Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့ တရုတ်ဆက်ဆံရေး တည်ငြိမ်ဖို့ အလွန်အရေးကြီးကြောင်း ကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #American #China
👍8🤣2
​​ထန်တလန်တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၃ ဦး ကျဆုံး
======================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ထံမှ သိရသည်။

ထန်တလန်မြို့ရှိ စစ်ကောင်စီလက်‌အောက်ခံ ခလရ(၂၆၉)စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၂၈ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

“CNA က ခြောက်ယောက်၊ CDF က ခုနစ်ယောက် အားလုံး ၁၃ ယောက် ကျဆုံးပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းက ပစ်ခတ်မှုကြောင့်ပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကမဇ္စျိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးအခြေစိုက် ‌ တပ်စခန်း မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ချင်းပူးပေါင်းတပ်မှ ၁၃ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ ထားကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက ဟားခါးမြို့မှ စစ်ကားသုံးစီးဖြင့် ထန်တလန်သို့ အင်အားဖြည့်တင်းထားကြောင်း လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း သေဆုံးဒဏ်ရာရရှိသူများပြားနိုင်ပြီး လူနာတင်ကားသုံးစီးဖြင့် သယ်‌ဆောင်သွားသည်ဟု သိရသော်လည်း အရေအတွက်အတိအကျကိုမူ မသိရသေးကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲကို CNA နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ထန်တလန်၊ ဟာခါးနှင့် ဇိုဖေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့အတွင်း တိုက်ပွဲများခေတ္တရပ်နားနေသော်လည်း ဆက်လက်၍ တိုက်ပွဲဖြစ်ပွားနိုင်‌သေးသည်ဟု ချင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့က ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးအရှင်ဖမ်းမိကာ RPG နှစ်လက်၊ MA အမျိုးအစားသုံးလက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှလည်း သုံးဦးကျ ဆုံးခဲ့သည်။

အိမ်ခြေ ၂,၀၀၀ ခန့်နှင့် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်သည့် ထန်တလန်မြို့သည် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ၏ ဇာတိမြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များအား မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံ များမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ထန်တလန်မြို့နယ်
#လေကြောင်းတိုက်ခိုက်မှု

ပုံအညွှန်း-ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းပုံ

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍5❤2
သြဂုတ်လ (၂၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:01 − ထန်တလန်မြို့တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၃ဦးကျဆုံးတဲ့သတင်း

01:51 − စစ်ကောင်စီတပ် အထိနာနေပြီး မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ကာကွယ်ရေး တာဝန်ရှိသူပြောတဲ့သတင်း

04:11 − စစ်ကောင်စီတပ် ဗိုလ်မှူးချုပ်ရဲ့ လက်နက်ခဲယမ်းအချို့နဲ့ ပစ္စည်းတွေ PDF ဖမ်းမိတဲ့သတင်း နဲ့

05: 25 − အာဏာသိမ်းမှု အကျိုးဆက် ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းပြဿနာအကြောင်း အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/tfpTBc6Lphs?si=D8QZuWP96700izFE

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိ
====================

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths ဒီလထဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက်ပိုင်းမှာလည်း အခြေအနေကတော့ တိုးတက် ပြောင်းလဲသွားတာ မရှိတဲ့အကြောင်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလာ ထောက်ပံ့ခွင့် မရသေးသလို၊ ပြန်လည် ထူထောင်ရေး လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မိုခါမုန်တိုင်းအပြင် ရေကြီးမှု ဒဏ်ကိုပါ ထပ်ဆင့် ကြုံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာ သဘာဝဘေးဒုက္ခသည်တွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေဟာ လုံခြုံတဲ့ အမိုးအကာ အောက်ကို ရောက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတာပါ။

မြန်မာနိုင်ငံတွင်းလူသားချင်းစာနာမှုအကူအညီပေးဖို့ မှာ ပိတ်ဆို့ကန့်သတ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂ က ပြောနေချိန်မှာပဲ UNOCHA အကြီးအကဲဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၅ ရက်မှာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ရော စစ်ကောင်စီဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

(UNOCHA) အကြီးအကဲက မုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင် လာရောက်ခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် အကူအညီတွေ လွတ်လွတ်လပ်လပ် ပြန်လည် ပေးခွင့်ရဖို့ မျှော်လင့်ထားကြပေမဲ့လည်း ခုချိန်ထိကတော့ ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအကူအညီတွေက တကယ်လိုအပ်နေသူတွေဆီရောက်ဖို့ ခက်နေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လူသားချင်းဆိုင်ရာတုံ့ပြန်ကူညီရေးစီမံချက်နဲ့ မိုခါအရေးပေါ်ကူညီရေး နှစ်ခုပေါင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေ လျာထားချက်ဟာ အမေရိကန်ဒေါ်လာ ၈၈၆.၇ သန်းဖြစ်ပေမဲ့ လက်ရှိရန်ပုံငွေရရှိမှုဟာ ၂၅ ရာခိုင်နှုန်းသာ ရသေးတယ်လို့ (UNOCHA) က ပြောကြားထားပါတယ်။

ကမ္ဘာတဝန်းမှာ အကျပ်အတည်းတွေ အပြိုင်အဆိုင်ဖြစ်ပေါ်လာတာဟာ မြန်မာနိုင်ငံအတွက် အကူအညီပေးရေးရန်ပုံငွေရရှိမှု နည်းပါးရတဲ့အကြောင်းရင်းတစ်ရပ်လို့ ယူဆတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဝင်ရောက်ကူညီခွင့် ကန်သတ်ချက်တွေ၊ ရုံးလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကြောင့် ကြန့်ကြာမှုတွေနဲ့ ရန်ပုံငွေလိုအပ်ချက်တွေရှိနေပေမဲ့ မြန်မာပြည်သူတွေဟာ အကူအညီတွေ အဆောတလျင်လိုအပ်နေတာကြောင့် အကူအညီပေးရေးတွေကိုတော့ ဆက်လုပ်မယ်လို့ ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေအပြင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းနီးပါး ရှိနေသေးတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည် ကူညီရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

လက်ရှိမှာတော့ တချို့ စစ်ဘေးဒုက္ခသည်စခန်း တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ရှိပေမဲ့လို့ လုံလောက်မှု မရှိသလို တခြား သဘာဝဘေး အန္တရာယ်သင့် ပြည်သူတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေ နည်းပါးတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

https://youtu.be/IDQ_d_zhasU?si=TZzSsDKyY7zmvi6N

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11❤3😁1
This media is not supported in your browser
VIEW IN TELEGRAM
ပြင်သစ်နဲ့ အီတလီကြား အဲလ်ပက်စ်တောင်တန်းပေါ်ကကျောက်ဆောင်ပြိုကျမှုကြောင့် ရထားပြေးဆွဲမှုတွေရပ်ဆိုင်း

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3👍2😱2
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်မှာ ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျပညာရှင်အမှုကို ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း တရုတ်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China #Austria
❤6😱2
Media is too big
VIEW IN TELEGRAM
မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ကာကွယ်ရေး တာဝန်ရှိသူပြော

Watch more detail - https://youtu.be/6qenB777hGU

#reels
#shorts
#politicalnews
👍17😁2❤1👏1
​​မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် အိန္ဒိယကုမ္ပဏီ ၇ ခုအား နာမည်ပျက်စာရင်း သွင်း
=======================

မြန်မာစစ်တပ်အား ရန်ပုံငွေနှင့် လက်နက်ထောက်ပံ့ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေသည့် နိုင်ငံတကာ ကုမ္ပဏီများ၏ ‘နာမည်ပျက်စာရင်း’တွင် အိန္ဒိယကုမ္ပဏီ ခုနစ်ခုအား Burma Campaign UK က ထည့်သွင်းလိုက်သည်။ အဆိုပါ ကုမ္ပဏီများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ယင်း အင်န်ဂျီအိုအဖွဲ့က ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏10🤣2
Media is too big
VIEW IN TELEGRAM
မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကရိယာတွေရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံ

Watch more detail - https://youtu.be/k1-8sVZTFBM

#reels
#shorts
#politicalnews
👍12😁3👏1
​​ဒုဗိုလ်မှူးကြီး ၁ဦး နှင့် ဗိုလ်ကြီး၁ဦး တပ်တွင်းပုန်ကန်မှုဖြင့် အမြင့်ဆုံးထောင်ဒဏ်နှင့် သေဒဏ် ချမှတ်ခံရ
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အရာရှိနှစ်ဦးဖြစ်သည့် ဗိုလ်ကြီး ရဲရင့်ဆွေကို အွန်လိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စော်ကားသည်ဟုဆိုကာ စစ်ဘက်ဆိုင်ရာတရားရုံးမှ သေဒဏ် ချမှတ်ခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး အောင်ခန့် ကိုလည်း တပ်တွင်းသတင်းပေးဟုဆိုကာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

တပ်မတော်ဆေးတက္ကသိုလ်ဖြစ်သည့် စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အပတ်စဉ် (၁၆)ဆင်း၊ ဆေးပညာမဟာသိပ္ပံ (M.Med.Sc) ဒုတိယနှစ် ဘွဲ့လွန် တက်ရောက်နေသည့် စစ်ဆေးဆရာဝန် ဗိုလ်ကြီးရဲရင့်ဆွေ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို စော်ကားသည့် အသုံးအနှုန်းများ လူမှုကွန်ရက်တွင် ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ယခုလ ဩဂုတ်လ အတွင်း အမြင့်ဆုံး သေဒဏ် ချမှတ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

“ယခင် စစ်ဆေးက သင်တန်းဆင်းပြီးသား ဗိုလ်ကြီးအဆင့် ဆေးဗက တဦးက မင်္ဂလာဒုံစစ်ဆေးမှာ သင်တန်းတက်နေတုန်း လိုင်းပေါ်စာတွေတင်လို့ပါ။ တန်းမြှင့်သင်တန်း ဥပမာ ပရော်ဖက်ဆာဘွဲ့အတွက် သင်တန်းလာတက်နေတာကိုပြောတာပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ကြီး ရဲရင့်ဆွေသည် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး နှင့် ဆွေမျိုးတော်စပ်သဖြင့် အငြိုးထားကာ ပြင်းထန်သည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းဖြစ်သည်ဟု တပ်တွင်း၌ သတင်းဖြန့်ထားကြောင်း သိရသည်။
အလားတူ ယခု ဩဂုတ်လအတွင်း၌ပင် တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ်(၄)ဆင်း ဒုတိယဗိုလ်မှူးကြီး အောင်ခန့် ကို တပ်တွင်းသတင်းပေးဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၄၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် စစ်သားနှင့် တပ်မိသားစု များစွာရှိနေပြီး စစ်ကောင်စီ၏ တင်းကျပ်သည့် ထိန်းချုပ်မှုများကြားမှ တပ်တွင်းပုန်ကန်မှုများ၊ တပ်ပြေးများ များစွာဖြစ်ပေါ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တပ်တွင်းပုန်ကန်မှု
#ရန်ကုန်တိုင်း
#ဆေးပညာမဟာသိပ္ပံ

ပုံစာ-တပ်တော်ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၇)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်း ညစာစားပွဲ (ပုံဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👎3😱2😁1
သြဂုတ်လ (၂၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:59 - မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကရိယာတွေရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံတဲ့ သတင်း

03:36 - ထန်တလန်တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၃ ဦး ကျဆုံး

09:16 - ခင်ဦးမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲ ကျင်းပတဲ့ သတင်းနဲ့

12:57 - ပြင်သစ်နဲ့အီတလီကြား အဲလ်ပက်စ်တောင်တန်းပေါ်ကကျောက်ဆောင်ပြိုကျမှုကြောင့် ရထားပြေးဆွဲမှုတွေရပ်ဆိုင်းတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။

https://youtu.be/GPdHJho2eks?si=aiv5lO-qBsavvfBU

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁1
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျလေယာဉ်ပျက်ကျမှုကြောင့် အမေရိကန်မရိန်းတပ်သား ၈ ဦးဆေးရုံတင်ကုသနေရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #American #Austria
👍4🍌4
ကော့ကရိတ်တွင် စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိ
👍9👏1😁1
ကော့ကရိတ်တွင် စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိ
==================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေတွင် တပ်ထောက်ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိသည်ဟု Justice Soldier PDF က ဒီကနေ့ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်တွင် ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးတဦးကို အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာချိန်တွင် မသင်္ကာသောကြောင့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့သည်ဟု Justice Soldier PDF ကဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မဇ္ဈိမ မှ Justice Soldier PDF ကိုဆက်သွယ်သော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍မရသေးပေ။
ဖမ်းဆီးခံရသည့် တပ်ထောက်ဗိုလ်ကြီးမှာ အသက် ၃၃ နှစ်အရွယ် ကိုရဲမင်းထွန်းဆိုသူဖြစ်ပြီး မိခင်တပ်ရင်းမှာ အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှဖြစ်ကာ လက်ရှိတွင် ခမရ (၃၀၅)မှာ တာဝန်ထမ်းဆောင်နေသည်ဟု ဖမ်းဆီးခံရသည့် ဗိုလ်ကြီးက ဆိုသည်။

လက်ရှိတွင် “အမှတ် (၂) တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသကွပ်ကဲရေး အဆင့်ဆင့်ကို ကျွန်တော်တို့ ပို့ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု Justice Soldier PDF ၏ ခေါင်းဆောင်ရဲဘော်ဇွဲက လူမှုကွန်ရက်တွင် အသိပေးထားသည်။
အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း လွိုင်ကော်မှတနိုင်းသို့ ပြောင်း ရွှေ့မည့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသေးသည်။

သေနတ်ကျည်ဆန်များအပါအဝင် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးစဉ် သြဂုတ်လ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#ကော့ကရိတ်မြို့နယ်
#ကျားဖြူစစ်ကြောင်း

ပုံစာ - ဖမ်းဆီးခံရသည့် ဗိုလ်ကြီး ရဲမင်းထွန်းကိုမြင်တွေ့ရစဉ် (ပုံ - Justice Soldier PDF)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤1👏1😁1
​​တလလျှင် ဒေါ်လာ ၂၀ ဖြင့် PRF 2.0 ထောက်ပို့တပ်သားအဖြစ် ပါဝင်ရန် NUG ဖိတ်ခေါ်
========================

ဂျူချန်း
(မဇ္ဈိမ)။ ။နိုင်ငံတဝှမ်းမှ ပြည်သူ့ခုခံစစ် ဆင်နွှဲနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို ထောက် ပံ့နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF 2.0)တွင် တလလျှင် ဒေါ်လာ ၂၀ နှင့်တန်ဖိုးညီမျှသည့် ထောက်ပို့ငွေပါဝင်ခြင်းဖြင့် ထောက်ပို့တပ်သားများအဖြစ် ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

“တော်လှန်ရေးကို အောင်မြင်ချင်တယ်။ PDF တွေအတွက် ဘာလုပ်ပေးရမလဲဆိုရင် ပေးစရာမက်ဆေ့ချ် နှစ်ခုပဲရှိပါတယ်။ တခုကတော့ ထောက်ပို့တပ်ဖွဲ့ဝင်ဖို့ပါ။ ဒုတိယတခုကတော့ ထောက်ပို့တပ်သား စည်းရုံး ပါ။ ဒီနှစ်ခုကိုလိုက်နာရင် တော်လှန်ရေးမအောင်စရာ အကြောင်းမရှိပါဘူး” ဟု NUG-MOD စီမံခန့်ခွဲရေး နှင့် ဘဏ္ဍာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြားကပြောသည်။

ယခင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အဖြစ် ပြည်တွင်းပြည်ပ နိုင်ငံအသီးသီးမှ ထောက်ပို့တပ် သားများပေးပို့သည့် အလှူငွေဖြင့် နိုင်ငံတဝှမ်းရှိ PDF တပ်ရင်း ၃၀၀ ကျော်ထံသို့ ၁၇ လအတွင်း ဒေါ်လာ ၁၀.၉၃ သန်း ပို့ဆောင်နိုင်ခဲ့ပြီး လက်ရှိ PRF 2.0 အစီအစဉ်တွင် ယခုထက်ပိုသည့်ပမာဏကို ထောက်ပံ့နိုင် ရန် ရည်မှန်းထားကြောင်း ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့် “ပြည်သူ့တော်လှန်ရေးထောက် ပို့တပ် PRF 2.0 အစီအစဥ်အသစ်” မိတ်ဆက်ခြင်းအခမ်းအနား၌ NUG-MOD စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြားက ပြောသည်။

ထောက်ပို့တပ်သားအဖြစ်ပါဝင်ရန် လစဉ် အမေရိကန်ဒေါ်လာ ၂၀ နှင့်တန်ဖိုးညီမျှငွေကို ထောက်ပို့ရန် လိုအပ်ပြီး နိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် ပါဝင်နိုင်ကြောင်း သိရသည်။

ယခင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)အစီအစဉ်တွင် ထောက်ပို့တပ်သားများမှ ပေးလှူသည့် ထောက်ပံ့ငွေကို နိုင်ငံတဝှမ်းရှိ PDF တပ်ဖွဲ့များထံသို့ အချိုးကျ ခွဲဝေပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ PRF 2.0 အစီအစဉ်တွင်မူ ထောက်ပို့တပ်သားမှ မိမိကြိုက်နှစ်သက်သည့် တိုင်းနှင့်ပြည်နယ်ကို ရွေးချယ် ထောက်ပံ့နိုင်ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ထောက်ပို့တပ်သားစာရင်းနှင့် မြေပြင်တွင် ရန်ပုံငွေသုံးစွဲခြင်းကို ပွင့်လင်း မြင်သာစွာ တင်ပြမည်ဖြစ်ပြီး အကယ်၍ ထောက်ပို့တပ်သားအားနည်းသည့် တိုင်းနှင့်ပြည်နယ်များတွင် အသုံးစားရိတ် မလုံလောက်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ၏ ပြည်ထောင်စု အရန် ရန်ပုံငွေမှကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ကိုကျော်ကြားက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စတင်ဖွဲ့စည်းချိန်မှစ၍ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာကာ လက် ရှိတွင် စစ်ခေါင်းဆောင်ထိပ်ပိုင်းအရာရှိများ၏ဝပ်ကျင်းဖြစ်သည့် နေပြည်တော်ကို အကြိုထိုးစစ်ဆင်နိုင် သည့် အနေအထားအထိရောက်ရှိလာသဖြင့် မြေပြင်တွင် လိုအပ်ချက်များစွာရှိလာပြီး တိုးမြင့်လာသည့် စစ်အသုံးစားရိတ်များကို ထောက်ပံ့နိုင်ရန် ထောက်ပို့တပ်သားများစွာ လိုအပ်ကြောင်း သိရသည်။

“ထိုးစစ်အကြိုကာလကို ချဉ်းကပ်တဲ့အခါမှာ တိုးမြင့်လာတဲ့ စစ်ရေးအသုံးစားရိတ်ကို ထိရောက်အောင် ကာကွယ်နိုင်ဖို့ဆိုရင် ကျနော်တို့ရဲ့ PRF ထောက်ပို့တပ်သည် အင်မတန်အရေးကြီးလာပါတယ်။ PDF သည် ထုနဲ့တင်ထားတဲ့အနေအထားဖြစ်တယ်။ အဲဒီတော့ PRF ကိုလည်း ထုနဲ့ရမယ့် အချိန်ကာလဖြစ် ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ အာရုံစိုက်ရမယ့်အချိန်ကာလဖြစ်ပါတယ်” ဟု စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြားကပြောသည်။

PRF 2.0 အစီအစဉ်ကို လာမည့် စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ထောက်ပို့တပ်သားအဖြစ် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ အမေရိကန် ဒေါ်လာ ၂၀ နှင့်ညီမျှသည့် သက်ဆိုင်ရာနိုင်ငံအလိုက် တန်ဖိုး ငွေဖြင့် ပါဝင်နိုင်ပြီး လုံခြုံမှုကိုလည်း ဦးစားပေးဆောင်ရွက်ထားကြောင်း ဆိုသည်။

လက်ရှိတွင် မြေပြင်၌ တိုက်ပွဲဝင်နေသည့် PDF သိန်းချီရှိနေပြီး ၎င်းတို့ကို ထောက်ပံ့နေသည့် ထောက်ပို့ တပ်သား ၂၀,၀၀၀ ဝန်းကျင်သာ ရှိသေးသဖြင့် ထောက်ပို့တပ်သားများစွာ လိုအပ်နေသေးကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

#ထောက်ပို့တပ်သား
#PRF2.0
#အမျိုးသားညီညွတ်ရေးအစိုးရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3🤮1
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းစစ်တပ်က နှင်ထုတ်ခံရတဲ့ပြင်သစ်သံအမတ် နိုင်ဂျာမှာပဲ ရှိနေဆဲဖြစ်ကြောင်း မက်ခရွန်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1
တမူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားရောက်တိုက်ခိုက်
======================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်စခန်းတခုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၊ ထင်းဇင်နှင့် ဘုက္ကန်ကျေးရွာအကြားရှိ Y.C.D.C ကုမ္ပဏီ ကျောက်မီးသွေးဝင်းအတွင်း အင် အား ၆၀ ခန့်ဖြင့် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို နံနက် ၇ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိကာ NLA ဘက်မှ ရဲဘော် တဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းအမျိုးသား လွတ်မြောက်ရေးတပ်တော်(NLA)တာဝန်ရှိသူက ပြောသည်။

“ထိတွေ့တိုက်ပွဲအတွင်းမှာ MI 35 နဲ့ လေကြောင်းပစ်ကူ နှစ်ကြိမ်လာပါတယ်။ ဒုတိယအကြိမ်မှာ MI 35 ကပတ်ပြီးပစ်ကူပေးတဲ့အချိန်မှာ MI 17 က စစ်ကူနဲ့ ထောက်ပို့တွေချပြီး ဒဏ်ရာရတဲ့သူတွေကို သယ်သွား တယ်” ဟု NLA တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကလည်း Y.C.D.C ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို NLA နှင့် မဟာမိတ်များဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ထာလ်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/7CfAWq03BHM?si=yFudJSF8yyJiSs6X

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု

ရုပ်သံအညွှန်း - လေကြောင်းမှ တပ်အင်အားတိုးချဲချထားခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့လေယာဉ်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်စစ်တပ်အကြီးအကဲ ပို့ဆူဒန်မြို့သို့ရောက်ရှိ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9❤1