စစ်ရေးအရှိန်မြှင့်ရန် မန္တလေးညီနောင် တပ်ပေါင်းစုကို ဖွဲ့စည်း
==================
၀၀၈
(မဇ္ဈိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ ခြေကုတ်ယူရာ နယ်မြေများကို အရှိန်မြှင့် တိုက်ခိုက်ရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများ ပိုမိုတိုးပွါးလာစေရန်အတွက် မန္တလေးညီနောင်တပ်ပေါင်းစုကို စက်တင်ဘာလ ၉ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း မန္တလေးညီနောင် တပ်ပေါင်းစုဥက္ကဋ္ဌ ဗိုလ်နက္ခတ်က မဇ္ဈိမကို ပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ မန္ထလေးခရိုင်အတွင်းရှိ တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)နှင့် တပ်ရင်း(၆)တို့ ပူးပေါင်းပြီး မန္တလေးညီနောင် တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းတည်ထောင်လိုက် ခြင်းဖြစ်သည်။
အဆိုပါ တပ်ပေါင်းစုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဗိုလ်နက္ခတ်သည် မန္တလေးခရိုင် တပ်ရင်း (၃) ၏ တပ်ရင်းမှူးဖြစ်ပြီး တပ်ပေါင်းစု နာယကအဖြစ် ကဆုန်မိုးသီးက တာဝန်ယူထားသည်။
ဒုဥက္ကဋ္ဌအဖြစ် တပ်ရင်း (၄) ၏ ဒု-တပ်ရင်းမှူး ကိုစိုင်းထွန်း၊ အတွင်းရေးမှူးအဖြစ် တပ်ရင်း (၆) ၏ ဒု-တပ်ရင်းမှူး ကိုဇင်ကြီး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် တပ်ရင်း (၃) ဒု- တပ်ရင်းမှူး ဗိုလ်တောမောင်နှင့် ဘဏ္ဍာရေးနှင့်စစ်ဘက်ရေးရာ ညှိုင်းနှိုင်းရေးမှူးအဖြစ် တပ်ရင်း (၅) ၏ တပ်ရင်းမှူး ဗိုလ်ဖောင်းဒိုင်းတို့က တာဝန်ယူထားကြောင်း သိရသည်။
ထို့ပြင် တပ်ပေါင်းစုဖွဲ့ခြင်းက တော်လှန်ရေးတပ်ဖွဲ့များ အင်အားတောင့်တင်း လာစေရန်နှင့် တော်လှန်ရေးအင်အားစု အချင်းချင်းကြား ဘုံသဘောတူညီချက် များဖြင့် ပိုမိုစည်းလုံးညီညွှတ်စွာညှိနှိုင်းချိတ်ဆက် ဆောင်ရွက်နိုင်မည်ဟု ၎င်းတို့က ယုံကြည်ထားသည်။
တပ်ပေါင်းစု အနေဖြင့် NUG ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာများအား မိမိတို့ လှုပ်ရှား အခြေချရာ ဒေသများအတွင်း ပိုမိုဖြန့်ကျက်နိုင်အောင် ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် စစ်ကောင်စီလက်အောက် ဖိနှိပ်ခံ ပြည်သူများအား ပိုမိုကူညီစောင့်ရှောက်နိုင်ရန်စသည့် အချက်များအပါအဝင် အချက်ကိုးချက်ဖြင့် တည်ထောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ .။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေး
#မန္တလေးညီနောင်တပ်ပေါင်းစု
#Mizzima
ပုံအညွှန်း- မန္တလေးခရိုင်၊ တပ်ရင်း (၃) စစ်ကြောင်းကို တွေ့ရစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍23🔥1👏1
Record rainfall triggers floods in Hong Kong
===================
https://youtu.be/Nwq3_axEMg4?si=xUBEqug3yrLsMKBy

YouTube
Record rainfall triggers floods in Hong Kong
Hong Kong is experiencing its heaviest rainfall in almost 140 years, with cars submerged in flood water and landslides hitting parts of the city. The latest torrential rains come just days after Typhoon Haikui shut the megacity down as the region suffers…
🔥2
ကျိုက်ထိုမြို့တွင် အငြိမ်းစား ဒု-ဗိုလ်မှူးကြီးနှင့် မိသားစု ပစ်ခတ်ခံရပြီး ဇနီးသည်သေဆုံး
======================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တောင်သူစုရပ်ကွက်နေ အငြိမ်းစား ဒု- ဗိုလ်မှူးကြီး ဦးအောင်လွင်သည် ဇနီး၊ သားဖြစ်သူတို့နှင့်အတူ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ဦးအောင်လွင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုး၊ သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းရှိ ၎င်းတို့၏ နေအိမ်သို့ ကားဖြင့် ပြန်လာစဉ်၊ ဗိုလ်ချုပ်လမ်းမှ ဘူတာလမ်းသို့အကွေ့၊ ဇွဲ ရတနာရွှေဆိုင်ရှေ့ အရောက်တွင် ဆိုင်ကယ်ဖြင့်လာသည့် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။
" လာပစ်တာက သူ့ယောက်ျားကို လာပစ်တာဖြစ်မှာပေါ့၊ စစ်တပ်အငြိမ်းစားဆိုတော့။ ဒါပေမယ့် ကားက ဘယ်မောင်းဖြစ်နေတာ၊ ကားမှန်ကလည်း အမဲရောင်ကြီး။ ပစ်တဲ့သူတွေက ညာမောင်းထင်ပြီး ညာဘက်ကနေ ပစ်တော့ ညာဘက်မှာထိုင်တဲ့ အဒေါ်ကြီးကို ထိတာပေါ့။ ကလေးလေးလည်း သနားပါတယ်။ မျက်လုံးဖောက်ဝင်သွားတယ်တဲ့ ဘဝသေပြီပေါ့ " ဟု ကျိုက်ထိုမြို့နယ် ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဒေါ်ခင်စန္ဒာစိုးသည် ဦးခေါင်းဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ဦးအောင်လွင်သည် ညာဘက် လက်ခုံတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့် ဒဏ်ရာရခဲ့ပြီး သားဖြစ်သူ မောင်အောင်ငြိမ်းမာန်သည် ညာဘက်မျက်လုံးတွင် ဖောက်ဝင်ဒဏ်ရာဖြင့် စိုးရိမ်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်လုပ်ကြံခံရသည့် ဦးအောင်လွင်သည် အငြိမ်းစား ဒုတိယ- ဗိုလ်မှူးကြီးတဦးဖြစ်ပြီး လက်ရှိတွင် ကျိုက်ထိုမြို့နယ် YMBA အဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးသည် ကျောင်းဆရာမတဦးဖြစ်ကာ ဒေါ်ခင်စန္ဒာစိုး၏ မိခင် ဒေါ်ခင်မြင့်သည် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းတဦးဖြစ်ကြောင်း သိရသည်။
အငြိမ်းစား ဒု- ဗိုလ်မှူးကြီး ဦးအောင်လွင်နှင့် မိသားစု ပစ်ခတ်ခံရခြင်းအား စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက KNU၊ PDF များက ပြုလုပ်သည်ဟု စွပ်စွဲဖော်ပြထားသော်လည်း တော်လှန်ရေးအင်အားစုများက ငြင်းဆိုသည်။
အဆိုပါ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ရင်း (၃) မှ KNLA သတင်းရင်းမြစ်တဦးနှင့် ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) ခေါင်းဆောင်ထံ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ယတိပြတ်ငြင်းဆိုသည်။
" KRF အဖွဲ့အနေနဲ့ ပြောပြနိုင်တာကတော့ ကျွန်တော်တို့အဖွဲ့နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်တော်တို့အဖွဲ့လုပ်တာလည်း မဟုတ်ပါဘူး" ဟု KRF ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာတွင် နယ်ခြားစောင့်တပ် (BGF ) ဗိုလ်ဝင်းစိုးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ စီးနင်းလာသည့် Mark-II ကားအဖြူရောင်အား KRF တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း KRF ထံက သိရသည်။
BGF ဗိုလ်ဝင်းစိုးသည် လက်နက်အားကိုးဖြင့် ပြည်သူများအား အနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီအား နိုင်ငံရေးနှင့်ဆက်နွယ်နေသည့် လူငယ်၊ လူရွယ်များအား သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေခြင်းတို့ကြောင့် ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း KRF က ထုတ်ပြန်ပြောဆိုထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#KRF
#YMBA

👍22🔥1🕊1
အာဆီယံ ဥက္ကဋ္ဌ တာဝန်အား အင်ဒိုနီးရှားက လာအိုထံ လွှဲပြောင်းပေးအပ်
=====================
GMA News Online
၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကြာသပတေးနေ့က ပိတ်သိမ်းချိန်တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံဥက္ကဋ္ဌတာဝန်အား လာအိုဝန်ကြီးချုပ် ဆိုနီစေ စီဖန်ဒိုနီထံသို့ လွှဲပြောင်းပေးအပ်သည်။
“လာအိုအနေနဲ့ ၂၀၂၄ မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရမှာအတွက် ဂုဏ်ယူပါတယ်၊ အာဆီယံရဲ့ အောက်မှာ ဖြစ်ထွန်းမှုတွေကို ကျွန်တော်တို့ ရှုမြင်ထားပါတယ်”ဟု လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဥက္ကဋ္ဌနေရာ လက်ခံရာ၌ စီဖန်ဒိုနီက ပြောသည်။
အာဆီယံ အသိုက်အဝန်း ပို၍ စည်းလုံးညီညွတ်ရန်၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ အာဆီယံ စုစည်းမှု ခိုင်မာအားကောင်းရန်၊ ဒီဂျစ်တယ် အသွင်ပြောင်းမှု ဖော်ဆောင်ရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ဆောင်ကြဉ်းနိုင်ရန် လာမည့်နှစ် ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ်က ပြောသည်။
အဆိုပါ ပိတ်ပွဲ အခမ်းအနားသို့ အခြားသော အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာလည်း တက်ရောက်ခဲ့သည်။
အင်ဒိုနီးရှားမှ ပြန်လာပြီဖြစ်သော မားကို့စ်သည် ထိပ်သီးညီလာခံအား အိမ်ရှင်အဖြစ် ကြီးမှုစီစဉ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံနှင့် သမ္မတ ဂျိုကိုဝီတို့အား ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
“၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေဟာ ဒေသတွင်းက နိုင်ငံတွေအနေနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံစုံဝါဒတွေကို လိုလားကြတာကို ပြသခဲ့တယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေး မြှင့်တင်ဖို့၊ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ချမ်းသာဝပြောရေးတို့အတွက် စိန်ခေါ်မှုတွေ ရှိနေသေးတယ်”ဟု ၎င်းက ထုတ်ပြန်ချက်၌ ပြောသည်။
“ကျွန်တော့်အနေနဲ့ ယဉ်ကျေးပျူငှာတဲ့ အိမ်ရှင်ကို ကျေးဇူးတင်တယ်၊ အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် စီစဉ်ဆောင်ရွက်နိုင်ခဲ့တာအတွက် သမ္မတ ဝီဒိုဒိုကို ဂုဏ်ပြုပါတယ်”ဟု မားကို့စ်က ပြောခဲ့သည်။
“ထပ်ပြီးတော့ ဖိလစ်ပိုင် ကိုယ်စားလှယ်အဖွဲ့ရဲ့ အလွန်နွေးထွေးတဲ့ ဧည့်ဝတ်ပြုမှုအတွက်လည်း ကျွန်တော် ကျေးဇူးတင်လိုတယ်၊ လာမယ့် ၂၀၂၅ မှာ အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် တာဝန်ယူမယ့် လာအိုနိုင်ငံရဲ့ ခေါင်းဆောင်မှုကိုလည်း ကျွန်တော် မျှော်လင့်စောင့်ဆိုင်းနေပါတယ်”ဟု ၎င်းက ပြောခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)

👍5😁4🥰1🍌1
အယ်လ်-ဒူဟေးလ်ကို အငှားနဲ့ သွားရောက်တဲ့ အက်စတွန်ဗီလာကွင်းလယ်ကစားသမား ဖိလစ်ပီ ကော်တင်ဟို
==================
By PKThawn
အက်စတွန်ဗီလာအသင်းမှ ဖိလစ်ပီ ကော်တင်ဟိုဟာ ကာတာကလပ် အယ်လ်-ဒူဟေးလ်ဆီ အငှားနဲ့ ရာသီကုန်အထိ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ၂၂ ပွဲမှာ ၁ ဂိုး သွင်းယူပြီးနောက် ဒီနှစ်ရာသီ ဗီလာအတွက် လူစားဝင် ၂ ပွဲသာ ကစားထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းမှာ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆၊ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ကော်တင်ဟိုဟာ ကနဦးအငှားနဲ့ ဗီလာအသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ၆ လအကြာ ၂၀၂၂၊ ဇူလိုင်လမှာ ဘာစီလိုနာကနေ ပရီးမီးယားလိဂ်ကလပ်ဆီ အမြဲတမ်းစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
တစ်ချိန်က လီဗာပူးလ်မှာ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကော်တင်ဟိုဟာ ပေါင် ၁၇ သန်းနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာပြီးနောက် အဲဒီအချိန်က ဗီလာရဲ့ မန်နေဂျာ စတီဗင်ဂျရတ်က ကော်တင်ဟိုဟာ "ကလပ်အတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှု"လို့ ရည်ညွှန်းခဲ့ပါတယ်။
ဘာကာရဲ့ ပေါင် ၁၄၂ သန်းနဲ့ စံချိန်တင်ခေါ်ယူမှုနဲ့ ကော်တင်ဟို ရောက်ရှိလာခြင်းကို အောင်မြင်မှုတစ်ခုလို့ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူဟာ နူးကမ့်မှာ လေးနှစ်ကြာရှိစဉ် ပုံစံကောင်းမရခဲ့ဘဲ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် စိတ်ပျက်မှုခံခဲ့ရပါတယ်။
ကော်တင်ဟိုဟာ မန်ချက်စတာယူနိုက်တက်ကို ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ ဗီလာအသင်းအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ကာ သူ့ရဲ့ အငှားကာလအတွင်း ချက်ချင်း အကျိုးသက်ရောက်မှုရှိခဲ့ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီကို သွင်းဂိုး ၅ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဗီလာဟာ ပြီးခဲ့တဲ့ ရာသီအစောပိုင်းက ဂျရတ်လက်အောက်မှာ ရုန်းကန်ခဲ့ရပြီး ကော်တင်ဟိုလည်း ဒဏ်ရာတွေနဲ့ နပမ်းလုံးနေရသလို သူ့ရဲ့ပုံစံကလည်း ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိနည်းပြ အူနိုင်းအမ်မရီကို အောက်တိုဘာလမှာ ခန့်အပ်ခံရပြီးကတည်းက သူဟာ ၂ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။
ကော်တင်ဟိုဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမစခင် နှစ်ပတ်အလိုမှာ ပေါင်ဒဏ်ရာရရှိခဲ့ကာ ပြိုင်ပွဲအတွက် ရွေးချယ်မှုမှာလည်း လွဲချော်ခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် သူ့ရဲ့နောက်ဆုံး ၆၈ ပွဲကစားခွင့်ဟာ ၂၀၂၂၊ ဇွန်လမှာ အဆုံးသတ်ခဲ့ပါတော့တယ်။
Photo: @DuhailSC/Twitter

👍9😁3
UN chief Guterres 'deeply concerned' about situation in Myanmar
====================
https://www.youtube.com/watch?v=injkx4W6AM0

#UNchief
#myanmar
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍2🔥2
World "with Morocco" in this tough time: Indian PM Modi
=====================
https://www.youtube.com/watch?v=s_2kPjZnYj0

Indian PM Narendra Modi says that the entire world is "with Morocco" after an earthquake killed at least 296 people earlier Friday.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

🔥1
Philippines president Marcos concerned over "violations" in South China Sea
=====================
https://youtu.be/W2aMSw8wB5A?si=xZYf7KU15_CXNouJ

Philippine President Ferdinand Marcos Jr. reiterates concerns over escalating geopolitical tensions in the South China Sea. Philippine ships have been harassed several times in recent months by Chinese vessels in the disputed waterway.
"We must oppose the…
"We must oppose the…
🔥3👍2❤1
နေမာ - ဆော်ဒီပရိုလိဂ်က လီဂူး-ဝမ်းထက် ပိုကောင်းလာနိုင်ပြီလို့ ဘရာဇီးလ်ကြယ်ပွင့် ပြော
======================
ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလိဂ်ဟာ ပြင်သစ်လီဂူး-ဝမ်းထက် ပိုအားကောင်းနိုင်ဖွယ်ရှိနေပြီလို့ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာက ပြောကြားလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ သြဂုတ်လမှာ ပဲရစ်စိန့်-ဂျာမိန်းကနေ ဆော်ဒီပရိုလိဂ်ဆီ add-ons ကြေးအပါအဝင် ပေါင် ၇၇.၅ သန်းခန့်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
နေမာဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အယ်လ်-ဟီလာအသင်းနဲ့ ပူးခဲ့တာပါ။ အဲဒီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီကလပ်တွေဟာ ပေါင်သန်း ၇၀၀ ကျော် သုံးစွဲခဲ့ပါတယ်။
"ဆော်ဒီအာရေးဗီးယားကို သွားခဲ့တဲ့ ဘောလုံးသမားတွေအတွက်၊ ဆော်ဒီလိဂ်က ပြင်သစ်ထက် ပိုကောင်းတယ်လို့ ပြောရင် ကျနော် အံ့သြမိမှာ မဟုတ်ဘူး"လို့ သူက ပြောပါတယ်။
နိုင်ငံတကာ အပြောင်းအရွှေ့တွေမှာ ဆော်ဒီကလပ်တွေရဲ့ ဒီနွေရာသီအသုံးစရိတ်ဟာ ပရီးမီးယားလိဂ်ပြီးရင် ဒုတိယနေရာမှာရှိပြီး သူတို့အသင်းတွေဟာ ပြည်ပကနေ ပြောင်းရွှေ့ကြေး ပေါင် ၁.၆ ဘီလီယံအောက် သုံးစွဲခဲ့တယ်လို့ FIFA ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။
အယ်လ်-အီတီဟဒ်အသင်းက လီဗာပူးလ်ကနေ မိုဟာမက် ဆာလာကို ခေါ်ယူနိုင်စွမ်း မရှိခဲ့ပေမယ့် ဆာလာရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်၊ ရော်ဘတ်တို ဖာမီနိုနဲ့ ဖာဘင်ဟိုတို့ဟာ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့တဲ့ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
ဆော်ဒီကလပ်တွေဟာ နေမာရဲ့ ပီအက်စ်ဂျီကလပ်ဖော် ဂျော်ဂျီနီယို ဝစ်ခ်ျနာလ်ဒမ်၊ ရီးယဲလ်မက်ဒရစ်ရဲ့ ဘလွန်းဒီအော်ဆုရှင် ကာရင် ဘန်ဇီမာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဆာဒီယို မာနေးတို့ကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့တဲ့ တခြားသူတွေမှာ အင်တာမီလန်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အသင်းခေါင်းဆောင် မာဆယ်လို ဘရိုဇိုဗစ်၊ ဘာစီလိုနာရဲ့ ဖရန့်ကက်စ်စီ၊ ဆဲလ်တစ်ရဲ့ ဂျိုတာနဲ့ လာဇီယိုကွင်းလယ်လူ ဆာဂျီ မီလင်ကိုဗစ်ဆာဗစ်တို့ ပါဝင်ခဲ့ကြပါတယ်။
ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအသစ်လည်း ဖြစ်လာနိုင်ခဲ့သေးပါတယ်။ ပီအက်စ်ဂျီဟာ ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ပြီးနောက် အမ်ဘာပေနဲ့ စကားပြောဖို့ အယ်လ်-ဟီလာကို ခွင့်ပြုချက်ပေးခဲ့ပေမယ့် အဆိုပါတိုက်စစ်မှူးဟာ ပြင်သစ်ချန်ပီယံအသင်းတွင်သာ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး သူ့အစား နေမာ ရောင်းထုတ်ခံခဲ့ရပါတယ်။
နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့ပြီးနောက် ပဲရစ်မှာ သူရှိစဉ်တုန်းက သူ့ရဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒုက္ခရောက်ခဲ့ရပေမယ့် အသင်းကို လီဂူး-ဝမ်း ဖလား ငါးကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ဘရာဇီးလ်အသင်း ကြားရက် နိုင်ငံတကာပွဲစဉ်တွေ ရှိနေစဉ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နေမာက "ဆော်ဒီအာရေးဗီးယားမှာ ဘောလုံးက အတူတူပါပဲလို့ ကျနော် သေချာပြောရဲပါတယ်။ ဘောလုံးက ဝိုင်းနေတယ်၊ ကျနော်တို့မှာ ဂိုးတိုင်ဂိုးပိုက်တွေရှိတယ်။
“အဲဒီမှာ လျှို့ဝှက်ချက်တော့ မရှိပါဘူး။ ကျနော်တို့ အဲဒီနေရာမှာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ရှိတယ်၊ အနိုင်ရဖို့ ဆာလောင်မှုက ကြီးမားနေတုန်းပါပဲ။
"ကျနော် အယ်လ်-ဟီလာနဲ့ ဆုဖလားတွေ ရယူချင်ပါတယ်၊ ဒါက အရင်ကအတိုင်း အများကြီး မပြောင်းလဲပါဘူး။"

👍5❤1🔥1😁1
မော်ရိုကိုတွင် ငလျင်ကြီးလှုပ်၍ လူပေါင်း ၆၀၀ ကျော် သေဆုံး
====================
Reuters
မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်ကြီး လှုပ်ရာ လူပေါင်း ၆၀၀ ကျော်ထက်မနည်း သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရကာ အဆောက်အအုံများ ပျက်စီးရ၍ မြို့ကြီးများမှ ပြည်သူများက နေအိမ်များမှ ထွက်ပြေးကြသည်။
၂၀၀၄ ခုနှစ်မှနောက်ပိုင်း နိုင်ငံ၏ အသေအဆုံး အများဆုံး ယင်း ငလျင်သည် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိပြီး သောကြာနေ့ညပိုင်းက အက်လက်စ်တောင်တန်းများတွင် လှုပ်ခြင်း ဖြစ်သည်။ သေဆုံးသူအများစုမှာ အရောက်အပေါက် ခက်ခဲသော တောင်တန်းဧရိယာများမှ ဖြစ်ကြောင်း ဒေသတာဝန်ရှိသူတဦးက ပြောသည်။ လူပေါင်း ၆၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူပေါင်း ၃၂၉ ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အသစ်တင်သော ကနဦး သေဆုံးဒဏ်ရာရသည့်နှုန်းကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြသည်။
ငလျင်ဗဟိုနှင့် အနီးဆုံးမြို့ကြီးဖြစ်သည့် မာရာကက်ရှ်မြို့တွင် ငလျင်ကြောင့် အဆောက်အအုံများ ပျက်စီးပြီး မြို့နေများက အိမ်ထဲဝင်ရောက် စိုးရိမ်ကြသဖြင့် ညပိုင်းကို အပြင်၌ ကုန်ဆုံးရသည်။
မာရာကက်ရှ်မြို့ဟောင်း၏ အဓိကဖြစ်ပြီး ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင် ဂျမ်မယ်အယ်ဖနာရင်ပြင်က ဗလီမျှော်စင်တခု ပြိုကျသည်။
“အားပြင်းငလျင်ကြောင့် ညပိုင်းမှာ ကျွန်တော်တို့တွေ ထွက်ပြေးကြရတယ်”ဟု မြို့ဟောင်းမှ ဒေသခံ မိုဟာမတ်က လူအများ ဘေးကင်းရေးအတွက် ပြေးလွှားကြသည့် ဝရုန်းသုန်းကား အခြေအနေကို ပြောပြသည်။
“အိမ်ထဲမှာ ကျွန်တော် မအိပ်ရဲဘူး၊ ငလျင်လှုပ်တာကြောင့်ရယ်၊ မြို့ဟောင်းမှာက အိမ်ဟောင်းတွေ ပြည့်နေလို့ပဲ၊ တကယ်လို့ အိမ်တအိမ် ပြိုကျတယ်ဆိုရင် အခြားအိမ်တွေပါ လိုက်ပြိုကျမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ပျက်စီးနေသော ကားများပေါ်တွင် အုတ်ကျိုးအုတ်ပဲ့များ တင်နေသည့် ဓာတ်ပုံများကို ဌာနေရုပ်သံက ထုတ်လွှင့်ပြသသည်။
ငလျင်သည် အယ်လ်ဟော့ဇ်၊ အော်ဇာဇက်၊ မာရာက်ရှ်၊ အဇယ်လာ၊ ချီချာအွာနှင့် တာရိုဒန့်ပြည်နယ်များတွင် လှုပ်သွားခဲ့သည်ဟု ရုပ်သံထုတ်ပြန်ချက်၌ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုပြီး စိတ်အေးအေးထားကြရန် တိုက်တွန်းသည်။
ယခု ငလျင်သည် ၂၀၀၄ ခုနှစ်က ငလျင်နောက်ပိုင်း အသေအဆုံး အများဆုံး ငလျင်ပဲ ဖြစ်သည်။ ၂၀၀၄ ခုနှစ်က မြောက်ပိုင်း ရစ်ဖ်တောင်တန်းများတွင် လှုပ်သွားသော ငလျင်၌ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့သည်။

👍7😢6🔥2👎1
Media is too big
VIEW IN TELEGRAM
ဝက်သားပြားကြော် | Chef Eve's Easy Thai Cooking Show
Watch more detail- https://youtu.be/lQOmInvt_ic
#reels
#shorts
#ဝက်သားပြားကြော်
#ChefEve’s

Selfie (2023)
===========
Comedy-Drama-Action
ဒီဇာတ်လမ်းလေးကတော့ လူတစ်ဦးနဲ့တစ်ဦးကြားက မဆိုစလောက် နားလည်မှုလေး လွဲမှားသွားခဲ့တာကို အတ္တကိုယ်စီနဲ့ ရှုမြင်လာကြတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်ဆိုတာကို ပါးပါးလေး သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးပါ
အုံပရာကတ်ရှ်ဆိုတဲ့ ယာဉ်မောင်းလိုင်စင်အတွက် စစ်ဆေးရတဲ့ အရာရှိတစ်ယောက်ဟာ ဗီဂျေးကူမားဆိုတဲ့ ဘောလိဝုဒ်စူပါစတားတစ်ယောက်ကို အရမ်းကို ရူးသွပ်တဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါ တစ်နေ့မှာတော့ သူနေထိုင်ရာ ဘိုပယ်လ်မြို့ကို မင်းသားဗီဂျေးက ရုပ်ရှင်ရိုက်ကွင်းတစ်ခုအတွက် ရောက်လာခဲ့တယ် ဖြစ်ချင်တော့ ရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းကို ရိုက်ဖို့ ရိုက်ကွင်းနေရာအတွက် ပါမစ်ရဖို့ ဗီဂျေးရဲ့ ယာဉ်မောင်းလိုင်စင်ကို မဖြစ်မနေလိုအပ်လာတယ် .. ပိုဆိုးတာက သူ့ရဲ့လိုင်စင်က ပျောက်နေတာပဲ..
ပြန်လျှောက်ဖို့ တင်ထားရာမှာလည်း တင်ထားတဲ့ရုံးက မီးလောင်သွားလို့ အချက်အလက်တွေ မရှိဖြစ်နေတော့ ဘိုပယ်လ်က လွှတ်တော်အမတ်တစ်ယောက်ကို အကူအညီတောင်းလိုက်တယ် ..
အဲ့ဒီအမတ်ကလည်း တစ်ခါ အုံပရာကတ်ရှ်ကို လာပြီး အကူအညီကောင်းတော့ မင်းသားနဲ့ Selfie တစ်ပုံလောက်တွဲရိုက်ချင်နေတဲ့ အုံအတွက် ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပေါ့ .. ဒါပေမယ့် မင်းသားက သူနဲ့ Selfie ရိုက်ပေးရင်း ယာဉ်မောင်းလိုင်စင်ယူဖို့ ရုံးကိုလာမယ့်နေ့မှာပဲ မီဒီယာတွေအများကြီး ရောက်လာတာကြောင့် မင်းသားက အုံ့ကို အောင်မြင်ကျော်ကြားချင်နေတဲ့ အခွင့်အရေးသမားလို့ အထင်လွဲသွားခဲ့တယ် ...တစ်ချိန်တည်းမှာပဲ ဗီဂျေးနဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဆူရာ့ဂျ်ဒီဝမ်က သူတို့ဇာတ်လမ်းမှာ ဝင်ပြီး ခလောက်ဆန်လိုက်တဲ့အခါ ထိပ်တိုက်စကားပြောလိုက်ရင် ရှင်းသွားရမယ့် ကိစ္စတစ်ခုဟာ အပျက်အပျက်နဲ့ အုံပရာကတ်ရှ်တစ်ယောက် တကယ်နှာခေါင်းသွေးထွက်သွားရတဲ့ အဖြစ်အထိကို ကြီးကျယ်သွားတော့တာပါပဲ ...
ကဲ ပရိတ်သတ်ကြီး ... ကိုယ်တိုင်ပဲ ဆက်လက်ရှုစားလိက်ကြနော်
မင်းသားတွေကတော့ အရှေးကူမားက မင်းသား ဗီဂျေး အုံပရာကတ်ရှ်အဖြစ်ကတော့ အင်မရန်းဟာ့ရှ်မီက ပါဝင်ထားပါတယ်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၉.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၀.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍5🔥1
ဝက်သားပြားကြော် နဲ့ သစ်တိုသီးထောင်း | Chef Eve's Easy Thai Cooking Show | Episode - 28
=====================
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ဝက်သားပြားကြော် နဲ့ သစ်တိုသီးထောင်း ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/lQOmInvt_ic?si=l0Is9E1eGyRmt0nJ
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို…

စာသင်ကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု တိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော (ရုပ်/သံ)
=======================
KMN (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုများလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရေးနေ့ မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။
မြန်မာပြည်အရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့အထိ ၂၄ ကြိမ်အထက် တိုက်ခိုက်ခံထားရတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စာသင်ကျောင်း အဆောက်အဦး ၃၇ လုံးကျော်ဟာ လုံးဝပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ကလေးသူငယ်တွေ အပါအဝင် သေဆုံးသူ ၉၀ နီးပါးရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၃၀ နီးပါးရှိနေတယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/A7ETxGeHImQ?si=xAoMStH45Ymisla1
#ကရင်
#Mizzima
#စာသင်ကျောင်း
#KHRG
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကို…

👍8🤬2❤1🔥1
စက်တင်ဘာလ (၉) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့ညမှာတော့........
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ
NUG အစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်" အစီအစဉ်ကို တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/dUDlvouClQ4?si=7P0cSIgdcX7MoOBi
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီကနေ့ညမှာတော့........
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ
NUG အစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်" အစီအစဉ်ကို တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/dUDlvouClQ4?si=7P0cSIgdcX7MoOBi
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၉) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့........
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ
NUG အစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်
နေ…

👍6🔥1
ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ဒေသခံ ၂ ဦးကို သတ်ဖြတ်၊ ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံ တိမ်းရှောင်
🤬6😁4👍1
ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ဒေသခံ ၂ ဦးကို သတ်ဖြတ်၊ ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံ တိမ်းရှောင်
=======================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံ တိမ်းရှောင်နေရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ က ယနေ့ စက်တင်ဘာလ ၉ရက်တွင် သတင်းထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၆ နာရီအချိန်တွင် ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာသို့ ညောင်ဇင်လေးရွာ ပျူအထိုင်စခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး စုပေါင်းအင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နံနက် ၉ နာရီတွင် ရွာအားမီးရှို့ဖျက်ဆီးနေခြင်းကြောင့် အနီးနားရှိကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“တောင့်တည်းကုန်းရွာမှာ အိမ်ခြေဘယ်လောက် ပျက်ဆီးဆုံးရှုံးသွားတာကိုတော့ အတည်ပြုလို့ မရသေးဘူး။ အနီးအနားက ကျေးရွာဒေသခံတွေက ဘေးလွတ်မယ်ထင်တဲ့ နေရာကို စစ်ရှောင်နေရတာပါ။ မိုးထဲလေထဲမှ ထွက်ပြေးနေကြတာ၊ စုစုပေါင်းလူဦးရေတော့ ခန့်မှန်းမပြောတတ်ဘူးဗျ။ စစ်ကောင်စီစစ်ကြောင်းက တောင့်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ညောင်ဇင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးထွက်ခွာသွားပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ နှစ်ဦးမှာ အင်းလယ်ကြီးရွာမှ မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့ဖြစ်ပြီး စက်တင်ဘာလ ၂ ရက်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းအတွင်း ပိတ်မိရာမှ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုစစ်ကြောင်းမှာ စက်တင်ဘာလ ၂ ရက်က ကန့်ဘလူမြို့နယ်၊ နတ်အင်းမှ အင်းလယ်ကြီးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ဝါးရုံပင်ကြားပုန်းနေသော အမျိုးသမီးတဦးကိုလည်း သေနတ်နှင့်ပစ်ခတ်ဖမ်းဆီး၍ စစ်ကြောင်းတစ်လျှောက် ဓားစာခံအဖြစ်ခေါ်ဆောင်သွားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကာ ကန့်ဘလူ (၆၀၀၆)တပ်အတွင်း သို့ ပြန်လည်ဝင်ရောက်သွားသည်ဟုဆိုသည်။
“စစ်ကောင်စီတပ်က ပစ်ခတ်လို့ အဲဒီအမျိုးသမီးက ပါးတဖက်ကျည်ထိမှန်ပါတယ်။ သွေးစက်လက်ကျနေတဲ့ကြားကပဲ ဖမ်းဆီးခေါ်ဆောင်ခံရတာပါ။သူက အသက် ၄၀နှစ်အရွယ်ပါ။ စက်တင်ဘာ ၂ရက်နေ့မှာပဲပြန်လွတ်ပါတယ်။ ပြန်လွတ်လာတာကံကောင်းတာပဲ။ သူ့မှာကြောက်လွန်းလို့ ပြန်လွတ်လာပြီး ဆေးကုသချိန်မှာတောင် လူတွေကိုကြောက်နေတာ။တချိန်လုံးကြောက်တယ်ပဲပြောနေတာ”ဟု ၎င်းအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တောင့်တည်းကုန်း၊ သိုးဘိုး၊ ကိုးမြို့၊ ဖလံချိုင်၊ ညောင်ဇင်ကြီး၊ သရက်ခေါင်း၊ မင်းကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည် နှင့် ငါးရာနဲ ရွာ ၁၂ ရွာမှ ပြည်သူများ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူထံက သိရသည်။
ထန်းကုန်းတိုက်နယ်အတွင်းရှိ ရွာများသည် စစ်ကောင်စီတပ်ရှိသည့် ကန့်ဘလူ( ၆၀၀၆ ) တပ်၊ ဇီးကုန်းသကြားစက် နှင့် ပျူစောထီးများရှိသည့် ယမနေ ၊ စံပါယ်နံ့သာ ၊ ယော-လယ်လှ ၊ ညောင်ဇင်လေး ရွာတို့နှင့် နီးကပ်လျက်ရှိခြင်းကြောင့် မကြာခဏ စစ်ကြောင်းထိုးခြင်းနှင့် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် ၊ မီးရှို့ဖျက်ဆီးခြင်းခံရ၍ စစ်ဘေးရှောင်ဦးရေ တိုးပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကန့်ဘလူမြို့နယ်
#စစ်ဘေးရှောင်

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬8👍6👏2
Media is too big
VIEW IN TELEGRAM
သစ်တိုသီးထောင်း | Chef Eve's Easy Thai Cooking Show
Watch more detail- https://youtu.be/lQOmInvt_ic
#reels
#shorts
#သစ်တိုသီးထောင်း