ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး
================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)ထံ မှ သိရသည်။
ထန်တလန်မြို့အတွင်းရှိ တပ်ကုန်းအပါအဝင် စစ်ကောင်စီတပ်များတပ်စွဲထားသည့် နေရာလေးခုကို ချင်း ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ဘက်က ဒရုန်းနဲ့ ဗုံးအလုံး ၄၀၀ ကြဲခဲ့တယ်။ ဟားခါးဖက်က စစ်ကူလာတဲ့ စစ်ကားသုံးစီးကို RPG နဲ့ပစ်ပြီး အနီးကပ် ကျားတက်ထိုးပြီး ပစ်ခဲ့တာရှိတယ်။ သေဆုံးအရေအတွက်က လမ်းပေါ်မှာလဲကျ သေနေတာတွေကို ဒရုန်းနဲ့ကြည့်ပြီး ပြောတာဖြစ်တယ်။
ဟားခါးဆေးရုံနဲ့ တပ်ကုန်းမှာသေတာတွေရော ဆိုရင် ၃၀ ကျော်သေတယ်တော့ ပြောနိုင်တယ်။ ဘယ်လောက်ထပ်တိုးမယ်ဆိုတာတော့ မသိနိုင်သေး ဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။
ဩဂုတ်လ ၂၈ ရက်နေ့က တနေကုန်နီးပါးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း မှ ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့မှလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးများခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းတိုက်ပွဲ၌ ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်းအထိ ချင်းပူးပေါင်းတပ်ဖွဲ့တွင် CNA မှ ငါးဦးနှင့် CDF မှ ၁၀ ဦးကျဆုံးခဲ့ကာ ၂၀ ဦးဒဏ်ရာရရှိထားပြီး အများစုမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သေနတ်ငါးလက်၊ ကျည်ဆန်များနှင့် ဗုံးသီးအချို့ကို ပူးပေါင်း တပ်ဖွဲ့က သိမ်းဆည်းရရှိထားကြောင်း ဆိုသည်။
အဆိုပါတိုက်ပွဲများကို CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဟားခါး၊ ထန်တလန်၊ ဇိုဖေးနှင့် ဟွားလ်းငိုး တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်းသိရသည်။
ထန်တလန်မြို့သည် စစ်ကောင်စီသတ်မှတ်ချက်အရအနက်ရောင်နယ်မြေဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော နေရာဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။
“ အဓိက သူတို့ဦးတည်တာကတော့ Victoria Base ပါပဲ။ CDF များမွေးထုတ်ရာနဲ့ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရာအဖြစ် စစ်ကောင်စီကသတ်မှတ်ထားတယ်။ ထန်တလန်ကို သူတို့ရသွားရင် CNA ဌာန ချုပ်ကိုလည်း ခြိမ်းခြောက်နိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်” ဟု CNA ပြောခွင့်ရက ဆက်လက်ပြော ဆိုသည်။
ထန်တလန်မြို့နှင့် ၁၈ မိုင်ခန့်ကွာဝေးသည့် ဟားခါးမြို့မှ ၁၂၀ မမ ၊ ၈၁ မမ များဖြင့် လှမ်း၍ ပစ်ခတ်နိုင်ပြီး ထန်တလန်၌ စစ်ကောင်စီမှစစ်ရေးတည်ဆောက်ထားနိုင်ပါက ချင်းတပ်ဖွဲ့များအနေဖြင့် အခက်ကြုံလာ နိုင်သောကြောင့် ယခုကဲ့သို့ တိုက်ပွဲများဖော်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှလည်း ထန်တလန်မြို့မီးလောင်မှုကိုအကြောင်းပြုပြီး ပြန်လည်တည်ဆောက်ရေး အတွက် ပြည်သူများနှင့် ဘာသာရေးခေါင်းဆောင်များကိုစည်းရုံးကာ မြို့ကိုသိမ်းပိုက်နိုင်ရေးလုပ်ဆောင်မှု များရှိကြောင်း ဆိုသည်။
အကယ်၍ ချင်းတပ်ဖွဲ့များ ထန်တလန်မြို့ကိုထိမ်းချုပ်ထားနိုင်ခဲ့ပါက စစ်ကောင်စီတပ်ဗျူဟာ ထိုင်ထား သည့် ဟားခါးမြို့အတွက် လုံခြုံမှုမရှိနိုင်တော့သဖြင့် စစ်ကောင်စီအတွက်လည်း စစ်ရေးအရ အချက်အချာ ကျသောနေရာဖြစ်နေကြောင်း သိရသည်။
ထန်တလန်မြို့ကို စစ်ကောင်စီတပ်က တပ်ရင်းငါးရင်းနှင့် ရဲများအပါအဝင် အင်အား ၃၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားနိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း မြေပြင်အနေထားနှင့် ဖမ်းဆီးမိခဲ့သော သုံ့ပန်းများ၏ ထွက် ဆိုချက်အရ အင်အား ၁၅၀ ဝန်းကျင်ခန့်သာရှိကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။
ထန်တလန်မြို့အတွင်းမှတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ စတင်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ချင်းတပ်ဖွဲ့ များကတိုက်ခိုက်ခဲ့ပါကလည်း လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကိုသာ အားပြုနေကြောင်း သိရ သည်။
ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်း နောက်ဆုံးသိရသောသတင်းများအရ ထန်တလန်မြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း၊ နှစ်ဖက်တပ်များ ယာယီရပ်နားနေကြောင်း သိရသည်။
အိမ်ခြေ ၂,၀၀၀ ခန့်နှင့် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်သည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က နေအိမ်များအား မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။
စာတည်း။ ။စောဖေ
#ချင်းပြည်နယ်
#ထန်တလန်မြို့
#ချင်းအမျိုးသားတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍18😢6😁2
ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရ
===============
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံနေရာများကို ဩဂုတ်လ ၂၇ ရက်မှစတင်ကာ ၂၉ ရက်နေ့အထိ သုံးရက်ဆက် ညပိုင်းများတွင် စုစုပေါင်းနေရာ ခြောက်ခုကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ထားကြောင်း မြို့ပြပြောက်ကျားအဖွဲ့ထံမှတဆင့် သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာနှင့် မဟာမိတ်အဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
"တိုက်ခိုက်မှုလုပ်ဆောင်တာကတော့ ရန်ကုန်ဟာ ဘယ်တော့မှ မငြိမ်သက်ဘူး၊ စကစ ရဲ့ ထိန်းချုပ်မှု မအောင်မြင်ဘူးဆိုတာ ပြသတဲ့အနေနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် အထူးကူညီနေတဲ့ ရဲစခန်းများနဲ့ အုပ်ချုပ်ရေးမှူးရုံးများကို ပစ်မှတ်ထားတိုက်ခိုက်တာပါ။" ဟု ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမှ တာဝန်ခံ မူလန်က မဇ္ဈိမ ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုများအား မြို့ပြပြောက်ကျား(UG) များအတွက် ကမ်ပိန်းတခုဖြစ်သော To the Unsung Heros ရန်ပုံငွေရှာဖွေပွဲအား ဂုဏ်ပြုသောအားဖြင့် အညတရခြေသံ အမည်ဖြင့် မစ်ရှင်များဖော်ဆောင်ခဲ့ကြောင်းသိရသည်။
တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းများကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၊ တပ်လော်ဘီများမှ သတင်းမှားဖြန့်ဝေနေကြောင်းကိုလည်း တွေ့ရသည်။
"အထိအခိုက်ကတော့ ထုံးစံအတိုင်း သူတို့အတွင်းစည်းထဲမှာပဲထားတဲ့အတွက် မသိရဘူး၊ သူတို့ရဲ့ တယ်လီဂရမ်ချန်နယ် တွေကနေပြီး အသံဗုံးပါလို့ လိမ်နေတာကြည့်ရင် ထိခိုက်မှုရှိတာ သိသာပါတယ်။ ထုံးစံအတိုင်း လိမ်ရင် မှန်နေလို့ပဲပေါ့။" ဟု ပြောရေးဆိုခွင့်ရှိသူ မူလန်က ထပ်မံပြောဆိုသည်။
တိုက်ခိုက်မှုတွင် ဩဂုတ်လ ၂၇ ရက် ၊ ည ၇ နာရီ ၉ မိနစ်က မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား KMD18 Hunter Unit မှ တိုက်ခိုက်ခဲ့၍ ဩဂုတ်လ ၂၈ ရက် ၊ ည ၉ နာရီ ၁၄ မိနစ်တွင် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ည ၉ နာရီ ၁၉ မိနစ်တွင် ရွှေပေါက္ကံရဲစခန်းအား Guardians UG အဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၉ ရက် ၊ ည ၈ နာရီ ၅၆ မိနစ်တွင် တောင်ဥက္ကလာပရဲစခန်းနှင့် ည ၈ နာရီ ၅၇ မိနစ်တွင် ရန်ကင်းရဲစခန်းတို့အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ လည်းကောင်း ၊ ည ၈ နာရီ ၅၀ မိနစ်တွင် အရှေ့ဒဂုံမြို့နယ်ရဲစခန်းအား KMD18 Crow Squad မှလည်းကောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရန်ကုန်
#စစ်ကောင်စီလက်အောက်ခံ
#UG
ပုံစာ - ရန်ကုန်ရှိ စစ်ကောင်စီတပ်သားများနှင့် ပတ်သက်ဆက်နွယ်သည့်နေရာများ တိုက်ခိုက်ခံရပုံ(ပုံဟောင်း)

👍11👏3😁1
အရှေ့တောင်အာရှတွင် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့် လုပ်ငန်းများသို့ လူသိန်းချီ လူကုန်ကူးခံထားရဟု ကုလ သတိပေး
================
အရှေ့တောင်အာရှဒေသတွင် ဥပဒေချိုးဖောက်သည့် ဂိုဏ်းအဖွဲ့များက လူသိန်းချီကို အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ၌ အတင်းအကျပ် ခိုင်းစေလျက် ရှိပြီး အဆိုပါ ဖိအားပေး ခိုင်းစေခံရသူများသည် မကြာခဏဆိုသလို ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂက ဩဂုတ် ၂၉ ရက်တွင် ပြောကြားသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
အရှေ့တောင်အာရှဒေသတွင် ဥပဒေချိုးဖောက်သည့် ဂိုဏ်းအဖွဲ့များက လူသိန်းချီကို အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ၌ အတင်းအကျပ် ခိုင်းစေလျက် ရှိပြီး အဆိုပါ ဖိအားပေး ခိုင်းစေခံရသူများသည် မကြာခဏဆိုသလို ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂက ဩဂုတ် ၂၉ ရက်တွင် ပြောကြားသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤2
သြဂုတ်လ ( ၃၀ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
-မြန်မာနဲ့ အရှေ့တောင်အာရှဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ
အဓမ္မခိုင်းစေခံနေရကြောင်း ကုလထုတ်ပြန်တဲ့သတင်း
-တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုဟာ “ဖိနှိပ်မှုများကို ပိုဆိုးရွားစေသည်” လို့ NUG ပြောတဲ့သတင်း
-ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီလက်အောက်ခံ ရုံးတွေ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲခံရ တဲ့သတင်း
- ဖားကန့်မှာ ဇနီးဟောင်းကို ဓားနဲ့ထိုးသတ် သတ်ဖြတ်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/eT8SGjaN7tE?si=y4cHjrIqEJM0u39M
#2pmnews
#Mizzimanewshour
#MizzimaTV

YouTube
သြဂုတ်လ ( ၃၀ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-မြန်မာနဲ့ အရှေ့တောင်အာရှဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မခိုင်းစေခံနေရကြောင်း ကုလထုတ်ပြန်တဲ့သတင်း
04:11-တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုဟာ “ဖိနှိပ်မှုများကို ပိုဆိုးရွားစေသည်” လို့ NUG ပြောတဲ့သတင်း
05:53-ကြာအင်းဆိပ်ကြီးမှာ…

👍3🍌2
ကျိုက်ထိုမြို့ရှိ KRF တပ်ဖွဲ့ဝင် နေအိမ်ချိပ်ပိတ်ခံရ
===============
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြိိို့နယ်၊ တောင်သူစုရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင် ကိုရန်ရှင်းအောင်၏ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သိမ်းဆည်းသွားကြောင်း ဒေသခံများနှင့် ကာယကံရှင် ကိုရန်ရှင်းအောင်ထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် တောင်သူစုရပ်ကွက်၊ နှင်းဆီလမ်းရှိ ကိုရန်ရှင်းအောင်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများ၊ ရဲ၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးကောင်စီဝင်များ၊ မြို့နယ် ထွေအုပ်ရုံးမှ ဝန်ထမ်းများက လာရောက်ချိပ်ပိတ်သွားခြင်းဖြစ်သည်။
" ကျွန်တော့်ဆီကို သူများပြောပြတော့ နေ့လယ် ၁၂ ခွဲလောက်မှာမှ သိရတာခင်ဗျ။ အိမ်က ဘယ်သူမှ မနေဘူး။ မနေဘူးဆိုတာက ကျွန်တော့်အစ်မလင်မယားရော ကျွန်တော်ရော ကျွန်တော့်ဦးလေးရော သပိတ်ကာလတည်းက အကုန်လုံး ၅၀၅ တွေဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိကြဘူး" ဟု ကိုရန်ရှင်းအောင်က မဇ္ဈိမကိုပြောသည်။
အဆိုပါနေအိမ်တွင် ယခင်က ကိုရှင်းအောင်နှင့်အစ်မဖြစ်သူ CDM ကျောင်းဆရာမ ဒေါ်ခင်ငြိမ်းချမ်း တို့၏ မိသားစု နှင့် ဦးလေးဖြစ်သူတို့ အတူတကွ နေထိုင်ခဲ့ကြပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် နေထိုင်သူမရှိကြကြောင်း ကိုရန်ရှင်းအောင်ထံက သိရသည်။
ကိုရန်ရှင်းအောင်သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန္ဒပြခြင်းကို ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။
ကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ဈ) တို့ဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ကိုရန်ရှင်းအောင်သည် နေအိမ်ချိပ်ပိတ်ခံခဲ့ရသော်လည်း စစ်အာဏာရှင်အား ဆက်လက်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ပြောသည်။
" ဒီကောင်တွေက ဥပဒေမှမရှိတာ သူတို့ရေးထားတဲ့ ဥပဒေတောင် သူတို့ပြန်ဖောက်ဖျက်သေးတာပဲ။ ကျန်တဲ့ဟာကတော့ အထွေအထူး ပြောစရာမရှိတော့ပါဘူး။ မပြီးသေးဘူး ကျွန်တော်တို့အလှည့်ပြန်လာမယ်။ အဲ့ဒါပဲ ပြောချင်ပါတယ်" ဟု ကိုရန်ရှင်းအောင်က ဆက်လက်ပြောဆိုသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် ဒေသခံများ၏ နေအိမ် စုစုပေါင်း အလုံး ၂၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။
" ထပ်ပြီးတော့ ချိပ်ပိတ်မယ့် အိမ်တွေလည်းရှိသေးတယ်တဲ့ ဈေးထဲမှာ ပြောနေကြတယ်။ ကလေးတွေရဲ့ အိမ်တွေပေါ့။ လုပ်ချင်တာ လုပ်နေကြတဲ့အကောင်တွေပဲလေ ဘာမှမလုပ်လည်း ဖမ်းချင်ဖမ်းမယ်။ ချိပ်ပိတ်ချင်ပိတ်မယ်။ ကျွန်မတို့က ဘာလုပ်နိုင်မှာလဲ" ဟု ကျိုက်ထိုမြို့ပေါ် ဒေသခံက မဇ္ဈိမကိုပြောသည်။
ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ကျိုက်ထိုမြို့နယ် NLD ပါတီဝင်၊ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုကိုနိုင်၏ နေအိမ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု( KRF ) ဒု- တာဝန်ခံ ကိုရဲသွေးညီ၏ ယောက္ခမနေအိမ်တို့ကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KRF တပ်ဖွဲ့ဝင်
# နေအိမ်ချိပ်ပိတ်ခံရ
ပုံအညွှန်း- ချိပ်ပိတ်ခံရသည့် KRF ရဲဘော် ကိုရန်ရှင်းအောင်၏ နေအိမ် (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်)

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🔥6👍4🤬2
ကြယ် - Violin Instrumental(Orchestral Version)
===============
ပဒေသာပင်နဲ့ Artists'Shelter တို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ "ကြယ်" Violin Instrumental
တော်လှန်ရေးမှာလူသိများထင်ရှားခဲ့တဲ့ "ကြယ်" သီချင်းကို တယောသမား အယောက်(၄၀) ကျော်နဲ့ Performance Art များ ပေါင်းစပ်ပြီး ဖန်တီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
https://youtu.be/eVLI7ygQq1Y?si=59cBMkh1u2O4LHNx
#ကြယ်
#Violin
#Artists
#ပဒေသာပင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ပဒေသာပင်နဲ့ Artists'Shelter တို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ "ကြယ်" Violin Instrumental
တော်လှန်ရေးမှာလူသိများထင်ရှားခဲ့တဲ့ "ကြယ်" သီချင်းကို တယောသမား အယောက်(၄၀) ကျော်နဲ့ Performance Art များ ပေါင်းစပ်ပြီး ဖန်တီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
https://youtu.be/eVLI7ygQq1Y?si=59cBMkh1u2O4LHNx
#ကြယ်
#Violin
#Artists
#ပဒေသာပင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကြယ် - Violin Instrumental(Orchestral Version)
ပဒေသာပင်နဲ့ Artists'Shelter တို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ "ကြယ်" Violin Instrumental
တော်လှန်ရေးမှာလူသိများထင်ရှားခဲ့တဲ့ "ကြယ်" သီချင်းကို တယောသမား အယောက်(၄၀) ကျော်နဲ့ Performance Art များ ပေါင်းစပ်ပြီး ဖန်တီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
#ကြယ်
#Violin
#Artists…

👍10🤮1
တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာတိုက်ပွဲဝင်ကြရန် NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် သတိပေး
==================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအရှိန်မြင့်လာခြင်းကြောင့် အင်အားစုများအနေဖြင့် လမ်း ကြောင်း မယိမ်းမယိုင်ဘဲ စုစုစည်းစည်းဖြင့် ဘုံရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် သတိ ထားပြီးသွားကြရမည့်အချိန်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေ အစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က သတိပေးလိုက်သည်။
ဩဂုတ်လ ၂၉ ရက်က ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ (၂၉) ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်းရှည်လျားပြီး မတူကွဲပြားမှုတွေနဲ့တည်ရှိနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်မှုတွေနဲ့နေထိုင်လာရတဲ့ တိုင်းပြည်ဖြစ်နေတာမို့ ဒီလိုတော်လှန်ရေးကာ လမှာ စိန်ခေါ်မှုတွေကလည်း အင်မတန်များမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ ဘယ် လောက်များများ ဒါတွေကိုရင်ဆိုင်ကျော်လွှားပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့၊ ဖက်ဒရယ်နိုင်ငံ တော်တည်ထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် ခိုင်ခိုင်မာမာရှိနေတာဟာ ဒီတော်လှန်ရေးကို မဖြစ်မနေ အောင်မြင်စေမယ့် အကြောင်းတရားတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။
လက်ရှိတော်လှန်ရေးသည် အမှားကင်းကင်းဖြင့် စစ်ကောင်စီ၏လှည့်ကွက်များကို ကျော်လွှားသွားရန် အသင့်ဖြစ်နေသည့် တော်လှန်ရေးဖြစ်ပြီး ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက်အားထုတ်သွားရန်တိုက်တွန်း လိုသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူကိုကာကွယ်ပေးရမည့်သူများဖြစ်ပြီး လမ်း ကြောင်းလွဲလာပါက တော်လှန်ရေးအတွက် ထိခိုက်မှုရှိလာမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
“ငြိုငြင်စရာဖြစ်ရပ်တွေများပြားလာရင် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုလည်း တစထက်တစ ပျယ် လွင့်သွားနိုင်တာကို ကြီးစွာ သတိထားရမှာ ဖြစ်ပါတယ်။ ဘုံရည်မှန်းချက် တူညီနေကြပြီဆိုရင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဘယ်လိုပဲ ကြီးမားတဲ့အခက်အခဲနဲ့ အတားအဆီးတွေရှိနေပါစေ အပြန် အလှန်လေးစားမှု၊ နားလည်မှုတွေနဲ့ ဒီအခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု လည်း ဆိုသည်။
ယာယီသမ္မတ ဒူဝါလရှီးလကလည်း လက်ရှိတော်လှန်ရေးသည် စစ်မျက်နှာမျိုးစုံကိုဖွင့်လှစ်ပြီး တိုက်ပွဲဝင် နေရခြင်းကြောင့် မဟာဗျူဟာကျကျဖြင့်စွမ်းဆောင်နိုင်မှသာလျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်းဆိုသည်။
“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကဏ္ဍအသီးသီးမှာ ပုခုံးထမ်းတာဝန်ဆောင်ရွက်နေကြတဲ့ ရဲဘော် ရဲဘက်များကို ကျွန်တော့်အနေနဲ့တိုက်တွန်းလိုတာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူနဲ့ ကင်း ကွာတဲ့ တော်လှန်ရေးမဖြစ်ရေးဟာ တော်လှန်ရေးသစ္စာတခုဖြစ်တယ်ဆိုတာ အမြဲဂရုပြုထားကြဖို့ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းဆောင်တာတွေ မည်မျှပင်များပြားသည်ဖြစ်ပါစေ ပြည်သူလူထုနဲ့ ချိတ်ဆက်မှု၊ တသားတည်းဖြစ်မှုတွေကို အမြဲတမ်း ထိပ်ဆုံးမှာထားရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။
တော်လှန်ရေးနှင့်အစိုးရ၏ အသက်သွေးကြောသည် ပြည်သူလူထု၏ထောက်ခံမှုဖြစ်ပြီး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက်ချင်းတူညီလျှင် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ဒူဝါလရှီးလက သတိပေးပြောဆိုသည်။
ပုံစာ - အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးအားတွေ့မြင်ရစဉ် (ပုံ - Acting President Duwa Lashi La Facebook )
စာတည်း။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ
#တော်လှန်ရေး
#ဒီမိုကရေစီ

❤13👍8🤮1
ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံ| Business Round Up (30.8.2023)
==============
- စစ်ကောင်စီကို ငွေကြေးတိုက်ရိုက်ထောက်ပံ့မှုမလုပ်ဘူးလို့ ဩစတြေးလျ သံရုံးထုတ်ပြန်
- ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံကနေ ကြက်သွန်များဝယ်ဖို့စီစဉ်
- ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံ
- အာရှလမ်းမကြီး မြေပြိုမှုကြောင့် ထိုင်းသို့ မြန်မာ့ပြောင်းတင်ပို့မှု နှောင့်နှေးခဲ့ရ
https://youtu.be/RjyF7RBKzFI?si=A7qYtjgxf5Hl0wpJ
#BusinessRoundUp
#mizzimatv

- အာရှလမ်းမကြီး…

👍12❤2
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနဲ့အာရှဒေသမှာအွန်လိုင်းငွေလိမ်ဂိုဏ်းတွေလူပေါင်းသိန်းနဲ့ချီအဓမ္မခိုင်းစေခံနေရကြောင်းကုလထုတ်ပြန်
Watch more detail - https://youtu.be/e2s2IE_6_Fk
#PoliticalNews
#reels
#shorts
#MizzimaTV
Watch more detail - https://youtu.be/e2s2IE_6_Fk
#PoliticalNews
#reels
#shorts
#MizzimaTV
👍6😁4❤2
"လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ” ကို အခြေခံပြီး ဆောက်ရွက်နေဟု NUG ပြော
=======================
မိုးသောက်
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်ရှိအချိန်တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေးကို ဆောင်ရွက်နေသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။
"ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒအရ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီးတော့ ကျွန်မတို့ အထူးအားဖြင့် တော်လှန်ရေးအစိုးရဖြစ်တယ်၊ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတာကို ကျမတို့က အဓိက ထားပြောချင်ပါတယ်၊ ကြားကာလမှာ ကျမတို့တာဝန်ဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျပြီးတော့ ဖက်ဒရယ်ပဋိညာဉ်အရ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ့် အခင်းအကျင်းတွေကို ဖန်တီးပေးနိုင်ဖို့က ကျမတို့အစိုးရရဲ့ တာဝန်တရပ်လည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူ ဖြစ်နိုင်သည့် နိုင်ငံများ၊ နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်ရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ခြင်းမရှိဘဲ လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒများအတိုင်း လုပ်ဆောင်နေကြောင်း ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိန်ကန်ပြည်ထောင်စုကဲ့သို့ အနောက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်ကို တွေ့ရသည်။
သို့သော်လည်း အိမ်နီးချင်းနိုင်ငံလည်းဖြစ် အင်အားကြီးနိုင်ငံများတွင်လည်း ပါဝင်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး၊ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင်များစွာ ခိုလှုံနေသည့် ထိုင်းနိုင်ငံတို့နှင့် ဆက်ဆံရေးမှာမူ နှေးကွေးနေကြောင်း လေ့လာသူများက ပြောသည်။
NUG အနေဖြင့် ပထဝီနိုင်ငံရေးကို အလေးထားပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဇင်မာအောင်က ထပ်လောင်းပြောကြားခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#သံတမန်ဆက်ဆံရေး
#NUG
#Mizzima
Photo-( NUGနိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တီမောသမ္မတတို့ တီမောနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်)

👍15👏2🤮2😘2
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍6😱2🔥1
ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား နှင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦး သေဆုံး
===================
ရောင်နီ
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အရပ်သား တဦး နှင့် စစ်ကောင်စီတပ်ဖွဲ့၀င် လေးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇) Yaw Revolution Army ထီးလင်းထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျားခဲကျေးရွာ တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ကျော်ပါ တပ်မ (၇၇) စစ်ကောင်စီတပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ အရပ်သားသည် ကျားခဲကျေးရွာသားဖြစ်ပြီး စစ်ဘေးတိမ်းရှောင်ရာမှ ထန်းတောထဲတွင် စစ်ကောင်စီတပ်၏ လမ်းပြအဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
"အစကတည်းက စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရင် ရှောင်ဖို့ ကျွန်တော်တို့ဘက်က သတိပေးချက်တွေ ထုတ်ပြန်တာရှိပါတယ်။ အဲ့ဒီကြားထဲက အခုလို ပြည်သူတစ်ယောက် ကျွန်တော်တို့ ထောင်တဲ့ မိုင်းကြောင့် ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ရုပ်အလောင်းကိုကျွန်တော်တို့ တပ်ဖွဲ့က ပြန်ဖော်ပြီး မိသားစုကို အပ်နှံပေးခဲ့ပါတယ်"YRA ထီးလင်းတာ၀န်ရှိသူ သခင်ဇော်က မဇ္စျိမကို ပြောသည်။
ကျားခဲကျေးရွာ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာထဲတွင် လူမရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကျားခဲကျေးရွာကို ၀င်ရောက်စဥ်က ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ရှာဖွေယူဆောင်သွားခဲ့ကြောင်း သိရသည်။
“ ကျားခဲကျေးရွာမှာ ညအိပ်ပြီး ရွာတောင်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ ရှေ့ထွက်ပွိုင့် အင်အား ၁၀ ယောက်ကျော်က ကျွန်တော်တို့ထောင်ထားတဲ့ တိုက်မိုင်းနဲ့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့ဘက်က ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရပါတယ် ” ဟု ၎င်းကဆိုသည်။
အရပ်သားသေဆုံးသွားခြင်းကို ယနေ့ သြဂုတ်လ ၃၀ ရက်တွင်မှ သိရှိခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ထိုနေရာတွင်ပင် မြေမြှုပ်သွားခဲ့ကြောင်း YRA ထီးလင်းတာ၀န်ရှိသူက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်းနှင့် ထိခိုက်သူများကို ဖောကားဖြင့် ထီးလင်းမြို့သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မိုင်းဆွဲခံခဲ့ရသည့် ထိုစစ်ကြောင်းသည် သြဂုတ်လ ၂၇ ရက်က စတင်ကာ ထီးလင်းမြို့နယ်တွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် သြဂုတ်လ ၂၈ ရက်က ကျားခဲကျေးရွာတွင် ညအိပ်ရပ်နားပြီးနောက် သြဂုတ်လ ၂၉ ရက်တွင် မိုင်းဆွဲခံခဲ့ရခြင်းဖြစ်သည်။
“ မနေ့ကလည်း ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပြီးပြီပေါ့။ ပြည်သူတွေ ဘယ်နေရာမှပဲ တွေ့တွေ့ သူတို့ စစ်ကြောင်းနဲ့ အတတ်နိုင်ဆုံး ဝေးအောင်ရှောင်စေချင်တယ်။ ပြည်သူတွေကို ဖမ်းဆီးမိရင် စစ်ကောင်စီတပ်က တနည်းမဟုတ် တနည်းနဲ့ အသုံးချမှာပါ။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ အတတ်နိုင်ဆုံး တိမ်းရှောင်ပြီး နေကြပါလို့ အသိပေးချင်ပါတယ်” ဟု YRA တပ်ဖွဲ့တာ၀န်ရှိသူ သခင်ဇော်က ပြောသည်။
ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာအတွင်း စစ်ကြောင်းထိုး ၀င်ရောက်မှုများ ရှိနေကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထီးလင်းမြို့
#မိုင်းဆွဲခံရ
ပုံအညွှန်း - Yaw Revolution Army ထီးလင်း တပ်ဖွဲ့၀င် ကာကွယ်ရေးရဲဘော်များ။

👍16😁3👏1🤮1
Media is too big
VIEW IN TELEGRAM
ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အနှောက်အယှက်ပေးတဲ့ လုပ်ရပ်တွေကို ဂျပန်ရှုတ်ချ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍12😁3
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကြိုးပမ်း
====================
ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် လိုအပ်သမျှ အထောက်အထား မှတ်တမ်းများကို ၎င်း၏ ရှေ့နေတဦးက ပြင်ဆင်လျက် ရှိသည်။ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် ရက်ကိုတော့ မသတ်မှတ်ရသေးကြောင်း ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက ပြောသည်။ ပုံမှန်အားဖြင့် ပြစ်ဒဏ်၏ သုံးပုံတပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နှစ် ကျခံပြီးသော အကျဉ်းသားများအနေဖြင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားနိုင်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် လိုအပ်သမျှ အထောက်အထား မှတ်တမ်းများကို ၎င်း၏ ရှေ့နေတဦးက ပြင်ဆင်လျက် ရှိသည်။ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် ရက်ကိုတော့ မသတ်မှတ်ရသေးကြောင်း ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက ပြောသည်။ ပုံမှန်အားဖြင့် ပြစ်ဒဏ်၏ သုံးပုံတပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နှစ် ကျခံပြီးသော အကျဉ်းသားများအနေဖြင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားနိုင်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6
This media is not supported in your browser
VIEW IN TELEGRAM
August - 30 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍8🍌1
အိန္ဒိယက စင်္ကာပူသို့ ဆန်တင်ပို့ရောင်းချမှုကို ခွင့်ပြုပေး
===================
အိန္ဒိယအစိုးရသည် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။အိန္ဒိယနှင့် စင်္ကာပူသည် တူညီသည့် အကျိုးစီးပွားများ၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုနှင့် ပြည်သူအချင်းချင်းအကြား အားကောင်းသည့် ဆက်သွယ်မှုတို့ဖြင့် သွင်ပြင်လက္ခဏာဆောင်သည့် အလွန် ရင်းနှီးသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတရပ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
အိန္ဒိယအစိုးရသည် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။အိန္ဒိယနှင့် စင်္ကာပူသည် တူညီသည့် အကျိုးစီးပွားများ၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုနှင့် ပြည်သူအချင်းချင်းအကြား အားကောင်းသည့် ဆက်သွယ်မှုတို့ဖြင့် သွင်ပြင်လက္ခဏာဆောင်သည့် အလွန် ရင်းနှီးသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတရပ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ထောင်ဒဏ်ကို ပါကစ္စတန်တရားရုံး ဆိုင်းငံ့
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6👍5
သြဂုတ်လ ( ၃၀ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:00-ထိုင်းရောက်မြန်မာလုပ်သားတွေ မြဝတီနဲ့ကော့သောင်းမှာ အလုပ်လုပ်ခွင့်သက်တမ်း တိုးနိုင်မယ်ဆိုတဲ့သတင်း
03:38-ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး
05:36-တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန်တဲ့သတင်း
07:57-ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/1QfiijMnzIA?si=WPLvLFVan1FSmxKT
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

05:36-တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပ…

👍11🤮1
Media is too big
VIEW IN TELEGRAM
ယူကေနိုင်ငံခြားရေးဝန်ကြီး တရုတ်ကိုအလည်အပတ်လာရောက်မယ့်အကြောင်း ဘေဂျင်းပြော

👍9🤮1