Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ထိပ်သီးကုမ္ပဏီများ ဒေါ်လာဘီလီယံချီ လာရောက်ရင်းနှီးမြှုပ်နှံမည်ဟု ထိုင်းဝန်ကြီးချုပ် မျှော်လင့်
=======================

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ နာမည်ကျော်ကုမ္ပဏီကြီးများဖြစ်ကြသည့် Tesla ၊ Google နှင့် Microsoft တို့ထံမှ အနည်းဆုံး ဒေါ်လာ ၅ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2
​​အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံလွှင့်ထူခြင်းကို OCA ကာကွယ်
===================

By PKThawn
တားမြစ်ဆေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တားမြစ်ပိတ်ပင်ထားပေမယ့်လည်း အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံကို လွှင့်ထူပြသခွင့်ပြုဖို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို အာရှအိုလံပစ်ကောင်စီရဲ့ အကြီးအကဲ ရာဂျာ ရမ်ဒီဆင်းက ခုခံကာကွယ်ခဲ့ပါတယ်။
ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအေဂျင်စီ (WADA)က နိုင်ငံရဲ့ အမျိုးသား တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအဖွဲ့အစည်းဟာ ၂၀၂၁ မှာ “လိုက်နာမှု မရှိ” ကြောင်း ကြေညာခဲ့ပြီး သူတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အတူ ချမှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အိုလံပစ်နဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေကလွဲလို့ ဘယ်ဒေသတွင်းမဆို၊ တိုက်ကြီး ဒါမဟုတ် ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ သူတို့အလံကို လွှင့်တင်ခွင့်မရှိခြင်းတို့ ပါဝင်ခဲ့ပါတယ်။
ဒီကြားထဲမှာပဲ မြောက်ကိုရီးယားအလံကို သူတို့ရဲ့ အားကစားသမားကိုယ်စားလှယ်အဖွဲ့မှ အာရှအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် စနေနေ့က ဟန်ဂျိုး အိုလံပစ်အားကစားကွင်းဆီ သယ်ဆောင်ခဲ့တာပါ။

“ကျနော်တို့ဟာ သူတို့ (WADA) နဲ့ ဆွေးနွေးနေပြီး မြောက်ကိုရီးယားက သူတို့ဆီ စာရေးသားပေးပို့ပြီး သူတို့ရဲ့ ရပ်တည်ချက်ကိုလည်း ရှင်းပြထားပါတယ်”လို့ OCA ယာယီဥက္ကဋ္ဌ ဆင်းက ပြောပါတယ်။
“ကျနော်တို့ဘက်ကနေလည်း ရှင်းပြနေပါတယ်။

“လက်ရှိမှာ မြောက်ကိုရီးယားအလံဟာ လွှင့်တင်ထားပြီး၊ အနာဂတ်မှာ ဘာပြောဆိုလာမလဲဆိုတာကို ကျနော်တွေ စောင့်ကြည့်သွားမှာပါ။”

"အားလုံး ပါဝင်သင့်ပြီး ပါဝင်ဖို့ အခွင့်အရေးရှိပါတယ်။ ကပ်ရောဂါကနေ ဖြစ်ပေါ်လာခဲ့တဲ့ သတ်မှတ်ကိစ္စရပ်တွေရှိတယ်ဆိုရင် ဒါကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်"လို့ ဆင်းက ထည့်ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ Covid ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ချလိုက်ပြီးချိန်မှာပဲ WADA ဟာ အာရှနိုင်ငံကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ကပ်ရောဂါကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်မှာ မပါဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက် တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကနေ မြောက်ကိုရီးယားကို နိုင်ငံတကာ အိုလံပစ်ကော်မတီက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားဟာ သူတို့ရဲ့ တင်းကျပ်တဲ့ အစီအမံတွေကို လျှော့ပေါ့ပေးဖို့ မကြာသေးခင်က ဖြည်းဖြည်းချင်း ပြန်လည်စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး ဟန်ကျိုးဆီ ကစားသမား အင်အား ၂၀၀ နီးပါးစေလွှတ်ကာ ကမ္ဘာလုံးဆိုင်ရာ အားကစားနယ်ပယ်မှာ သူတို့ရဲ့ နှစ်ပေါင်းများစွာ အထီးကျန်မှုကို အဆုံးသတ်နေပါတယ်။

(AFP)

#NorthKorea #AsianGames #AsianGamesHangzhou #OlympicCouncilAsia
😁4👍3❤‍🔥1
Media is too big
VIEW IN TELEGRAM
ဆီရီးယားကို မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တရုတ်ကြေညာ

#InternationalNews #reels #shorts
🔥3👍1
​​အာရှအားကစားပြိုင်ပွဲမှာ အားကစားသမား ၂၀၀ အထိ တားမြစ်ဆေးသုံးစွဲမှုရှိမရှိ ဆေးစစ်ခဲ့
=======================

By PKThawn
အာရှအားကစားပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၅၀ မှ ၂၀၀ အကြား တားမြစ်ဆေးသုံးစွဲမှုရှိမရှိအတွက် ဆေးစစ်ထားပြီးဖြစ်ပြီး အခုအချိန်အထိ ဆေးကျတဲ့အဖြေကိုတော့ မသိရှိသေးကြောင်း အာရှအိုလံပစ်ကောင်စီက တနင်္လာနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဟန်ဂျိုးမြို့မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲ ဒုတိယနေ့မှာတော့ တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး သတင်းစာရှင်းလင်းပွဲမှာ OCA က ပြိုင်ပွဲမှာ တားမြစ်ဆေး စစ်ဆေးမှုဟာ "အရှိန်မြင့် လုပ်ဆောင်နေခဲ့ပါတယ်"လို့ ပြောပါတယ်။

OCA တားမြစ်ဆေး တိုက်ဖျက်ရေးကော်မတီရဲ့ အကြံပေးပုဂ္ဂိုလ် Mani Jegathesan က "မူးယစ်ဆေးဝါး လိမ်လည်မှုတွေ အမြစ်ပြတ်လုပ်ဆောင်သွားမှာ"ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အခုအချိန်အထိ အားကစားသမား ၂၀၀ အထိကို ဆေးစစ်ပြီးပြီဖြစ်လို့ သူက ပြောပြီး ဒါပေမယ့် ဆေးကျတဲ့ အဖြေထွက်ဖို့ ရက်အတော်ကြာနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီအားကစားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲတဲ့ အားကစားသမားတိုင်းက အချိန်မရွေး ခေါ်ယူဆေးစစ်ခံရနိုင်တယ်ဆိုတာကို သူတို့ နားလည်ရပါမယ်"လို့ Jegathesan က သတိပေးခဲ့ပါတယ်။
"ကျနော်တို့ဟာ သန့်ရှင်းတဲ့ ပြိုင်ပွဲတစ်ပွဲကို သေချာအောင်လုပ်ဖို့ ဒါက အကောင်းဆုံးခြေလှမ်းပါပဲ။"

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၂,၀၀၀ ခန့်ရှိပြီး အိုလံပစ်ပြိုင်ပွဲထက် ပြိုင်ပွဲဝင်များပြားနေတာဖြစ်ပါတယ်။ သူတို့တွေအားလုံးကို ဆေးစစ်ဖို့ မဖြစ်နိုင်ကြောင်း Jegathesan က ဝန်ခံခဲ့ပါတယ်။

အဲဒီအစား ကမ္ဘာ့ သို့မဟုတ် အာရှစံချိန်တွေကို ချိုးဖျက်ခဲ့သူတွေကို ခေါ်ယူစစ်ဆေးခြင်းအပါအဝင် သူတို့ဟာ ဦးစားပေးမှာဖြစ်ပါတယ်။

(AFP)
Photo: EPA

#AsianGames #Doping #အာရှအားကစားပြိုင်ပွဲ
🔥3
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့

#InternationalNews #reels #shorts
👍5🔥1
မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို
👍5🔥2😁2
မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်တောင်ဘက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသကာကွယ်ရေးစခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အင်အား၂၀၀ခန့်ပါသည့် စစ်ကြောင်းက နဂါးတွင်း ၊ ကျွန်းသစ်၊ ဆူးလေကုန်းနှင့် ထန်းလေးပင်ရွာတို့ကို ယမန်နေ့ စက်တင်ဘာလ ၂၄ရက် နံနက် ၆နာရီမှ စ၍ စစ်ကြောင်းထိုးလာခြင်းဟု သိရသည်။
" ရဲဘော်တွေတော့အကုန်လွတ်တယ်။ စခန်းနှစ်ခုကို မီးရှို့သွားတာတော့ရှိတယ်ဗျ" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသကာကွယ်ရေးစခန်းအပြင် ဆိုင်ကယ်နှစ်စီးကို မီးရှို့သွားပြီး ဘေးပတ်ဝန်းကျင်ရှိဈေးဆိုင်အချို့ကို ဖောက်ထွင်းသွားကြောင်းမုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ကျပ် သိန်း၄၀ခန့်ရှိနိုင်သည်ဟု ဆိုသည်။

" သူတို့ဖြတ်သန်းလာတဲ့တောလမ်းကြောင်းမှာ တွေ့လို့ လုပ်တယ်လို့ မြင်ပါတယ်။ အတိအကျနဲ့ ဝင်တာတော့ မဟုတ်လောက်ဘူး" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သည်။ မကြာမီသတင်းထုတ်ပြန်မည်ဟု သိရသည်။

စာတည်း - အေးချမ်း

#mizzima
#မုံရွာမြိုနယ်
#စစ်ကောင်စီစစ်ကြောင်းထိုး
#ပြည်သူ့ကာကွယ်ရေးစခန်း
#မီးရှို့ဖျက်ဆီး

ပုံအညွှန်း - စစ်ကောင်စီတပ်က မီးရှို့ခဲ့မှုကြောင့် အပျက်စီးများမြင်တွေ့ရစဥ် (ဓါတ်ပုံ - ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍3😁1
This media is not supported in your browser
VIEW IN TELEGRAM
အာရှအားကစားပြိုင်ပွဲအတွက် အိန္ဒိယအားကစားသမားတွေရဲ့ဗီဇာပြဿနာအပေါ် တရုတ်တုံ့ပြန်

#InternationalNews #reels #shorts
😁4👍1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်
======================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို ယနေ့ စက်တင်ဘာ လ ၂၅ ရက်တွင် ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" စာတမ်းကိုကိုင်ဆောင်ကာ ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြကြောင်း သိရသည်။

“ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ်ဆက်လက်ထားရှိမယ့်အကြောင်းကြားရတာ ဝမ်းသာ ရပါတယ်။ သံအမတ်ကနေတဆင့် မြန်မာပြည်သူပြည်သားတွေ မတရား မီးရှို့ဖျက်ဆီး သတ်ဖြတ်ခံနေရ တဲ့အပေါ်ကိုလည်း ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ ကုလကိုတောင်းဆိုချင်ပါတယ်”ဟု ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မဇ္စျိမကို ပြောသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်(၉၁၇)ရက် မြောက်နေ့အဖြစ် ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
❤16😁1🤮1
ကော့သောင်းမြို့နယ်မှ မြန်မာစစ်ဘေးရှောင် ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်များ နေရပ်ပြန်ပို့
🤬9❤2👍2🔥2👏1