Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် ဆေးရုံဝင်းအတွင်းမှ ကားကို CDF မင်းတပ် သိမ်းယူ
❤7🔥1
စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် ဆေးရုံဝင်းအတွင်းမှ ကားကို CDF မင်းတပ် သိမ်းယူ
=====================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးတင်းကြပ်ထားသည့် ဆေးရုံဝင်း အတွင်းမှ ကားတစီးအား သိမ်းယူခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF–Mindat က ဩဂုတ် လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“စစ်တပ်ကဆရာဝန် ကြိုပို့နေတဲ့ ကားပါ။ လူနာတင်ယာဥ် မဟုတ်ပါဘူး။ အဲဒီကားကို လိုအပ်တဲ့နေရာမှာ အသုံးပြုသွားမှာပါ” ဟု CDF–Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမကိုပြောသည်။

မင်းတပ်မြို့ရှိ မီးသတ်ကုန်း၊ အထက(၂)အပါအဝင် ဌာနဆိုင်ရာရုံးများနှင့် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးစောင့်ကြပ်နေသည့်ကြားက ဆေးရုံဝင်းအတွင်းမှ ကားတစီးအား ဩဂုတ်လ ၂၀ ရက် ညပိုင်းတွင် မောင်းနှင်ယူဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက မဇ္ဈိမသို့ ပြော သည်။

ကားသိမ်းယူခံရပြီးနောက် မင်းတပ်မြို့တွင်းရှိ ဆေးရုံနှင့်ကျောင်းများအပါအဝင် ရုံးများကို ပိတ်ထားရန် စစ်ကောင်စီက နုတ်မိန့်ဖြင့် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် မတရား စွပ်စွဲဖမ်းဆီးမှု ပိုမိုများ ပြားလာသည့်အတွက် အထူးသတိပြုနေထိုင်ရန် CDF – Mindat က တိုက်တွန်းထားသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်တွင်လည်း မင်းတပ်မြို့အတွင်း တိုက်ပွဲဖြစ်ပွား‌နေကြောင်းကြားသိရပြီး အခြေ အနေများ သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် စုံစမ်းလျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#မင်းတပ်မြို့
#တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း - စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော CDF – Mindat ရဲဘော်များ (ဓါတ်ပုံ - CDF – Mindat)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍7🔥1👏1
​​ရိုဟင်ဂျာ ဒုက္ခသည်များက ဖေ့ဘုတ်မိခင်ကုမ္ပဏီအား အိုင်ယာလန်တွင် တရားစွဲ 
=======================

ရာစုနှစ်၏ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတခုဖြစ်သော ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် ဖေ့ဘုတ်၏ မိခင်ကုမ္ပဏီ နည်းပညာကုမ္ပဏီကြီး Meta ကို ရိုဟင်ဂျာဒုက္ခသည်များက အိုင်ယာလန် တရားရုံးချုပ်တွင် တရားစွဲဆို အမှုတင်ထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
ဘတ်‌ဈေး မြင့်နေမှုကြောင့် ထိုင်းမှသွင်းသည့် ကုန်စည်များပါ ဈေးမြင့်တက်| Business Round Up (29.8.2023)
====================

- လာမယ့် နွေရာသီ လျှပ်စစ်ဓာတ်အား စွမ်းအားပြည့်ထုတ်နိုင်ရေး ပြင်ဆင်နေပြီလို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးပြောြပန်

- ဘတ်‌ဈေး မြင့်နေမှုကြောင့် ထိုင်းမှသွင်းသည့် ကုန်စည်များပါ ဈေးမြင့်တက်လာ

- တရုတ်အကူအညီနဲ့ ကျိုင်းလပ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်

- အလုပ်လုပ်ခွင့်သက်တမ်းတိုးမယ့် အစီအစဉ်သစ် ဘန်ကောက်မြန်မာသံရုံးကြေညာ

https://youtu.be/zkYly5DrkbI?si=f4IiPhW_5M16-Rt5

#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U
👍10❤3😁3
​​လကမ္ဘာသက်ဆင်းယာဉ်အား စေလွှတ်တော့မည့် ဂျပန်အာကာသအေဂျင်စီ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​မုန်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှကျောင်းများ ပိတ်ထားရ
==================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် တပ်မဟာ (၃) ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ ပေါ်မှကျောင်းများ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမှာ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က သမန်းကျင်းနှင့် ကြက်တက်ညောင်ပင်သာကျေးရွာအနီးအား လေ ကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မုန်းမြို့ပေါ်ရှိ ကျောင်းများအားလုံးပိတ်ထားရပြီး ကြက် တက်ညောင်ပင်သာ၊ အောင်းကြီးညောင်ပင်သာ၊ သမန်းကျင်း၊ ကညင်ကျကျေးရွာတို့မှ ဒေသခံများ နီးစပ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မုန်းမြို့ပေါ်မှာက အထက်တန်းကျောင်းတကျောင်းနဲ့ မူလတန်းကျောင်း နှစ်ကျောင်းရှိတယ်။ အခု အား လုံး ပိတ်လိုက်ပြီ။ မြို့ပေါ်နဲ့ အခုတိုက်ပွဲဖြစ်နေတဲ့ရွာတွေက နီးတယ်။ သုံး၊ လေးမိုင်လောက်ပဲဝေးတာ။ စစ်တောင်းမြစ်ကူး အုတ်ဖြတ်တံတားနဲ့ ပိုနီးတယ်။ တိုက်ပွဲက မုန်းမြို့ထဲကူးစက်လာရင် ကျောင်းသား တွေအတွက် အန္တရာယ်များလို့ ကျောင်းမှာဆိုစိတ်မချရတော့ ပိတ်လိုက်တာလို့သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“မုန်းနားက သမန်းကျင်းနဲ့ ကြက်တက်ညောင်ပင်သာရွာအနားမှာ အခုမနက် တိုက်ပွဲဖြစ်နေတယ်။ တပ် မဟာ(၃)၊ ရင်း(၈) နယ်မြေမှာ။ လေယာဥ်နဲ့လည်း နှစ်ကြိမ်လာပစ်တယ်။ ရွာမီးရှို့ခံရတယ် ကြားတယ်။ ဘယ်နှစ်အိမ်ပါသွားလဲတော့ မသိသေးဘူး” ဟု အခြား ဒေသတွင်းသတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမကို ပြောသည်။
မုန်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) တပ်ရင်း (၈) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်နှင့် နယ်မြေခံ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် နယ်မြေဖြစ်သည်။

စာတည်း။ ။စောဖေ

#ပဲခူးတိုင်း
#ကရင်အမျိုးသားအစည်းရုံး
#မုန်းမြို့

ပုံအညွှန်း- မုန်းမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2❤1
Media is too big
VIEW IN TELEGRAM
Aug - 29 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #Reels #Shorts
🍌2❤1
ဩဂုတ်လ (၂၉) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
====================

မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကိရိယာတွေ ရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံတဲ့သတင်းနဲ့အတူ MOUလုပ်သားတွေအနေနဲ့ နယ်စပ်မြို့နှစ်မြို့မှာ သက်တမ်းတိုးနိုင်မယ်လို့ စစ်ကောင်စီကြေညာလိုက်တဲ့အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်း၊ စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” အစီစအဉ်နဲ့ “ သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/-ifzZyDSpWE?si=k49wXQ_xwC62dkXN

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤2👍2🔥2
ကံကျေးပျူစောထီးရွာကို ကာကွယ်ရေးတပ်ပေါင်းစု စီးနင်း၊ ပျူခေါင်းဆောင်အပါအဝင် ၈ ဦး သေဆုံး
👍10🔥1
ကံကျေးပျူစောထီးရွာကို ကာကွယ်ရေးတပ်ပေါင်းစု စီးနင်း၊ ပျူခေါင်းဆောင်အပါအဝင် ၈ ဦး သေဆုံး
===================

လွှမ်းမိုး
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၏မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ကံကျေးပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်ပေါင်းစု ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်အပါဝင် ရှစ်ဦးသေဆုံးခဲ့ ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F)ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၅ နာရီတွင် ဖြစ်ပွားခဲ့ခြင်းပြီး ကာကွယ်ရေးရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း S.R.F တပ်မှူး ဆရာစံက ပြောသည်။

“ရန်သူ့ရှေ့တန်းကင်းစခန်းကိုသိမ်းပိုက်ပြီးနောက်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်စီးတာဖြစ်ပါ တယ်။ ပျူခေါင်းဆောင်အပါအဝင် ပျူစောထီးရှစ်ဦး သေဆုံးတယ်။ ကျနော်တို့ဘက်က ရဲဘော်သုံးဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တာရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကံကျေးပျူရွာကို ဝင်ရောက်စီးနင်းမှုတွင် ရန်သူ့တပ်သားများထံမှ ကာဘိုင်(M-2) နှစ်လက်၊ ပြောင်းချော နှစ်လက်၊ 0.30 ကျည် ၁၉၃ တောင့် ၊ ပြောင်းချောကျည် ၇၂ တောင့် ၊ ကာဘိုင်ကျည်ဘောက် ငါးခု၊ ဖုန်း ၂၈ လုံးနှင့် ဆိုင်ကယ်ခုနစ်စီးသိမ်းဆည်းနိုင်ခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံမှ သိရသည်။
တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F)၊ တိမ်လွှာဒေါင်းမင်း ပ.က.ဖအဖွဲ့နှင့် LPDF များပါဝင်သော တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကံကျေးပျူရွာကို ဝင်ရောက်စီးနင်းပြီးနောက် သုံးနာရီခန့်အကြာတွင် မင်းကင်းမြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၁၂၀ မမများဖြင့် ၁၀ ကြိမ်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း S.R.F တပ်ဖွဲ့ထံမှ သိရသည်။

မင်းကင်းမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းထားသည် တပ်ပေါင်းစုများအနေဖြင့် စစ်ရေး အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် လက်နက်သံများကြားလျှင် ဘေးလွတ်ရာသို့ တိမ်းရှောင်၍ ကာကွယ်ရေးအဖွဲ့များ၏ လမ်းညွှန်းချက်များကို ဂရုပြုပေးရန် ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်တိုင်း
#မင်းကင်းမြို့နယ်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤3🔥1
​​ဗိုလ်နဂါးအဖွဲ့အား အကြမ်းဖက်အဖွဲ့ဟု NUG မှ ကြေညာခြင်းမရှိ
===================

JC
(မဇ္ဈိမ) ။ ။ဗိုလ်နဂါးဦးဆောင်သည့် တပ်ဖွဲ့တခုဖြစ်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို အမျိုး သားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG-MOD မှ အကြမ်းအဖွဲ့အဖြစ် ကြေညာလိုက် သည်ဆိုသော ထုတ်ပြန်ချက်တစောင် ပျံ့နှံ့နေသည်။ ယင်းမှာ ထုတ်ပြန်ချက်အတုဖြစ်သည်။

ကျော်စွာတယ်လီဂရမ်ချန်နယ်မှ ဩဂုတ်လ ၂၈ ရက်နေ့တွင် “အကြမ်းဖက်အုပ်စုက အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်အုပ်စုလို့ ကြော်ငြာ” ဟု NUG-MOD ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၏ လက်မှတ်ပါသည့် “MRDA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်း” ဆိုသောထုတ်ပြန်ချက်ကို ဖြန့်ဝေထားသည်။

ယင်းထုတ်ပြန်ချက်တွင် ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ဖွဲ့ဝင်များသည် NUG မှ ထုတ်ပြန်ထားသည့်စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ အကြိမ်ကြိမ်ကျူးလွန်ဖောက် ဖျက်နေသောကြောင့် MRDA တပ်ဖွဲ့ကို NUG မှ ထုတ်ပယ်ကာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက် ကြောင်း ပါရှိသည်။
ထိုထုတ်ပြန်ချက်သည် အခြား တယ်လီဂရမ်ချန်နယ်နှင့် ဂရု(ပ်) ၁၃ ခုတွင် ပျံ့နှံ့နေပြီး နှစ်ရက်အတွင်း ကြည့်ရှုသူ ၃၃,၀၀၀ ကျော်ခဲ့သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမကအဆိုပါထုတ်ပြန်ချက်အား စိစစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအား မေးမြန်းအတည်ပြုကာ ထုတ်ပြန်ချက်အတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လေ့ရှိသည့် Ministry of Defence - National Unity Government of Myanmar ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း NUG မှ ဗိုလ် နဂါးဦးဆောင်သည့် MRDA အဖွဲ့တခုလုံးကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သည့် ကြေညာချက်မရှိပေ။
“MRDA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်း” ဟူသော ထုတ်ပြန်ချက်သည်အတုဖြစ် ကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ရုပ်သံလွှင့်ဌာနဖြစ်သည့် PVTV Fact-Check Team မှ ဖော်ပြထားသည်။ လင့် - https://shorturl.at/ftG67

ထို့ပြင် ယုံကြည်စိတ်ချရသည့် မီဒီယာများတွင်လည်း အဆိုပါထုတ်ပြန်ချက်အကြောင်း သတင်းရေးသား ဖော်ပြခြင်းများ မရှိပေ။
NUG-MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ယင်းထုတ်ပြန်ချက်သည် NUG-MOD မှ တရားဝင် ထုတ်ပြန်ခြင်းမရှိသကဲ့သို့ MRDA အဖွဲ့သည့် စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတခုဖြစ် သောကြောင့် အကြမ်းဖက်ဟုသတ်မှတ်ခြင်းမရှိကြောင်းနှင့် တော်လှန်ရေးကို နှောင့်နှေးစေလိုသူများမှ တမင်တကာ သွေးကွဲစေရန် ဖြန့်ဝေထားသည့် သတင်းအတုသာဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

“အဲ့ဒါက မဟုတ်ပါဘူး။ ကြားထဲကနေပြီးတော့ ဒီတော်လှန်ရေးအောင်ပွဲ အရှိန်အဟုန်ရလာတာကို မလို လားတဲ့အုပ်စုကနေ အတုထုတ်တာပါ။ ကျနော်တို့ MOD အနေနဲ့လည်း ထုတ်ထားခြင်းမရှိပါဘူး။ တော်လှန်ရေးအင်အားစုတွေကိုလည်း တလမ်းတည်း သွားနေတဲ့အတွက် အဲဒီလိုမလုပ်ပါဘူး။ ဒါ အတုပါ” ဟု ဦးမောင်မောင်ဆွေက အတည်ပြုသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းက NUG-MOD နှင့် MRDA လက်အောက်တွင်ရှိသည့် ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၃)၊ (၄)၊ (၅)၊ (၆) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာ၏ ကွပ်ကဲမှု အောက်ရှိတပ်ရင်းများအဖြစ် ပယ်ဖျက်ပြီး MRDA လက်အောက်မှတပ်ရင်းများအဖြစ် သီးသန့်ရပ်တည်ရန် NUG မှ အကြောင်းကြားခဲ့သည်။

ထို့နောက် ဩဂုတ်လ ၂၆ ရက်နေ့တွင် MRDA လက်အောက်မှ ထွက်ကာ NUG-MOD ၏ ကွပ်ကဲမှုအောက် တွင်သာ ဆက်လက်ရပ်တည်သွားရန် ထိုတပ်ရင်းလေးရင်း၏ တပ်ရင်းမှူးများ လက်မှတ်ထိုးခဲ့ကြသည်။

ထို့ကြောင့် ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG-MOD မှ အကြမ်းအဖွဲ့အဖြစ်ကြေညာလိုက်သည်ဆိုသော ထုတ် ပြန်ချက်မှာ အတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fake_Statement
#MRDA
#nug_mod
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2
​​ယီမင်ရှိ မြန်မာနှင့် ဂျာမနီ ဝန်ထမ်းတို့နှင့် အဆက်အသွယ် ပြတ်တောက်နေဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ ပြော
========================

ယီမင်တွင် ရောက်ရှိနေသည့် နိုင်ငံခြား ဝန်ထမ်းနှစ်ဦးနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က အေအက်ဖ်ပီသို့ တနင်္လာနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢2❤1
ဩဂုတ်လ (၂၉) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
======================

- စစ်ကောင်စီတပ် အထိနာနေပြီး မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG MOD ဒုအတွင်းဝန် ပြောတဲ့ သတင်း

- ကော့ကရိတ်မှာ စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိတဲ့ သတင်း

- မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် အိန္ဒိယကုမ္ပဏီ ၇ ခုအား နာမည်ပျက်စာရင်း သွင်းတဲ့ သတင်း

- ဒုဗိုလ်မှူးကြီး ၁ဦး နဲ့ ဗိုလ်ကြီး၁ဦး တပ်တွင်းပုန်ကန်မှုနဲ့ အမြင့်ဆုံးထောင်ဒဏ်နဲ့ သေဒဏ် ချမှတ်ခံရတဲ့ သတင်း

- လာမယ့် နွေရာသီ လျှပ်စစ်ဓာတ်အား စွမ်းအားပြည့်ထုတ်နိုင်ရေး ပြင်ဆင်နေပြီလို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးပြောတဲ့ သတင်းနဲ့

- တရုတ်မှာဖမ်းဆီးခံထားရတဲ့ ဩစတြေးလျပညာရှင်အမှုကို ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း တရုတ်ပြောတဲ့ သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/x9EiRAwwvI8?si=8-Fm75ubk0rWlGFl

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤1🔥1