Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနဲ့အာရှဒေသမှာအွန်လိုင်းငွေလိမ်ဂိုဏ်းတွေလူပေါင်းသိန်းနဲ့ချီအဓမ္မခိုင်းစေခံနေရကြောင်းကုလထုတ်ပြန်

Watch more detail - https://youtu.be/e2s2IE_6_Fk

#PoliticalNews
#reels
#shorts
#MizzimaTV
👍6😁4❤2
​​"လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ” ကို အခြေခံပြီး ဆောက်ရွက်နေဟု NUG ပြော
=======================

မိုးသောက်
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်ရှိအချိန်တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေးကို ဆောင်ရွက်နေသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။

"ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒအရ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီးတော့ ကျွန်မတို့ အထူးအားဖြင့် တော်လှန်ရေးအစိုးရဖြစ်တယ်၊ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတာကို ကျမတို့က အဓိက ထားပြောချင်ပါတယ်၊ ကြားကာလမှာ ကျမတို့တာဝန်ဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျပြီးတော့ ဖက်ဒရယ်ပဋိညာဉ်အရ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ့် အခင်းအကျင်းတွေကို ဖန်တီးပေးနိုင်ဖို့က ကျမတို့အစိုးရရဲ့ တာဝန်တရပ်လည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူ ဖြစ်နိုင်သည့် နိုင်ငံများ၊ နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်ရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ခြင်းမရှိဘဲ လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒများအတိုင်း လုပ်ဆောင်နေကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိန်ကန်ပြည်ထောင်စုကဲ့သို့ အနောက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်ကို တွေ့ရသည်။

သို့သော်လည်း အိမ်နီးချင်းနိုင်ငံလည်းဖြစ် အင်အားကြီးနိုင်ငံများတွင်လည်း ပါဝင်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး၊ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင်များစွာ ခိုလှုံနေသည့် ထိုင်းနိုင်ငံတို့နှင့် ဆက်ဆံရေးမှာမူ နှေးကွေးနေကြောင်း လေ့လာသူများက ပြောသည်။

NUG အနေဖြင့် ပထဝီနိုင်ငံရေးကို အလေးထားပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဇင်မာအောင်က ထပ်လောင်းပြောကြားခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#သံတမန်ဆက်ဆံရေး
#NUG
#Mizzima

Photo-( NUGနိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တီမောသမ္မတတို့ တီမောနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2🤮2😘2
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6😱2🔥1
​​ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား နှင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦး သေဆုံး
===================

ရောင်နီ
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အရပ်သား တဦး နှင့် စစ်ကောင်စီတပ်ဖွဲ့၀င် လေးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇) Yaw Revolution Army ထီးလင်းထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျားခဲကျေးရွာ တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ကျော်ပါ တပ်မ (၇၇) စစ်ကောင်စီတပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အရပ်သားသည် ကျားခဲကျေးရွာသားဖြစ်ပြီး စစ်ဘေးတိမ်းရှောင်ရာမှ ထန်းတောထဲတွင် စစ်ကောင်စီတပ်၏ လမ်းပြအဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"အစကတည်းက စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရင် ရှောင်ဖို့ ကျွန်တော်တို့ဘက်က သတိပေးချက်တွေ ထုတ်ပြန်တာရှိပါတယ်။ အဲ့ဒီကြားထဲက အခုလို ပြည်သူတစ်ယောက် ကျွန်တော်တို့ ထောင်တဲ့ မိုင်းကြောင့် ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ရုပ်အလောင်းကိုကျွန်တော်တို့ တပ်ဖွဲ့က ပြန်ဖော်ပြီး မိသားစုကို အပ်နှံပေးခဲ့ပါတယ်"YRA ထီးလင်းတာ၀န်ရှိသူ သခင်ဇော်က မဇ္စျိမကို ပြောသည်။

ကျားခဲကျေးရွာ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာထဲတွင် လူမရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကျားခဲကျေးရွာကို ၀င်ရောက်စဥ်က ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ရှာဖွေယူဆောင်သွားခဲ့ကြောင်း သိရသည်။

“ ကျားခဲကျေးရွာမှာ ညအိပ်ပြီး ရွာတောင်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ ရှေ့ထွက်ပွိုင့် အင်အား ၁၀ ယောက်ကျော်က ကျွန်တော်တို့ထောင်ထားတဲ့ တိုက်မိုင်းနဲ့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့ဘက်က ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရပါတယ် ” ဟု ၎င်းကဆိုသည်။

အရပ်သားသေဆုံးသွားခြင်းကို ယနေ့ သြဂုတ်လ ၃၀ ရက်တွင်မှ သိရှိခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ထိုနေရာတွင်ပင် မြေမြှုပ်သွားခဲ့ကြောင်း YRA ထီးလင်းတာ၀န်ရှိသူက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်းနှင့် ထိခိုက်သူများကို ဖောကားဖြင့် ထီးလင်းမြို့သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မိုင်းဆွဲခံခဲ့ရသည့် ထိုစစ်ကြောင်းသည် သြဂုတ်လ ၂၇ ရက်က စတင်ကာ ထီးလင်းမြို့နယ်တွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် သြဂုတ်လ ၂၈ ရက်က ကျားခဲကျေးရွာတွင် ညအိပ်ရပ်နားပြီးနောက် သြဂုတ်လ ၂၉ ရက်တွင် မိုင်းဆွဲခံခဲ့ရခြင်းဖြစ်သည်။

“ မနေ့ကလည်း ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပြီးပြီပေါ့။ ပြည်သူတွေ ဘယ်နေရာမှပဲ တွေ့တွေ့ သူတို့ စစ်ကြောင်းနဲ့ အတတ်နိုင်ဆုံး ဝေးအောင်ရှောင်စေချင်တယ်။ ပြည်သူတွေကို ဖမ်းဆီးမိရင် စစ်ကောင်စီတပ်က တနည်းမဟုတ် တနည်းနဲ့ အသုံးချမှာပါ။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ အတတ်နိုင်ဆုံး တိမ်းရှောင်ပြီး နေကြပါလို့ အသိပေးချင်ပါတယ်” ဟု YRA တပ်ဖွဲ့တာ၀န်ရှိသူ သခင်ဇော်က ပြောသည်။

ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာအတွင်း စစ်ကြောင်းထိုး ၀င်ရောက်မှုများ ရှိနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထီးလင်းမြို့
#မိုင်းဆွဲခံရ

ပုံအညွှန်း - Yaw Revolution Army ထီးလင်း တပ်ဖွဲ့၀င် ကာကွယ်ရေးရဲဘော်များ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3👏1🤮1
Media is too big
VIEW IN TELEGRAM
ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အနှောက်အယှက်ပေးတဲ့ လုပ်ရပ်တွေကို ဂျပန်ရှုတ်ချ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍12😁3
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကြိုးပမ်း 
====================

ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် လိုအပ်သမျှ အထောက်အထား မှတ်တမ်းများကို ၎င်း၏ ရှေ့နေတဦးက ပြင်ဆင်လျက် ရှိသည်။ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် ရက်ကိုတော့ မသတ်မှတ်ရသေးကြောင်း ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက ပြောသည်။ ပုံမှန်အားဖြင့် ပြစ်ဒဏ်၏ သုံးပုံတပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နှစ် ကျခံပြီးသော အကျဉ်းသားများအနေဖြင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားနိုင်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6
​​အိန္ဒိယက စင်္ကာပူသို့ ဆန်တင်ပို့ရောင်းချမှုကို ခွင့်ပြုပေး
===================

အိန္ဒိယအစိုးရသည် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။အိန္ဒိယနှင့် စင်္ကာပူသည် တူညီသည့် အကျိုးစီးပွားများ၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုနှင့် ပြည်သူအချင်းချင်းအကြား အားကောင်းသည့် ဆက်သွယ်မှုတို့ဖြင့် သွင်ပြင်လက္ခဏာဆောင်သည့် အလွန် ရင်းနှီးသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတရပ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ထောင်ဒဏ်ကို ပါကစ္စတန်တရားရုံး ဆိုင်းငံ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6👍5
သြဂုတ်လ ( ၃၀ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00-ထိုင်းရောက်မြန်မာလုပ်သားတွေ မြဝတီနဲ့ကော့သောင်းမှာ အလုပ်လုပ်ခွင့်သက်တမ်း တိုးနိုင်မယ်ဆိုတဲ့သတင်း

03:38-ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး

05:36-တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန်တဲ့သတင်း

07:57-ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/1QfiijMnzIA?si=WPLvLFVan1FSmxKT

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1
Media is too big
VIEW IN TELEGRAM
ယူကေနိုင်ငံခြားရေးဝန်ကြီး တရုတ်ကိုအလည်အပတ်လာရောက်မယ့်အကြောင်း ဘေဂျင်းပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9🤮1
Media is too big
VIEW IN TELEGRAM
အီရတ်မှာ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးအတွင်း ပြင်သစ်စစ်သည် ၁ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7😢2🔥1
​​မတ္တရာတွင် ၁ ရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် တရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း သုံးလောင်းတွေ့ရှိပြီး ၎င်းတို့မှာ စစ်ကောင်စီလက်အောက်ခံများ ဖြစ်ကြကြောင်း မတ္တရာမြို့ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ဆိပ်သာကျေးရွာအနီးတွင် ဇီးဖြူကုန်းကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး ကိုနောင်ထွန်းဦး (အသက် ၂၃နှစ်)၊ စျေးဟောင်းကျေးရွာ အဝင်လမ်း လမ်းဘေး လယ်ကွင်းတွင် နေ့လယ် ၂ နာရီခန့်က စျေးဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုဌေး(အသက် ၆၄ နှစ်) နှင့် ဝန်တင်ကုန်းကျေးရွာအနီးတွင် ကြံခိုင်ရေးပါတီဝင် အမျိုးသား (အသက် ၃၀ အရွယ်ခန့်)၏ ရုပ်အလောင်းများကို ဒဏ်ရာများဖြင့် တွေ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

ဝန်တင်ကုန်းကျေးရွာအနီးတွေ့ရှိရသူသည် ကြံခိုင်ရေးပါတီဝင် ဟုတ်၊ မဟုတ်ကို မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပါ။
"တစ်ယောက်က ထွေ/အုပ်စာရေး၊ နောက်တစ်ယောက်က ရစဖမှူး(ရပ်/ကျေးအုပ်ချုပ်ရေးမှူး) သူက အသက်၆၀ကျော်နေပြီ။ နောက်ထပ်တစ်ယောက်ကတော့ ကြံ့အုပ်စုကလို့ပဲသိထားသေးတယ်။ နာမည်နေရပ်လိပ်စာမသိသေးဘူး။ သုံးယောက်စလုံး၊ တစ်ရက်အတွင်း သေဆုံးအလောင်းတွေ တွေ့ခဲ့တာ" ဟု မတ္တရာဒေသခံသတင်းရင်းမြစ်က ပြောသည်။

၎င်းတို့အား မည်သူက သတ်ဖြတ်သွားသည်ကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် တောင်ပြုန်းပွဲတော် ကျင်းပလျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အလောင်း ၃ လောင်းတွေ့ရှိ
#မတ္တရာမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😡2🔥1
​​မူဆယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ၃ဦးသေဆုံးဟုဆို
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး၊ ပြည်သူ့စစ် တဦး သေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄နာရီခန့်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဂိတ်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ သေနတ်ဖြင့်နှစ်ဘက်ပစ်ခတ်ကြခြင်းဟုမြို့ခံတဦးက ပြောသည်။

“ပြည်သူ့စစ်က လမ်းတဖက်ကနေ ကူးလာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဂိတ်ရှေ့မှာ အနီးကပ်ပစ်တာ တွေ့ရတယ်။ဗိုလ်ကြီးတယောက်နဲ့ စစ်သားတယောက်၊ ပြည်သူ့စစ်တယောက်သေတယ်"ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့သည့် မူဆယ်မြို့ခံက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။သေဆုံးသူနှစ်ဦးအနက် တဦးမှာစစ်ဆေးရေးဂိတ်တွင် အရပ်ဝတ်ဖြင့် ရှိနေသည့် စစ်ကောင်စီတပ် ဗိုလ်ကြီးဖြစ်ကြောင်း ဒေသခံက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပွားသည့် စီစီတီဗီရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာခဲ့ပြီး ဓာတ်ပုံမှတ်တမ်းအချို့တွင်လည်း အရပ်ဝတ်ဖြင့် သေဆုံးနေသူတဦး၊ ဒဏ်ရာရထားသူတဦး၊ ကွန်မန်ဒိုဘောင်းဘီဝတ်ဖြင့် လဲကျနေသူတဦး၊ ပြည်သူ့စစ်ယူနီဖောင်းဖြင့် သေဆုံးနေသူတဦးကို တွေ့မြင်ရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ်တို့က ကုန်တင်ကားများ၊ ခရီးသည်တင်ကားများထံမှ ငွေတောင်းခံသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
မူဆယ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နှင့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်‌ကောင်စီဘက်တွင် အုပ်ချုပ်ရေးနှင့် အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်နေခြင်းဟု မူဆယ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် လုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲနှင့် ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းများဖွင့်ခြင်း၊ ဒေသခံများထံမှ မတရားငွေတောင်းခြင်းဖြင့် စီးပွားရှာကြကြောင်း ဒေသခံများကပြောသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်၍ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် လုံထန်ပြည်သူ့စစ်အဖွဲထံ မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

စာတည်း - အေးချမ်း
#mizzima
#မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုံ
#စစ်ကောင်စီတပ်
#လုံထန်ပြည်သူ့စစ်
#အချင်းချင်းပစ်ခတ်မှု

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒါဖာမှာတိုက်ပွဲတွေပြင်းထန်နေစဉ်မှာပဲ ဆူဒန်စစ်တပ်အကြီးအကဲ အီဂျစ်ကိုသွားရောက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍10🔥1
​​ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း တပင်ရွှေထီး စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်း(ခ) မောင်တူး နေအိမ်သို့ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီး၌ ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူက ရွေးကောက်ပွဲကတည်းက စစ်တပ်ဘက်ကလူ။ အပစ်ခံပေမယ့်မသေဘူး၊ ဆေးရုံမှာပဲရှိသေးတယ်၊ မစိုးရိမ်ရပါဘူး”ဟု ဦးအောင်ငွေထွန်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ အမျိုးသမီးတဦးကမဇ္ဈိမကိုပြော သည်။

ဦးအောင်ငွေထွန်းသည် ဝမ်းဗိုက်တွင် သေနတ်နှစ်ချက်ထိမှန်ခဲ့၍ မော်လမြိုင်စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပေါင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရာထူးမှအမြန်ဆုံးနှုတ်ထွက်ရန် တောင်ပိုင်းစစ်ဒေသ(၂)၊ သထုံခရိုင် တပ်မဟာ(၁)၊ KNLA/PDF တပ်ရင်း(၂)၊ တပင်ရွှေထီးပူးပေါင်းစစ် ကြောင်းကတောင်းဆိုထားပြီး ဆက်လက်ပြုလုပ်နေပါက အသက်အန္တရာယ်အား တာဝန်ယူမည်မဟုတ် ကြောင်းဆိုထားသည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများ တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ရှင်းလင်းမှု မကြာခဏခံရလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်မှ ရာအိမ်မှူး ကျော်စိုးမိုး (ခ)စတီး အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)မှ ရဲဘော်များ၏ သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခြင်းခံခဲ့ရပြီး နေရာ ၌ပင် သေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ပေါင်မြို့နယ်
#တပင်ရွှေထီးစစ်ကြောင်း

ပုံအညွှန်း- ဦးအောင်ငွေထွန်း​၏ ဓါတ်ပုံ (ဓါတ်ပုံ - တပင်ရွှေထီးစစ်ကြောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းမှာ လေ့ကျင့်ပျံသန်းမှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်လေယာဉ်မှူးရဲ့ ဈာပနအခမ်းအနားကျင်းပ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Ukraine #American
👍12😢1🤮1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ကိုအထီးကျန်ဖြစ်အောင် အနောက်အုပ်စုရဲ့ကြိုးပမ်းမှု မအောင်မြင်ကြောင်း အီရန်သမ္မတပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👏8😁2