Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေဘိုတွင် ရွာမီးရှို့ပြီးလုယက်သည့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ရွာကိုမီးရှို့ပြီး ပစ္စည်းများလုယက်ခိုးယူလာကာ သောက် စားမူးယစ်နေသည့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မဟူရာ ရွှေဘိုသား ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ရွှေဘိုမြို့နယ် သီးလုံး၊ မြင်းချင်းနှင့် ပန်းရံကျေးရွာတို့မှ ပျူစောထီးများသည် တောင်ထွတ်ကိုင်းရွာကို မီးရှို့ ပြီး ပစ္စည်းများလုယက်၍ သီးလုံးရွာ၌သောက်စားမူးယစ်နေစဉ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ပျူအင်အား ၅၀ လောက် သောက်စားမူးရူးနေကြတယ်သတင်းရလို့ ကျနော်တို့အဖွဲ့တွေ သွားတိုက်ခဲ့ တာပါ” ဟု မဟူရာရွှေဘိုသားကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များသည် နံနက် ၅ နာရီအထိ လေးနာရီကျော်ကြာ လက်နက်ငယ်များ၊ လက်လုပ် ၆၀ မမ များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးများသည် ဒေသခံများကို နေ့စဉ်ကင်းစောင့်ခိုင်းလျက်ရှိသလို ယခုတိုက်ခိုက်မှုအတွင်း ပြည်သူ များကို မီးထိုးခိုင်း၍ ၎င်းတို့၏လက်နက်များကိုယူဆောင်ပြီး သီးလုံးတောင်ရွာစာသင်ကျောင်းသို့ ထွက် ပြေးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ပျူစောထီးများ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသော်လည်း ပူးပေါင်းတပ်ဖွဲ့ မှ အထိအခိုက်မရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မဟူရာရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်မိကျောင်း၊ ဒေါင်းမာန်၊ ဒေါင်းစစ် သည်၊ ရွှေဘိုစွန်ရဲ(LPDF)၊ ရွှေဘိုအားမာန်၊ Shwebo Federal Army ၊ PREY KITE Shwebo ၊ Eye for Eye၊ Flying Dragon Force နှင့် HG Fighter SBO ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံထောက်တိုင်များအနေဖြင့် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနှိပ်စက်နေသမျှ တော်လှန်ရေးညီနောင်များပူးပေါင်းပြီး ဆက်လက်တွန်းလှန်သွားမည်ဖြစ်ကြောင်း မဟူရာရွှေဘိုသား ကာ ကွယ်ရေးအဖွဲ့က သတိပေးထားသည်။

စာတည်း။ ။စောဖေ

https://youtu.be/g0s3f4J7WX8

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#ပျူစောထီး
#မဟူရာရွှေဘိုသားကာကွယ်ရေးအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31🤣2❤1👎1👏1
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ်
👍5❤1🤮1
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ်
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ရှိ နောင်ဘွား ဘုန်းကြီးကျောင်း၌ ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၇ နာရီမှစတင်ကာ မိရိုးဖလာ ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ်ကျင်းပကြောင်း သိရသည်။

နောင်ဘွားဘုန်းကြီးကျောင်း၌ မိရိုးဖလာကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲကို ၁၉၉၈ ခုနှစ် နှင့် ၂၀၀၃ ခုနှစ်တွင် တို့တွင်လည်း ကျင်းပခဲ့ကြပြီး ယခု၂၀၂၃ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

"လက်ချည်ပွဲဆိုတာ ကရင်တစ်မျိုးသားလုံး ကျင်းပနေတဲ့ပွဲပါ။ မိရိုးဖလာ ကရင်ရိုးရာဖြစ်တဲ့အတွက် မြန်မာပြည်မှာနေတဲ့ကရင်၊ ထိုင်းနိုင်ငံမှာနေတဲ့ကရင်၊ အမေရိကန်မှာနေတဲ့ကရင်၊ နိုင်ငံအသီးသီးမှာနေတဲ့ကရင်တွေက အမြဲတမ်းကျင်းပနေပါတယ်။ ဒီနေ့ပွဲကတော့ ထိုင်းနိုင်ငံမှာလာနေတဲ့သူတွေအတွက် ကျင်းပပေးတာပါ" ဟု နောင်ဘွားဘုန်းကြီးကျောင်း ဆရာတော် ဦးထူးစိန်က မိန့်ကြားသည်။

ပွဲအခမ်းအနားကရင်ဒုံးယိမ်းအကအလှများ၊ ရိုးရာသီချင်းသီဆိုဖျော်ဖြေမှုများ၊ ကျွေးမွေးဧည့်ခံခြင်း အစီအစဉ်များ ထည့်သွင်းကျင်းပကြပြီး ထိုင်းနိုင်ငံရောက် ကရင်လူမျိုးများ သာမက လူကြီး ၊လူငယ်၊ ဘာသာ လူမျိုးပေါင်းစုံမရွေး လာရောက်လေ့လာကာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ကရင်ရိုးရာ ချည်ဖြူထုံးဖွဲ့ရာတွင် မင်္ဂလာဆောင်လက်ချည်ခြင်း၊ နတ်စား၍ လက်ချည်ခြင်းနှင့် ဝါခေါင်လတွင်ပြုလုပ်သည့် လိပ်ပြာခေါ် ချည်ဖြူထုံးဖွဲ့ခြင်း ဟူ၍ ရှိသည်။ ယခုပြုလုပ်သည့် လက်ချည်ပွဲသည် ဝါခေါင်လတွင် ပြုလုပ်သည့် လက်ချည်ပွဲဖြစ်ပြီး မိသားစုလိုက်ကျင်းပခြင်းများ ရှိသလို ဘုန်းကြီးကျောင်းတွင် စုဖွဲ့ကျင်းပကြသည်လည်းရှိသည်။ မိသားစုများ တစ်ဦးနှင့် တစ်ဦးလွယ်ကူစွာ မှတ်မိနိုင်စေရန်နှင့် ဘေးအန္တရယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြုလုပ်ကြခြင်းဖြစ်သည်။

ပုံအညွှန်း ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ ၊ နောင်ဘွားဘုန်းကြီးကျောင်း၌ ပြုလုပ်သော မိရိုးဖလာ ကရင်ရိုးရာ လက်ချည်ပွဲ ပုံရိပ်များ (ဓာတ်ပုံ - KM)

စာတည်း။ ။အောင်ကျော်ဖြိုး
#ကရင်ရိုးရာ လက်ချည်ပွဲ

#မဲဆောက်မြို့
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🥰1🤮1
​​ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အမျိုးသမီး အပါအဝင် လူ ၄ ဦး ဒဏ်ရာရ
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ရပ်တော်မူဘုရား အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ ၂၀ ရက်တွင် ၎င်းတို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူအချို့ ထွက်ပြေးသည်ကို လိုက်လံပစ်ခတ်ရာမှ အနီးရှိ အရပ်သားလေးဦး ကျည်ထိမှန်ဒဏ်ရာခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်စီး သွားလာနေသည့် အမျိုးသား သုံးဦးမှာ လက်မောင်းကျည်ရှပ်ထိ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပြီး နှင့် ရပ်တော်မူဘုရား အရှေ့တွင် ဆိုင်ဖွင့်ထားသည့် စျေးသည် အမျိုးသမီးမှာ ကျည် သုံးချက်ထိပြီး လက်ရှိတွင် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်း ဒေသခံထံက သိရသည်။ ကျည်ထိမှန်သူ အမျိုးသမီးမှာ အသက် ၄၀ အရွယ်ရှိ ဒေါ်သွယ်သွယ်ဝင်းဖြစ်ပြီး စိုးရိမ်ရကာ လက်ရှိအခြေအနေကို မသိရသေးကြောင်း ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီတပ်က ယခု သြဂုတ်လ ၈ ရက်ကစတင်ကာ ရေဖြူမြို့နယ်အတွင်း ရွာစဥ်လှည့်၍ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

"လူသားဒိုင်းအဖြစ် အဖမ်းခံရတဲ့ သူတွေက စစ်ကြောင်းထိုးပြီး ဖမ်းခေါ်လာတာခံရတာပါ။ ဧကနိရွာဘက်က ဒေသခံတွေလို့ပြောတယ်။ အချို့က ထွက်ပြေးလို့ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်တာမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသား သုံးဦးနဲ့ ဆိုင်ထဲ ရှိနေတဲ့ အမျိုးသမီး တဦးတို့မှာ ကျည် ထိမှန် ဒဏ်ရာ ရခဲ့တယ်"ဟု ဒေသခံက ပြောသည်။

ထိုစစ်ကောင်စီတပ်တွင် အင်အား ၃၀ နီးပါးရှိပြီး ရေဖြူမြို့ရပ်တော်မူဘုရားအနီးတွင် ယာယီတပ်စွဲထားကြောင်း ဒေသခံက ပြောသည်။

ထိုစစ်ကောင်စီ တပ်ဖွဲ့ သည်၊ ရေဖြူမြို့နယ် အတွင်းရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ကုန်းရေအင်းနှင့် ရငဲရွာများကို ယခု သြဂုတ်လဆန်းပိုင်း ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ နေအိမ် အများအပြားကို မီးရှို့ ဖျက်ဆီးနေကြောင်း၊ အရပ်သားများမှာ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီက ဧကနိနှင့် ဝဇွမ်းတောရွာရှိ နေအိမ်များမှ ရွှေ၊ ငွေနှင့် တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ကာ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzim
#ရေဖြူမြို့နယ်
#လူသားဒိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬3❤1😁1
​​ဒေါက်တာဇော်ထွယ်အောင် သေဆုံးရမှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမည်ဟု NUG ပြော
=============================

001
(မဇ္စျိမ)။ ။ နိုင်ငံရေးအကျဥ်းသား CDM ဆရာဝန် ဒေါက်တာဇော်ထွယ်အောင် သေဆုံးရမှု ဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီက မုံရွာထောင်မှ မန္တလေးထောင်သို့ အကျဉ်းသားများအား ထောင်ပြောင်းရွှေ့စဉ် လမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ပြီး အခြားနိုင်ငံရေးအကျဉ်းသားများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မသိရသေးသကဲ့သို့ စစ်ကောင်စီဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။

မိုင်းပေါက်ကွဲမှုကြောင့် ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် အပြင်းအထန်ဒဏ်ရာရရှိသူ နိုင်ငံရေးအကျဉ်းသား ငါးဦးနှင့် အခြားဒဏ်ရာရရှိသူ ၃၀ ကျော်လည်း ရှိခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

“ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုပြီး ဒေါက်တာဇော်ထွယ်အောင်နှင့် အခြားထိခိုက်ခံစားခဲ့ရသူများ၏ မိသားစုများနှင့် ထပ်တူ ကြေကွဲ ဝမ်းနည်းရပါသည်”ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒေါက်တာဇော်ထွယ်အောင်သည် ချင်းတွင်းကျန်းမာရေးကွန်ရက်၏ အဓိက အဖွဲ့ဝင်တဦးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးသင့်ပြည်သူများကို နယ်လှည့် ဆေးကုသမှုပေးခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ ဒေသများသည် အပြန်အလှန်မိုင်းဆွဲတိုက်ခိုက်ရာ စစ်မြေပြင်အခြေအနေ၌ ကျရောက်နေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ကလည်း မုံရွာထောင်မှ မြင်းခြံထောင်သို့ အကျဉ်းသား ၁၅၀ ခန့်ကို ထောင်ပြောင်းရွှေ့ရာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းတံတားထိပ်တွင် မိုင်းဆွဲခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဩဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ဒေါက်တာဇော်ထွယ်အောင်
#NUG

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation "
ပုံအညွှန်း - မိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားခဲ့သည့် ဒေါက်တာဇော်ထွယ်အောင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢2😁1🤮1
ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
👍8❤2😁2
ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
=======================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ဆက်လက်ချီတက် ဆန္ဒပြကြပြသည်။

လူထုသပိတ်စစ်ကြောင်းသည် ယမားတံတားပေါ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဈေးတခုတွင် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတမ်းနှင့်အတူ "မြန်ဝမ်ပေါင် အလိုမရှိ၊ မြန်မာယန်စီ အလိုမရှိ” စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ဝမ်ပေါင်ကုမ္ပဏီနှင့်ယန်စီကုမ္ပဏီများ၏လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်ဖွဲ့များကို စခန်းချရန်နေရာများ ပေးထားပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် သပိတ်မှောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၈၁ ရက်မြောက်‌နေ့လည်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ\
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော
=======================

မေလ အထွေထွေရွေးကောက်ပွဲပြီးကတည်းက နိုင်ငံတွင် ဖြစ်ပေါ်နေသည့် သုံးလကြာ နိုင်ငံရေး မတိုးသာ မဆုတ်သာ အခြေအနေကို အဆုံးသတ်စေပြီး ဖျူထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း ဆရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုမည်လား ဆိုသည်ကို ဆုံးဖြတ်မည့် ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်း ပါလီမန် မဲခွဲဆုံးဖြတ်မည့် နေ့နှင့် သက်ဆင် နိုင်ငံသို့ ပြန်လာမည့်နေ့က တိုက်ဆိုင်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍1🔥1
​​အာရှ ချစ်ပ်ပြား ထုတ်လုပ်ရေးလောကတွင် ဈေးကွက်နေရာရရေး အိန္ဒိယနှင့် ထိုင်းတို့ အပြိုင်ကြိုးပမ်းနေ 
=====================

“ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံထက် ပိုပြီးယုံကြည်စိတ်ချရတဲ့ မိတ်ဖက် ရှိပါဦးမလား” ဟု ယင်းမိန့်ခွန်းတွင် မေးခွန်းထုတ်ခဲ့သည်။ "အိန္ဒိယဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ဆက်လျှောက် လာတာနဲ့အမျှ အခွင့်အလမ်းသစ်တွေ ပေါ်လာမှာဖြစ်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်းဆုံး နိုင်ငံဖြစ်လာနေပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ဆက်လက် ပြောကြားခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
​​ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
=====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ​၏ စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အထိုင်တပ်ရင်းများ​၏ လက်နက်ကြီး ပစ်ကူမှုတို့ကြောင့် ကျေးရွာခြောက်ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

"အခြေအနေက မကောင်းဘူး၊ တော်တော်ကိုမကောင်းဘူး ဘာလို့လဲဆိုတော့ ၁၆ ရက်နေ့ညတုန်းက သူတို့ဘက်ကထိသွားတော့ ချမ်းမြေ့စု တံတားထိပ်ထိ ရောက်လာသေးတယ်။ အများကြီးပဲ သူတို့လူတွေက။ ၁၇ ရက်နေ့မှာလည်း ထပ်ပစ်ချတယ်၊ မပြန်ရဲသေးဘူး " ဟု ကရဝေးဆိပ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်၍ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကျေးရွာခြောက်ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကရဝေးဆိပ်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပိတောက်စုကျေးရွာ၊ အထက်စုကျေးရွာနှင့် ငှက်ပျောတောကျေးရွာမှ ဒေသခံများဖြစ်သည်။

စစ်ကြောင်းထိုးလာချိန်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအခြေစိုက် တပ်မ (၄၄)၊ အမြှောက်တပ် အမတ (၆၀၂) တို့​ကပါ လက်နက်ကြီးများဖြင့် ၎င်းကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဇီးကုန်းကျေးရွာအတွင်း စစ်ကြောင်းအထိုင်ချနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေသဖြင့် ကျေးရွာခြောက်ရွာမှ ဒေသခံများသည် နီးစပ်ရာ မိတ်ဆွေနေအိမ်များ၊ တောင်ယာတဲများတွင်သာ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး နေအိမ်သို့ ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
" ပြန်နေလို့ မရသေးဘူးလေ။ လက်နက်ကြီးတွေက ထုတုန်းပဲ။ ဦးလေးတို့ ဒီတိုင်း တောင်ယာကနေ ပြန်လာတာတောင် ရွာထဲမှာ သွားနေကြတုန်းပဲ" ဟု ကရဝေးဆိပ်ကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကျေးရွာခြောက်ရွာတွင် ဒေသခံဦးရေ မည်မျှ ရှိသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ဩဂုတ်လ ၁၆ ရက်နေ့၊ ညပိုင်းတွင် ဇီးကုန်းကျေးရွာ၌ အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲခေတ္တ ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ​၏ ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး( KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး ထိုနယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်းဆီးမှုတို့ကို မကြာခဏ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ တိမ်းရှောင်ရလေ့ရှိကြောင်း သိရသည်။

ပုံအညွှန်း- ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ(ဓါတ်ပုံ- ပေးပို့)

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကျိုက်ထို
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🤬2👎1🔥1😁1
​​တနင်္သာရီတွင် စစ်ကောင်စီတပ်က အရပ်သားကိုပစ်သတ်ပြီး အလောင်းပြန်မပေး
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာတွင် အရပ်သားတဦး စစ်ကောင်စီတပ်ကပစ်ခတ်၍ သေဆုံးခဲ့ပြီး အလောင်းမပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရသူ တမုတ်ချုံးကျေးရွာမှ အသက် ၃၅ နှစ်ခန့်ရှိ ဦးထွန်းနိုင်ဝင်းဆိုသူ ဖြစ်ပြီး နေအိမ်သို့ပြန်လာစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ဒီအတိုင်းပဲ အရပ်ထဲမှာသွားလာနေကြ၊ စစ်ကောင်စီတပ် ကင်းပုန်းဝပ်နေချိန်တွေ့ပြီး ပစ်သတ်ခံလိုက် ရတာ” ဟု တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ဦးထွန်းနိုင်ဝင်း၏ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ကသယ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေ ကိုမသိရသေးကြောင်း လည်း ၎င်းကဆိုသည်။

တမုတ်ချုံးကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုရားတောင်၌ တပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်ခြောက်ရက်ခန့်က‌လည်း အရှေ့မော်တုံးကျေးရွာအုပ်စုသို့ စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးခဲ့သလို မြိတ်မြို့ဘက်မှ ကား ၁၀ စီးခန့်ဖြင့် အင်အားဖြည့်တင်းကာ လှုပ်ရှားနေ၍ စစ်ရေးတင်းမာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရ သည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ ‌စစ်ရေးသတင်းများ နားစွင့်ပြီး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားခဲ့သည့် ခြောက်ရက်အတွင်း ပရဟိတအဖွဲ့ဝင်တဦးအပါဝင် အရပ် သား ခြောက်ဦးထက်မနည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရကြောင်း သိရသည်။

တနင်္သာရီမြို့နယ်မှာ ယခုနှစ် ဖေဖော်ဝါရီလမှစပြီး စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာခံထားရသည့် မြို့နယ်တခုဖြစ်သည်။

စာတည်း။ ။စောဖေ

#တနင်္သာရီမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ရေးတင်းမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍8❤1🥰1😁1