Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျဆုံး အာဇာနည်သူရဲကောင်းကို ချီတက်အလေးပြုသည့် ကျေးရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ ကျဆုံး အာဇာနည်သူရဲကောင်းအား ချီတက်အလေးပြုပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့်ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်း ကိုချမ်းမြေ့ကျော်အတွက် နှစ်နှစ် ၊ ငါးလမြောက် အထိမ်းအမှတ်အဖြစ် ၎င်း၏ဂူဗိမာန်တွင် ချီတက်အလေးပြုခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ “ဖက်ဆစ်စိတ်ဓါတ် အမြစ်ဖြတ်” စာတမ်းကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရက် ပေါင်း (၈၈၈) ရက်မြောက်အဖြစ် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
❤14👍10🔥1
​​စစ်ကောင်စီက အဟောင်းပစ္စည်းလိုက်လံ ဝယ်ယူသူကို ပစ်သတ်ပြီး အလောင်းပြန်မပေး
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ ပလမြို့တွင် သံတို၊ သံစနှင့် အဟောင်းပစ္စည်းများ လိုက်လံဝယ်ယူသူ အမျိုးသား တဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီးနောက် ငါးရက်ကြာသည်အထိ အလောင်းပြန်မပေးကြောင်း သိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး ၎င်းနေထိုင်ရာ မြိတ်မြို့ ပါရမီရပ်ကွက်မှ ပလမြို့သို့ သွားရောက်ကာ အဟောင်းပစ္စည်းဝယ်ယူစဥ် ဩဂုတ်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ထိုသို့ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

၎င်းသည် ဘေးတွဲဆိုင်ကယ်ဖြင့် ပလမြို့ ဝေဠုဝန်ဘုန်းကြီးကျောင်း အနီး ရောက်ရှိစဉ် စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီး ၎င်း၌ ပါလာသည့် ငွေကျပ် ၅ သိန်းကျော်အား အတင်း အဓမ္မတောင်းယူစဥ် မပေး၍ ထိုသို့ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ပလမြို့ခံများက ပြောသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက“သူရဲ့ မိသားစုက အလောင်း ပြန်ရဖို့ အတွက် ကြိုးစားခဲ့ပေမယ့် စစ်တပ်က ပြန် မပေးဘူး ဖြစ်နေတယ်။ နောက်ပြီး သူတို့ဘာသာဝင်တွေရဲ့ ထုံးတမ်း ဓလေ့ အရ မိသားစုဝင်တွေက လုပ်ခွင့် မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် ပစ်သတ်ခံရသူ အမျိုးသား၏ မိသားစုဝင်များကို စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း သိရသည်။ ပလမြို့ရဲစခန်း အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ကားများ ယခု သြဂုတ်လ တတိယပတ်အတွင်း မိုင်းဆွဲခံခဲ့ရ၍ စစ်ကောင်စီတပ်က ဝေဠုဝန်ကျောင်းတွင် တပ်သား အင်အား ၁၀ ယောက်ခန့်တပ်စွဲနေကြောင်း ဒေသခံများထံက သိရသည်။

၎င်းတပ်သားများသည် ကျေးရွာများအတွင်း ကင်းပုန်းဝပ်ခြင်း၊ ကင်းလှည့်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ နေ့စဥ်လုပ်ဆောင်နေပြီး အရပ်သားငါးဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်။ ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့် မြို့နယ်လည်း ဖြစ်သည်။

#Mizzima
#စစ်ကောင်စီတပ်
#အလောင်းပြန်မပေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4🔥3😢2❤1
​​တရုတ်စီးပွားရေးကို ဘာကြောင့် မပြုပြင် မပြောင်းလဲနိုင်ရတာလဲ
====================

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးလောကသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် သမိုင်းတစ်လျှောက် အံ့မခန်းတိုးတက်မှုအရှိဆုံး နိုင်ငံဖြစ်လာခဲ့သည်။ လယ်ယာပြုပြင်ပြောင်းလဲမှု၊ စက်မှုလုပ်ငန်းနှင့် ဝင်ငွေများ တိုးမြင့်လာမှုကြောင့် လူသန်း ၈၀၀ နီးပါးကို အလွန်အမင်းဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် အမေရိကထုတ်ကုန်၏ ၁၀ ပုံ ၁ ပုံမျှသာ ထုတ်လုပ်ခဲ့ပြီးနောက် ယခုအခါ တရုတ်၏ စီးပွားရေးသည် အမေရိကန်၏ ၄ ပုံ ၃ ပုံခန့် အရွယ်အစားရှိသည်။ သို့သော် တရုတ်အစိုးရက ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ၂၀၂၂ ခုနှစ်အကုန်တွင် စွန့်လွှတ်ပြီးနောက် အခြေအနေပိုကောင်းလာရမည့်အစား အခြေအနေဆိုးတစ်ခုမမှ နောက်တစ်ခုသို့ ရွေ့လျားနေသည်။

အမေရိကန်က စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းရှိနိုင်ချိန်တွင် တရုတ်စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် နှစ်စဉ်တိုးတက်မှုနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်းသာရှိကာ အခြေအနေအရ ပိုဆိုးလာမည့်ဟန်ရှိသည်ဟု ထင်ရှားသောအဖွဲ့အစည်းတစ်ခုက ခန့်မှန်းခဲ့သည်။ အိမ်ရာဈေးများ ကျဆင်းပြီး အိမ်မဆောက်မီ ရောင်းလိုသော အိမ်ခြံမြေလုပ်ငန်းရှင်များသည် လုပ်ငန်းရပ်နားလိုက်ကြသဖြင့် ဝယ်ယူသူများအတွက် စိုးရိမ်စရာဖြစ်လာသည်။ စားသုံးသူ အသုံးစရိတ်၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်များလည်း လျော့နည်းလာသည်။

ကမ္ဘာ့နိုင်ငံအများစုက အလွန်အမင်းငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် ဆန့်ကျင်ဘက်ပြဿနာကို ကြုံတွေ့နေရကာ ယခုနှစ် ဇူလိုင်လအထိ စားသုံးသူဈေးနှုန်းများ ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များက ဂျပန်ကြုံတွေ့ရသကဲ့သို့ ငွေကြေးကျုံ့မှု ထောင်ချောက်ထဲ ရောက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သူအချို့က သတိပေးထားသည်။
👍9😁2👏1
​​စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် ငွေတွင်းရွာကို ကာကွယ်ရေးတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက်
========================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် ငွေတွင်းကျေးရွာကို ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ဒရုန်းဖြင့် ဗုံသီးချတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်းထံက သိရသည်။

“အရင်ဆုံး ပင်မအဆောင်ကြီးပေါ်ကို အရင်ချတယ်။ တချို့ ၀ရုန်းသုန်းကားနဲ့ ဘန်ကာတွေထဲ ပြေးဝင်ကြတယ် ။ အဲ့ကတုတ်ကျင်းနဲ့ ဘန်ကာတွေပေါ်ကို နောက်တကြိမ် ထပ်ချတယ်။ ကတုတ်ကျင်းတွေ ဘန်ကာတွေထဲမှာ လေးကောင်အတိအကျ သေတယ် ။ ပင်မဆောင်ကြီးထဲမှာ ၂၆ ကောင် သေတယ်လို့ သိရတယ်” ဟု နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက ပြောသည်။

ငွေတွင်းကျေးရွာကို တိုက်ခိုက်ရာတွင် ဒရုန်းနှစ်စီးဖြင့် လေးကြိမ်ပျံသန်းကာ ၁ ပိဿာ ၃၀ သား အလေးချိန်ရှိသည့် ဗုံးသီးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ငွေတွင်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးအဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းများကို အင်အားဖြည့်တင်းပေးခြင်း၊ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်တောင်းဆိုခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူးဆရာလေးက ပြောသည်။

“သူတို့ ရွာနားကပ်တယ်ဆိုတာနဲ့ အကုန်ပစ်တာ၊ သူတို့ ရွာအနားက လယ်တွေမှာ လယ်လာလုပ်သူတွေဆိုလည်း ပစ်ခံရတာပဲ “ ဟု ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့က ဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း(၁)(နဂါးနီတပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅)၊ ဆားတောင်မိုးကြိုး(Local PDF)နှင့် lighting drone force မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏3🔥1
​​ကလေးမြို့တွင် ကားလမ်းများ ပြန်ပွင့်သော်လည်း ဓာတ်ဆီဈေးမကျသေး
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့သို့ ဝင်ရာလမ်းဖြစ်သည့် မဟာမြိုင်လမ်း ပိတ်နေသောကြောင့် ဓာတ်ဆီများ ပြတ်လပ်၍ စျေးတက်ကာ အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိရာ ဩဂုတ်လ ၂၆ရက်တွင် လမ်းပြန်ပွင့်၍ စက်သုံးဆီတင်ကားများဝင်ရောက်လာသော်လည်း ဈေးမကျသေးကြောင်းဒေသခံများက ပြောသည်။

လက်ရှိတွင် ကလေးမြို့၌ ဓာတ်ဆီကို အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိပြီး စျေးနှုန်းများမှာလည်း ဓာတ်ဆီ တဂါလံ (၄.၅ လီတာ) လျှင် ၁၂၅၀၀ကျပ် မှ ၂၀၀၀၀ကျပ်အထိ ပေါက်စျေးရှိနေပြီး လက်လီစျေး တလီတာလျှင် ၅,၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။
“ ဆီကားတွေတော့ ဝင်နေပြီဗျ။ ဆီက ပြန်ရနေပါပြီ။ မနက်ဖြန်လောက်ဆိုရင် ပုံမှန်ပြန်ဖြစ်မယ်ထင်ပါတယ်။ ဝင်နေပြီဆိုတော့ ဈေးတင်ရောင်းတာကို ဝယ်မိသူတွေနာမှာ” ဟု အမည်မဖော်လိုသည့် ဒေသခံက မဇ္စျိမ ကိုပြောသည်။

ကလေးမြို့သို့ စက်သုံးဆီတင်ကားများ ဝင်ရောက်နေသော်လည်း ဒေသခံများမှာ ဆီဆိုင်များတွင် အလုအယက် ဝယ်နေဆဲဖြစ်ကြောင်း သိရသည်။

“ ဘယ်ဆီဆိုင်မှာ ဆီရနိုင်သေးလဲဆိုတာနဲ့ စျေးနှုန်းတွေကို အချင်းချင်းမေးမြန်းပြီး အသည်းအသန်ဝယ်နေကြတုန်းပဲ“ဟု ဒေသခံ တဦးကပြောသည်။

ရန်ကုန်နှင့် မန္တလေးတွင် ယနေ့ သြဂုတ်လ ၂၇ ရက်၌ ဓာတ်ဆီပေါက်စျေးမှာ တလီတာလျှင် ၂,၂၀၀ ကျပ် ဝန်းကျင်မှ ၂,၄၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိနေသဖြင့် စျေးနှုန်းများနှိုင်းယှဥ်ပါက ကလေးမြို့တွင် ဓာတ်ဆီစျေးနှုန်းမှာ တစ်ဆကျော်မြင့်တက်နေခြင်းဖြစ်သည်။ ဓာတ်ဆီစျေးများမြင့်တက်နေသော်လည်း ဒီဇယ်စျေးနှုန်းများ မြင့်တက်ခြင်းမရှိကြောင်း ကလေးမြို့ဒေသခံက ဆိုသည်။

ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အဝင်လမ်းဖြစ်သော တန့်ဆည်ဘက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၅ရက် နေ့မှ၍ ယင်းလမ်းကိုပိတ်ခဲ့ရာ စက်သုံးဆီများအပါအဝင် လူသုံးကုန်များ ပြတ်လပ်၍ ဈေးမြှင့်တက်ခဲ့ခြင်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်းက ယင်းလမ်းကို ပိတ်ခြင်းဖြစ်ကြောင်း မသိရသော်လည်း အကျိုးဆက်အဖြင့် ပြည်သူများ အခက်အခဲများနှင့် ကြုံတွေရကြောင်းဒေသခံ က ပြောသည်။

အဆိုပါ ကလေးမြို့ - မဟာမြိုင်လမ်းကို သုံးရက်သာဖွင့်ပေးမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းများပြန့်နှံ့နေသော်လည်း လမ်းအဖွင့်၊အပိတ်သည် စစ်ရေး အခြေအနေပေါ်မူတည်ကြောင်း ဒေသခံက ဆိုသည်။

အလားတူ ကလေးမြို့မှ တမူးမြို့သို့သွားရာလမ်းဖြစ်သည့် ပန်းသာမြို့တွင် အခြေစိုက် တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လက်အောက်ခံများနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ဇွန်လ၁၅ရက်နေ့မှ စတင်၍ တိုက်ပွဲ များဖြစ်ပွားနေလျက်ရှိရာ လမ်းများပိတ်ဆို့လျက်ရှိနေကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဓာတ်ဆီစျေး
#ကလေးမြို့

ပုံအညွှန်း- စက်သုံးဆီစျေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ် (ဓာတ်ပုံ- ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
​​မြန်မာသည် ရာသီဥတု အရေးပေါ်အခြေအနေများကို ခုခံနိုင်စွမ်းအားနည်းဟု NGO အဖွဲ့ ပြော
========================

မြန်မာတွင် ရာသီဥတု အရေးပေါ်အခြေအနေကို ခုခံနိုင်မှု အားနည်းခြင်းနှင့် နှစ်များချီကြာ လျစ်လျူရှုထားပြီးနောက် ကြိုတင်ပြင်ဆင် အရန်အသင့်ဖြစ်မှု ကင်းမဲ့ခြင်းတို့က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးကြီးမှုများကြောင့် ဖြစ်ပေါ်သော ကြီးမားသည့် ထိခိုက်ပျက်စီးမှုတို့အတွက် အကြောင်းခံပံ့ပိုးလျက် ရှိကြောင်း Progressive Voice အဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့် လူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ရပြီး နိုင်ငံအရှေ့တောင်ပိုင်းတွင် အဓိကကျသည့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်လမ်းကြောင်းများ ထိခိုက်ပျက်စီးထားခဲ့သည်။ မလေးရှားတွင် ခိုလှုံခွင့်ရှာဖွေရန် မြန်မာနိုင်ငံမှ လှေဖြင့် ထွက်ခွာရန် ကြိုးပမ်းခဲ့သော ရိုဟင်ဂျာများလည်း ပင်လယ်ပြင်တွင် လှိုင်းကြီးမှု၊ မိုးကြီးမှုနှင့် ကြုံရပြီးနောက် လှေနစ်မြုပ်ပြီး အတိဒုက္ခရောက်ခဲ့ရသည်။

ချမ်းသာသော စက်မှုနိုင်ငံများ၏ လောဘဇောတိုက်သည့် ဖွံ့ဖြိုးမှု စံပုံစံအပြင် အာဏာသိမ်းစစ်အုပ်စု အဆက်ဆက်နှင့် ၎င်းတို့၏ စီးပွားရေး ခရိုနီများကြောင့် ဖြစ်စေသည့် နှစ်များချီကြာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း အမွေအနှစ်၊ ရေရှည်ဆက်မထိန်းထားနိုင်သော သဘာဝရင်းမြစ် ထုတ်ယူမှုများနှင့် ဘေးဒုက္ခဆိုးဆိုင်ရာ ကြိုတင်ပြင်ဆင် အရန်အသင့်ရှိမှုပိုင်းတွင် လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်ဟု Progressive Voice က ထင်မြင်ယူဆသည်။
👍9😁1
ရွှေကူမြို့နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၂၀,၀၀၀ နီးပါးရှိသည်ဟု UNOCHA ထုတ်ပြန်
👍6🔥1
ရွှေကူမြို့နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၂၀,၀၀၀ နီးပါးရှိသည်ဟု UNOCHA ထုတ်ပြန်
========================

KMN
(မဇ္စျိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင်တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် မတ်လဆန်းပိုင်းမှ ဩဂုတ် လလယ်အထိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၂၀,၀၀၀ နီးပါးရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်အင်အားတိုးမြှင့်ချထားမှုကြောင့် ရွှေကူမြို့ နယ်အတွင်း အိမ်ထောင်စု ၂၀၀ မှ လူဦးရေ ၁,၁၀၀ ကျော်သည် ဩဂုတ်လအတွင်း ထပ်မံနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ရိက္ခာများတင်ဆောင်လာသည့် သင်္ဘောကိုးစီးသည် ဇူလိုင်လ၂၆ ရက်နေ့တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ပြီး ရွှေကူမြို့နယ် ဆိပ်ကမ်းသို့ ဩဂုတ်လ ၇ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
ထိုသင်္ဘောများသည် ရွှေကူမြို့နယ်ဆိပ်ကမ်းတွင် ၁၀ ရက်နီးပါးရပ်နားခဲ့ပြီး ဩဂုတ်လ ၁၆ ရက်တွင် ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်ခဲ့သည်။

အဆိုပါ သင်္ဘောများ ရပ်နားထားစဉ်ရက်များအတွင်း ရွှေကူမြို့နယ် တဖက်ကမ်းရှိ ရေလဲ၊ မိုးစစ်၊ ဆင်တပ်၊ သင်္ဘောအင်းကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၁,၀၀၀ ကျော် ယခုချိန်ထိ တိမ်းရှောင်နေရကြောင်း သိရသည်။

“ရွှေကူမြို့ဘက်ခြမ်းမှာ အထိုင်ချထားတဲ့တပ်တွေကလည်း ညဘက်တွေမှာ လက်နက်ကြီးတွေနဲ့ လှမ်းပစ် တယ်။ စစ်ကြောင်းတွေက ခုချိန်ထိ မကြာခဏဝင်ထွက်သွားလာနေတာကြောင့် ရွာခံတွေမပြန်ရဲကြဘူး။ ဘေးလွတ်ကင်းရာနေရာတွေမှာ အဆင်ပြေသလို နေထိုင်နေကြရတယ်” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏ ရိက္ခာတင် သင်္ဘောများသည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗန်းမော်မြို့သို့ ဆန်တက်လာစဉ် ဧရာ၀တီ ဒုတိယမြစ်ကျဉ်းအနီးတွင် ကာကွယ်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး သင်္ဘောနှစ်စီးခါးလည်တွင် ကျည်ထိမှန်ကာ စင်းခန်းကျေးရွာ ဆိပ်ကမ်းတွင် ရပ်နားခဲ့သည်။

ထိုသင်္ဘောများအား လုံခြုံရေးယူပေးနေသည့် မြေပြင်စစ်ကြောင်းများနှင့် KIA / PDF ပူးပေါင်းတပ်များ အကြား ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရွှေကူမြို့နယ် ၊ ဇင်းဘုံကျေးရွာတဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ဇင်းဘုံကျေးရွာရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများ ကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခ များနှင့် မလုံခြုံမှုများကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးကြရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ပွဲများကြောင့် တိမ်းရှောင်နေရသူ ဆက်လက် မြင့်တက်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဘေးရှောင်

ပုံအညွှန်း - ၂၀၂၃ခုနှစ် ၊ ဧပြီလအတွင်း ရွှေကူမြို့နယ်၊စီသာကျေးရွာမီးရှို့ဖျက်ဆီးခံရစဉ်။(ဓာတ်ပုံ- Shwegu KPDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬2😢2🔥1
လက်ခတ်တောင်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပြီး စစ်စခန်းအဖြစ် အသုံးမပြုရင် ကော်ဘရာစစ်ကြောင်းက တပ်ရုပ်ပေးမယ်
=======================

(မဇ္ဈိမ)။ ။ ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့တဲ့ လက်ခတ်တောင်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပြီး စစ်စခန်းအဖြစ် အသုံးမပြုရင် တပ်ပြန်ရုပ်ပေးမယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောပါတယ်။
လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ BGF တို့ ပူးတွဲပြီး စစ်စခန်းအဖြစ် အထိုင်ချခဲ့တာပါ။ အဲ့ဒီတာဝါတိုင်စခန်းကုန်းက ပေ၁၀၀ ကျော် အကျယ်အဝန်းသာရှိပြီး စခန်းအပြင်ဘက်က လက်ခတ်တောင်ဘုရား ပုရဝဏ်ကိုပါ စစ်ကောင်စီတပ်က စစ်စခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့ဒီစခန်းကို ဇူလိုင်လ၂၁ရက်က တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းတို့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

စခန်းသိမ်းပြီး တလကျော်အတွင်း စစ်ကောင်စီတပ်က ၁၀ ကြိမ် ကျော်အထိ ကျည်းကြောင်း၊ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အယောက် ၆၀ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါတယ် ။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ BGFဘက်က ဒုတပ်ကြပ် အပါအဝင် သုံးဦး လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ပါတယ်။ ဩဂုတ်လ၂၆ရက်က လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းမှာ ကော်ဘရာစစ်ကြောင်းက ကရင့်အမျိုးသားအစည်းအရုံး(KNU)အလံကို လွှင့်ထူခဲ့ပါတယ်။

ရိုက်ကူး/တင်ဆက် - ဟန်ထူးဇော်
တည်းဖြတ်-ရွှေနွယ်

https://www.youtube.com/watch?v=fAkI1W4A_ec

#Mizzima
#တာဝါတိုင်စခန်းကုန်း
#လက်ခတ်တောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🤣4👏1
Media is too big
VIEW IN TELEGRAM
စိတ်မပျော် | ကျန်းမာသုတ လူမှုဘ၀

Watch more detail - https://youtu.be/O9O56G2hEx0

#ကျန်းမာသုတလူမှုဘဝ #စိတ်မပျော် #reels #shorts
👍7🔥1
ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်
👍2🔥1😢1
ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်
===================

မင်းထက်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်နေကြရသည့် ဒေသခံ ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း သိရသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ထန်းကြီးဘူတာ၊ ပါယ့်သူကြီး၊ ဉန္နဲဘုတ်၊ ပေါက်ကန်၊ ပေါက်ကန်ဘူတာ ကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေ သည့်အတွက် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်များသည် မန္တလေး-မြစ်ကြီးနားရထားလမ်းကို ပြန်လည်ပြုပြင်နေသည့်အတွက် အင်အား ၂၀၀ ကျော်ဖြင့် ရထားလမ်းဘေးကျေးရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များအားကူညီပေးနေသည့် 96 Soldiers-PDF တာဝန်ခံ ကိုဇေယျာလွင်က ပြောသည်။
ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်အထိ အိမ်ထောင်စု ၃,၀၀၀ ကျော်မှ လူဦးရေ ၁၀,၀၀၀ ခန့်သည် အဆင်ပြေရာ လယ်တောများအတွင်း ရွှေ့ပြောင်းနေထိုင်နေကြရပြီး ၎င်းတို့အတွက် အစား အသောက်နှင့် ဆေးဝါးများ လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်ဘေးရှောင်ရတဲ့ ရက်ကြာလာတော့ ဆန်၊ ဆီ၊ ဆား၊ မိုးကာ၊ ဆေးဝါးတွေ အဓိကလိုအပ်လာပါတယ်။ ရိက္ခာလိုအပ်ချက်ကြောင့် ရွာထဲကိုပြန်ဝင်တဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်နေတာ တွေရှိပါတယ်။ အခုဆို အသတ်ခံရသူ ၁၀ ယောက်လောက်ရှိပြီ” ဟု ကိုဇေယျာလွင်ကပြောသည်။
စစ်ဘေးရှောင်များအား ကူညီထောက်ပံ့လိုပါက 96 Soldiers- PDF ပြန်ကြားရေးတာဝန်ခံ၏ Facebook ၊ Messenger မှတဆင့် ဆက်သွယ်လှူဒန်းနိုင်ကြောင်း သိရသည်။

ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်များ(ဓာတ်ပုံ - Ko Pyay Kyaw)
စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ဘေးရှောင်

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👎1🔥1😢1
စိတ်မပျော်ရွှင်ဖြစ်စေတဲ့ အကြောင်းအရင်းတွေ | ကျန်းမာသုတ လူမှုဘ၀ Episode - 30
========================

ဒီနေ့ခေတ်မှာ လူအများကြားမှာ နေရတာ မပျော်ဘူး ဆိုတဲ့ စကားကို ပိုကြားလာရပါတယ်။

ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။

မပျော်ရွှင်ဖြစ်စေတဲ့ အကြောင်းအရင်းတွေနဲ့ နေပျော်တဲ့ ဘ၀ကို ရနိုင်မယ့်နည်းလမ်းတွေကို ဒေါက်တာ ဖြိုးသီဟက ဘယ်လို ဆွေးနွေးပေးထားလဲဆိုတာ ကြည့်ရှုလိုက်ရအောင်။

https://youtu.be/O9O56G2hEx0?si=T65XrsrO5RyK2dfY

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#UnhappyLife
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1
ကော့ကရိတ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ
👍7🔥1