Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Pataakha
==========

ဘတ်ကီ နဲ့ ချွတ်ကီဟာ ရာဂျတ်စ်သန်ဆိုတဲ့မြို့လေးမှာနေကြတဲ့ ညီအစ်မ ၂ ယောက်ပါ

သူတို့တွေက အခိုးခံရတဲ့ဆေးလိပ်ကအစ အဖြဲခံရတဲ့အ၀တ်အစားတွေအထိပါ အချင်းချင်း ရန်ဖြစ်တတ်ကြတဲ့သူတွေပါ
သူတို့ရဲ့အိမ်နီးနားချင်းဖြစ်သူ ဒစ်ပါက သူတို့ ၂ ယောက်ရန်ဖြစ်အောင်မြှောက်ပေးလေ့ရှိပြီး သူတို့ရဲ့အဖေ‌ဖြစ်သူ ဘာပူကတော့ သူတို့ညီအစ်မ ၂ ယောက် အဆင်ပြေအောင် နည်းမျိုးစုံနဲ့ကြိုးစားနေတဲ့သူပါ သို့သော်လည်း သူတို့တွေ အိမ်ထောင်ကျခဲ့ရပြီးတဲ့နောက်မှာတော့ ညီအစ်မသံယောဇဉ်က ဘယ်လောက်အရေးပါလဲဆိုတာ သိခဲ့ရပါတယ်

ဘတ်ကီနဲ့ချွတ်ကီတို့ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုပြန်ပြုပြင်မလဲဆိုတာ ရာ်မောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်


Mizzima + Channel တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 24.8.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀ )နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 25.8.2023
အချိန်။ ။နေ့လည် (၂:oo)နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
ရီပတ်ဘလစ်ကန်သမ္မတလောင်း ပထမစကားစစ်ထိုးပွဲ စတင် | VOA On Mizzima
=======================

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေ ပထမဆုံး အကြိမ် စကားစစ်ထိုးပွဲ ဗုဒ္ဓဟူးနေ့ Wisconsin ပြည်နယ် Milwaukee မှာ ကျင်းပခဲ့ပါတယ်။ ပါတီတွင်း သမ္မတလောင်းအဖြစ် လူထုစစ်တမ်းတွေမှာ ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်း Donald Trump ကတော့ စကားစစ်ထိုးပွဲမှာ သူ မပါဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက စကားစစ်ထိုးပွဲအပေါ် လွှမ်းမိုးနေပါလိမ့်မယ်။ VOA သတင်းထောက် Steve Herman စကားစစ်ထိုးပွဲ ကျင်းပတဲ့ Milwaukee မြို့ကနေ သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။

https://youtu.be/zNVaYCDk7wM?si=G5Ikk9_YRixD4rC5

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ | VOA On Mizzima
======================

ရက်ပိုင်းတွေအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့တမိနစ်ဗွီဒီယိုသတင်းတွေထဲမှာတော့ ရုရှားရဲ့ကျူးကျော်စစ်နဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းအတွက်ဥရောပနိုင်ငံတနိုင်ငံကဂျာမန်အမြောက်ကားတွေအများကြီးဝယ်ပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ပစ္စည်းခိုးတဲ့သူခိုးကို အိမ်ကခွေးလေးက သေချာဧည့်ခံလိုက်တာ လုံခြုံရေးကင်မရာမှာ တွေ့ရပါတယ်။ ဒီလိုဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့တမိနစ်သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။

https://youtu.be/ShnVlcq6MNw?si=ZOe2mRH695bllcva

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1
အခြေအနေမဟန်ရင် ရွေးကောက်ပွဲထလုပ်မယ့် စစ်ခေါင်းဆောင် (ဆောင်းပါး)
======================

ပြီးခဲ့တဲ့ ကာ/လုံမှာ ရွေးကောက်ပွဲအကြောင်း စကားပလ္လင်ခံထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာနေပြည် တော်အစည်းအဝေးတွေမှာလည်း ထပ်ခါထပ်ခါပြောနေတာတွေ့ရပါတယ်။

ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စကားလုံးတွေကို နိုင်ငံတကာအကြိုက်ရွေးပြောနေတာသက်သက်တော့ ဟုတ်မယ်မထင်ပါဘူး။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မဟုတ်တောင်တည်ငြိမ်မှုမရှိသေးတဲ့ဒေသတွေကိုချန်လှပ်ပြီး ကျင်းပလို့ရတဲ့အကြောင်းထည့် ပြောသွားခဲ့တာကြည့်ရင်ရွေးကောက်ပွဲကို သူ့ရဲ့နောက်ဆုံးပြေးလမ်းအဖြစ်ရွေးချယ်ထားပုံရပါတယ်။

https://youtu.be/2feMCyaS8Ro?si=7QB_ArYDyo_vqPX4

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁12💩3😱1🤮1
​​အင်ဒို-ပစိဖိတ်ဒေသတွင် အန္တရာယ်များပြီး ရန်လိုသည့် တရုတ်၏ လုပ်ရပ်များကို အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပြစ်တင်ရှုတ်ချ
===================

တရုတ်နိုင်ငံ၏ အန္တရာယ်များပြီး ရန်လိုသည့် လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 

၎င်းနိုင်ငံများအကြား ပထမဆုံးအကြိမ် ၃ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့ပြီးနောက် 'The Spirit of Camp David' ဟု ခေါင်းစဉ်တပ်ထားသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကာ စုပေါင်းမဟာမိတ်ဖွဲ့မှုကို ထောက်ခံကြောင်း ဖော်ပြထားသည်။ 
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန် ၃ နိုင်ငံ မိတ်ဖွဲ့ဆောင်ရွက်မှုသည် မိမိတို့၏ ပြည်သူများ၊ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ လုံခြုံရေးနှင့် သာယာဝပြောရေးကို တိုးတက်စေသည်ဟု ယုံကြည်သောကြောင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် မိမိတို့ သန္နိဋ္ဌာန်ချထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
👍11🔥2👏1
​​စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လေယာဉ်ဆီကဏ္ဍကို ပစ်မှတ်ထားပြီး အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 
=====================

ကိုယ့်ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသည့် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီ ရရှိအောင် ကူညီပေးနေသည့် နိုင်ငံခြားကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပါအဝင် မြန်မာအပေါ် အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။ 

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ၂၀၂၁ ဖေဖော်ဝါရီက အာဏာသိမ်းခဲ့သည့် စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးရာတွင် ပါဝင်နေသော လူပုဂ္ဂိုလ်များအဖြစ် SHOON ENERGY ကုမ္ပဏီပိုင်ရှင် ခင်ဖြူဝင်းနှင့် Asia Sun ကုမ္ပဏီပိုင်ရှင် ဇော်မင်းထွန်းတို့အပြင် ၎င်းတို့နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခုဖြစ်သော PUMA ENERGY MYANMAR PTE. LTD၊ PEA PTE.LTD (PUMA ENERGY IRRAWADDY AVIATION PTE LTD) နှင့် SHOON ENERGY PTE. LTD (ASIA SUN AVIATION PTE. LTD ) တို့ကိုပါ ထည့်သွင်းကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ 

မြန်မာနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်သော အပေးအယူ လုပ်ဆောင်မှုများကို မြန်မာပြင်ဘက်က ကုမ္ပဏီများအား ပိတ်ဆို့ထားသည့် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားသော အထူးအမိန့်အရ မြန်မာနိုင်ငံ၏ လေယာဉ်ဆီ ဆန်းစစ်ထုတ်ပြန်ထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။ 

“မြန်မာစစ်ကောင်စီအတွက် မရှိမဖြစ် နောက်ထပ် ကဏ္ဍတစ်ရပ်အပေါ် ပစ်မှတ်ထားပြီး ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ရတာပဲ၊ ကိုယ့် အရပ်သား ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းနေနိုင်စွမ်းတဲ့ စစ်ကောင်စီရဲ့ ရင်းမြစ်တွေကို ကျွန်တော်တို့ ပိတ်ဆို့တာပဲ”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးစုံစမ်းစစ်ဆေးမှုဌာန၏ လက်ထောက်အတွင်းရေးမှူး ဘရိန်းနယ်ဆင်က ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

မြန်မာစစ်ကောင်စီသည် ပြည်သူများအား ဖိနှိပ်ရာ၌ ပို၍ အကြမ်းဖက်သော လေကြောင်းတိုက်ခိုက်မှုများကို တိုး၍ မှီခိုအားထားလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပြီး အရပ်သားများ သေဆုံးရသည့် မကြာသေးသော လေကြောင်းတိုက်ခိုက်မှုများကို ကိုးကားဆိုသည်။ အာဏာသိမ်းချိန်မှစပြီး အရပ်သားပြည်သူ ၃,၉၀၀ ကျော်ထက်မနည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်းလည်း ခန့်မှန်းဖော်ပြသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုကို ဖော့လျော့ပြောဆိုလျက် ရှိသည့် မြန်မာစစ်တပ်တာဝန်ရှိသူများကမူ သောင်းကျန်းသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။ 
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းပြီး ဖြိုခွင်းမှုများအတွင်း အတိုက်အခံ ထောင်ပေါင်းများစွာကို သတ်ဖြတ်၍ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည့်နောက် မြန်မာစစ်ခေါင်းဆောင်များအား အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ 

ဇွန်လအတွင်းကလည်း အမေရိကန်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများမှ ဘဏ္ဍာဝင်ငွေများကို လည်ပတ်နေသည့် နိုင်ငံပိုင် ဘဏ်နှစ်ဘဏ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခဲ့၍ စစ်ကောင်စီ၏ နိုင်ငံခြားငွေ ရရှိမှုကို ဖြတ်တောက်နိုင်လိမ့်မည်ဟု တက်ကြွလှုပ်ရှားသူများက မျှော်လင့်ခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။)
👍15👏4😁2
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံကိုပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ဆေးရုံတက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Thailand
👍5😁1🤣1
​​ကစားသမားဘဝရဲ့ 'အချိန်တိုင်းကို ပျော်ရွှင်လိုတယ်'လို့ မက်ဆီ ပြော
=====================

လီယွန်နယ် မက်ဆီကတော့ သူ့ရဲ့ကစားသမားဘဝရဲ့ လက်ကျန်အချိန်တိုင်းကို ပျော်ရွှင်လိုပြီး သူ ဘယ်အချိန် အနားယူမလဲဆိုတာကို စိတ်ထဲမှာ ရက်သတ်မှတ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ Leagues Cup ဗိုလ်လုပွဲမှာ နက်ရှ်ဗေးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရအပြီး ကလပ်သစ် အင်တာမိုင်ယာမီနဲ့အတူ သူ့ရဲ့ ပထမဆုံးဖလားကို ရရှိခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့လက မိုင်ယာမီအသင်းနဲ့ နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပေမယ့်လည်း ဒီစာချုပ်ကို နောက်ထပ်သက်တမ်းတိုးဖို့ သူ့ရဲ့အနာဂတ်ကို စပြီးတော့တောင် မစဉ်းစားရသေးဘူးလို့ သူက ပြောပါတယ်။

"ရိုးရိုးသားသားပြောရရင် ကျနော် (အနားယူမယ့်) အဲဒီ့အကြောင်းကို မတွေးထားသေးပါဘူး။ ကစားရတာကို နှစ်သက်ပါတယ်၊ ကွင်းထဲမှာ ဘောလုံးနဲ့အတူ ပြိုင်ဆိုင်နေရတာ၊ လေ့ကျင့်နေရတာကို ပျော်ရွှင်ပါတယ်"လို့ ဘလွန်းဒီအော်ခုနစ်ကြိမ်ဆုရှင်က Apple TV+ နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"နောက်ထပ်ပိုပြီး ဘယ်လောက်များများ ကစားရလိမ့်မယ်ဆိုတာ ကျနော် မသိပေမယ့် အခွင့်ကောင်းရအောင်ယူရင်း တတ်နိုင်သလောက်တော့ ကြိုးစားပါ့မယ်၊ ကျန်းမာကြံ့ခိုင်သေးရင်တော့ တွေ့ရမှာပါ။ စဉ်းစားဖို့၊ ခွဲခြမ်းစိတ်ဖြာပြီး ရွေးချယ်ဖို့ကို နောက်ပိုင်းမှာ အချိန်ရှိပါသေးတယ်။"လို့ သူက သူ့ရဲ့မေဂျာလိဂ်ဘောလုံးကလပ်အသစ်အတွက် စနေနေ့က အောင်ပွဲမရခင် မှတ်တမ်းတင်ထားတဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

“ဒီနေ့ အရေးကြီးဆုံးအရာက ကျန်နေသေးတဲ့အရာမှာ ပျော်နေဖို့ပဲ၊ ဘာပဲဖြစ်ဖြစ် ဒါက နည်းနည်းလေးလည်းဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်တယ်”လို့ သူက ပြောပါတယ်။

"အချိန်တိုင်းကို ပျော်ရွှင်ပါ။ အထူးသဖြင့် ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ပြန်မလာဘူးလေ။ ပြီးတော့ ကျနော် ဘာမှ နောင်တမရချင်ပါဘူး"လို့ သူက ဖြည့်ဆွတ်ပြောဆိုသွားပါတယ်။ 

အင်တာမိုင်ယာမီဟာ ကြာသပေးနေ့ရဲ့ U.S. Open Cup ဆီမီးဖိုင်နယ်မှာ စင်စင်နာတီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်မှုနဲ့ နောက်ထပ် ဖလား တစ်လုံးနဲ့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ပြန်ပါတယ်။
👍9❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Cambodia
👍5🤣1
​​အရပ်သားပြည်သူများကို မြန်မာစစ်တပ်က သတ်ဖြတ်နေမှုအပေါ် ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပြစ်တင်ရှုတ်ချ
===================

တရုတ်နှင့် ရုရှား မပါဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံသည် ဩဂုတ် ၂၃ ရက်က ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာတွင် အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုနှင့် “ရက်စက်သော အကြမ်းဖက်မှု” များအပေါ် ပြစ်တင်ဝေဖန်လိုက်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရေး မြန်မာအာဏာသိမ်းစစ်အုပ်စုကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ပူးတွဲကြေညာချက်တွင် တိုက်တွန်းသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက သဘောတူခဲ့သည့် မြန်မာ့အရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ၏ ပထမဆုံးသော ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် “လုံလောက်သည့် တိုးတက်မှု” ရှိမနေဟု ပူးတွဲထုတ်ပြန်ချက်တွင် ပြောသည်။ လုံခြုံရေးကောင်စီ၏ ပြီးခဲ့သည့် ဒီဇင်ဘာ ဆုံးဖြတ်ချက် မဲခွဲမှုတွင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံပတ်သက်နေသည့် တရုတ်၊ ရုရှားအပြင် ကောင်စီတွင် နှစ်နှစ်တာသက်တမ်းပြီးဆုံးသွားပြီဖြစ်သည့် အိန္ဒိယတို့က မဲမပေးဘဲ နေခဲ့ကြပြီး ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ခြင်းအားဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး လက်ထောက်အတွင်းရေးမှူးချုပ် ခါလက်ဒ် ခီအာရီ နှင့် မြန်မာနိုင်ငံသို့ သွားသည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်သ်တို့က ကောင်စီ တံခါးပိတ်အစည်းအဝေး၌ ရှင်းလင်းတင်ပြပြီးနောက်တွင် ကုလဆိုင်ရာ ဗြိတိန်၏ ဒုတိယသံအမတ် ဂျိမ်းစ် ကာရီဘူကီက အခြားသော နိုင်ငံများမှ သံတမန်များ ဝန်းရံလျက် ထုတ်ပြန်ချက်ကို ဖတ်ကြားပြသည်။
👍23😁3
ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့
=====================

https://youtu.be/_wNo8B4i-Ag?si=kEebi0m1czvM5RhS

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမား ရေထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ပို့ကုန်ကန့်သတ်ချက် ရုတ်သိမ်းပေးဖို့ ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🤮2
This media is not supported in your browser
VIEW IN TELEGRAM
တောင်တရုတ်ပင်လယ်တွင်းက ကင်းစခန်းသို့ ထောက်ပံ့ရေးတွေ ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Philipine
👍6🔥1
သြဂုတ်လ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00-UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံတဲ့ သတင်း

03:44- NUG ကို အရူးဟု ရည်ညွန်းပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့သတင်း

05:49-ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ်စခန်းကုန်းတိုက်ခိုက်ခံရမှု ၃ဦးသေဆုံးပြီး သေနတ်တွေသိမ်းဆည်းရရှိတဲ့သတင်း

09:56-မြိတ်မှာ စက်သုံးဆီအကန့်အသတ်နဲ့ သာ ရရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/xX6cjyObbJg?si=vaxQA6MT0JgkuJWz

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁1🍌1
စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့လဲ (ရုပ်/သံ)
======================

ဟန်ထူးဇော်
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနဲ့ ကရင်နယ်ခြား စောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လ၂၁ရက်နေ့မှ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ၁၀ကြိမ်ကျော် စစ်ကြောင်းထိုးခဲ့ပေမယ့် အကျအဆုံးများပြီး ဆုတ်ခွါထွက်ခဲ့ရတာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ကာ လေကြောင်းပစ်ကူ (၁၀) ကြိမ်ကျော်ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း အခြေနေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က ရှေ့တန်းကို သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။

ရိုက်ကူး= ငြိမ်းချမ်း
တင်ဆက် = ဟန်ထူးဇော်

https://youtu.be/lCxeYA0ln3E?si=zZBM4Rokug3qUYnG

#လက်ခတ်တောင်
#စခန်းကုန်း
#မြဝတီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏2😁2
တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င်
❤13👏3😁2