"အညာဒေသမှာ စစ်တိုက်စွမ်းရည်တိုးတက်လာပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ဖို့ လိုအပ်တယ်" လင်းနွေ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA)
==================
မောင်ခက်နွေ(မဇ္ဈိမ)။ ။ အညာဒေသမှာ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ အရင်ကထက် တိုးတက်မှုရှိလာပေမယ့် အမိန့်နာခံဖို့နဲ့ အတွေးအခေါ် လက်နက် တပ်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADRPA)ရဲ့ ဥက္ကဌ ကိုလင်းနွေက ဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ အညာဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက် တိုးတက်လာပါသလဲ၊ LPDF တွေနဲ့ ‘ပကဖ’ တွေ မြို့နယ်အလိုက်၊ နယ်မြေအလိုက် ပူးပေါင်း တိုက်ပွဲ၀င်နေတာ ဘယ်လို အခြေအနေရှိနေပြီလဲ ဆိုတာ ကိုလင်းနွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/tY7dj0q1K-E?si=r2SUZAdVfGlHefkk
#weeklyinterviews
#mizzimatv
#ADRPA
#အညာဒေသ
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA
"အညာဒေသမှာ စစ်တိုက်စွမ်းရည်တိုးတက်လာပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ဖို့ လိုအပ်တယ်" လင်းနွေ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA)
မောင်ခက်နွေ(မဇ္ဈိမ)။ ။ အညာဒေသမှာ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ အရင်ကထက် တိုးတက်မှုရှိလာပေမယ့် အမိန့်နာခံဖို့နဲ့ အတွေးအခေါ်…

👍20😁2🥰1
Mizzima Weekly Sports အစီအစဉ်
==============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်က မန်ယူနဲ့ ရင်ဆိုင်ရမည်
- ကလပ်အသင်းတွေရဲ့ ကစားသမားအပြောင်းအရွှေ့ နိုင်ငံတကာအသုံးစရိတ် စံချိန်ချိုးခဲ့
- UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဟာလန်းနဲ့ ဘွန်တီမာ
- အိန္ဒိယ ဆယ်ကျော်သက် စစ်တုရင်မှော်ဆရာ ပရက်ကို မွေးရပ်မြေက ပြည်သူတွေ သူရဲကောင်းသဖွယ် ကြိုဆိုခဲ့တဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/TUSxkIMZgy8?si=5cfAXntw7ToBBK6I
#weeklysports
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- ကလပ်အသင်းတွေရဲ့…

👍6🔥1
ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ပေါ် ရှိ ၊ ရွှေမုဋ္ဌော ကျောင်းတိုက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ် ကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ခြောက်ဦး သေဆုံးကြောင်း သမန်းကျား တပ်ဖွဲ့ထံမှ သိရပါသည်။
အဆိုပါ တိုက်ခိုက်မှုသည် စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ရန်သူ့ကင်းပုန်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သမန်းကျား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
“ရန်သူ့ကင်းပုန်းကို ချဉ်းကပ်တယ်၊ အနားရောက်တော့ စစ်သားတွေ ဆေးလိပ်သောက်နေတာ တွေ့တယ်ဗျ ။ အာ့ဒီလို အလစ်အငိုက်အချိန်မှာ ကျနော်တို့ ဘက်က စပြီး ဆက်တိုက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်ဗျ။ ပစ်ခတ်ချိန်က ငါးမိနစ်လောက်ပဲ ကြာတယ်” ဟု ၎င်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ထို တိုက်ခိုက်မှုကို သမန်းကျားတပ်ဖွဲ့(Salingyi) မှ တိုက်ခိုက်ခဲ့ပြီး ၊ စစ်သား ခြောက်ဦးသေဆုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင့်း သိရသည်။
“ တိုက်ပွဲ ဖြစ်ပြီးနောက် နံနက်ပိုင်းမှ စစ်သား ခြောက်ဦးသေဆုံးတယ် သိရတာ ဖြစ်ပါတယ်။ မီးရှို့ သင်္ဂြုဟ်ရင် လူသိမှာစိုးလို့ မြေမြှုပ်ဖို့ ကျင်းတွေ တူးနေတာ ဖြစ်တယ်လို့ အတွင်းသတင်းပေးများအရ သိရတယ် ” ဟု သမန်းကျား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။
အဆိုပါ စစ်သား သေဆုံးမှုများ နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူများကို နံနက် ၆ နာရီ မတိုင်ခင်နှင့် ည ၆ နာရီ နောက်ပိုင်းတွင် အပြင်မထွက်ရန် နှင့် အပြင်ထွက်ပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု ခြိမ်းခြောက် နေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့
#သမန်းကျား
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ပေါ် ရှိ ၊ ရွှေမုဋ္ဌော ကျောင်းတိုက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ် ကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ခြောက်ဦး သေဆုံးကြောင်း သမန်းကျား တပ်ဖွဲ့ထံမှ သိရပါသည်။
အဆိုပါ တိုက်ခိုက်မှုသည် စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ရန်သူ့ကင်းပုန်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သမန်းကျား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
“ရန်သူ့ကင်းပုန်းကို ချဉ်းကပ်တယ်၊ အနားရောက်တော့ စစ်သားတွေ ဆေးလိပ်သောက်နေတာ တွေ့တယ်ဗျ ။ အာ့ဒီလို အလစ်အငိုက်အချိန်မှာ ကျနော်တို့ ဘက်က စပြီး ဆက်တိုက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်ဗျ။ ပစ်ခတ်ချိန်က ငါးမိနစ်လောက်ပဲ ကြာတယ်” ဟု ၎င်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ထို တိုက်ခိုက်မှုကို သမန်းကျားတပ်ဖွဲ့(Salingyi) မှ တိုက်ခိုက်ခဲ့ပြီး ၊ စစ်သား ခြောက်ဦးသေဆုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင့်း သိရသည်။
“ တိုက်ပွဲ ဖြစ်ပြီးနောက် နံနက်ပိုင်းမှ စစ်သား ခြောက်ဦးသေဆုံးတယ် သိရတာ ဖြစ်ပါတယ်။ မီးရှို့ သင်္ဂြုဟ်ရင် လူသိမှာစိုးလို့ မြေမြှုပ်ဖို့ ကျင်းတွေ တူးနေတာ ဖြစ်တယ်လို့ အတွင်းသတင်းပေးများအရ သိရတယ် ” ဟု သမန်းကျား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။
အဆိုပါ စစ်သား သေဆုံးမှုများ နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူများကို နံနက် ၆ နာရီ မတိုင်ခင်နှင့် ည ၆ နာရီ နောက်ပိုင်းတွင် အပြင်မထွက်ရန် နှင့် အပြင်ထွက်ပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု ခြိမ်းခြောက် နေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့
#သမန်းကျား
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍4👏2😁1
မီဇိုရမ်တွင် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ မြန်မာနိုင်ငံသားကို ဖမ်းဆီး
========================
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချမ်းဖိုင်ခရိုင်တွင် နယ်စပ်လုံခြုံရေး တာဝန်ယူရသော Assam Rifles က ယစ်မျိုးနှင့် မူးယစ်ဆေးဌာနတို့နှင့် ပူးပေါင်းစစ်ဆင်မှုအတွင်း ရူပီး ငါးကုဋေကျော် (ကျပ်ငွေ ၁,၂၇၅ သန်း) တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်မှတဆင့် တာဝန်ရှိသူများက ပြောသည်။
ထို ဖမ်းဆီးမှုနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံသား တဦးကိုပါ ဖမ်းဆီးထားသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်သည်။
ဘီသယ်ဗန့်အရပ်၌ အဆိုပါ ပူးပေါင်းစစ်ဆင်ရေးအတွင်း ဆပ်ပြာဘူးများဖြင့် ထည့်လာသော အလေးချိန်အားဖြင့် ၈၅၂ ဒသမ ၁၆ ဂရမ်ရှိ ဘိန်းဖြူများကို ဩဂုတ် ၃၁ ရက်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူများသည် တန်ဖိုးအားဖြင့် ခန့်မှန်းခြေ ရူပီ ၅ ဒသမ ၉၆ ကုဋေ (ကျပ်ငွေ ၁,၅၁၉ သန်းကျော်) ရှိသည်။
သံသယရှိ ဖမ်းဆီးထားသူသည် အသက် ၃၄ နှစ်ရှိ မြန်မာနိုင်ငံမှ အမျိုးသားတဦး ဖြစ်သည်။ ၎င်းကို ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဩဂုတ် ၃၁ ရက်က အဆိုပါ စစ်ဆင်ရေးမှာပင် ချောင်တေးအရပ်၌ တန်ဖိုးအားဖြင့် ရူပီး ၄၂ ဒသမ ၁၄ သိန်း (ကျပ်ငွေ ၁၀ သန်းကျော်) ရှိ ဘိန်းဖြူများကို ဆပ်ပြာဘူး ငါးဘူးအတွင်း သိုဝှက်လာသည်ကို ဖော်ထုတ်ဖမ်းဆီးခဲ့ရကြောင်း ထုတ်ပြန်ချက်တရပ်အရ သိရသည်။

🔥5❤1👍1
တရုတ်-မြန်မာနယ်စပ်အနီး တိုက်ပွဲတွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး
======================
ဂျူချန်း
(မဇ္ဈိမ) ။ ။ တရုတ်- မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ထို့ပြင် လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦးလည်း အပြင်းအထန် ဒဏ်ရာများ ရရှိသွားကြောင်း ဆိုသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးသည် နမ့်ဖတ်ကာနှင့် ၂၅ မိုင်ခန့်အကွာတွင်ရှိသည့် ဇီးဒဘန်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးသွားခြင်း ဖြစ်သည်။
“မနေ့က စစ်တပ်က လက်နက်ကြီးပစ်တာ ဇီးတဘန်ဘက်ကို ကျတယ်။ အဲ့မှာ အပြင်မှာ ထွက်ထိုင်နေတဲ့လူတွေကို ထိသွားတာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ဒီနေ့ (စက်တင်ဘာလ ၂ ရက်) လည်း ဖြစ်တော့ ဖြစ်နေတာပဲ။ နေ့တိုင်းတော့ လက်နက်ကြီးသံတွေက ပစ်နေတာပဲ” ဟု နမ့်ဖတ်ကာ ဒေသခံက မဇ္ဈိမ ကိုပြောသည်။
ရှမ်းမြောက် ဒေသများဖြစ်သော မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား စက်တင်ဘာလ ၁ ရက်နေ့က တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။
စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၄နာရီခွဲတွင် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်ကို TNLA က သွားရောက်တိုက်ခိုက်ခဲ့သည်။
ယင်းနောက် ဂိတ်အတွင်းရှိ စစ်ကောင်စီတပ်မ (၉၉)၊ ခမရ (၄၂၀)၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့နှင့် TNLA တပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ခု ၄နာရီခွဲမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ နာရီဝက်လောက်တော့ အသံတွေကြားနေရတယ်။ မူဆယ်မှာတော့ မကြာ မကြာကြားနေရတာ။ ပြီးခဲ့တဲ့ ညကလည်း လက်နက်ကြီးသံ ကြားရပါတယ်” ဟု မူဆယ်မြို့ခံ တဦးက မဇ္ဈိမကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။
ယင်းနောက် စက်တင်ဘာလ ၁ ရက်နေ့တွင်ပင် မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာ၊ TNLA တပ်စွဲရာ လွယ်နောတောင်နှင့် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်က တရားဝင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး ၂၄ ကြိမ်၊ လွယ်ကျလော့စခန်းမှ စယ်လန့်ရွာသို့ ၅၁ ကြိမ်နှင့် ၁၀၅ မိုင် စခန်းကုန်းမှလည်း စယ်လန့်ကျေးရွာသို့ လက်နက်ကြီး သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။
ယင်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာနှင့် ၂၅ မိုင်အကွာ ဇီးဒဘန်ရွာမှ ဒေသခံများ ဖြစ်ကြသည့် အသက် (၃၉) နှစ်အရွယ် ဦးဇော်ဒွဲနှင့် အသက် (၆၂) နှစ်အရွယ် ဦးဘောင်ရာတို့ အရပ်သား နှစ်ဦး သေဆုံးသွားခြင်း ဖြစ်သည်။
ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ကြား တိုက်ပွဲ ၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ မှတ်တမ်းများက ဆိုသည်။
မူဆယ်နှင့် ကွတ်ခိုင်မြို့က စစ်ကောင်စီနှင့် TNLA တပ်တို့ကြား ဩဂုတ်လ ၃၀ ရက်နေ့ တိုက်ပွဲတွင်လည်း နမ့်ဖတ်ကာတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နမ့်ဖတ်ကာမှ အမျိုးသမီးငယ်တဦး သေဆုံးကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဓါတ်ပုံ-TNLA/ပေးပို့
ပုံစာ-ထိခိုက်သေဆုံးသူများနှင့် ပျက်ဆီးမှု
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မူဆယ်
#ကွတ်ခိုင်
#TNLA
#Mizzima

❤8👍4😢3🙏1
အစိုးရသစ်အဖွဲ့အား ထိုင်းဘုရင် အတည်ပြု
===================
ထိုင်းဘုရင်မင်းမြတ် မဟာ ဝါဇီရလောင်ကွန်းသည် အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး ဆရတ်သာ သာဗီဆင်းက နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူထားခြင်း အပါအဝင် အစိုးရသစ်အား အတည်ပြုလိုက်ကြောင်း မေလ ရွေးကောက်ပွဲနောက်ပိုင်း လအတန်ကြာ စက်တင်ဘာ ၂ ရက် တော်ဝင်ပြန်တမ်းအရ သိရသည်။
ဘီလျှံနာသူဌေး ရှင်နာဝတ်ထရာ မိသားစု ကျောထောက်နောက်ခံသော ဆရတ်သာ၏ ဖျူထိုင်းပါတီသည် ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကိုတာဝန်ယူမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မတ်လမှ စတင်ကာ အိမ်စောင့်အစိုးရ တာဝန်ယူထားခြင်း ဖြစ်ပြီး မေရွေးကောက်ပွဲ၍ အနိုင်ရသည့် ရှေ့သို့ချီပါတီသည် အစိုးရဖွဲ့နိုင်ရေးအတွက် ရုန်းကန်ခဲ့ရပြီး ပါတီ၏ တိုးတက်ရေး လုပ်ငန်းစဉ်များအပေါ် ရှေးရိုးစွဲ လွှတ်တော်အမတ်များထံမှ ထောက်ခံမှု မရခဲ့ခြင်း ဖြစ်သည်။

👍14😁2
Media is too big
VIEW IN TELEGRAM
👉 October လမှာကျင်းပသွားမဲ့ BIFF ပွဲ
Full Video Link - https://youtu.be/vH5KMAfBVpY
#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts

🔥4
ငါန်းဇွန်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
========================
MTO(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ ငါန်းစွန်မြို့နယ်၊ သားကျင်ရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတဦးပြင်းထန်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးသွားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးအထိ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ အရာရှိ တဦး ဒဏ်ရာအပြင်းအထန် ရသွားပြီး နှစ်ဦး သေဆုံးတယ်လို့ သိရပါတယ်” ဟုပြောသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့သည် ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကြောင်းများတွင် လိုက်ပါခြင်းများ ပြုလုပ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့တွင် ငါန်းဇွန်မြို့တွင် စစ်အင်အားဖြည့်တင်းနေ၍ နောက်ပိုင်းတွင် ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း ငါန်းဇွန် ပကဖ တာဝန်ရှိသူကပြောသည်။
တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force - MMU Black Eagle Drone Force ၊ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
https://youtu.be/FhmHjaNUh1Y?si=4NNMqxZhwP27EKcz
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒရုန်းဖြင့်တိုက်ခိုက်
#ငါန်းဇွန်မြို့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
MTO(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ ငါန်းစွန်မြို့နယ်၊ သားကျင်ရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတဦးပြင်းထန်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးသွားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးအထိ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ အရာရှိ တဦး ဒဏ်ရာအပြင်းအထန် ရသွားပြီး နှစ်ဦး သေဆုံးတယ်လို့ သိရပါတယ်” ဟုပြောသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့သည် ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကြောင်းများတွင် လိုက်ပါခြင်းများ ပြုလုပ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့တွင် ငါန်းဇွန်မြို့တွင် စစ်အင်အားဖြည့်တင်းနေ၍ နောက်ပိုင်းတွင် ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း ငါန်းဇွန် ပကဖ တာဝန်ရှိသူကပြောသည်။
တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force - MMU Black Eagle Drone Force ၊ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
https://youtu.be/FhmHjaNUh1Y?si=4NNMqxZhwP27EKcz
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒရုန်းဖြင့်တိုက်ခိုက်
#ငါန်းဇွန်မြို့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ငါန်းဇွန်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
MTO(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ ငါန်းစွန်မြို့နယ်၊ သားကျင်ရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတဦးပြင်းထန်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးသွားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ယမန်နေ့…
ယမန်နေ့…
👍13👏4😁1
This media is not supported in your browser
VIEW IN TELEGRAM
👉 ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ဘောလိဝုဒ်အဆိုတော် Armaan Malik
Full Video Link - https://youtu.be/vH5KMAfBVpY
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
Full Video Link - https://youtu.be/vH5KMAfBVpY
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍5🖕1
Royal Peacock Column ကဒုတပ်ရင်းမှူးကိုစည်သူ | "စွန့်လွှတ်စွန့်စားပြည့်ရင်သွေးများ"အစီအစဥ်-Episode 11
=================
"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာ နေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ဒီတပါတ်က royal peacock column က ဒုတပ်ရင်းမှူး ကိုစည်သူ ဖြစ်ပါတယ်၊
အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
https://youtu.be/M4v2OB9y8S8?si=JjETWtVYK1Gz1Zs5
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာ နေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ဒီတပါတ်က royal peacock column က ဒုတပ်ရင်းမှူး ကိုစည်သူ ဖြစ်ပါတယ်၊
အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
https://youtu.be/M4v2OB9y8S8?si=JjETWtVYK1Gz1Zs5
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Royal Peacock Column ကဒုတပ်ရင်းမှူးကိုစည်သူ | "စွန့်လွှတ်စွန့်စားပြည့်ရင်သွေးများ"အစီအစဥ်-Episode 11
"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာ နေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ဒီတပါတ်က royal peacock column က…
ဒီတပါတ်က royal peacock column က…
👍17😁1
This media is not supported in your browser
VIEW IN TELEGRAM
👉 ချင်းမိုင်ရိုးရာဓလေ့အတိုင်း စေ့စပ်လိုက်ကြတဲ့ Mark & Kim
Full Video Link - https://youtu.be/vH5KMAfBVpY
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
Full Video Link - https://youtu.be/vH5KMAfBVpY
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍6🍌1
Ciiper အဖွဲ့ကြောင့် Boycott ခံရခဲ့တဲ့ တောင်ကိုရီးယား အဆိုတော် Rain | Cele City - Episode 34
=========================
Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ.. ဒီအပတ်မှာဆိုရင် Sep 27 မှာရုံတင်ပြသတောမဲ့ ဖြစ်ရပ်မှန် sports film ‘Road to Boston’ October လမှာကျင်းပသွားမဲ့ BIFF ပွဲ Ciiper အဖွဲ့ကြောင့် Boycott ခံရခဲ့တဲ့ တောင်ကိုရီးယား အဆိုတော် Rain အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။ App ဒေါင်းလုတ်ရယူရန် http://onelink.to/jnuwak (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
https://www.youtube.com/watch?v=vH5KMAfBVpY
#Celecity
#mizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ.. ဒီအပတ်မှာဆိုရင် Sep 27 မှာရုံတင်ပြသတောမဲ့ ဖြစ်ရပ်မှန် sports film ‘Road to Boston’ October လမှာကျင်းပသွားမဲ့ BIFF ပွဲ Ciiper အဖွဲ့ကြောင့် Boycott ခံရခဲ့တဲ့…
👍4🔥1
Ponniyin Selvan - Part 1 (2021)
=========================
ရာဇဝင် ဇာတ်ကားကောင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ၁၀ ရာစု ဝန်းကျင် ခေတ်ကာလသမိုင်းကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ တမီလ် စစ်သမိုင်း ရာဇဝင်/အချစ် ဇာတ်ကား "Ponniyin Selvan" နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဆိုလာ တိုင်းပြည်ရဲ့ ဧကရာဇ် ဆုန်ဒရာဆိုဟာမှာ "ကာရီကာလန်"နဲ့ "အာရွန်မိုဟီ"ဆိုတဲ့ သားတော်နှစ်ပါးနဲ့ "ခွန်ဒေဗီ"ဆိုတဲ့ သမီးတော်တစ်ပါး ထွန်းကားခဲ့ပြီး၊ သားတော်တွေက ရဲရင့်စစ်သည်တော်တွေ ဖြစ်သလို သမီးတော်ကတော့ ဉာဏ်ပညာအရာမှာ ထူးချွန်သူပါ။
မင်းသားနှစ်ပါး စစ်ထွက်နေချိန်မှာ မျိုးနွယ်စု အကြီးအကဲ "ပါရူဗေတာ"က ဧကရာဇ်ကို နန်းချဖို လျှိဝှက်ကြံစည်နေခဲ့ပြီး၊ ဒါကို သတင်းရခဲ့တဲ့ ကာရီကာလန်က သူ ယုံကြည်ရတဲ့ "ဗန်သီယမ််သန်"ကို စေလွှတ်စုံစမ်းစေခဲ့သလို ဒီသတင်းကို ခမည်းတော်နဲ့ ညီမတော်ဆီ လျှောက်တင်စေခဲ့ပါတယ်။
ဒီလျှိဝှက်ကြံစည်မှုကို ဦးဆောင်သူ ပရီယာ ပါရူဗေတာရဲ့ ကြင်ယာတော် "နန္ဒီနီ"ဟာ အိမ်ရှေ့စံမင်းသား ကာရီကာလန်ရဲ့ တစ်ချိန်က အချစ်ဦး ဖြစ်နေခဲ့သလို၊ သူ(မ)ရင်ထဲမှာ ရှိနေတဲ့ နာကြည်းချက်က ဆိုလာမင်းဆက်ရဲ့ ကံကြမ္မာအပေါ် ဘယ်လိုသက်ရောက်မယ် ဆိုတာကိုတော့...။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၂.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၃.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂စက်တင်ဘာ ၂၀၂၃)
===================
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တဖြေးဖြေးနှင့် ထိန်းချုပ်စိုးမိုးနယ်မြေ ကျယ်ပြန့်လာ ပြီး ပဲခူးအရှေ့ခြမ်းကို စိုးမိုးလာနိုင်သလို စစ်ကောင်စီ စခန်းများကို သိမ်းပိုက်လာနိုင်သည်။ ယင်းကြောင့် မကြာမီကာလတွင် ပဲခူးတိုင်းကိုတစ်ခုလုံးကို စိုးမိုးထိန်းချုပ်လာနိုင်ဖွယ်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တဖြေးဖြေးနှင့် ထိန်းချုပ်စိုးမိုးနယ်မြေ ကျယ်ပြန့်လာ ပြီး ပဲခူးအရှေ့ခြမ်းကို စိုးမိုးလာနိုင်သလို စစ်ကောင်စီ စခန်းများကို သိမ်းပိုက်လာနိုင်သည်။ ယင်းကြောင့် မကြာမီကာလတွင် ပဲခူးတိုင်းကိုတစ်ခုလုံးကို စိုးမိုးထိန်းချုပ်လာနိုင်ဖွယ်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2🔥1😁1
ခင်ဦးမြို့နယ်မှ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့
==================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ ငါးရုံးကြီးရွာနှင့် ရှားတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်မှ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက် မီးရှို့ခဲ့ခြင်းဟု ရေဦးအခြေပြု People”s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က မဇ္ဈိမကို ပြောသည်။
“ကန့်ဘလူ ကာလိုးကနေလာတာ ဘာသတင်းရလို့လည်း မသိဘူး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် ရွာတွေကို မီးရှို့ ဖျက်ဆီးသွားတာ၊ မီးခိုးလုံးတွေ ကြည့်ရတာတော့ အပျက်အစီးများနိုင်တယ်” ဟု ကိုထူးခန့်ဇော်က ပြောသည်။
အဆိုပါ ကျေးရွာနှစ်ရွာက မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်ခြေ အရေအတွက်ကို မသိရသေးပေ။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ငါးရုံးကြီးကျေးရွာနှင့် ရှားတောကျေးရွာ အပါအဝင် အနီးနားရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည့် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာနှစ်ရွာကို မီးရှို့ပြီးနောက် ညနေပိုင်းတွင် မဒေါင်းကြီး ၊ မဒေါင်းလှ စသည့် ရွာများဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
“မဒေါင်းလှရွာက ပျူရွာ၊ အဲ့ရွာအတွက် လူအင်အား ရိက္ခာဖြည့်တင်းဖို့ လာတာလည်း ဖြစ်နိုင်တယ်” ဟု ကိုထူးခန့်ဇော်က ဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ်တောင်ခြမ်းက ကျေးရွာများကို စစ်ကောင်စီတပ်စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ခင်ဦး
#ငါးရုံးကြီးရွာ
#ရှားတောကျေးရွာ
#Mizzima
ဓာတ်ပုံ- မီးရှို့ခံနေရစဉ် ။ ယနေ့ နံနက်ပိုင်းက တွေ့ရသည့် ရှားတောကျေးရွာမြင်ကွင်း။

🤬8👍3❤1