ရှမ်းမြောက်တိုက်ပွဲအတွင်း ကလေးငယ် ၂ဦး အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံး
==================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး တပတ်အတွင်း ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီး ငါးဦးအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရသည်။
Operation 1027 စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်က နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း အိပ်နေသည့် ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ခဲ့ရာ မိုင်းမျိုးလင်းကျော် (အသက် ၈ နှစ်) နှင့် လွေးမျိုးမျိုးအေး (အသက် ၁၂နှစ်) တို့သည် လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ် တံတားဦးကျေးရွာ၌ စစ်ကောင်စီတပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား တဦး နေရာတွင် သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အောက်တိုဘာ ၃၀ ရက်နေ့တွင်ပင် နမ့်ဖတ်ကာကျေးရွာ ပြည်ထောင်စုလမ်းကြီးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လမ်းတွင် သွားလာနေသည့် အသက် ၁၉ နှစ်အရွယ် အမျိုသမီးတဦးနှင့် အသက် ၁၉ နှစ်နှင့် ၂၈ နှစ်အရွယ် အမျိုးသား နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်ဆိုင်း(ကြူကုတ်) မြို့မှ ဒေသခံအမျိုးသမီးတဦးနှင့် အမျိုးသားတဦး သေဆုံးခဲ့ရာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
သိန္နီမြို့နယ်၊ ရပ်ကွက်(၄)တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့၌ အိမ်ဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထမင်းစားနေသည့် သားအမိဖြစ်သည့် အမျိုးသမီးနှစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူက ပြောသည်။
နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီး ကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် တဦး သေဆုံးရာ ကိုရင်နှစ်ပါးနှင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂ ရက်နေ့တွင်ပင် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ၌ စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီးတဦး သေဆုံးခဲ့ရကြောင်း သိရသည်။
“အမျိုးသမီးနှစ်ယောက်ပါတယ်။ သူတို့က အိမ်မှာ နေ့လယ်စာ ထမင်းစားနေရင်းနဲ့ ဘယ်ဘက်က ပစ်တဲ့ လက်နက်ကြီးမှန်းတော့ သေချာမသိဘူး။ လက်နက်ကြီးက အိမ်မှာကျတော့ သားအမိနှစ်ယောက်စလုံး ဆုံးသွားတယ်။ နောက်တယောက်ကျတော့ စစ်ဘေးရှောင်နေတဲ့သူ၊ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေတဲ့ ကာလမှာပေါ့နော်။ လက်နက်ကြီးတွေက ဘုန်းကြီးကျောင်းထဲကို ပြန်ကျလာတော့ သူတို့ကို ပြန်ထိတာပေါ့။ သူတို့က နှစ်ဆင့်ခံရတဲ့ အခြေအနေပေါ့” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ယင်းမတိုင်ခင် ရက်ပိုင်းတွင်လည်း သိန္နီမြို့နယ်၊ နမ့်စလပ်တိုက်နယ် မန်ကောင်းကျေးရွာ၌လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ရကြောင်း သိရသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြုစုထားသည့် အချက်အလက််များအရ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီ၊ မုံကိုး၊ နမ့်ဆန်း၊ ကွမ်းလုံ ၊ ပန်ဆိုင်း(ကြူကုတ်)၊ လားရှိုး၊ မူဆယ် မှ အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၂ ဦးရှိရာ မြေပြင်တွင် ယခုအချက်အလက်ထက် ပိုများနိုင်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားသည့် အရပ်သားများအား စစ်ကောင်စီတပ်မှ သွားလာခွင့်မပြုသဖြင့် ဆေးမကုသနိုင်ဘဲ သွေးထွက်လွန်ကာ သေဆုံးခြင်းဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။
“သူတို့ စစ်ရှောင်နေတဲ့ နေရာကနေပြီးတော့ အပြင်ထွက် ဆေးကုသလို့ မရဘူးပေါ့်နော်၊ ကျမတို့ ရတဲ့အချက်အလက်တွေအရ၊ စစ်ကောင်စီက သူတို့ကို အပြင်ပေးမထွက်ဘူး။ အဲ့ဒီနေ့တုန်းက တိုက်ပွဲဖြစ်နေတဲ့ အနေအထားဆိုတော့ ဘယ်သူမှ အပြင်ပေးမထွက်လို့ သူက သွေးထွက်လွန်ပြီးတော့ ဆုံးသွားတာ” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်၊ လောက်ကိုင်၊ ကျောက်မဲ၊ မူဆယ် စသည့် မြို့နယ်မှ ဒေသခံ ၃၂,၄၄၅ ဦး ရှိရာ အရပ်သားနေအိမ် ၈၀ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၁၂ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရှမ်းပြည်နယ်
#မဟာမိတ်
ပုံအညွန်း- အောက်တိုဘာ ၂၇ ရက်နေ့တွင် လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးနာရေး (TWO)

👍17🔥4❤2😢1🥴1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FN-puYTsDTVI&h=AT1ALDVpe9qGxLfRSNPh2MiD1ss449GD4aV33W3SYJ_BxJ7PdmGSUk1kz75yA4O0y9kA9GcPe0MOzxhWuh6D4cL4L8fsIe4BDGz39oOarMZg35WZ4S9ySSaCaThHb60x&s=1

🤮1
ကောလင်းမြို့ ရဲစခန်းနှင့် စာသင်ကျောင်းနေရာများကို လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်
🤬10👍2🔥1😁1
ကောလင်းမြို့ ရဲစခန်းနှင့် စာသင်ကျောင်းနေရာများကို လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်
=================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းရှိရာနေရာကို ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားသည်ဟု ဒေသခံထံမှ သိရသည်။
“ထွေအုပ်ရုံးနားမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ၊ လေယာဉ်နဲ့ လာပစ်တာ နှစ်ကြိမ်ရှိပြီ၊ ပထမအကြိမ်က ရဲစခန်းနဲ့ အထက(၁)ကျောင်းနားကို ပစ်သွားတယ်” ဟုဒေသခံက ပြောသည်။
ကောလင်းမြို့ ရဲစခန်းနှင့် အထက(၁)ကျောင်းနေရာများကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ယနေ့ မနက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မနက် ၈ နာရီ ၄၅ မိနစ်တွင် တကြိမ် မနက် ၁၀ နာရီ ၄၅ မိနစ်တွင် တကြိမ် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံကပြောသည်။
ကောလင်းမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )၊ ပြည်သူ့ကာကွယ်ရေးတပ်( PDF) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ များက နိုဝင်ဘာလ ၃ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ များ တပ်စွဲထားသည့် ကောလင်းမြို့ ရဲစခန်း ၊ထွေအုပ်ရုံး နှင့် အထက (၁) ကျောင်း နေရာများကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။
နိုဝင်ဘာလ ၃ ရက် ည ၈နာရီတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၁၂ မိုင်ခန့်ဝေးသည့် ဖလဲရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များ ပျက်စီးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းဦးဆိုသူ သေဆုံးသွားကြောင်း Kawlin Info အဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြန်မာသတင်း
#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#လေကြောင်းတိုက်ခိုက်မှု
ပုံအညွှန်း-ကောလင်းမြို့မှစစ်ရှောင်နေသည့် ပြည်သူများကိုတွေ့ ရစဉ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢8👍6🔥2😁2❤1
Mizzima Weekly Sports အစီအစဉ် | 4 November 2023
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ...
https://www.youtube.com/watch?v=N-puYTsDTVI

YouTube
Mizzima Weekly Sports အစီအစဉ် | 4 November 2023
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- နော့စ်ကောင်တီအသင်းကို တေလာဆွစ်ဖ် မဝယ်ပါဘူးလို့ အတည်ပြုလာတဲ့ ဘောလုံးအသင်း…

👍5🔥1
ရှမ်းမြောက်တိုက်ပွဲတွင် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံး
ဂျူချန်း ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ...
https://www.youtube.com/watch?v=bMfa89tQRNc

ဂျူချန်း ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး တပတ်အတွင်း ကလေးငယ် နှစ်ယောက်နဲ့ အမျိုးသမီး ငါးယောက်အပါအဝင် အရပ်သား ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက မဇ္ဈိမကို ပြောပါတယ်။…
👍5🔥1🥴1
ဘန်ကောက်က စက်ရုံမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်ထုတ်
ကိုရွှေမြိတ်။ ။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ...
https://www.youtube.com/watch?v=Xitj3X-_v4I

ကိုရွှေမြိတ်။ ။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းနိုင်ငံသားတဦး ပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံတရုံမှာ လုပ်ခလစာ မရဘဲ မတရား ခိုင်းစေကာ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြ…
👍13🔥4❤🔥1😁1
4.11.2023 (Saturday ) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
✅Highlight ✅
👉Easy Thai Cooking Show (ညနေ - ၆ နာရီ)
👉India Movie - Double XL (ည- ၈ နာရီ)
👉 Korea Movie -Ditto (ည- ၁၀ နာရီခွဲ)
➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

👍7🔥2
အစ္စရေးက လေဆာသုံး ဒုံးခွင်းလက်နက်သုံးသည်ဆိုသော ရုပ်သံဖိုင်အတု
အစ္စရေးက လေဆာသုံးဒုံးခွင်းလက်နက် (Iron Beam) အားအသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်တခု ပျံ့နှံ့နေသည်။ ယင်းရုပ်သံဖို....
https://ift.tt/YgrZHaS

👍6🔥1👏1
ချစ်သူကောင်မလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တဲ့ ထိုင်းနာမည်ကြီးအဆိုတော် Supanat (Aof) #reels #shorts
ချစ်သူကောင်မလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တဲ့ ...
https://www.youtube.com/watch?v=uX7RfkixkwY

👉 ချစ်သူကောင်မလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တဲ့ ထိုင်းနာမည်ကြီးအဆိုတော် Supanat (Aof)
Full Video Link - https://youtu.be/Iw-yDu-x9nM
#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို…

🔥3👍1👎1
Running Man အစီအစဉ်မှအပြီးထွက်ခွာသွားပြီဖြစ်တဲ့ သရုပ်ဆောင် Jeon Somin #reels #shorts
Running Man အစီအစဉ်မှအပြီးထွက်ခွာသွားပြီဖြစ်တဲ့ သရုပ်ဆောင် Jeon Somin ...
https://www.youtube.com/watch?v=DxwtpKQ1Wkk

👉 Running Man အစီအစဉ်မှအပြီးထွက်ခွာသွားပြီဖြစ်တဲ့ သရုပ်ဆောင် Jeon Somin
Full Video Link - https://youtu.be/Iw-yDu-x9nM
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့…

👍3🔥1
တွဲနေကြပြီဆိုပြီးသတင်းတွေထွက်နေတဲ့ အဆိုတော်မလေးOlivia Radrigoနဲ့မင်းသားLouis Partridge #reels#shorts
တွဲနေကြပြီဆိုပြီး သတင်းတွေထွက်နေတဲ့ အဆိုတော်မလေး Olivia Radrigo နဲ့ ...
https://www.youtube.com/watch?v=s9ufCKO10nk

👉 တွဲနေကြပြီဆိုပြီး သတင်းတွေထွက်နေတဲ့ အဆိုတော်မလေး Olivia Radrigo နဲ့ မင်းသား Louis Partridge
Full Video Link - https://youtu.be/Iw-yDu-x9nM
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
----------------------------------…

👍4🔥1🍌1
အစ္စရေးက လေဆာသုံး ဒုံးခွင်းလက်နက်သုံးသည်ဆိုသော ရုပ်သံဖိုင်အတု
============
Zz
(မဇ္ဈိမ) ။ ။ အစ္စရေးက လေဆာသုံးဒုံးခွင်းလက်နက် (Iron Beam) အားအသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်တခု ပျံ့နှံ့နေသည်။ ယင်းရုပ်သံဖိုင်မှာ မှားယွင်းနေသည်။
Ko Kyaw အမည်ရှိ တစ်ခ်တော့ အသုံးပြုသူတဦးမှ လေဆာ ( Israel) ဟု ထည့်သွင်းရေးသားထားသည့် ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားသည်။ ထို့ ပြင် #israel #viral #War #viral #Lazer ဟုလည်း ရေးသားထားသည်။ ရုပ်သံဖိုင်သည် ဒုံးကျည်များကို လေထဲတွင် လေဆာဖြင့် ပစ်ခွင်းနေသည့် ဖိုင်ဖြစ်သည်။ အဆိုပါရုပ်သံဖိုင်အား ဝင်ရောက်ကြည့်ရှုသူ ၁၆၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
ထိုဖိုင်ဖြင့်ပင် AK Htoo အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူမှ “လက်ရှိ အစ္စရေး Vs ပါလစ္စတိုင်းစစ်ပွဲတွင် ပွဲထုတ်နေပြီဖြစ်တဲ့ Iron Beam Best Laser Anti-Missile” ဟု ရေးသားကာ ထပ်မံဖြန့်ဝေထားပြီး ကြိုက်နှစ်သက်သူ ၂,၇၀၀၊ ပြန်လည်မျှဝေသူ ၃၀၀ကျော်နှင့် ကြည့်ရှုသူ ၆၃,၀၀၀ အထိရှိခဲ့သည်။
မဇ္ဈိမ အချက်အလက် စစ်ဆေးသူများမှ ထိုရုပ်သံဖိုင်ကို စစ်ဆေးခဲ့ပြီး ထို ရုပ်သံဖိုင်မှာ ဖိုင်အဟောင်းဖြစ်ပြီး ကာတွန်း -Animation ဖြင့် ပြုလုပ်ထားကြောင်း တွေ့သည်။
ထို ရုပ်သံဖိုင်သည် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက X လူမှုကွန်ရက် (ယခင် တွစ်တာ) တွင် ဖော်ပြထားသည့် ရုပ်သံဖိုင်ဖြစ်သည်။
ရုပ်သံဖိုင်မူရင်းအား အဆင့်မြင့် လေကြောင်းကာကွယ်ရေးစွမ်းရည်များအား ပံ့ပိုးပေးနေသော အဖွဲ့တခုဖြစ်သည့် RTX တွစ်တာစာမျက်နှာမှ ဖြန့်ဝေထားသည်။ ၎င်းတို့ဖြန့်ဝေမှုတွင် ဝေဟင်မှ စစ်ဆင်ရေးလာလုပ်သည့် (သို့မဟုတ်) သူလျှိုလာလုပ်သည့် မောင်းသူမဲ့စနစ်နှင့် လေယာဉ်များအား မည်သို့ဖြေရှင်းနိုင်မည်ကို ဖော်ပြအပ်ပါသည်ဟု ရေးသားကာ Animation - ကာတွန်းပုံဖြင့် ပုံဖော်ထားသည့် ရုပ်သံဖိုင်သာဖြစ်သည်။
လင့် - https://shorturl.at/BDEVX
ထို့အပြင် လေဆာသုံး ဒုံးခွင်းလက်နက် (Iron Beam) အကြောင်းကို ဆက်လက်ရှာဖွေခဲ့ရာ ယခုလက်နက်နှင့်ပတ်သက်၍ သုတေသနပြုစမ်းသပ် စစ်ဆေးနေသော အစ္စရေးအခြေစိုက် ရာဖေးလ် (Rafael) ကုမ္ပဏီမှ အဆိုပါလက်နက်သည် ကနဦးစမ်းသပ်အောင်မြင်မှု အဆင့်သာရှိသေးပြီး လက်တွေ့ အသုံးပြုနိုင်ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။
လင့်- https://shorturl.at/zGQR3
အောက်တိုဘာ ၁၈ရက်နှင့် အောက်တိုဘာ ၂၃ရက်တို့တွင် ပြင်သစ်သတင်းဌာနနှင့် ဗွီအိုအေ သတင်းဌာနများတွင် ယင်းလက်နက်အကြောင်းများ ဖော်ပြထားသော်လည်း အစ္စရေးမှ ယခု ပါလက်စတိုင်းနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် အသုံးပြုနေကြောင်းကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။
လင့် - https://shorturl.at/ovzBC , https://tinyurl.com/4nzscvnz
ယခုလက်နက်အား အသုံးပြုရန် နောက်ထပ် နှစ်နှစ် မှ သုံးနှစ်အထိ အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် အောက်တိုဘာတွင် ရာဖေးကုမ္ပဏီက ပြောကြားခဲ့ကြောင်း The Times of India သတင်းဝက်ဘ်ဆိုဒ်မှလည်း ဖော်ပြထားသည်။
လင့်- https://shorturl.at/nsvyZ
အချက်အလက် စစ်ဆေးသည့် အဖွဲ့တခုဖြစ်သည့် Fact Crescendo Myanmar မှလည်း အဆိုပါအကြောင်းကို အချက်အလက် စစ်ဆေးထား သည်ကိုလည်း တွေ့ရသည်။၊
လင့် - https://shorturl.at/h1357
ထို့ကြောင့် အစ္စရေးမှ လေဆာသုံးဒုံးခွင်းလက်နက်အား ပါလက်စတိုင်းနှင့်စစ်ပွဲတွင် အသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်မှာ အမှန်တကယ်မဟုတ်ဘဲ Animation ဖြင့်ပြုလုပ်ထားသော ရုပ်သံဖိုင်သာဖြစ်ပြီး အစ္စအရေးအနေဖြင့် ယင်းလက်နက်အား သုံးစွဲကြောင်း မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်းမရှိပေ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#Misinformation_Buster
#Fake_News
#Israle

👍12😁2🔥1
ဂျာယန်ပြည်သူ့စစ် ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို TNLA ဖမ်းဆီး
👍15👏4❤2😁1🥴1
ဂျာယန်ပြည်သူ့စစ် ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို TNLA ဖမ်းဆီး
================
ဂျူချန်း၊ 002
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ ဂျာယန်ပြည်သူ့စစ် ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို ဖမ်းဆီးရမိကြောင်း TNLA က ယနေ့အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါစခန်းကို ယနေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး ဗိုလ်မှုးအဆင့်ရှိ လက်ထောက်စခန်းမှုး၊ ဗိုလ်ကြီးအဆင့် ဒု-လက်ထောက်စခန်းမှူး တဦးနှင့် ဗိုလ်အဆင့် ဆေးမှူးတဦး အပါအ၀င် ၃၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
ဖမ်းဆီးရမိသူ ၃၈ ဦးအနက် လေးဦးကို ထိန်းသိမ်းထားပြီး ၃၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း TNLA ပြောခွင့်ရသူ တားအိုက်ကျော်က မဇ္ဈိမကို ပြောသည်။
“အားလုံးပေါင်းကတော့ ၃၈ ယောက်ဖြစ်တယ်၊ လေးယောက်ကတော့ တာဝန်ရှိတဲ့လူတွေမို့ ထိန်းသိမ်းထားတာဖြစ်တယ်၊ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေကတော့ ဒီဒေသခံတွေပဲဖြစ်တယ်၊ တိုင်းရင်းသားဒေသခံတွေပဲ ဖြစ်တော့ ကျနော်တို့ နေရပ်တွေကို ပြန်လွှတ်ပေးလိုက်တာပါ” ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမကိုပြောသည်။
သိမ်းပိုက်ခံလိုက်ရသည့် ဂျာယန်ပြည်သူ့စစ်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် ထောက်ပို့ကြားစခန်းတခုဖြစ်ပြီး ထောက်ပို့လုပ်ငန်း မလုပ်ရန် အကြိမ်ကြိမ် သတိပေးပြီးမှ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း TNLA ဘက်က ပြောသည်။
စခန်းအတွင်းမှ လက်နက်မျိုးစုံ (၇၈) လက်၊ ကျည်မျိုးစုံ (၄၃ ) ဖာ၊ (၂၁၈ )ထောင့်၊ စကားပြောစက် ( ၂၁)လုံးနှင့် ယာမဆေးပြား အထုတ်ကြီး ( ၃၉)ထုတ်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ပုံနှင့်တကွ ထုတ်ပြန်သည်။
လက်ရှိတွင် “Operation 1027” အဖြစ် TNLA မှ ဦးဆောင်သည့် တပ်ပေါင်းစုသည် လားရှိုး၊ မိုးမိတ်၊ နမ့်ခမ်း၊ မန်တုံ၊ နောင်ချို စသည့်ဒေသမှ စစ်ကောင်စီ၊ တပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်းနှင့် ရဲစခန်းပေါင်း ၂၂ ခုကို သိမ်းဆည်းရရှိထားပြီး ယနေ့အထိ ထိုတပ်စခန်းများအား လက်လွှတ်လိုက်ရခြင်းမရှိဘဲ ပူးပေါင်းတပ်မှ တပ်စွဲထားကြောင်း သိရသည်။
“ကျနော်တို့ဘက်အခြမ်းကတော့ ဒီနေ့အထိဆိုရင် စခန်းပေါင်း ၂၂ လောက် ရှိသွားပြီ၊ လောလောဆယ်တော့ ကျနော်တို့ ရတဲ့စခန်းကို ကျနော်တို့ပဲ ထိုင်နေတယ်၊ ကျနော်တို့အဖွဲ့ပဲ နေရာချထားတယ်၊ ပြန်ပြီးလက်လွှတ်လိုက်ရတဲ့ စခန်းတော့ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
စစ်ဆင်ရေး ၁၀၂၇ ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဦးဆောင်ကာ ဖော်ဆောင်နေပြီး တပတ်အတွင်း စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၁၀၀ ကျော်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းထားသည်။
ပုံအညွှန်း-ဂျာယန်ပြည်သူ့စစ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (PSLF/TNLA)
စာတည်း။ ။ နောင်နောင်
#မြောက်ပိုင်းမဟာမိတ်အဖွဲ့
#ဂျာယန်ပြည်သူ့စစ်စခန်း
#ရှမ်းမြောက်
#Mizzima

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤14👍13😁2
ဖိုင်အဟောင်းဖြင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့မှ အင်အား ၆၀ ခန့် ကျဆုံးကြောင်း ဝါဒဖြ
လားရှိုးမြို့နယ်၊ မိုင်းတင်းတိုက်ပွဲ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ အင်အား ၆၀ ခန့် သေဆုံးသယောင် ဖြ....
https://bit.ly/3SJFaXV

😁11👍3