစ်ကောင်စီတပ်သားများက ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် နီးစပ်ရာ ပတ်ဝန်းကျင်သို့ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အနီးအနားကျေးရွာရှိ ဒေသခံများပိုင်ဆိုင်သည့် နွား၊ ခွေး၊ ကြက် စသည့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းသည် စစ်ကောင်စီတပ်သားများ ဝင်ရောက်အထိုင်ချ တပ်စွဲထား၍ ယခုနှစ် ၂၀၂၃-၂၀၂၄ စာသင်နှစ်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရကြောင်းလည်း သိရသည်။
" တောင်ကြာအင်း စာသင်ကျောင်းက စစ်ကောင်စီတပ် တပ်စွဲထားလို့ ပိတ်ထားရတဲ့ကျောင်းပါ။ စာသင်ကျောင်းနဲ့ တောင်ကြာအင်းရဲစခန်းက မျက်နာချင်းဆိုင်ပါ။ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်" ဟု ဂဠုန်စစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကာ စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ရှိသည့် ဒေသဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၄၅) ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာကျေးရွာမှ သက်ကြီးပိုင်း ဒေသခံအမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တောင်ကြာအင်းကျေးရွာ
#ကျုံဒိုးမြို့နယ်
#ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်
ပုံအညွှန်း- စစ်ကောင်စီတပ်စွဲထားသည့် တောင်ကြာအင်းစာသင်ကျောင်း

❤9😁3
အင်တာမိုင်ယာမီနဲ့ မက်ဆီရဲ့ ပထမဆုံးဖလား
=============
(Photo News) ပုံမှန်မိနစ် ၉၀ မှာ ၁-၁ ဂိုးနဲ့ ပြီးဆုံးပြီးနောက် အင်တာမိုင်ယာမီဟာ ပင်နယ်တီအဆုံးအဖြတ်မှာ နက်ရှ်ဗလီကို ၁၀-၉ ဂိုးနဲ့ အနိုင်ယူခဲ့သလို လီယွန်နယ် မက်ဆီဟာ ဂိုးသွင်းယူခဲ့ပြီး မြောက်အမေရိကဘောလုံးပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ 2023 Leagues Cup ရဲ့ ရွှေဖိနပ်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ရယူခဲ့ပါတယ်။
ဓာတ်ပုံ - EPA
Leagues Cup ဗိုလ်လုပွဲ ပွဲပြီးရလဒ်
နက်ရှ်ဗလီ ၁-၁ အင်တာမိုင်ယာမီ
ပီကာလက် ၅၇' | မက်ဆီ ၂၃'
ပယ်နယ်တီ (၁၀-၉) ဂိုးဖြင့် အင်တာမိုင်ယာမီနိုင်
#LeaguesCup
#InterMiamiCF
#nashville
#messi

👍12🔥2❤1
ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှုနေ့နှင့် မြန်မာ၌ အကူအညီပေးခွင့်ရရေး ပန်ကြားချက်များ
================
သံခင်းတမန်ခင်း၏ စွမ်းဆောင်အောင်မြင်နိုင်သည့်အပိုင်းတွင် အကန့်အသတ်များ ရှိသည်။ ယမန်နေ့ ဩဂုတ် ၁၉ ရက်သည် ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့ ဖြစ်သည်။ မိုခါ ဆိုင်ကလုန်း မုန်တိုင်းအလွန် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ကုလသမဂ္ဂ၏ တောင်းဆိုပန်ကြားမှုများက အဆုံးသတ်တွင် ကုလ လူသားချင်းစာနာမှု အကူအညီများ ပေးခွင့်ရရေးအတွက် ခွင့်ပြုချက်ရစေမည်လား ဆိုသည်နှင့်ပတ်သက်၍ မေးခွန်းများ ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှုနေ့သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ကမ်ပိန်းတစ်ခုဖြစ်သည်။
ကုလ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ ရုံး၏ အကြီးအကဲ မာတင် ဂရစ်ဖစ်သ် ဩဂုတ် ၁၅ ရက်က နေပြည်တော်၌ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် လက်ရှိတွင် မေးခွန်းများ ရှိနေသည်။ ဆိုင်ကလုန်း မိုခါကြောင့် နိုင်ငံ၏ နယ်မြေတစ်ခွင်တစ်ပြင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီးနောက် သုံးလအကြာတွင် နောက်ထပ် ကုလကိုယ်စားလှယ်တစ်ဦး မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ထပ်မံရောက်ရှိခြင်းလည်း ဖြစ်သည်။

👍4🥰1😁1
တမူးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်
==================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် YCDC ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိလယ်ယာများတွင် လုပ်ငန်းလုပ်ကိုင်နေသော ဒေသ ခံများကို ခြိမ်းခြောက်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါး နာရီကျော်ကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးဒဏ်ရာရသူ များပြားခဲ့ ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၈ နာရီ ၁၁ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါတိုက်ပွဲကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) ၊ ထာလ်ဒို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၉ ရက်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကလေး-တမူး အာရှလမ်းမရှိ ကမ္မကြီးကျေးရွာမှ ဘုတ်ကန်ကျေးရွာအထိလမ်းပိုင်းအား စစ်ရေးအခြေအနေအရ ဒေသခံများအနေဖြင့် အသုံးမပြုကြရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ဩဂုတ်လ ၃ ရက်နေ့က ခါမ်းပါတ်မြို့မှထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် NLA တပ်ဖွဲ့တို့ ကံမ္မကြီးရွာအနီးရှိ ကုန်ထုတ်လမ်းအနီးတွင် မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ထင်းဇင်ရွာသစ်တွင် ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိသွား သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် NLA တပ်ဖွဲ့မှ ဒုဗိုလ်တဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း - အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်များ
ဓါတ်ပုံ - အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)

👍15❤1🔥1🥱1