Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်တရားရုံးက ထိပ်တန်းလူ့အခွင့်အရေးလှုပ်ရှားသူနှစ်ဦးကို ထောင်ဒဏ်တွေချမှတ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥4👍1
​​အနန့်ပါဖြစ်စဉ်မှပုံဖြင့် ကရင်နီပြည်နယ် ဒီမော့ဆိုတိုက်ပွဲတွင် PDF ၁၀၀ နီးပါး ကျဆုံးဟု သတင်းမှားဖြန့် 
====================

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား ၁၀၀ နီးပါး ကျဆုံးခဲ့သည်ဟူသော ဓာတ်ပုံလူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“Kyaw Swar” တယ်လီဂရမ်ချန်နယ်မှ စက်တင်ဘာလ ၆ ရက်နေ့တွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထား သည့် မြေပုံများပါဝင်သည့်ပုံဖြင့် "ဒီမောဆို တိုက်ပွဲမှာ ပဒက် ၅ကင်ပဲ
ကျတာလို သူတိုဘက်က သတင်းထုတ်ထားတယ်။ ကျော်စွာက ၁၀၀ နီးပါးကျတယ်လို တင်တယ် အချိုအချင်းချင်း သတင်း မမှန်ဘူး ဘာညာ ဖုန်းဆက်ကြတယ်။ အလိုအပိုတော့နည်းနည်းရှိပါလိမ့်မယ်။ အခု လတ်လတ်ဆက်ဆက် မသာချထား တဲ့ပုံတွေ ရလာတယ် ၅ ကင် မကဘူး ၁၀၀နီးပါးပဲ။ မိုးတွင်းကုလ ကြီး ဒီမသာတွေက အဟောင်းမဟုတ်ဘူး။လတ်လတ်ဆက်ဆက်တွေ။" ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားထားသည်။ 

ထိုအကြောင်းသည် အခြား တယ်လီဂရမ်နှင့် ဂရု(ပ်)ခြောက်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၅,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ 
အဆိုပါအကြောင်းအရာကို “တစ်ကောင်ဘွား စနေသား”အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်ဖြန့်ဝေမှု ၇၂ ခုရှိနေပြီဖြစ်သည်။ 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းအရာနှင့် ဓာတ်ပုံအားစစ်ဆေးခဲ့ရာ ကရင်နီပြည် နယ် ဒီးမော့ဆိုမြို့မှပုံမဟုတ်ဘဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်မှ ပုံ ဖြစ်ကြောင်း တွေ့ရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ အနန့်ပါကျေးရွာ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တည်ထောင် ခြင်း(၆၂)နှစ်ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပနေစဉ် အရပ်သားရာနှင့်ချီရှိသည့်နေရာကို စစ်ကောင် စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၇၀ ခန့် သေဆုံးခဲ့ရသည်။

သတင်းတုတွင် အသုံးပြုထားသောပုံသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ် အလောင်းများကို ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဘော်ဆာဒီးကျေးရွာ၌ မြှုပ်နှံခဲ့သည်ကို အောက်တို ဘာလ ၂၅ ရက်နေ့က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။
ထိုပုံကို မီဒီယာများတွင်လည်း ဖော်ပြခဲ့ကြသည်။ 

Myanmar Now မှလင့် https://myanmar-now.org/mm/news/13028/
RFA မှလင့် https://www.rfa.org/english/news/myanmar/hpakant-aftermath-1025202206281...

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ကြားရှိ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး တလအတွင်း ဒုဗိုလ်မှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား ၁၁၀ ဦးသေဆုံးပြီး KNDF မှ ရဲဘော်ငါးဦး ကျဆုံးခဲ့ ကြောင်း KNDF က စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ လင့် - https://shorturl.at/apuQS

ဒီးမော့ဆိုရှိ စစ်ဘေးရှောင်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ကူညီနေသည့် Jobs for Kayah မှ ကိုလွမ်းအား ကာကွယ်ရေးတပ်ဖွဲ့များကျဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမကမေးမြန်းရာတွင် “တလခွဲ လောက် က ပူဖားနဲ့ သဲတောင်ရောဆိုရင်တော့ ရှစ်ယောက်လောက် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကျတယ်” ဟု ၎င်းက ပြောသည်။ 

စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲနှင့် ပူဖားကျေးရွာတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်စခန်းများအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ ခလရ(၉) မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံး ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ပူးပေါင်းအဖွဲ့မှ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထား သည်။
လင့် - https://shorturl.at/kqvyC

ထို့ပြင် အခြားယုံကြည်စိတ်ချရသည့် မီဒီယာများတွင်လည်း ဒီးမော့ဆိုတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၁၀၀ နီးပါးကျဆုံးသည့်အကြောင်း ဖော်ပြထားခြင်းမရှိပေ။ 

ထို့ကြောင့် ဒီးမော့ဆိုတွင် PDF တပ်သား ၁၀၀ နီးပါး သေဆုံးသည်ဟူသောပုံမှာ ကရင်နီပြည်နယ်မှ ဓာတ်ပုံမဟုတ်ဘဲ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ် အနန့်ပါကျေးရွာ၌ ဗုံးကြဲခံရမှု ကြောင့် အရပ်သားများအပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပုံဟောင်းဖြင့် ဖြန့်ဝေ ထားသည့် သတင်းမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
🔥6❤3👍3😁2🤬1
​​အင်ဒိုနီးရှားတွင် တရုတ်စီမံကိန်းအား ဆန္ဒပြမှုကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖြန့်ကြက်
====================

Malay Mail
အင်ဒိုနီးရှားနိုင်ငံတွင် ဒေသခံ ထောင်ပေါင်းများစွာ နေရပ် ရွှေ့ပြောင်းရနိုင်သော တရုတ်ကျောထောက်နောက်ခံသည့် စီမံကိန်းတရပ်ကို ဆန္ဒပြမှု ဖြစ်ပွားပေါ်ပေါက်သဖြင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ ရာနှင့်ချီကာ ဖြန့်ကြက်ထားကြောင်း တာဝန်ရှိသူတဦးက သောကြာနေ့တွင် ပြောသည်။

ရမ်ပန်းကျွန်းတွင် ဒေါ်လာဘီလီယံများစွာတန် မှန်စက်ရုံ တည်ဆောက်ခြင်း အပါအဝင် တရုတ်ရန်ပုံငွေ စိုက်ထူသည့် စီးပွားရေးဇုန် ဖန်တီးရန် အစီအစဉ်ကို ဘာတမ်စီးတီးက ပြည်သူ ၁,၀၀၀ နီးပါးက တနင်္လာနေ့တွင် ဆန္ဒပြကြခြင်း ဖြစ်သည်။ ထို စီမံကိန်းကြောင့် ဒေသခံပြည်သူ ၇,၅၀၀ ခန့် နေရပ်ရွှေ့ပြောင်းရနိုင်သည်။

အစိုးရဌာနတခု အပြင်ဘက်တွင် ဓားရှည်များ၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်းများနှင့် ကျောက်တုံးကျောက်ခဲများ ပစ်ပေါက်တိုက်ခိုက်ပြီး ဆန္ဒပြသူအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိပ်တိုက်တွေ့မှု ဖြစ်ပွားကာ ဒါဇင်များစွာကို ဖမ်းဆီးထားသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားတွင် အခြေခံအဆောက်အအုံနှင့် ရင်းမြစ်စီမံကိန်းများအတွက် တရုတ်က ငွေကြေးစိုက်ထုတ်နေကာ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် ယခင် လူမှုရေး မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ ဆူလာဝေစီကျွန်းရှိ နီကယ်သန့်စင်စက်ရုံတခုတွင် ဇန်နဝါရီလအတွင်း အဓိကရုဏ်း ဖြစ်ပွားပေါ်ပေါက်ပြီး လူသေဆုံးမှု ရှိခဲ့သည်။

ပြင်းထန်သော နည်းဗျူဟာများ ကျင့်သုံးခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် Brimob ဟဟဟု သိရသော အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ရင်းကို ဆန္ဒပြမှု ဖြစ်ပွားရာသို့ ပြီးခဲ့သည့်ရက်က စေလွှတ်ထားကြောင်း စင်ကာပူနှင့် အနီးက ရီအာယူကျွန်းပြည်နယ်က ရဲတပ်ဖွဲ့က ပြောသည်။

“ပြည်နယ်က တပ်ရင်းကို စေလွှတ်ထားတာပါ၊ လုံခြုံရေးအတွက် ဖြန့်ကြက်တာ ဖြစ်ပါတယ်”ဟု ပြောခွင့်ရသူ ဇာဝါနီ ပန်ဒရာက အေအက်ဖ်ပီသို့ ပြောသည်။

“စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အရေးပါတဲ့ ဒီ အရပ်မှာ လုံခြုံရေး ထိန်းသိမ်းနိုင်ဖို့က အဓိက ကျပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖြန့်ကြက်ခြင်းကို အခြေအနေပေါ် မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ပြန်လည်နေရာချထားရေး အစီအစဉ်ကို သင့်တင်လျောက်ပတ်စွာ ရှင်းပြထားပါက တားဆီးနိုင်လိမ့်မည်ဖြစ်သော တနင်္လာနေ့က ဆန္ဒပြမှုသည် သတင်းမှားများကြောင့် စီမံကိန်းအပေါ် စိတ်ဆိုးဒေါသထွက်ကြခြင်းကြောင့် ဖြစ်ရသည်ဟု သမ္မတ ဝီဒိုဒိုက ကြာသပတေးနေ့တွင် ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

Photo : AFP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🔥1👏1
စက်တင်ဘာလ ( ၁၅ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00-မြန်မာနဲ့ ရုရှားဆက်ဆံရေး အကောင်းဆုံးတည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးပြောတဲ့သတင်း

05:51-ကျွန်းအနီးမှာတရုတ်စစ်လေယာဉ် ၆၈ စင်းနဲ့ သင်္ဘော ၁၀ စင်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ပြော တဲ့သတင်း

10:44-ငါးအလွန်အကျွံဖမ်းခြင်းပြဿနာအတွက် ကမ္ဘာလုံးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ ဂရင်းပိစ်အဖွဲ့တိုက်တွန်းတဲ့သတင်း

12:08-တရုတ်အာကာသယာဉ်နဲ့ ဗင်နီဇွဲလားအာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ်စေလွှတ်နိုင်တော့မှာဖြစ်ကြောင်း မာဒူရိုပြောတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/F-8J9Tpye0M?si=m3px6pCGC_CEYF4T

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🍌3👍1
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်း ရပ်ဆိုင်း |Business Round Up(15.9.2023)
==================

- စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

- အသင်းအဖွဲ့များ မဖြစ်မနေ မှတ်ပုံတင်လျှောက်ဖို့ စစ်ကောင်စီ ပြည်ထဲရေးပြော

- ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်း ရပ်ဆိုင်း

- မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှု ကျဆင်းနေ

https://youtu.be/8x88v8L9W8k?si=q0iRwwAdBMoWlZtC

#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🍌1
​​ဝန်ကြီးချုပ် မိုဒီ၏ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုကြောင့် အိန္ဒိယပညာရေးစနစ်ကို ကမ္ဘာက အသိအမှတ် ပြုလာရကြောင်း ပညာရေးဝန်ကြီး ပြောကြား
=========================

ANI
ဂျီ-၂၀ အား အမြော်အမြင်ရှိရှိ ဦးဆောင်မှုအတွက် ဝန်ကြီးချုပ်မိုဒီအား အထူးတလည်နှင့် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း အိန္ဒိယပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒါမန်ဒရာ ပရာဟန်က ပြောကြား လိုက်သည်။

အားလုံးပါဝင်နိုင်သည့်အမြင်ဖြင့် အာဖရိကသမဂ္ဂ (AU) ကို ဂုဏ်ယူဖွယ် ဂျီ-၂၀အုပ်စုတွင် အောင်မြင်စွာ ပေါင်းစည်းနိုင်ရေးအတွက် အိန္ဒိယက ဦးဆောင်မှုပေးခဲ့ပြီး ဂျီ-၂၀ကို အမှန်တကယ် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ ပြောပိုင်ခွင့်ကို ပိုမိုရရှိစေခဲ့သည်။

ဂျီ-၂၀ ဦးဆောင်မှုအောက်တွင် ကမ္ဘာလုံးဆိုင်ရာပညာရေးအစီအစဉ်ကိုရှေ့ဆက်ရေးအတွက် ဝန်ကြီးချုပ် မိုဒီ၏ အမြော်အမြင်ရှိသောခေါင်းဆောင်မှုနှင့် ရှင်းလင်းပြတ်သားခေါင်းဆောင်မှုကို ပရာဟန်က ဂုဏ်ပြုခဲ့သည်။

ယင်းကြောင့် အိန္ဒိယပညာရေးနှင့် ကျွမ်းကျင်မှုအား ကမ္ဘာက အသိအမှတ်ပြုမှုနှင့် နိုင်ငံတော်ပညာရေးမူဝါဒ ၂၀၂၀ ၏ အဓိကအခြေခံမူများနှင့် ဦးစားပေးများအတွက် ထောက်ခံမှုရရှိစေခဲ့သည် ဟု ၎င်းက ပြောကြားခဲ့ သည်။

အိန္ဒိယက ဥက္ကဋ္ဌရာထူးရယူချိန်တွင် အများသဘောတူမှု၊ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံကာ ကမ္ဘာလုံး ဆိုင်ရာ အစီအစဉ်ကို ပြောင်းလဲခြင်းအတွက် ချီးကျူးဂုဏ်ပြုထိုက်ကြောင်း မီဒီယာသို့ ထုတ်ပြန်သည့် ကြေညာ ချက်တွင် ပရာဟန်က ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ အစိမ်းရောင်အသွင်ကူးပြောင်းရေး၊ အမျိုးသမီးဦးဆောင်သည့် ဖွံ့ဖြိုး တိုးတက်ရေးဟူသည့် ပညာရေးလုပ်ငန်းအဖွဲ့က ဖော်ထုတ်ထားသော ဦးစားပေးအရှိန်မြှင့်တင်ရမည့် ကဏ္ဍ ၃ ရပ်နှင့် ခေါင်းဆောင်များ၏ ကြေညာချက်သည် ကိုက်ညီမှုရှိကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။

ယင်းက အရည်အသွေးရှိသော ပညာရေးတွင် အမျိုးသမီးများက ဆုံးဖြတ်ချက်ချသူများအဖြစ် အဓိပ္ပာယ်ပြည့်ဝ စွာ ပါဝင်မှုကို မြှင့်တင်ရေး ကတိကဝတ်နှင့် ပညာရေးအပါအဝင် ဒစ်ဂျစ်တယ်အများပြည်သူ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်ရေး (LiFE )ကို မြှင့်တင်ရန် အာရုံစိုက်ခြင်း ကို ထင်ဟပ်ဖော်ပြနေသည်။

PM POSHAN အစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည့် ကျောင်းအလွယ်တကူတက်နိုင်ရေး၊ လက်လှမ်းမီရေး၊ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အစားအစာများနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပံ့ပိုးပေးရန်လိုအပ်ကြောင်း ခေါင်းဆောင်များ၏ ကြေညာချက်တွင် အလေးပေးဖော်ပြသည့်အတွက် ဝန်ကြီးချုပ် ကို ပရာဟန်က ကျေးဇူးတင်ခဲ့သည်။

ဂျီ-၂၀ ပညာရေးလုပ်ငန်းအဖွဲ့အစည်းအဝေးများတွင် ဆက်လက်လုပ်ဆောင်နေသည့် နောက်ဆက်တွဲလုပ် ဆောင်မှုနှင့်ပတ်သက်၍ ပရာဟန်က နိုင်ငံအများအပြားနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာမျှဝေခြင်းနှင့် ဆန်းသစ်သောချဉ်းကပ်မှုများကို ပြုလုပ်ခြင်းဖြင့် အိန္ဒိယနှင့် ဂျီ-၂၀ မိတ်ဖက်များသည် အနာဂတ်ပညာရေးနှင့် လေ့ကျင့်ရေးစနစ်များအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် မှုများ ပိုမိုလုပ်ဆောင်ရန် တွန်းအားများ ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 15 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
🖕3👍1
​​'အရှက်ရစေ'တဲ့ ဆက်ဆံမှုဖြင့် ဂျူဗင်တပ်စ်ကို တရားဥပဒေအရ အရေးယူဖို့ ဘိုနူချီ အတည်ပြု
======================

By PKThawn
လီယိုနာဒို ဘိုနူချီက ဂျူဗင်တပ်စ်ဟာ သူ့အပေါ် ဆက်ဆံရေးအေးခဲလာခဲ့ပြီး နောက်ဆုံးတော့ နွေရာသီမှာ ရောင်းထုတ်ခံရပြီးနောက် သူ့အပေါ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ စီးရီးအေကလပ်က အမှန်အတိုင်း မပြောခဲ့ကကြဘူးလို့ ဆိုရင်း သူဟာ ဂျူဗင်တပ်စ်ကို တရားဥပဒေလမ်းကြောင်းအရ အရေးယူဆောင်ရွက်နေကြောင်း အတည်ပြုခဲ့ပါတယ်။

သူ့ရဲ့ ကာလရှည် ကစားသမားဘဝတစ်လျှောက် ကလပ်၊ နိုင်ငံအသင်းနဲ့အတူ လက်တွဲပြီး ဆုဖလားများစွာ ဆွတ်ခူးထားတဲ့ ဝါရင့်နောက်ခံလူ ဘိုနူချီဟာ ရာသီကြိုမှာ ဂျူဗင်တပ်စ်မှ ဘေးဖယ်ထားခံခဲ့ရပြီး ဇူလိုင်လမှာ အမေရိကန် ခရီးစဉ်ကို လွဲချော်ခဲ့ပြီး ပထမအသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်နဲ့ အဝေးမှာ ရှိနေခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားက ပွဲ ၅၀၀ ကျော်ကစားခဲ့ပြီး လိဂ်ဖလား ၈ ကြိမ်ရရှိခဲ့တဲ့ ကလပ်အသင်းကို တရားစွဲဖို့ "ခက်ခဲတဲ့ ဆုံးဖြတ်ချက်"ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ အခုလိုလုပ်ရတာဟာ အသင်းက သူ့ကို အရှက်ရစေတဲ့ ဆက်ဆံမှုလို့ ယူဆတယ်လို့ သူက ဆိုပါတယ်။

ကြာသပတေးနေ့မှာ ထုတ်လွှင့်တဲ့ Mediaset နဲ့ အင်တာဗျူးတစ်ခုမှာ ဘိုနူချီက "ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့တာ ကြာခဲ့ပါပြီ။ အမှန်မဟုတ်တာတွေ ကျနော် ဖတ်ပြီး ကြားသိခဲ့ရတာတွေ အများကြီးရှိတာကြောင့်ပါ။" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ယူနီယံဘာလင်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဘိုနူချီက သူဟာ ဂျူဗင်တပ်စ်ရဲ့ အစီအစဉ်တွေမှာ မရှိတော့ဘူးလို့ အသင်းက ဇူလိုင်လလယ်မှသာ သူ့ကို ပြောခဲ့ပြီး ပြီးခဲ့နှစ် အောက်တိုဘာလနဲ့ ဖေဖော်ဝါရီလမှာ နှစ်ကြိမ်တိုင်တိုင် သူ့ကို ပြောခဲ့တဲ့ ကလပ်ရဲ့ ဇာတ်ကြောင်း ဗားရှင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဆိုပါတယ်။

"ကလပ်အသင်းနဲ့ သီးခြားတွေ့ဆုံဆွေးနွေးမျိုးလည်း မရှိခဲ့ပါဘူး။ မတ်လအကုန်မှာတော့ နည်းပြအယ်လီဂရီက သူ့ရုံးခန်းထဲခေါ် ခဲ့ပါတယ်။ မင်းက နည်းပြတစ်ဦးဖြစ်ချင်တာကြောင့် နည်းပြအဖြစ်ကို အရှိန်မြှင့်လုပ်ဆောင်သင့်တယ်။ ဒီတော့ ဇွန်လအကုန်မှာ မင်းအနေနဲ့ အသင်းကနေ ထွက်သင့်တယ်လို့ သူက ကျနော်ကို ပြောခဲ့ပါတယ်။”လို့ ဘိုနူချီက ပြောပါတယ်။

"သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်လို့ ကျနော် သူ့ကို ပြောခဲ့ပေမယ့် အနည်းဆုံးတော့ နောက်နှစ် ဥရောပချန်ပီယံရှစ် ပြီးဆုံးတဲ့အထိ ဆက်ကစားဖို့ ကျနော် ရည်ရွယ်ထားခဲ့တာပါ။ စကားဝိုင်းက အဲဒီမှာပဲ အဆုံးသတ်ခဲ့ပါတယ်။"

Ref; AFP
#Bonucci #Juventus
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
ငါးအလွန်အကျွံဖမ်းခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ ဂရင်းပိစ်အဖွဲ့တိုက်တွန်း

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍2🔥1
​​နိုင်ကျဥ်းမိသားစုဝင်များထံ ပုသိမ်ထောင်ဝန်ထမ်းများက ငွေလိမ်တောင်းမှုများပြုလုပ်ဟုဆို
==================

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ ပုသိမ်အကျဥ်းထောင်ရှိ ဝန်ထမ်းများက နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်တောင်းယူမှုများ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံက သိရသည်။

နိုင်ငံရေးအကျဥ်းသားများက ငွေမှာသည်ဟုဆိုကာ ထောင်ဝန်ထမ်းအချို့က နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံ ဖုန်းဆက်၍ ငွေလိမ်တောင်းခြင်းများ ပြုလုပ်နေသည်ဟု နိုင်ငံ‌ရေးအကျဥ်းသားများ၏ မိသားစုဝင်များက ပြောသည်။

ယင်းပြင် အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားများက စာပို့၍ငွေမှာသည်ဟုဆိုကာ ငွေလိမ်တောင်းခြင်းများကိုလည်း ပြုလုပ်နေကြောင်း ၎င်းတို့က ဆိုသည်။

"အထဲက ငွေမှာတယ်ဆိုပြီး ထောင်ဝန်ထမ်းက ဖုန်းဆက်ပြောလို့ ငွေပို့တယ်။နီးစပ်တဲ့လူတွေဆီက ပြန်သိရတော့ တခါမှ ထောင်ထဲကလူဆီ မရောက်ဘူး။သူတို့လိမ်ညာတောင်းစားနေတာပါ။ အထဲကလူက စာပို့ရင်လည်း နှစ်သောင်းတောင်းတာကို အပေါ်ပိုင်းကိုဖြည့်ပြီး ငါးလို့ပြောင်းတယ်။စာမပို့ဘဲ ပို့တယ်ဆိုပြီးတော့လည်း တောင်းတယ်"ဟု ငွေလိမ်တောင်းခံရသည့် နိုင်ငံရေးအကျဥ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

နိုင်ငံရေးအကျဥ်းသားများအပြင် အခြားအမှုများဖြင့် အကျဥ်းကျခံနေရသည့် အကျဥ်းသားများ၏ မိသားစုဝင်များလည်း ငွေကြေးလိမ်လည်တောင်းယူခံနေရသည်ဟု ၎င်းကဆိုသည်။

"ကျွန်တော့်တူလေးက ရန်ဖြစ်ရင်းလက်လွန်လို့ထောင်ကျနေတာ၊ အထဲက ပိုက်ဆံမှာတယ်ဆိုပြီး ထောင်ဝန်ထမ်းကပြောလို့ သုံးသောင်းပို့လိုက်တယ်။ရုံးထုတ်မှ ကျွန်တော့်တူလေးနဲ့တွေ့တော့ မေးကြည့်တာ သူမမှာပါဘူးလို့ပြန်ပြောတယ်။ ဝန်ထမ်းကလိမ်တောင်းတာပါ"ဟု အမည်မဖော်လိုသည့် အမျိုးသားတဦးကပြောသည်။

ထိုသို့ငွေလိမ်တောင်းခြင်းများကို ၂၀၂၂ ခုနှစ်အတွင်းမှစတင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားလျှင်လည်း ထောင်ဝန်ထမ်းအား အရေးယူဆောင်ရွက်မည်
မဟုတ်ဘဲ တိုင်ကြားသူသာ အန္တရယ်ရှိနိုင်သည့်အတွက် နှုတ်ဆိတ်နေခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များက ပြောသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ငွေလိမ်တောင်းခံရသည့် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင် ၅၀ နှင့် ၁၀၀ ကြားရှိနိုင်သည်ဟု ၎င်းတို့ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အမည်မသိအမျိုးသမီးတဦးက နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအား Mytel ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ကာ ငွေကြေးလိမ်လည်တောင်းယူခြင်းများပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် ထောင်အာဏာပိုင်များက ပုသိမ်အကျဥ်းထောင်သို့ ထောင်ဝင်စာပို့ခွင့်ကို အကန့်အသတ်ဖြင့်သာ ပို့ခွင့်ပေးထားကြောင်း သိရသည်။

ပုသိမ်အကျဥ်းထောင်တွင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်ခန့် ရှိနေသည်ဟု အကျဥ်းထောင်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား

ဓာတ်ပုံ - ပုသိမ်ထောင်မှ အကျဥ်းသားများ(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤3😱2🔥1
စက်တင်ဘာလ ၁၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================

https://youtu.be/SoztHBOKTtw?si=WEaSkNxJiynuevtA

————————
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
​​အဲဗာတန်ကို လွှဲယူပိုင်ဆိုင်ဖို့အတွက် သဘောတူညီချက်ကို အမေရိကန် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ 777 သဘောတူ
================

By PKThawn

ဖာဟတ်ဒ် မိုရှီရီဟာ သူ့ရဲ့ ရှယ်ယာ ၉၄ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ 777 မိတ်ဖက်တွေ ပိုင်ဆိုင်ဖို့အတွက် သောကြာနေ့က သူတို့နဲ့ သဘောတူညီခဲ့ပြီးနောက် အဲဗာတန်အသင်းဟာ အမေရိကန်လက်ထဲ ကျရောက်မယ့် နောက်ဆုံး ပရီးမီးယားလိဂ်ကလပ်ဖြစ်လာဖို့ ရှိနေပါတယ်။

ဗြိတိန်-အီရန်စီးပွားရေးလုပ်ငန်းရှင် မိုရှီရီဟာ Bramley-Moore Dock မှာ ကလပ်ရဲ့ ပေါင်သန်း ၅၀၀ (ဒေါ်လာ ၆၈၅ သန်း) တန် ကွင်းသစ်ကို အပြီးသတ်အောင် ကူညီဖို့ အချိန်အတန်ကြာ ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေခဲ့ပါတယ်။ ဒါက ကွင်းသစ်ကို လာမယ့်ရာသီမှာ ဖွင့်လှစ်နိုင်ရေးအတွက်ပါ။

777 Football Group ဟာ ဆီဗီလာ၊ ဂျီနိုအာ၊ ဟာသာဘာလင်၊ Standard Liege၊ ပြင်သစ်ရဲ့ Red Star နဲ့ မဲလ်ဘုန်းဗစ်တိုရီအသင်းတို့ကို ပိုင်ဆိုင်ထား ဒါမှမဟုတ် အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

မိုရှီရီဟာ ၂၀၁၆ မှာ ရှယ်ယာအများစုပိုင်ဆိုင်သူဖြစ်လာပြီးနောက်ပိုင်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုအနည်းငယ်နဲ့ ခေါ်ယူမှုအသစ်တွေအတွက် ပေါင်သန်း ၅၀၀ ကျော် သုံးစွဲခဲ့ပါတယ်။

တော်ဖီတို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တန်းဆင်းသွားတာကနေ သီသီလေး ရှောင်ရှားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် လေးပွဲကနေ တစ်မှတ်သာ ရယူထားနိုင်ခဲ့ပါတယ်။

"ပိုင်ရှင်/ငွေကြေးပိုင်း ထောက်ပံ့ပေးသူ တစ်ဦးရဲ့ နေ့ရက်တွေဟာ အများစုအတွက် လက်လှမ်းမမီတော့ပုံရပြီး အကြီးဆုံးကလပ်တွေကို အခုအခါ ပုံမှန်အားဖြင့် အရင်းအမြစ်ကောင်းမွန်တဲ့ PE (ပုဂ္ဂလိကပိုင်) ကုမ္ပဏီတွေ၊ အားကစား အထူးပြု ရင်းနှီးမြှုပ်နှံသူတွေ ဒါမှမဟုတ် အစိုးရကျောထောက်နောက်ခံပြုကုမ္ပဏီတွေနဲ့ ရန်ပုံငွေအဖွဲ့တွေက ပိုင်ဆိုင်ကြပါတယ်"လို မိုရှီရီက ပြောပါတယ်။

"777 နဲ့ ကျနော်ရဲ့ ရှည်လျားတဲ့ ဆွေးနွေးမှုတွေကနေတစ်ဆင့် သူတို့ရဲ့ကလပ်ပေါင်းများစွာမှာ ရင်းနှီးမြုပ်နှံမှုပုံစံရဲ့ အကျိုးကျေးဇူးတွေနဲ့အတူ ကျနော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ကလပ်ကို ရှေ့ဆက်သွားပေးဖို့ သူတို့ဟာ အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်တွေလို့ ကျနော် ယုံကြည်ပါတယ်။"

ဘောလုံးနဲ့ ဘဏ္ဍာရေး အာဏာပိုင်တွေက သဘောတူညီချက်ကို မီးစိမ်းအချက်ပြခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ် ၂၀ ထဲက ၁၀ သင်းကို အမေရိကန်က ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

(AFP)

File Photo: EPA

#Everton #Moshiri #777 #အဲဗာတန်
👍6🔥1😁1
မုံရွာတွင် စစ်ကောင်စီနှင့်ပျူတပ်စွဲထားသည့်‌ရွာကို လက်လုပ်လက်နက်ကြီးများဖြင့်တိုက်ခိုက်၊ စစ်ကောင်စီ ပစ်ကူတောင်းရဟုဆို
=================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးများတပ်စွဲထားသည့် တောပုကျေးရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း Aung San Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၆၀မမ၊ ၈၀မမ လက်လုပ်လက်နက်ကြီးအလုံး ၁၀၀ခန့်ဖြင့် ယမန်နေ့ စက်တင်ဘာလ ၁၄ရက်ညနေ ၃နာရီ ၃၀မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုရှိပြီး အသေးစိတ်အခြေနေကို မသိရသေးကြောင်း Aung San Force ပြန်ကြားရေး တာဝန်ခံက မဇ္စျိမကိုပြောသည်။

တောပုကျေးရွာကို ပြည်သူ့ကာကွယ်ရေးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေစဉ် ရွာအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သကဲ့သို့ မုံရွာမြို့အဝင် မအူဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ကလည်း ၁၂၀ မမ များဖြင့် ပစ်ကူ‌ပေးခဲ့သည်ဟု သိရသည်။

" သူတို့ စစ်ကူတောင်းရတာ။ အထိအခိုက်များတယ်ထင်တယ်။ ကျွန်တော်တို့က လက်နက်အင်အားနည်းလို့ ဝင်မတိုက်တာ" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

တောပုကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသလို မုံရွာမြို့တွင်းနှင့် မြို့အထွက်ရှိ ဂိတ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဝင်ထွက်သွားလာနေသည်ဟု သိရသည်။

ယခုတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၅) တပ်ရင်း Aung San Force နှင့် မဟာမိတ် တပ်ရင်းများဖြစ်ကြသော မုံရွာခရိုင်အမှတ်(၂၃) တပ်ရင်း ၊ မုံရွာခရိုင် အမှတ်(၂၅) တပ်ရင်း၊ မုံရွာခရိုင်အမှတ်(၂၇) တပ်ရင်း ၊ Dragon Brother Defence Force နှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများကို ကူညီပါဝင်အားဖြည့်ပေးကြပါရန်နှင့် စစ်ကောင်စီတပ်ဖွဲ့နှင့်တပ်စခန်းများရှိရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာပေးကြရန် Aung San Force ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။ အေးချမ်း

https://youtu.be/DFNn0NRYO2g?si=vH3ZEpUPsL7xvOwl

#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏3🥰2🔥1
​​စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ်မီးရှို့ခံရသော ဒေသခံများအတွက် NUG က ယာယီတဲများဆောက်လုပ်ပေး
===================

ကိုခင်မောင်
(မဇ္စျိမ)။      ။ စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် နေအိမ်မီးရှို့ခံလိုက်ရသော စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒေသခံများအတွက် ယာယီတဲများ ဆောက်လုပ်ပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုစက်တင်ဘာလအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံမှုရှိသည့်နေရာများ၌ ယာယီတဲ ၁၀၈လုံးအား ကိုရီးယားမှရဲဘော်များ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောက်လုပ်ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများဖြင့် တော်လှန်ရေးကာလအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများရှိ စစ်ဘေးသင့်ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာများအပြင် နယ်မြေလုံခြုံရေးအရ ယာယီတဲများ ပြန်လည်တည်ဆောက်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူဦးရေ ၁ဒသမ၉သန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar)က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်အဆောက်အအုံ စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ကြောင်း၊ ဒုတိယအများဆုံးဒေသမှာ မကွေးတိုင်းနှင့် တတိယအများဆုံးမှာ ကရင်ပြည်နယ်အတွင်းမှဖြစ်ကြောင်း Institute for Strategy and Policy- Myanmar ၏မှတ်တမ်းများအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကိုင်းတိုင်း
#ယာယီတဲ 

ပုံအညွှန်း- စစ်ကိုင်းတိုင်းတွင် NUG တည်ဆောက်ပေးသည့် ယာယီတဲများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤4🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ စက်တင်ဘာ ၂၀၂၃) ======================

စစ်တပ်သည် ယခုတိုင်ဖက်ဆစ်အမူအကျင့်ကို မစွန့်လွတ်သေးဘဲ ရောက်သည့်နေရာတွင် အကြမ်းဖက်မီးရှို့ လုယက် လူသတ်မှုမျိုးကို ကျူးလွန်မြဲကျူးလွန်နေသည်ကိုတွေ့ရသည့်အတွက် နောင်တချိန်တရားမျှတမှုပြန်ယူသည့်အခါတွင် အောက်ခြေအဆင့်ကျူးလွန်နေသူများ မှသည်အထက်အဆင့်ဆင့်ကိုပါ အရေးယူရမည်ဖြစ်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပေကျင်းတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံ 
==================

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စက်တင်ဘာ ၁၅ ရက်တွင် တွေ့ဆုံပြီး သူ့ ဖခင်ဖြစ်သူ ဟွန်ဆန် တည်ဆောက်ခဲ့သော တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးအား ဆက်လက်ဖော်ဆောင်ရေးကို မျှော်လင့်ထားသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🤬1
စက်တင်ဘာလ (၁၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 
=================

- စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေ အပါအဝင် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာတဲ့ သတင်း

- စစ်ကောင်စီတပ်သားတွေ ဝင်လာတာကို နယ်စပ်ဖြတ်ကျော် မတော်တဆမှုအဖြစ် ထိုင်းအစိုးရတုန့်ပြန်လိုက်တဲ့ သတင်း

- မာရဝိဇယရုပ်ပွားတော်ကို မဖြစ်မနေဖူးရမယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတဲ့ သတင်း

- အသင်းအဖွဲ့များ မဖြစ်မနေ မှတ်ပုံတင်လျှောက်ဖို့ စစ်ကောင်စီ ပြည်ထဲရေးပြော တဲ့ သတင်း

- တမူး-အောင်ဇေယျလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့ ယာယီပိတ်တဲ့ သတင်းနဲ့

- လက်ဘနွန်ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကတိုက်ပွဲတွေအတွင်း လူ ၇ ဦးသေဆုံး
 တဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/UFTiXfPqIec?si=vCX4xp94QBjchybY

#7pmnews 
#themizzimaprimetime 
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1
စက်တင်ဘာလ( ၁၅ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... 

ထိုင်းနိုင်ငံ MOU ရွှေ့ပြောင်းလုပ်သားတွေဟာ စာချုပ်ပါအလုပ်ရုံမှာ အလုပ်လုပ်ခွင့်မရပဲ အခက်ကြုံ နေတဲ့သတင်းနဲ့အတူ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေး ကိုယ်စားလှယ်ကတိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။ 

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။ 

https://youtu.be/_0pVqcaiB2E?si=U-sVrY_4mFm-7GIf

#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1