Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတာကြောင့် ကြပ်မတ်ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင်ပြော

Watch more detail - https://youtu.be/TmcER2RpoU8

#PoliticalNews
#reels
#shorts
#MizzimaTV
😁8❤1🤬1
​​Cluster ဗုံးများ သုံးစွဲနေခြင်းအတွက် မြန်မာကို လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ
======================

မြန်မာစစ်တပ်၏ cluster (ပဒေသာဗုံးများ) သုံးစွဲနေခြင်းအတွက် လူ့အခွင့်အရေး ညွန့်ပေါင်းအုပ်စုက ကြာသပတေးနေ့တွင် ရှုတ်ချပြီး ယင်း လုပ်ရပ်ကို ချက်ချင်းရပ်ရန် တောင်းဆိုသည်။၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းထားသည့် စစ်ကောင်စီသည် နေရာများစွာတွင် ထိုသို့သော လက်နက်မျိုးကို အသုံးပြုနေပြီး အနီးဆုံးအားဖြင့် ဇွန်လအတွင်းမှာပင် အသုံးပြုထားကြောင်း Cluster Munition Coalition (CMC) အဖွဲ့က ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤣2🤬1
Media is too big
VIEW IN TELEGRAM
KIA ဌာနချုပ်လိုင်ဇာအနီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲများ ပြင်းထန်နေ

Watch more detail - https://youtu.be/RhmhZZ-SJlc

#PoliticalNews
#reels
#shorts
#MizzimaTV
👍9🔥2
​​ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ဦးသေ ၂ဦး ဒဏ်ရာရ
=======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင်ဒေသခံအမျိုးသားတဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရသိရသည်။

ထန်တလန်မြို့နှင့် ၁၀မိုင်အကွာရှိ ထလွာလမ်(Thlualam) ရွာကို ဩဂုတ်လ ၃၀ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာတွင် ထိခိုက်သေဆုံး ခဲ့ခြင်းဖြစ်သည်။
“ စစ်ဘေးရှောင်သေသွားတယ်လို့သိရတယ် ။ ထန်တလန်နဲ့ အဲဒီရွာက မြေပြင်က ၁၀မိုင်လောက်ရှိတယ်ဆိုပေမဲ့ လေမိုင်ကျတော့နီးပါတယ်။ တစ်မိုင် လောက်ပေါ့” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

သေဆုံးသွားသူမှာ အသက်(၄၂) နှစ်အရွယ်ရှိ ဦးကြာထန်းဆိုသူဖြစ်ပြီး ကလေး လေးဦး၏ ဖခင်ဖြစ်ကာ အဆိုပါရွာသို့ စစ်ဘေးရှောင်ခိုလှုံနေသောသူဖြစ်ကြောင်း သိရသည်။

ရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသားနှစ်ဦး မပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ်လ ၂၇နှင့် ၂၈ရက်များတွင် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း ငါးခု အပြင် မြို့တွင်းရှိတပ်စခန်းငယ်နှစ်ခုနှင့် ဟားခါး - ထန်တလန်အကြားရှိ အော်တိုတောင်တို့တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang က ဩဂုတ်လ ၃၀ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။

Tilim Operation(03) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် CDF – Thantlang ၊ ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးပြီး ၅၀ကျော်ဒဏ်ရာ ရရှိသွားသည့်အပြင် သေနတ်ငါးလက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သော CNA မှ ငါးဦး ၊ CDF – Zophei ငါးဦး ၊ CDF – Thantlang လေးဦးနှင့် CDF – Hakha မှ ရဲဘော်တစ်ဦး စုစုပေါင်း ၁၅ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ယင်းသို့ နှစ်ဖက်အကျအဆုံးများပြားခဲ့သော ထန်တလန်မြို့တွင် စက်တင်ဘာလ ၁ရက် ယနေ့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ နှစ်ဖက်ဆက်လက်တပ်စွဲထားလျက် ရှိကြောင်း ချင်းတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့များအတွက် စစ်ရေးအရ အရေးပါသော နေရာဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ချိန်တိုင်းတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ခဲ့သဖြင့် ဒေသခံများ တိမ်ရှောင်နေခဲ့ကြရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Mizzima
#ထန်တလန်
#လက်နက်ကြီး

ပုံအညွှန်း- ထန်တလန်မြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢3❤2
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင် မနီလာမြို့မီးလောင်မှုအတွင်း လူ ၁၅ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤5😢4
​​မြန်မာရှိ ရိုဟင်ဂျာများနှင့် အခြား လူနည်းစုများကို ကာကွယ်ရန် ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း
=======================

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မကြာသေးခင်က ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။၂၀၂၂ ဩဂုတ် ၁၅ ရက်မှ ၂၀၂၃ ဩဂုတ် ၁၄ ရက် ကာလကို လွှမ်းခြုံသော “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
ဩဂုတ်လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသည့် ၉၄ ဦးတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်
👍7👎2❤1
ဩဂုတ်လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသည့် ၉၄ ဦးတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်
===================

KMN
(မဇ္ဈိမ)။ ။ယခု၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီကြောင့် အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၇၆ ဦး စုစုပေါင်း ၉၄ ဦး သေဆုံးခဲ့သည့်အနက်စစ်ကိုင်းတိုင်းမှ ၄၂ ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP )က သတင်းထုတ်ပြန်သည်။

ပြည်သူကို ရန်သူလို့ သဘောထားနေတာကလအဓိကပြဿနာပါ။ ရန်သူလို့သဘောထားပြီး လေယာဉ်နဲ့ဗုံးကြဲတာတို့ လက်နက်ကြီး မဆင်မခြင်ပစ်တဲ့ကိစ္စတို့ ၊ ဖမ်းပြီးတော့ သတ်တဲ့ ကိစ္စတို့၊ ရွာသားတွေကို ဓားစာခံအဖြစ်ခေါ်ပြီးသတ်ပစ်တာတို့ ဒီလိုရက်စက်မှုမျိုးစုံနဲ့သတ်ပစ်နေတာ ကျွန်တော်တို့တွေ့ရပါတယ်။ မြေပြင်မှာပိုများနိုင်တယ် ။ ဒါကစုံစမ်းလို့ရတဲ့ အရေအတွက်ပဲရှိပါသေးတယ်" ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဘက်အတွင်းရေးမှူးဦးဘိုကြည်က မဇ္ဈိမကို ပြောကြားသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်မှုများတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှ ပြည်သူများလည်းပါဝင်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အတွင်း ရွာသစ်ရွာနှင့် ဆီဆုံကြီးရွာမှ ပြည်သူ သုံးဦး ၊ ဩဂုတ်လ ၃၀ ရက်နေ့တွင်အင်တောပေါက်တဲတိုက်၊ ဖလံချိုင်ရွာနှင့် ရင်ခတ်ကုန်းရွာမှ ပြည်သူသုံးဦးစုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီ မြေပြင်တပ်များက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာ အပြင် ပစ္စည်းတွေခိုးယူတာ နေအိမ်မီးရှို့တာတွေဆက်တိုက်လုပ်ဆောင်နေတာပါ။ လက်ရှိမှာတော့ ကျေးရွာ ၁၄ ရွာကျော်လောက်က ပြည်သူ ၂၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေရပါတယ်။သူတို့အတွက် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ အရေး‌‌ပေါ်လိုအပ်နေပါတယ် "ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)တာဝန်ရှိသူကဆိုသည်။

AAPP၏ စက်တင်ဘာ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းချိန်မှစက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၄,၀၂၃ ဦး ရှိခဲ့ပြီးစစ်ကိုင်းတိုင်းမှသေဆုံးမှုအများဆုံးဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#AAPP
#စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်
#စစ်ကိုင်းတိုင်း

ပုံအညွှန်း - စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်များအား ဩဂုတ်လ ၃၁ ရက်နေ့တွင်တွေ့ရစဉ်။(ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍3
Media is too big
VIEW IN TELEGRAM
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ကန်းထရီးဂါးဒင်းဟာ ဒေါ်လာ ၆.၇ ဘီလီယံအရှုံးပေါ်ခဲ့ကြောင်းပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China
😁5👍4
NCA ၈နှစ်ပြည့်အခမ်းအနား ကျင်းပသွားဖို့ စစ်ကောင်စီ စီစဉ်နေ | Business Round Up (1.9.2023)
======================

- ဟောင်ကောင်ကုမ္ပဏီ VPower လုပ်ငန်းအရှုံးပေါ်သဖြင့် မြန်မာနိုင်ငံရှိစီမံကိန်း ၄ ခု ရပ်နား

- NCA ၈နှစ်ပြည့်အခမ်းအနား ကျင်းပသွားဖို့ စစ်ကောင်စီ စီစဉ်နေ

- နိုင်ငံခြားငွေတွေ လူမှုကွန်ယက်တွေမှာ ရောင်းဝယ်တယ်ဆိုပြီးဖမ်းဆီးခံရမှုတွေရှိ

- နိုင်ငံတကာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှု အဆုံးသတ်ရန် BRICS တရားဝင်သဘောတူ

https://youtu.be/jSTDUS4NUAs?si=HXeHoECiMiMqAFq5
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4🤮3👍1🎉1
​​မန်းတိုင်းကျန်းမာရေးဌာနရုံး ဗုံး၃လုံးပစ်တိုက်ခိုက်ခံရ၊လက်ထောက်ညွှန်မှူးအပါ ၅ဦး ဒဏ်ရာရ
==================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှ တိုင်းကျန်းမာရေးဦးစီးဌာနရုံးသည် ဗုံးသုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်ထောက်ညွန်ကြား‌ရေးမှူးအပါအ၀င် ၀န်ထမ်းငါးဦး ဒဏ်ရာရသွားကြောင်း ရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။

မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနရုံးက်ို ယမန်နေ့ ဩဂုတ်လ၃၁ရက် နေ့လယ် ၁ နာရီခန့်တွင် ဆိုင်ကယ်ဖြင့်လာရောက်သည့် အမျိုးသားနှစ်ဦးက ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားခြင်းဟုသိရသည်။ ထိုတိုက်ခိုက်မှုကြောင့် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိမ်းလဲ့လဲ့နှင့်၀န်ထမ်းလေးဦး ဒဏ်ရာရသွားကြောင်း ဖြစ်စဉ်က်ိုသိရှိသူတဦးကပြောသည်။
“
ဗုံးသုံးလုံးနဲ့စနစ်တကျတိုက်ခိုက်ခံလိုက်ရတာဗျ။ တလုံးက ချိန်ကိုက်ဗုံး။ နောက်နှစ်လုံးက လက်ပစ်ဗုံးနဲ့လှမ်းပစ်သွားတာ။ ချိန်ကိုက်ဗုံး ထပေါက်တဲ့ကိစ္စလာစစ်တဲ့စကစတွေကို ဗုံးနှစ်လုံးနဲ့စောင့်ပစ်သွားတာလို့ယူဆတယ်။ ဖြစ်ချင်တော့ စကစတွေမထိဘဲ ဒေါ်စိမ်းလဲ့လဲ့နဲ့၀န်ထမ်းလေးယောက်ထိသွားတယ်” ဟု ၎င်းကပြောသည်။

ဗုံးဖြင့်တိုက်ခိုက်ခံရမှုကြောင့် အသက် ၅၄ နှစ်အရွယ်
ဒေါ်စိမ်းလဲ့လဲ့သည် ဦး ခေါင်းဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၀န်ထမ်းလေးဦးသည် ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကြောင်း နယ်မြေခံရဲ တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရသည်။

“ရုံးထဲပေါက်ကွဲမှုမှာ လူထိခိုက်မှုမရှိဘူး။ လခရ(လုံခြုံရေးတပ်ဖွဲ့)အဖွဲ့လာစစ်ဆေးနေချိန်မှာထပ်ပစ်လိုက်တဲ့နှစ်လုံးကနေ ဗုံးစတွေထိမှန်ကြတာပါ။ လက်ထောက်ညွှန်မှူးကစိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။ တော်လှန်ရေးအင်အားစုများကလည်း ယနေ့နေ့လယ်၂နာရီခန့်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

မန္တလေးမြို့တွင် သြဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီနေရာ ရှစ်ခု ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်။ ၎င်းတို့အနက် ခုနစ်ခုကို No More Dictatorship People Defence Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း-အေးချမ်း
ပုံအညွှန်း - မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနရုံး

#mizzima
#မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာန
#ဗုံးပစ်ခတ်တိုက်ခိုက်ခံရ
#လက်ထောက်ညွန်ကြား‌ရေးမှူး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤1🔥1🤯1
​​ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ဝင်လိုပါက ဆက်သွယ်နိုင်ပြီး လုံခြုံမှုပေးသွားမည်ဟု KNPP ဆို
=================

001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်တဝန်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းခိုလှုံလိုပါက သို့မဟုတ် CDM ပြုလုပ်လိုပါက အမြန်ဆုံး ဆက်သွယ်နိုင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) ၊ ဘက်ပြောင်းခိုလှုံလာသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်ဘက်ဆိုင်ရာ အရှိများနှင့် အခြားတပ်သားများ၊ ပြန်တမ်းဝင်ရဲအရာရှိများ၊ ရဲအုပ်၊ ဒု- ရဲအုပ်များနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ်အသီးသီးမှ မြို့နယ်တပ်များ၊ ကရင်နီပြည်တပ်မတော် တပ်ရင်း၊ တပ်ခွဲ၊ တပ်စုများထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းများဖြင့် ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ကော်မတီက အသိပေးထားသည်။

ကော်မတီအနေဖြင့် လက်ရှိတွင် စစ်ကောင်စီတပ်မှ ဘက်ပြောင်း၊ CDM ပြုလုပ်လိုသူများအတွက် စခန်းများ ဖွင့်လှစ်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

အဆိုပါ ကော်မတီ အဖွဲ့ခေါင်းဆောင် တော်ရယ်အက်စ်က “ သူတို့ထဲမှာ တကယ်တာဝန်မထမ်းဆောင်ချင်တော့လို့ ထွက်ချင်တယ်၊ ပြုချင်တယ်။ လွတ်ရာလွတ်ကြောင်း အဲ့ဒီလိုမျိုးတွေရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။ အဲ့ဒီဟာလေးကို ကျွန်တော်တို့ဘက်က လက်ခံနိုင်ဖို့အတွက် ထပ်ပြီးတော့မှ သိအောင် ကျွန်တော်တို့ လုပ်လိုက်တာပဲ။ ဒီဟာတွေကအရင်အတည်းက ရှိတယ်။ အခုက တိုက်ပွဲတွေက ပိုများလာတယ်။ ပိုကြီးလာတယ်။ အဲ့ဒီလိုမျိုးတွေတော့ ပိုရှိလာမှာပဲဆိုတာ ကျွန်တော်တို့က ယူဆတယ်။ ဆိုတော့ အခုထွက်လာတဲ့သူတွေကို ကျွန်တော်တို့ လက်ခံပေးနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။

ဘက်ပြောင်းခိုလှုံလာမည့် စစ်ကောင်စီတပ်သားများနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် တစ်ပါတည်း ပါလာသည့် လက်နက်ခံယမ်းများအား သက်ဆိုင်ရာ ကရင်နီပြည်တပ်မတော်နှင့် မြို့နယ်တပ်များထံ တရားဝင်အပ်နှံအပြီး ကော်မတီ၏ အစီအမံအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်ပါက ပိုမိုကောင်းမွန်သော်လည်း ထိုသို့ ယူဆောင်မလာနိုင်ပါကလည်း လက်ခံပေးသွားမည်ဖြစ်ကြောင်း ဘက်ပြောင်း၊ CDM ကြီးကြပ်ရေးကော်မတီထံက သိရသည်။

“ကျွန်တော်တို့ဆီမှာ အလုပ်ပြန်လုပ်ရမှာတို့ စစ်ပြန်တိုက်ရတာမျိုးတို့ အဲ့ဒီဟာမျိုးတော့လည်း ကျွန်တော်တို့ မခိုင်းဘူး။ ဘာလို့ဆို ကျွန်တော်တို့ မခိုင်းချင်တဲ့အကြောင်းအရင်းက ကိုယ့်နဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကနေလာတဲ့လူဆိုတော့ ဟိုဘက်ကနေတမင်တကာထွက်လာတာလား မဟုတ်ရင် သူ့သဘောနဲ့သူ တကယ်ထွက်လာတာလားဆိုတာ ကျွန်တော်တို့ ကျေပတ်(သေသေချာချာ) တဲ့အထိ မသိနိုင်ဘူးလေ။ ဆိုတော့ သူတို့ရောက်လာရင် သူတို့လုံခြုံမှုကို ပေးမယ်။ အများနည်းတူပဲ ကျွန်တော်တို့ လုပ်နိုင်သလောက်ပဲ လုပ်ပေးမယ်”ဟု ကော်မတီခေါင်းဆောင် တော်ရယ်အက်စ်က ဆိုသည်။

ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သားများ၊ စစ်မတိုက်လို၍ ထွက်ခွာလာသူများကို စစ်ပြန်တိုက်ခိုင်းမည်မဟုတ်ဘဲ တခြားအရပ်သားများနည်းတူ ရပ်တည်ရှင်သန်နိုင်စေရန် စီစဥ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

KNPP ၏ ဘက်ပြောင်းခိုလှုံလာသူများနှင့် CDMများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတကာ တရားဝင်အစုအဖွဲ့များ၊ မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တရားဝင်ကွန်ရက်ချိတ်ဆက်မှုလမ်းကြောင်းရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ကရင်နီပြည်အပြင် မြန်မာနိုင်ငံတဝန်းမှ စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသူများအနေဖြင့်လည်း ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- CDM တွင် ပါဝင်ရန် ဆန္ဒပြတောင်းဆိုကြစဉ်(ဓာတ်ပုံ- ပုံဟောင်း)

#Mizzima
#ကရင်နီပြည်
#CDM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁2
စက်တင်ဘာလ (၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

00:59 - NCA ၈နှစ်ပြည့်အခမ်းအနား ကျင်းပသွားဖို့ စစ်ကောင်စီ စီစဉ်နေတဲ့သတင်း

03:25- INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတာကြောင့် ကြပ်မတ်ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင်ပြေတဲ့သတင်း

10:00 - ဖိလစ်ပိုင် မနီလာမြို့မီးလောင်မှုအတွင်း လူ ၁၅ ဦးသေဆုံး တဲ့သတင်း

10:58 - တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ကန်းထရီးဂါးဒင်းဟာ ဒေါ်လာ ၆.၇ ဘီလီယံအရှုံးပေါ်ခဲ့ကြောင်းပြောတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။

https://youtu.be/FcukQlsG8dc?si=c7qS00XBA5Uvyp13

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9👏1🍌1
​​အမေရိကန်သို့ထွက်ပြေးရန်ကြိုးစားသော တရုတ်လူ့အခွင့်အရေးရှေ့နေ လာအိုတွင်ထိန်းသိမ်းခံရကာ နေရပ်ပြန်ပို့ခံရမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရ
====================

အမေရိကန်သို့ ထွက်ပြေးရန် ကြိုးစားသော တရုတ်လူ့အခွင့်အရေး ရှေ့နေတစ်ဦးသည် ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်သည်ဟု စွပ်စွဲခံရကာ လာအိုမှ ထိုင်းနိုင်ငံသို့သွားမည့် ရထားပေါ်သို့တက်စဉ် ဖမ်းဆီးခံရကြောင်း New York Times (NYT) က ဖော်ပြသည်။

လူ့အခွင့်အရေးနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ခုခံကာကွယ်ရန် အရေးပါသော အမှုများကို ကိုင်တွယ်သူတစ်ဦးဖြစ်သည့် လူစီဝေသည် ယခုအခါ လာအို အချုပ်အနှောင်တွင်ရှိနေကာ နေရပ်ပြန်ပို့ခံရမည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များက “လူအခွင့်အရေး မြှင့်တင်ရန်၊ ကာကွယ်ရန် သို့မဟုတ် စောင့်ရှောက်ရန် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများသည် ထွက်ပြေးနေရချိန်မှာပင် ညှင်းပန်းနှိပ်စက်ခံနေရသည်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း လူစီဝေအား နေရပ်ပြန်မပို့ရန် လာအိုအား တိုက်တွန်းသည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း NYT က ဆိုသည်။
ကျွမ်းကျင်ပညာရှင်များက အဆိုပါလှုပ်ရှားမှုကို တရုတ်၏လက်တံရှည် သို့မဟုတ် နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုအဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။
👍9👎2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ခရစ်ယာန်ဘာသာဝင်အနည်းငယ်ရှိတဲ့ မွန်ဂိုလီးယားသို့ ပုပ်ရဟန်းမင်းကြီးခရီးစဉ် ပထဝီနိုင်ငံရေးအရရွေးချယ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🤮4😱1
​​ရှေးဦးစကြဝဠာကို မီးမောင်းထိုးပြနေသည့် ၄.၆ ဘီလီယံသက်တမ်းရှိ ဥက္ကာခဲ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားငါးကို ဘေးကင်းကြောင်း အမေရိကန်သံအမတ်ကြီးကိုယ်တိုင် စားသောက်ပြသ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🤮4👍3