Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၌ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရိုဟင်ဂျာလူမျိုး ၂၇ ဦးကို စစ်ကောင် စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စုရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် Dongfeng အမျိုးအစား ဖောကားနှင့်လိုက်ပါလာသည့် ရိုဟင်ဂျာများ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။

"ကြံခင်းမှာ အုတ်ပုံဂိတ်က တော်တော်ဆိုးတဲ့ဂိတ်ပါ။ အဲ့ဒီဂိတ်မှာ စစ်သားနဲ့ရဲတွေ စစ်နေတဲ့အချိန် ရိုဟင်ဂျာတွေပါလာတဲ့ကားက အဲ့ဒီဂိတ်ကနေဖြတ်လို့အဖမ်းခံရတာပါ" ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံသူများမှာ ရိုဟင်ဂျာ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ဖြစ်ပြီး ၎င်းတို့အား တင်ဆောင်မောင်းနှင်လာသည့် ကားသမား ဦးနေလှိုင်ဦးဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား ကြံခင်းမြို့မရဲစခန်းအချုပ်တွင်ဖမ်းဆီးထားသည်ဟုသိရပြီး မှတ်ပုံတင်အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံများက လုပ်ဆောင်နေကြသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်အထိ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာဦးရေ ၁,၀၀၀ ကျော်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့များမှ ဖမ်းဆီးထားသည်ဟု ရိုဟင်ဂျာလွတ် မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကလည်း မှတ်ချက်ပြုထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကြံခင်းမြို့နယ်
#ရိုဟင်ဂျာ
#စစ်ကောင်စီ

ဓာတ်ပုံ - ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားစဥ်
#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
BRICS အဖွဲ့က ဝင်ခွင့်ပြုလိုက်တဲ့ အဖွဲ့ဝင်သစ် ၆ နိုင်ငံရဲ့ အမည်စာရင်းကိုကြေညာ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #BRICS
👍1
မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းများ ရိက္ခာအခက်ကြုံ
😢4🔥1😁1
မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းများ ရိက္ခာအခက်ကြုံ
=====================

ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှာင် စခန်းများတွင် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း Network for Unity Association ( NUA) အဖွဲ့ထံက သိရသည်။

မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ် ၊ မာမစ် နှင့် ကော်လ်လက်စစ် ခရိုင်တို့ရှိ စခန်း ခြောက်ခုတွင် ရိက္ခာအခက်အခဲများကြုံတွေခဲ့ရပြီး ၎င်းတို့အဖွဲ့မှ အလှူရှင်များ၏ ကူညီမှုနှင့်အတူ အရေးပေါ်ရိက္ခာဖြန့်ဝေပေးခဲ့ကြောင်းဆိုသည်။

“ကျနော်တို့သွားခဲ့တဲ့ ကမ့်(Camp) တွေထဲမှာ တချို့က အစိုးရအသိအမှတ်ပြုပြီး ဖွင့်ပေးထားတာရှိတယ် ၊တချို့ကတော့ ပုဂ္ဂလိက ခြံမြေမှာ တဲထိုးပြီးနေကြတယ်။ သူတို့တွေ ၂၀၂၃ နှစ်ဆန်းကစပြီး အထောက်အပံ့အကူအညီတွေ မရကြတော့ဘူး၊ မိုးတွင်းဆိုတော့ အလုပ်အကိုင်ကလည်းရှားပါးတဲ့အတွက် မှိုချိုးမျှစ်ချိုးစား နေကြရတာ” ဟု NUA အထွေထွေအတွင်းရေးမှူး ဇိုးနွန်နာ က မဇ္စျိမ ကို ပြောသည်။

စစ်ဘေးရှောင်များတွင် စားဝတ်နေရေးအပြင် ဘာသာစကား အခက်အခဲနှင့် စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများမရှိဘဲ နီးစပ်ရာမြို့များသို့ သွားရောက်ကုသရကြောင်း သိရသည်။
မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်များ ကြုံတွေ့ရသည့် အကြောင်းအရင်းများအနက် ဒေသခံများထံမှ အကူအညီနှင့် အလှူရှင်များ နည်းပါးသွားရခြင်းသည် အဓိကဖြစ်ကြောင်း ဆိုသည်။

ဒေသခံများထံမှ အလှူနည်းပါးရခြင်းမှာ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ တင်သွင်းလာမှု မြင့်မားလာခြင်းနှင့် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်သော ရာဇဝတ်အမှုအခင်းများအပေါ် အမြင်မကြည်လင်မှုနှင့် ၎င်းတို့၏ လူမျိုးများ ပါဝင်ပတ်သက်သည့် မဏိပူရပြည်နယ် လူမျိုးစုအရေးအခင်းဖြစ်စဥ်များအပေါ်ပိုမိုအာရုံစိုက်သွားသည့်အတွက် ဖြစ်နိုင်ကြောင်း ဇိုးနွန်နာ က သုံးသပ်ပြောဆိုသည်။

ယင်းသို့ စားနပ်ရိက္ခာများခက်ခဲနေသဖြင့် ဩဂုတ်လ ၂၁ရက်နေ့က အိုက်ဇောလ်ခရိုင် အတွင်းရှိ ဆိုက်ရမ် ၊ စီမွှေး (၁) ၊ စီမွှေး(၂) ၊ မာမစ်ခရိုင်အတွင်းမှ ငါ့လ်ကျန်မ် ၊ ဒပ်ပချွပ် နှင့် ကော်လ်လက်စစ်ခရိုင် ခမ်ရမ်းစခန်းများသို့ ရူပီး ၁၅၀,၀၀၀(မြန်မာငွေ သိန်း၆၀) တန်ဖိုးရှိ စားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖြန့်ဝေပေးနိုင်ရန်အတွက် Project Chin Hills (USA ) မှ ရူပီး ၁၀၀,၀၀၀ ၊ ပူးတန်ပွီးရာ မှ စားသုံးဆီ ဖာ ၃၀ ၊ ပူးဇိုခူးမာ ထံမှ ရူပီး ၅၀,၀၀၀ နှင့် ပူးတွားလ်ငါ မှ ခေါက်ဆွဲခြောက် ၃၅၀ ပါဝင်ခဲ့ကြပြီး အလှူရှင်များနှင့် ဖြစ်မြောက်ရေးအတွက် အဓိက ဆောင်ရွက်ပေးသော အမေရိကန်မှ Rebecca Fanai အထူးကျေးဇူးတင်ကြောင်း UNA အတွင်းရေးမှူးက ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်း ဆန်အပါအဝင် စားနပ်ရိက္ခာအခက်အခဲရှိနေသော မြန်မာ စစ်ဘေးရှောင်စခန်းများစွာရှိနေကြောင်းသိရပြီး အလှူရှင်များအနေဖြင့် ၎င်းတို့ နှင့် အတူပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တိုင်းပြည်အာဏာလုယူပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လွှတ်တော်ကိုယ်စားလှယ်များ ၊ CDMအပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ခိုလှုံလျက်ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မီဇိုရမ်ပြည်နယ်
#စားနပ်ရိက္ခာ
#NUA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1😢1
Media is too big
VIEW IN TELEGRAM
ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးခြင်း နောက်ကွယ်က ပဟေဠိများ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁1
ဩဂုတ်လ (၂၅) ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

00:58- ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်တဲ့ သတင်း

09:32- ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ သတင်း

10:38- မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ် ကားကြီး ကားငယ်အားလုံး သွားလာနိုင်တဲ့ သတင်း နဲ့

12:17- ရာထူးလက်ခံရယူခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ်က သက်တမ်းလေးနှစ်အတွင်း တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ကတိပြုတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/s9lD5I9FhlU?si=tyMmUB8PjHzkLyJr

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပရီဂိုဇင် လိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျမှုဟာ ယူကရိန်းနဲ့ ဘာမှမပတ်သက်ကြောင်း ဇီလန်စကီး ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Ukraine
👍7🔥1
တာချီလိတ်မှ ရန်ကုန်သွား လေယာဉ်ပေါ်တွင် ကလေးမီးဖွားမှုဖြစ်
👍6🔥2
တာချီလိတ်မှ ရန်ကုန်သွား လေယာဉ်ပေါ်တွင် ကလေးမီးဖွားမှုဖြစ်
=====================

မင်းထက်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် Air-KBZ ခရီးသည်တင် လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ရေမွှာပေါက်ပြီး ကလေးမီးဖွားမှု ဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းက မဇ္ဈိမကို ပြောသည်။

တာချီလိတ်မှ ရန်ကုန်သို့ ထွက်ခွာသည့် လေယာဉ်ပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းက ကလေးမီးဖွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ရေမွှာပေါက်သွားသဖြင့် အရေးပေါ်လှည့်ပြန် ဆင်းသက်ခဲ့သော်လည်း အချိန်မမီဘဲ လေယာဉ်ပေါ်တွင် အတူစီးခရီးသည်များ၏ အကူအညီဖြင့် အောင်မြင်စွာမွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်လေဆိပ်သို့ လေယာဉ်ဆင်းသက်ချိန်တွင် ကလေးမီးဖွားပြီးဖြစ်ကာ ကလေးရော၊ မိခင်ပါ ကျန်းမာရေးကောင်းမွန်သည်ဟု လူမှုကူညီကယ်ဆယ်ရေး အသင်းက မဇ္ဈိမကို ပြောသည်။
“လေယာဉ်ပေါ်မှာ ရေမွှာပေါက်သွားပြီပေါ့၊ မွေးဖွားခါနီးမှာ လှမ်းခေါ်တာဗျ၊ ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ လေယာဉ်ပေါ်မှာ မွေးဖွားပြီးသွားပြီ၊ ကလေးရော၊ မိခင်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောသည်။

လက်ရှိမှာ မွေးကင်းစ သမီးငယ်နှင့် မိခင်ဖြစ်သူတို့သည် တာချီလိတ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတခုတွင် ကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

လေယာဉ်ပေါ်မှာ အောင်မြင်စွာ ကလေးမီးဖွားသည့် အဖြစ်အပျက်သည် မြန်မာနိုင်ငံတွင် မကြုံစဖူးကြားရသော အဖြစ်အပျက်ဖြစ်ပြီး မွေးကင်းစ သမီးငယ်နှင့် မိခင်ဖြစ်သူတို့ နှစ်ဦးစလုံးသည် “လွန်စွာကံကောင်းသူ” များ ဖြစ်သည်ဟု လူအများအပြားက မှတ်ချက်ပေးထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လေယာဉ်
#တာချီလိတ်မြို့
#ကလေးမီးဖွား

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ဓာတ်ပုံ- လေယာဉ်ပေါ်မှာ မွေးဖွားသော ကလေးငယ်နှင့် မိခင်တို့ကို တာချီလိတ်လေဆိပ်တွင် တွေ့ရစဉ် (လူမှုကူညီရေးအသင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🔥1
ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
🤬6❤1👎1🔥1😁1
ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
====================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၂၃ ရက်တွင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ဩဂုတ်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် ရွာကိုစတင် မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“အိမ်ခြေ အရေအတွက်တော့ အတိအကျမသိရသေးဘူး တောင်လေတိုက်နေတဲ့အချိန် တောင်ဘက်က စရှို့တော့ မီးကူးတာမြန်ပြီး တရွာလုံးနီးပါးလောင်တယ်လို့သိရတယ် “ ဟု ၎င်းကပြောသည်။

ယင်းအပြင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်မီးငြှိမ်းသတ်ရန်ကြိုးစားသည့် ဒေသခံငါးဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့ရာ တဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။

“မီးဝင်ငြှိမ်းတာကို လှမ်းပစ်တာ တဦးက အဲ့နားမှာတင်လဲသွားတာ၊ ကျန်လေးဦးကတော့ ဒဏ်ရာရတာတွေရှိလို့ ဆေးရုံးပို့ထားတယ်” ဟု ၎င်းကပြောသည်။

ထန်းကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် လက်ရှိအချိန်အထိ ထန်းကြီးကျေးရွာအတွင်း၌ ရှိနေသည့်အတွက် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်များသို့ စစ်ကြောင်းထိုးနေခြင်း၊ မီးရထားသံလမ်း ပြင်ဆင်နေခြင်းများ လုပ်ဆောင်နေသည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး နီးစပ်ရာနေရာများတွင် ခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး

ပုံအညွှန်း- ထန်းကြီးကျေးရွာကို မီးရှို့နေသည်ကို အဝေးမှ မြင်ရစဉ်။(ဓာတ်ပုံ-Wetlet Information Network)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🔥2🤬2
​​ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ ၄ ဦးသေဆုံးဟုဆို
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာတွင် ရိုးမဘက်သို့ ကင်းထောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၁) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကြောင်း ပဲခူးစစ်ဒေသခွဲမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ငါးဦးသည် ဩဂုတ်လ၂၃ ရက်နေ့ ‌ညနေ ၃ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ၎င်းတို့အထိုင်ချရာနေရာမှ ရိုးမဘက်သို့ထွက်ခွာလာရာ လမ်းတနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

"ရိုးမအစပ် သူတို့နယ်မြေထဲမှာပါ ၊ကိုယ့်ဆီကလူတွေက ဆင်းသွားပြီး ချောင်းပစ်တာပါ။ အဲ့နားမှာ သူတို့အထိုင်ချထားတာရှိတယ်။ ကင်းပတ်တဲ့ဆိုင်ကယ်ကိုပစ်တာ။ ဆိုင်ကယ် သုံးစီးကို မီးရှို့ခဲ့တယ်" ဟု တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ကြားဖြတ်တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး နေရာတွင်ပင်သေဆုံးကာ MA- 4 ကိုင်ဆောင်ထားသူ စစ်ကောင်စီတပ်သားတဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ယင်းနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင်မူ စစ်ကောင်စီတပ်ဘက်မှ ကားသုံးစီးဖြင့် စစ်ကူရောက်ရှိလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်လာခဲ့ရကြောင်း ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ ကြို့ပင်ဆိပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က အထိုင်ချထားသည်များလည်းရှိသကဲ့သို့ စစ်ကားများဝင်ထွက်သွားလာလေ့ရှိရာနေရာဖြစ်ကြောင်းလည်း သိရသည်။
တောင်ငူထောင်မှ အကျဉ်းကျခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်လာပြီးနောက်တွင် တောင်ငူခရိုင်အတွင်း ပဲခူးရိုးမနှင့်ထိစပ်နေသောနေရာများ၊ ကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့များ အင်အားရာနှင့်ချီ၍ တပ်ဖြန့်ချထား၍ ပဲခူးရိုးမအတွင်း ကင်းထောက်ခြင်း စစ်ကြောင်းထိုးခြင်းများရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

လက်ရှိတွင်မူ အဆိုပါတပ်ချထားသည့် စစ်ကောင်စီတပ်သားများထဲမှ အချို့အား ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်သော်လည်း ရိုးမဘက်သို့ ကင်းထောက်မှုများ ရှိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ပဲခူးတိုင်း
#ထန်းတပက်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း-တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) မှတပ်ဖွဲ့ဝင်များ(ပုံဟောင်း)(ဓာတ်ပုံ-Bago Region PDF)၆

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍3🥰1😁1🥴1