Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုဖြင့် NUG တရားရုံးတွင် စွဲဆို
🤬5👍3🤣2
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုဖြင့် NUG တရားရုံးတွင် စွဲဆို
================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဩဂုတ်လ ၁၀ရက်က ဖြစ်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအား သတ်ဖြတ်မှု၌ ပါဝင်သူ ခုနစ်ဦးကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မအပါအဝင် ပုဒ်မ သုံးခုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင်တရားစွဲဆိုလိုက်သည်။

မုံရွာမြို့၊ထန်းတောကျွန်းဆွယ်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နေ့ နံနက်တွင် ၎င်း၏ နေအိမ်အတွင်း လက်နက်ကိုင်လူတစု၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအမှုတွင် ပါဝင်ပတ်သက်သူ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးထားပြီး မုံရွာမြို့နယ်လုံခြုံရေးအဖွဲ့က အမှုတည်ဆောက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲလိုက်သည်ဟု မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊လုံခြုံရေးနှင့်ကာကွယ်ရေးကော်မတီက ယမန်နေ့ ဩဂုတ်လ ၂၃ရက်တွင် ထုတ်ပြန်သည်။

တရားစွဲဆိုလိုက်သည့် အမှုများမှာရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓါးပြမှု)၊ ပုဒ်မ ၃၉၆ (လူသတ်မှုပါသော ဓားပြမှု)၊ပုဒ်မ ၃၉၇( သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ၊ အားထုတ်မှုပါသော လုယက်မှု(သို့တည်းမဟုတ်)ဓားပြမှုတို့ဖြစ်သည်။ရာဇသတ်ကြီးပုဒ်မ ၃၉၆အား ကျူးလွန်သူကို သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ ပုဒ်မ ၃၉၅၏ ပြစ်ဒဏ်တွင်လည်းတသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀နှစ်အထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် အသက်(၂၅)နှစ်အရွယ်မအေးငြိမ်းသူသည် သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ဝမ်းဗိုက်ထဲမှ ကလေးလည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။ သတ်ဖြတ်မှုကို ကျူးလွန်သူများက ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစီးလည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါအမှုကို ကျူးလွန်သူများမှာ ကျွဲကြီး(ခ) ဘိုငွေ၊ ပြုံးကြီး (ခ) ကျော်စိုးထွန်း၊ အောင်ကြီး (ခ) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခ) ကျော်သူစံ၊ တက်တူး(ခ) မိုးမင်းထက်၊ ကရင်(ခ) အောင်ဆန်းဦး၊ ကျားလေး(ခ) ဝင်းမင်းထက်တို့ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့၊လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကျူးလွန်သူများမှာ ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တခုမှ အဖွဲ့ဝင်များဖြစ်ကြောင်းသတင်းများထွက်ပေါ်နေပြီး အသေးစိတ်ကို မဇ္စျိမအနေဖြင့် မသိရှိရသေးပေ။

"အကျဥ်းထောင်တခုမှာ ထိမ်းသိမ်းထားပြီး လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး တရားစီရင်ရေး အစီအမံများအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မအေးငြိမ်းသူ၏ ဈာပနကို မုံရွာမြို့တွင် ဩဂုတ်လ ၁၂ရက်က ပြုလုပ်ခဲ့ရာ မြို့ခံအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြပြီး တရားမျှတမှုရှိရေးအတွက်တောင်းဆိုခဲ့ကြသည်။

စာတည်း - အေးချမ်း
#mizzima
#မုံရွာမြို့
#ကိုယ်ဝန်ဆောင်အမျိုးသမီး
#NUGအစိုးရတရားရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🤣4❤3😢2🤬1
Media is too big
VIEW IN TELEGRAM
UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ

Watch more detail - https://youtu.be/u1KLCnc9zDE#UNOCHA

#အာဏာသိမ်း စစ်ခေါင်းဆောင်#NUG #VideoNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤13😁1🤮1
​​စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူ ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့
===================

001
မဇ္စျိမ။ ။ မြန်မာပြည်သူများအား လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေသည့် စစ်ကောင်စီအတွက် ဂျက်လေယာဉ်ဆီဝယ်ယူဖြန့်ဖြူးပေးရာတွင် ပါဝင်ပတ်သက်သူ နှစ်ဦးနှင့် ဆက်စပ်ကုမ္ပဏီ သုံးခုကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထပ်တိုးထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသည့် Shoon Energy ကုမ္ပဏီနှင့် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း ၊ ၎င်းမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်သော P.E.I Energy နှင့် PEIA ကုမ္ပဏီတို့အား ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Asia Sun Group ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၁၁ ခု၏ ပိုင်ရှင် ဦးဇော်မင်းထွန်းကိုလည်း အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းလိုက်ကြောင်း သိရသည်။

စစ်ကောင်စီအတွက် အရေးကြီးသည့် နောက်ထပ် ကဏ္ဍတစ်ရပ်အပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုကို ချဲ့ထွင်ခြင်းဖြစ်ကာ အရပ်သားပြည်သူများအပေါ် နှိပ်စက်ညှဥ်းပန်းနေသည့် စစ်ကောင်စီ၏ ရင်းမြစ်များကို ထပ်ပြီး ဆုံးရှုံးစေခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးစုံစမ်းစစ်ဆေးမှုဌာန၏ လက်ထောက်အတွင်းရေးမှူး ဘရိုင်ယန် နယ်လ်ဆန်က ကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ကောင်စီအတွက် လေယာဥ်ဆီတင်သွင်းပေးနေသူများ
အား ပိတ်ဆို့ အရေးယူမှုများ ချမှတ်မှုအပေါ် ကြိုဆိုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက မဇ္စျိမကိုပြောသည်။

"အဲ့ဒီလိုမျိုး ပိတ်ဆို့အရေးယူတာကို ကျွန်တော်တို့က ကြိုဆိုတယ်။ ဘာလို့လဲဆို ကျွန်တော်တို့မြေပြင်မှာက တရားမျှတမှုအတွက်ပဲ တိုက်နေတယ်။ ပြီးတဲ့အခါမှာ ဒီလေယာဥ်နဲ့က စစ်ပွဲထဲမှာပဲ အသုံးပြုတာမျိုး မဟုတ်ဘဲ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရပ်သားတွေပေါ့နော်။ အရပ်သားပြည်သူတွေကိုပါ သူတို့က (စစ်ကောင်စီ) ရန်သူသဖွယ်သတ်မှတ်ထားပြီးတော့မှ ဒါတိုက်ခိုက်နေတာမျိုးတွေ လုပ်တဲ့အတွက် ဒါက စစ်ရာဇဝတ်မှု တော်တော်လေးကို ပြောင်ပြောင်တင်းတင်းလုပ်နေတယ်လို့ပြောလို့ရတယ်။ ဒီလိုမျိုး လုပ်ဆောင်နေတဲ့အထဲမှာမှ အဲ့ဒီလိုမျိုး အဓိက ပါဝင်နေတဲ့ လေယာဥ်ပေါ့လေ။ လေကြောင်း တိုက်ခိုက်မှုတွေကို အဓိကအထောက်အကူပြုနေတဲ့ လေယာဥ်ဆီပုံစံမျိုးပေါ့နော် အဲ့ဒီလိုမျိုးတင်သွင်းတာတွေဘာတွေကို ပိတ်ဆို့အရေးယူတာမျိုးကိုတော့ ကျွန်တော်တို့ KNDFအနေနဲ့ကြိုဆိုပါတယ်"ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူများကို ဖိနှိပ်ရာ၌ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို ပို၍ အားထားလာနေပြီး မကြာသေးခင်ကလည်း စစ်ကိုင်းတိုင်းရှိ ညောင်ကုန်းကျေးရွာအနီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ပြီးခဲ့သည့် ဧပြီလနှင့် ဇွန်လအတွင်း စစ်ကိုင်းတိုင်းတွင် အမျိုးသမီးနှင့်ကလေးသူငယ်များအပါအဝင် အရပ်သား ၈၀ အထိ သေဆုံးခဲ့ရကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းချိန်မှစပြီး အရပ်သားပြည်သူ ၃,၉၀၀ ကျော်ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်ချုပ်ရေးကြေညာခံရသည့် မြို့နယ် ၄၀ တွင် မတ်လမှ မေလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်မြင့်မားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar ၏ ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အမေရိကန်ဒဏ်ခတ်အရေးယူ
#လေယာဉ်ဆီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏3😁3
Media is too big
VIEW IN TELEGRAM
စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူ

Watch more detail - https://youtu.be/v1xO1iA4jhU

#ကုမ္ပဏီ#လေယာဉ်ဆီ#အမေရိကန် #VideoNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍11😁2
အွန်လိုင်းမှလိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်မှုများကိုတရုတ်မြန်မာလာအိုထိုင်း၄နိုင်ငံပူးတွဲချေမှုန်းမည်
===================

မြန်မာနိုင်ငံအခြေစိုက် ဆိုင်ဘာရာဇဝတ်မှုဂိုဏ်းတွေကိုချေမှုန်းဖို့ တရုတ်က ထိုင်း၊လာအိုတို့နဲ့ အလုပ်အတူလုပ်မယ်လို့ ပြောလိုက်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန် လိုက်ပါတယ်။

ထိုင်းနဲ့လာအိုသံအမတ်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai က အင်္ဂါနေ့က ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အွန်လိုင်း လောင်းကစားတွေနဲ့ လိမ်လည်မှုတွေဟာ အများပြည်သူရဲ့ အသက်နဲ့ အိုးအိမ်ဥစ္စာတွေကို အလွန်အမင်း ထိခိုက်ပျက်စီးစေတာကြောင့် အလိမ်ခံရသူတွေကို ရှာဖွေကယ်တင်ပြီး လောင်းကစားဂိုဏ်းတွေကို ချေမှုန်းရာမှာ အထောက်အကူပြုဖို့ မြန်မာစစ်ကောင်စီနဲ့ ကြိုးစားပေါင်းစပ်ညှိနှိုင်းမယ်လို့ ကြေညာချက်က ပြောထားပါတယ်။

အွန်လိုင်းလိမ်လည်နေသူတွေနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ကြေညာချက်ထွက်လာတာလို့ တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းက ဖော်ပြပါတယ်။

ဆိုင်ဘာ ရာဇဝတ်မှုဂိုဏ်းတွေကို စုံစမ်း ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံ ၄ နိုင်ငံ က ပေါင်းစပ်ညှိနှိုင်းရေးဌာနတခုကို ချင်းမိုင်မှာ ဖွင့်လှစ်မှာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝတပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာပါ။
မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေဟာ တရုတ်-ထိုင်း-မြန်မာ-လာအိုနိုင်ငံသားတွေအပြင် အာဆီယံဒေသတွင်းနိုင်ငံကသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာဖမ်းမိတဲ့ အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းခေါင်းဆောင်အပါအဝင် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ ရန်ကုန်လေဆိပ်ကတစ်ဆင့် သြဂုတ်လ ၂၃ ရက် မနက်ပိုင်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို ရန်ကုန်မြို့ကနေ အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

အလားတူ ဒီနှစ်ဇွန်လအတွင်းမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း ကျူးလွန်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

https://youtu.be/yknub9163MM?si=ecWJKhEdIfdgVTNy

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤6👏2👍1
တရုတ်ကုမ္ပဏီများကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ တရုတ်ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင် ၊ မြန်မာယန်စီကုမ္ပဏီများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဩဂုတ်လ ၂၄ရက် ယနေ့တွင် ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲ လုပ်နေတာ ချက်ချင်းရပ်” စာတန်းကို ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီများ၏ လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်များ စခန်းချရာ နေရာများဖြစ်ပြီး ယင်းနေရာများမှ အပြင်ထွက်၍ ပြည်သူများကို သတ်ဖြတ် ၊ နေအိမ် မီးရှို့ဖျက်ဆီး မုဒိမ်းကျင့် စသည့် လူမဆန်သောလုပ်ရပ်များလုပ်ကိုင် ဆောင်ရွက်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် လက်မခံဘဲ သပိတ်မှောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၈၈၅ ရက်မြောက် ချီတက်ခဲ့ခြင်းဖြစ်သည်။

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
❤9👍3😁3
၅ ပတ်ဆက်တိုက် မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေး | Business Round Up (24.8.2023)
==================

- ၄ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၅ဝဝ ခန့် CDM လုပ်ဆောင်ခဲ့

- ၅ ပတ်ဆက်တိုက် မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေး

- နိုင်ငံပိုင်ဘဏ်များအပေါ် အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်မှုကြောင့် ထိခိုက်နစ်နာကြောင်း စစ်ကောင်စီဝန်ခံ

- ပြည်တွင်း ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးသို့ရောက်လာ

https://youtu.be/YmJLnuxOEXc?si=K6-9DiZiPWbN4O2Z
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
ရေဦးမြို့နယ် ကျောက်တိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ အောင်သာပျူရွာမှ ရိက္ခာရှာ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးကာ ပျူစောထီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) စေတန် တပ်ခွဲထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၄၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း စေတန်တပ်ခွဲမှူးက ပြောသည်။

“ စစ်သားနှင့်ပျူ အင်အား ၂၀ လောက်ကို သာလွန်အင်အားနဲ့ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မျက်မြင် စစ်သား သုံးဦးသေဆုံးပြီး ပျူစစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ် “ ဟု ၎င်းတပ်ခွဲမှူးက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အောင်သာပျူကျေးရွာမှ ၆၀ မမ လက်နက်ကြီးများ ၊ စက်လတ်များဖြင့် ပစ်ကူပေးခဲ့သည့်အတွက် ဒေသကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ ကန့်ဘလူ ခရိုင် ပ.က.ဖ ၊TGYR ၊ ဗေဒါကြီး အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အောင်သာ ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များ၏ ရန်ကြောင့် ၎င်းကျေးရွာနှင့်နီးစပ်သည့် ကျောက်တိုင်ကျေးရွာမှ ဒေသခံပြည်သူများ စစ်ရှောင်နေရကြောင်းသိရသည်။

https://youtube.com/shorts/Xtdze-XQQG4?si=HMDfX1fRzSCKWZM6

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပျူစောထီးကျေးရွာ
#စစ်ကောင်စီတပ်
#ရေဦးမြို့နယ်
#Hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍5😁2
Media is too big
VIEW IN TELEGRAM
အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်မှုများကို တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံပူးတွဲချေမှုန်းမည်ဟုဆို

Watch more detail - https://youtu.be/yknub9163MM

#အွန်လိုင်း#ရာဇဝတ်မှု#ချေမှုန်းမည် #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤5👏1
ရေပြာစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ရောက်ပစ်ခတ်၊ တာဝန်ကျရဲများ ထွက်ပြေး
==================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်များထွက်ပြေးသွား ဆိုင်ကယ်နှစ်စီးနှင့် သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရေပြာစစ်ဆေးရေးဂိတ်အား ဩဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်သားများထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက် ယာက ပြောသည်။

“ရဲစခန်းရှေ့မှာဂိတ်ချထားတာ ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်။ ကျနော်တို့လည်းဝင်ပစ်ရော ဆိုင်ကယ်တွေပါထားပြီး စခန်းထဲကိုဝင်ပြေးသွားတာ၊ ရဲတစ်ကောင်တော့ သေသွားတယ်”ဟု ၎င်းက ပြော သည်။

ရဲတပ်ဖွဲ့ဝင်များထွက်ပြေးသွားသည့်အတွက် ၎င်းတို့ကျန်ခဲ့သည့် ဆိုင်ကယ်နှစ်စီး၊ G3 သေနတ်တလက်၊ ဖုန်းတလုံး၊ ကျည် ၁၇၁ တောင့်နှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်နိုင်ခဲ့ကြောင်း သိရသည်။

ရေပြာစစ်ဆေးရေးဂိတ်သည် လမ်းသွားလမ်းလာခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေ သည့် စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း ဗိုလ်လက်ယာက ဆိုသည်။

ယခုတိုက်ခိုက်မှုကို ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း(၁) စိတ် (၁၈)၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့ ၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

https://youtu.be/-q_DsV0xFEM?si=EIzc7CqDEtwnOftN

#မကွေးတိုင်း
#ပေါက်မြို့နယ်
#ရေပြာစစ်ဆေးရေးဂိတ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15🔥2👏2
​​MIZZIMA JOB ANNOUNCEMENT
===============

"Breaking Boundaries with words: Join Mizzima as an Experienced Journalist"

Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!

How to Apply:
Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].
👍4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ ချိုင့်ဝှမ်းတစ်ခုကိုကူးတဲ့ ကေဘယ်ကားမတော်တဆမှုမှ လူ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Pakistan
👍8🔥1😁1
​​ပြုပြင်ပြောင်းလဲရေး ၄ နှစ်တာကို ဖော်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ကတိပေး
======================

ထိုင်းနိုင်ငံတွင် ယခင် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် စစ်တပ်လိုလားသော ပါတီများပါ ပါဝင်သော အငြင်းပွားဖွယ် ညွန့်ပေါင်းအဖွဲ့၏ အကြီးအကဲအဖြစ် ဝန်ကြီးချုပ်သစ်က ထိုင်းဘုရင့်တိုင်းပြည်အား ပြုပြင်ပြောင်းလဲရေး လေးနှစ်တာကို ဖော်ဆောင်သွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁6
​​ဟင်္သာတတွင် ဘုန်းကြီး ၂ ပါး စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား
======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်ရှိ ရန်ကြီးအောင် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးနှစ်ပါး စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်က ရန်ကြီးအောင်ဘုန်းကြီးကျောင်းအိပ်ဆောင်၌ ဘုန်းကြီးသုံးပါး အတူရှိနေစဉ် သက်တော် ၅၈ နှစ်ရှိဘုန်းကြီးက သက်တော် ၅၆ နှစ်ရှိဘုန်ကြီးအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ် သည်ဟု ဒေသခံတဦးကပြောသည်။

အဆိုပါ ဘုန်းကြီးနှစ်ပါးသည် သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက အိပ်ဆောင်ပေါ်၌ စကားများရန်ဖြစ်ခဲ့ကြ ပြီး သြဂုတ်လ ၂၃ ရက်နေ့နံနက် အာရုံဆွမ်းစားပြီးချိန်၌ ထပ်မံစကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။
ဓားဖြင့်ခုတ်သည့် ဘုန်းကြီးမှာ ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)ဖြစ်ပြီး အခုတ်ခံရသည့်ဘုန်းကြီးမှာ ဦးဝိမလ (လူအမည် ဦးလှသိန်း)ဖြစ်ကြောင်း သိရသည်။

“၂၂ ရက်နေ့က စကားများရန်ဖြစ်ထားတာကို အခဲမကျေလို့ ၂၃ ရက်နေ့မှာ ထပ်ဖြစ်တာပါ။ သက်တော် ၅၈ နှစ်ရှိတဲ့ဘုန်းကြီးက ထင်းခွဲတဲ့ဓားနဲ့ခုတ်တာ ခြောက်ချက်လောက်ထိသွားတယ်၊ စိုးရိမ်ရတယ်လို့ သိရ တယ်” ဟု ဒေသခံက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲများရောက်ရှိလာပြီး ဓားခုတ်မှုကျူးလွန်သည့် ဘုန်းကြီးဦးဝိမလ(လူအမည် ဦးဝင်းနိုင်)အား လူဝတ်လဲကာဖမ်းဆီးခေါ်ဆောင်သွားကာ ဒဏ်ရာရသည့် ဘုန်းကြီးအား ဟင်္သာတဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဓားခုတ်မှုကျူးလွန်သည့် ဘုန်းကြီး ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)အား ဟင်္သာတမြို့မရဲစခန်း၌ ဖမ်းဆီး ထားသည်ဟုသိရပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီး စပ်သူများက ပြောသည်။

ဓာတ်ပုံ - ကိုဇော်မင်း
(ဓားခုတ်မှုကျူးလွန်သည့်ဘုန်းကြီးအား ဟင်္သာတမြို့မရဲစခန်းက ဖမ်းဆီးထားစဥ်)
စာတည်း။ ။စောဖေ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation

#ဧရာဝတီတိုင်း
#ဟင်္သာတမြို့
#ဓားခုတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
အရာတော်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီတပ် ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်
===================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင်ရှိသည့် စ.ခ.တ (၁၀) တပ်ကိုလာသည့် စစ်ကောင်စီတပ်၏ ၁၂ ဘီးကား သုံးစီးကို သြဂုတ်လ ၂၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Danger Force LPDF က ယမန်နေ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီ ၄၂ မိနစ်ခန့်က မုံရွာ - အရာတော် လမ်းပိုင်း၌ ကင်းပုန်းဝပ်ပြီး အရာတော် စ.ခ.တ အမှတ် (၁၀)တပ်သို့ ပြန်လာသည့် စစ်တပ်၏ ရိက္ခာတင်ဆောင်ထားသည့် ၁၂ ဘီး ကား သုံးစီးကို ပင်လုံဆီဆိုင်အနီးအရောက်တွင် ပဒေသာမိုင်း ကိုးလုံးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF ရဲ့ တာဝန်ရှိသူတဦးဖြစ်သည့် ရဲဘော်မောင်းလေးက မဇ္ဈိမကို ဆိုသည်။

"စ.ခ.တ (၁၀)တပ်က အရာတော်မြို့ရဲ့ အရှေ့ဘက်မှာတည်ရှိတာ၊ တိုက်ပွဲက ၁၀ မိနစ်ပဲကြာတယ်။ အရာတော်မြို့ရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ စ.ခ.တ (၁၀)တပ်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ”ဟု ရဲဘော်မောင်းလေးက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ် အပါဝင် တပ်သား ၁၇ ဦးသေဆုံးပြီး အရာရှိဗိုလ်တဦး အရာတော်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည်ဟု ဆက်လက်ရှင်းပြသည်။

“ သြဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက် နေ့မှာ သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ၊ ဒုတပ်ကြပ် အပါဝင် တပ်သား ၁၇ ဦးကို အရာတော်သုသာန်မှာ သေနတ်ဖောက်ပြီး မီးသင်္ဂြိုဟ်ခဲ့တယ်။ အဲ့တာကို တပ်တွင်းဖရဲသီးတဦးနဲ့အရာတော်မြို့ခံတွေဆီက သတင်းပြန်ရတယ်”ဟု သူက ဆိုသည်။

တိုက်ခိုက်မှုကို Danger Force LPDF ၊ Ayadaw Rocket တပ်ဖွဲ့နှင့် လင်းယုန် တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် လည်း တော်လှန်ရေးရဲဘော်တွေအနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်ဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtube.com/shorts/ke1T2uBK4q0?si=tkMs4DI0Y9F68rwA

#mizzima
#LPDF
#အရာတော်မြို့
#ပဒေသာမိုင်း
Video - Danger Force LPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏4😁2
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ပွဲဝင်ဖို့အတွက် အီးယူကော်မရှင်ဒုဥက္ကဌ ရာထူးမှနုတ်ထွက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁1