မြိုင်တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးလာသူကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းကို မီးရှို့ ဖျက်ဆီး
🔥3🤬3👍1😁1

=====================
KMN
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်၌ စက်တင်လာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အရပ်သားတဦးကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာမှ ဖမ်းဆီးခဲ့သော အရပ်သားတဦးကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ညောင်ညိုတောကျေးရွာအရှေ့ဘက်အရောက်တွင် သတ်ဖြတ်သွား ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူမှာ ကန်ကြီးရိုးကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးသိန်းလွင်ဖြစ်ကာ စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စဉ် အခြားအမျိုးသား ခုနှစ်ဦးနှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ ဖြစ်သည်။
“နားထင်ကိုသေနတ်နဲ့တေ့ပြီ ပစ်သတ်သွားတာပါ။ ကျန်တဲ့သူတွေက အခုထိ စစ်ကြောင်းမှာ ပါသွားတုန်း လို့ သိရတယ်” ဟု Myaing Intelligent Group အဖွဲ့ဝင် ကိုမိုးမှောင်က မဇ္ဈိမကို ပြောကြားသည်။
စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၁၁ ရက်နေ့တွင် သင်းပေါင်းကန်ရွာသို့ဝင်ရောက်စဉ်ဒေသကာ ကွယ်ရေးစခန်းတခုဖြစ်သော Anyar Myay Guerrilla Force Myaing တပ်ဖွဲ့၏ စခန်းကိုစီးနင်းပြီး ကား တစီး၊ ဆိုင်ကယ်ငါးစီးနှင့် လက်နက်ခဲယမ်း၊ စုစုပေါင်း ကျပ်သိန်း ၁ဝဝ ကျော်တန်ဖိုးရှိ ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် စစ်ကြောင်းသတင်းများအဖွဲ့မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် သင်းပေါင်းကန်ရွာသို့ဝင်ရောက်စဉ် နေအိမ်များအတွင်းမှ ကြက်၊ ဝက်၊ နွား စသည့် တိရစ္ဆာန်များကိုဖမ်းဆီးသတ်ဖြတ်ကာ ဆန်၊ ကြက်ဥ စသောစားသောက်ကုန်များကို အဓ္မမစားသောက် ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီ၏ တပ်မ(၁၀၁)စစ်ကြောင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ဝန်းကျင်တွင် မြိုင်မြို့နယ် အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ် ကံရာကောင်း ကျေးရွာမှတဆင့် မြိုင်မြို့အနီးရှိ စက်မှု(၂) ကပစစက်ရုံအတွင်း ရောက်ရှိနေကြောင်း သိရသည်။
ပုံအညွန်း - စက်တင်ဘာလ ၁၁ ရက်နေ့တွင် သင်းပေါင်းကန်ရွာ ဒေသခံကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်မှ မီးရိူ့ဖျက်ဆီးမှုမြင်ကွင်း။ (Photo - mygtroopnews)
စာတည်း။ ။စောဖေ
#မကွေးတိုင်း
#မြိုင်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ဓားစာခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬9👍3😢2❤1
ထားဝယ်မြို့ ဘုရားမဲ စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ
===================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ နည်းပညာတက္ကသိုလ် အနီးရှိ ဘုရားမဲ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force (DGRF) တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စနိုက်ပါဖြင့် နှစ်ချက် ပစ်ခတ်ပြီးနောက် လက်နက်ကြီးနှင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
"အဲဒီဂိတ်မှာ ကင်းလှည့်ပြီး သွားနေတဲ့ စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခဲ့တယ်၊ ပြီးမှ ၇၉ ၊ ၈၀ မမ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်"ဟု DGRF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး စနိုက်ပါ ထိမှန်ပြီး သေဆုံးသွားကြောင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဆိုသည်။
ဂိတ်တိုက်ခိုက်ခံရပြီးနောက် ဂိတ်စောင့်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပြည်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရှိသော ဘုရားမဲစစ်ဆေးရေးဂိတ်သည် ထားဝယ်- ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိပြီး ပြည်သူ့ ကာကွယ်ရေး တပ်များ၏ မကြာခဏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့၊ ၇ ရက်နေ့နှင့် ၁၁ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဘုရားမဲ
#ထားဝယ်
#Mizzima

👍13👏2👎1🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့ ဗီယက်နမ်ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ နှစ်ဘက် သဘောတူခဲ့ကြ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍7🔥1👏1
ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်း
🤬8🔥1

==================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်အာဏာသိမ်းဆန့်ကျင်သူ CDM ဆရာဝန် ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီမှ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်အား စစ်ကောင်စီလက်အောက်ခံ သတင်းစာမှတဆင့် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ပါရှိသည်။
ထိုသို့ ထုတ်ဝေခွင့်လုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုတ်သိမ်းကြောင်းကြေညာချက်နှင့်ပတ်သက်၍ ဒေါက်တာဖြိုးသီဟ က ယခုလိုပြောသည်။
"အဓိကက ကျနော့်လုပ်ငန်း ဖြစ်နေလို့ ပိတ်လိုက်တဲ့ သဘောပါပဲ။ စာအုပ်တွေက နိုင်ငံရေးအကြောင်း ဘာဆိုဘာမှ မပါပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာ၊ ဗုဒ္ဓအဆုံးအမနဲ့ ပတ်သက်တာတွေပဲ ရေးထားတာကို ပိတ်လိုက်တာပါ။" ဟူ၍ ဖြစ်သည်။
ပီတိအိမ်စာပေ(စာအုပ်တိုက်)အား ၂၀၂၀ ခုနှစ် ဩဂုတ်လက တည်ထောင်ခဲ့ကြောင်း သိရပြီး အဆိုပါစာအုပ်တိုက်မှ စာအုပ် သုံးအုပ်သာ ထုတ်ထားရသေးကြောင်း ဆိုသည်။
စစ်ကောင်စီ၏ ယခုလိုလုပ်ရပ်နှင့်ပတ်သက်၍ ဒေါက်တာ ဖြိုးသီဟက ယခုလိုမှတ်ချက်ပြုသည်။
"တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ၊ သူတို့ အုပ်ချုပ်လို့ ရလာတာနဲ့အမျှ တဖြည်းဖြည်း အကုန်လုံးကို ပိတ်ပင်တော့မှာပါ။ နောက်ထပ် နောက်ထပ် စာအုပ်တိုက်တွေ၊ စာရေးသူတွေ၊ စာအုပ်တွေပါ ထိလာပါလိမ့်မယ်။ ကျနော့်တယောက်တည်းရဲ့ ပြဿနာဆိုတာထက် ပြည်သူတွေ မျက်စိပိတ် နားပိတ် ဖြစ်ကုန်မဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့်တွေ မဆုံးရှုံးစေရဖို့ကို အားလုံးဝိုင်းဝန်း ကြိုးစားကြစေချင်ပါတယ်။" ဟု ပြောသည်။
စစ်ကောင်စီက ပီတိအိမ်စာပေအား စက်တင်ဘာလ ၈ ရက်နေ့တွင် ရုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ဖြိုးသီဟအနေဖြင့်လည်း ၎င်းရင်ဆိုင်နေရသည်ထက် ဆိုးရွားသည့်အခြေအနေရင်ဆိုင်နေရသူ အများကြီးရှိသည့်အတွက် ယခုကိစ္စအား ညည်းတွားလိုခြင်းမရှိဘဲ တော်လှန်ရေးတွင်တတ်နိုင်သည့်နေရာကသာ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ဒေါက်တာဖြိုးသီဟ
#CDM
#တော်လှန်ရေး
#ပီတိအိမ်စာပေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်အာဏာသိမ်းဆန့်ကျင်သူ CDM ဆရာဝန် ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီမှ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်အား စစ်ကောင်စီလက်အောက်ခံ သတင်းစာမှတဆင့် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ပါရှိသည်။
ထိုသို့ ထုတ်ဝေခွင့်လုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုတ်သိမ်းကြောင်းကြေညာချက်နှင့်ပတ်သက်၍ ဒေါက်တာဖြိုးသီဟ က ယခုလိုပြောသည်။
"အဓိကက ကျနော့်လုပ်ငန်း ဖြစ်နေလို့ ပိတ်လိုက်တဲ့ သဘောပါပဲ။ စာအုပ်တွေက နိုင်ငံရေးအကြောင်း ဘာဆိုဘာမှ မပါပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာ၊ ဗုဒ္ဓအဆုံးအမနဲ့ ပတ်သက်တာတွေပဲ ရေးထားတာကို ပိတ်လိုက်တာပါ။" ဟူ၍ ဖြစ်သည်။
ပီတိအိမ်စာပေ(စာအုပ်တိုက်)အား ၂၀၂၀ ခုနှစ် ဩဂုတ်လက တည်ထောင်ခဲ့ကြောင်း သိရပြီး အဆိုပါစာအုပ်တိုက်မှ စာအုပ် သုံးအုပ်သာ ထုတ်ထားရသေးကြောင်း ဆိုသည်။
စစ်ကောင်စီ၏ ယခုလိုလုပ်ရပ်နှင့်ပတ်သက်၍ ဒေါက်တာ ဖြိုးသီဟက ယခုလိုမှတ်ချက်ပြုသည်။
"တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ၊ သူတို့ အုပ်ချုပ်လို့ ရလာတာနဲ့အမျှ တဖြည်းဖြည်း အကုန်လုံးကို ပိတ်ပင်တော့မှာပါ။ နောက်ထပ် နောက်ထပ် စာအုပ်တိုက်တွေ၊ စာရေးသူတွေ၊ စာအုပ်တွေပါ ထိလာပါလိမ့်မယ်။ ကျနော့်တယောက်တည်းရဲ့ ပြဿနာဆိုတာထက် ပြည်သူတွေ မျက်စိပိတ် နားပိတ် ဖြစ်ကုန်မဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့်တွေ မဆုံးရှုံးစေရဖို့ကို အားလုံးဝိုင်းဝန်း ကြိုးစားကြစေချင်ပါတယ်။" ဟု ပြောသည်။
စစ်ကောင်စီက ပီတိအိမ်စာပေအား စက်တင်ဘာလ ၈ ရက်နေ့တွင် ရုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ဖြိုးသီဟအနေဖြင့်လည်း ၎င်းရင်ဆိုင်နေရသည်ထက် ဆိုးရွားသည့်အခြေအနေရင်ဆိုင်နေရသူ အများကြီးရှိသည့်အတွက် ယခုကိစ္စအား ညည်းတွားလိုခြင်းမရှိဘဲ တော်လှန်ရေးတွင်တတ်နိုင်သည့်နေရာကသာ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ဒေါက်တာဖြိုးသီဟ
#CDM
#တော်လှန်ရေး
#ပီတိအိမ်စာပေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍5🔥1😢1
စက်တင်ဘာလ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=====================
https://youtu.be/HItFvyJeVsY?si=Rewg0UPTK2x0qRG8

YouTube
စက်တင်ဘာလ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥3
Media is too big
VIEW IN TELEGRAM
ဗိုလ်နဂါးပြောသလိုBNRA ဖွဲ့တာNUG ရဲ့သဘောတူညီချက်ရခဲ့လား | Exclusive Interview
#ExclusiveInterview #shorts #ဦးကျော်ဇော
Full Video Link - https://youtu.be/wyPhZudst0g

👍12🤣2
အသက်များကယ်တင်ဖို့အတွက် လူနာတင်ကားဝန်ဆောင်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည့် Jump Aero လေယာဉ်ကုမ္ပဏီ
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
English Venglish
===========
သာမန်ရိုးရှင်းတဲ့ အိမ်ထောင်ရေးဘဝလေးကိုပိုင်ဆိုင်ထားတဲ့ “ရှာရှီ”
သားနဲ့သမီးက ပညာရေးမှာထူးချွန်ကြပြီး မိခင်ဖြစ်သူ”ရှာရှီ”ရဲ့ အင်္ဂလိပ်စာမှာ အားနည်းတာကို ပျက်ရယ်ပြုလှောင်ပြောင်ကြတဲ့အခါ….
အင်္ဂလိပ်စာအားနည်းတဲ့ “ရှာရှီ”တစ်ယောက် နယူးယောက်စ်မြို့မှာ အစ်မဖြစ်သူရဲ့သမီး မင်္ဂလာပွဲကို ကူညီစီစဉ်ပေးဖို့သွားရတော့မယ့်အချိန်မှာတော့….
အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလိုမျိုးပြောတတ်ကြတဲ့လူစိမ်းတွေကြားမှာ “ရှာရှီ”တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ?
သူမရဲ့အကြီးအမားဆုံးအခက်အခဲတစ်ခုဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ၄ပတ်အတွင်းမှာ ဘယ်လိုတက်အောင်သင်ယူမှာလဲ ?
ပတ်၀န်းကျင်ရဲ့ ထိုးနှက်မှုတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ဖြတ်ကျော်ရင်း “ရှာရှီ”ရဲ့ချစ်စရာကောင်းတဲ့ အလွဲလေးတွေကိုလည်း ဟာသဆန်ဆန် မြင်တွေ့ရမှာပါ ..
ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်အပိုင်းအခြားက အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြပေးခဲ့တဲ့ “English Venglish” ရုပ်ရှင်ဇာတ်ကားကို Mizzima+ Channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၁၂.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၃.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍6🔥1
Media is too big
VIEW IN TELEGRAM
စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
Watch more detail - https://youtu.be/urSRtGWNpV0
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/urSRtGWNpV0
#reels
#shorts
#BusinessRoundUp
#MizzimaTV
😁6❤1👍1
ER GMLRS ဒုံးကျည်သစ် စမ်းသပ်မှုနှင့်အတူ စံချိန်တင်ခဲ့သည့် Lockheed Martin ကုမ္ပဏီ
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို|Business Round Up(12.9.2023)
====================
- စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
- ယာဉ်မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်တဲ့ ဝန်ဆောင်ခကြေးနှုန်းထးာများ သုံးဆတိုးမြှင့် ကောက်ခံ
- မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို
- ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊ သင်္ဘောများ သတိပြုကြဖို့ ထုတ်ပြန်
https://youtu.be/urSRtGWNpV0?si=KtpNDeYZBiE5IUTp
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့…

👍7🔥1
Media is too big
VIEW IN TELEGRAM
ယာဉ်မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်တဲ့ ဝန်ဆောင်ခကြေးနှုန်းထားများ သုံးဆတိုးမြှင့် ကောက်ခံ
Watch more detail - https://youtu.be/urSRtGWNpV0
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/urSRtGWNpV0
#reels
#shorts
#BusinessRoundUp
#MizzimaTV
❤3👎1
ပုလဲမြို့နယ်အတွင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးဟုဆို
=======================
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ကိုးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၁ရက် နေ့လယ်က ပုလဲမြို့မှ အင်အား ၈၅ဦးခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ကျွန်းဘိုကုန်းကျေးရွာနှင့် နွယ်ရှောက်ကျေးရွာအကြားတွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ခြောက်ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA)က စက်တင် ဘာလ ၁၂ရက်နေ့ ယနေ့တွင်ထုတ်ပြန်သည်။
အထိနာသွားသည့်စစ်ကောင်စီတပ်သည် ထိုနေ့ မွန်းလွဲ ၁နာရီ ၃၇မိနစ်မှ ၂နာရီ ၅၀မိနစ်အချိန်အထိ Mi35 စစ်ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာသွားသည့်နေရာသို့ စစ်ကောင်စီတပ်သားများက ရဟတ်ယာဥ်မှ ပစ်ခတ်စဥ် မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းကို အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းBNRAက ထုတ်ပြန်ထားသည်။ ယင်းအချက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
တိုက်ပွဲတွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့အပါအဝင် ယင်းနေရာတဝိုက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၂ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပုလဲမြို့နယ်၊ လှော်ကားကျေးရွာ ရေကာတာပေါ်သို့ ရောက်ရှိလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ် အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေတွင် အင်မထီးပျူရွာသို့ ဝင်ရောက်သွားကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၂) ထံမှ သတင်းရရှိသည်။
စာတည်း - အေးချမ်း
https://youtu.be/ti_LAzLGrdc?si=3PjkCx5oiC2MnOxo
#mizzima
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်

ယမန်နေ့ စက်တင်ဘာလ ၁၁ရက် နေ့လယ်က ပုလဲမြို့မှ…

👍13😁2👏1
လစ်ဗျား ရေကြီးမှု လူ ၂,၀၀၀ ထက်မနည်း သေဆုံး
====================
လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒန်နီရယ် မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၂,၀၀၀ ခန့် သေဆုံးပြီး အခြားလူထောင်ချီ ပျောက်ဆုံးနေကြောင်း နိုင်ငံအရှေ့ပိုင်းအစိုးရထံမှ သိရသည်။ ဆည်နှစ်ခု ပြိုကျမှုကြောင့်လည်း ရေလွှမ်းမိုးနေသည့် ဧရိယာများတွင် ရေကြီးမှုတို့ကို ပိုဆိုးစေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒန်နီရယ် မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၂,၀၀၀ ခန့် သေဆုံးပြီး အခြားလူထောင်ချီ ပျောက်ဆုံးနေကြောင်း နိုင်ငံအရှေ့ပိုင်းအစိုးရထံမှ သိရသည်။ ဆည်နှစ်ခု ပြိုကျမှုကြောင့်လည်း ရေလွှမ်းမိုးနေသည့် ဧရိယာများတွင် ရေကြီးမှုတို့ကို ပိုဆိုးစေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို
Watch more detail - https://youtu.be/urSRtGWNpV0
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/urSRtGWNpV0
#reels
#shorts
#BusinessRoundUp
#MizzimaTV
👍5🔥1
အစိုးရမူဝါဒများကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူအားလုံးအား ကမ္ဘောဒီးယားဝန်ကြီးချုပ် တိုက်တွန်း
=====================
မ္ဘောဒီးယား၏ ရည်မှန်းချက်များနှင့် အမြော်အမြင်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ မူဝါဒများကို ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်ကြရန် အဆင့်အသီးသီးက တာဝန်ရှိသူများအား ဝန်ကြီးချုပ် ဟွန်မာနက်က တိုက်တွန်းသည်။

👍7🔥1😁1