အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ လာဇီယို
Bologna 1 - 0 Lazio (FT)
Ferguson 46'
Bologna 1 - 0 Lazio (FT)
Ferguson 46'
👍9❤1👎1
ပဲရစ်မှာ ဂိုးပြတ်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ
PSG 3 - 0 Montpellier (FT)
Lee 10'
Zaire-Emery 58'
Vitinha 66'
PSG 3 - 0 Montpellier (FT)
Lee 10'
Zaire-Emery 58'
Vitinha 66'
👍13
နိုဝင်ဘာလ( ၄ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
NUG က ဖွင့်လှစ်မယ့် တက္ကသိုလ် ၁၆ ခုမှာ ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမယ်လို့ အမျိုးသားညီညွတ်ရေးအ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsLgbKHzqhHk&h=AT0Km4BKc_Ry32efsWcj1x5D_pew40PKHKj9vr-_2N2atXN1HefSJ2kYPN04bx0j2o7LL2R8Y5UjyWNZCZq8mrValKdcAj38iEfWPScI_X8PhwUaPpXwgociGcGNDlxR&s=1

👍13😁2
နိုဝင်ဘာလ( ၄ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
NUG က ဖွင့်လှစ်မယ့် တက္ကသိုလ် ၁၆ ခုမှာ ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမယ်လို့ အမျိုးသားညီညွတ်ရေးအ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsLgbKHzqhHk&h=AT2LuVC0Mtq-xxD0K9GkWwJlewnA9HYcL02BQJ0K3lPZSKJ6vtXQZUgTsY0bKbxTBEcHIWPMEPsgRLfj_lCu0_dfVIyTwncgkl29-rsJHWH3Ky2c8gc9OWQtESnjKAHN&s=1

👍10😁2
နိုဝင်ဘာလ( ၄ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
NUG က ဖွင့်လှစ်မယ့် တက္ကသိုလ် ၁၆ ခုမှာ ပထမနှစ်ကျောင်းသား ဦးရေ ...
https://www.youtube.com/watch?v=sLgbKHzqhHk

YouTube
နိုဝင်ဘာလ( ၄ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
NUG က ဖွင့်လှစ်မယ့် တက္ကသိုလ် ၁၆ ခုမှာ ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ပြောဆိုလိုက်တဲ့သတင်း နဲ့အတူ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကြောင့်…
👍14😁4
အာဏာရှင်စနစ် ခေတ်သုံးခေတ် | Friday Analysis ( 4-November-2023 )
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေဟာ မြန်မာ့သမိုင်းကို အပြောင်းအလဲဖြ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F0QKzLyfjKOY&h=AT0blCFUz3XUW6EFPGF9GvSxIatfPlzBbxN698vkNWSclKqdnhBF-giY3-KNUhFULUMwm3fwj3nuuhdsICT8lFEpxMJE6EFHNKz-76eiAmrNiXVcWYOx-PyH1zZQr_h-&s=1

❤7👍3🔥2
အာဏာရှင်စနစ် ခေတ်သုံးခေတ် | Friday Analysis ( 4-November-2023 )
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေဟာ မြန်မာ့သမိုင်းကို အပြောင်းအလဲဖြ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F0QKzLyfjKOY&h=AT21-QGWf86D6sePl1TpgyVaGjbzXEFECD4Oo2TqUNei_FDOW9WBxwb_ymkQwQJ9koUgiwPs-gD8wMb5QgqO-y5CiMF7QtQlUY0u99A-mfbyDyWiB4HUbPz22Yvmy63S&s=1

👍9🔥2
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး နှင့် သူ့အမေ၏ ငိုတဖက်နှင့် ပြုံးမျက်နှာ(ဆောင်းပါး)
=============
ချမ်းငြိမ်း
မောင်နီသည် ခရီးဆောင်ကျောပိုးအိပ်တလုံး ဘေးတွင်ချကာ ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော အဘွားအိုတဦးအား လက်ဆယ်ဖြာထိပ်မှာမိုး၍ ဦးချကန်တော့အပြီးတွင် မောင်နီမှ ရုတ်တရက်ဖြင့် ဒူးထောက်လျက် မိခင်ဖြစ်သူ၏ ရင်ခွင်အတွင်း ခေါင်းကလေးထိုးကာ တင်းတင်းကျပ်ကျပ် ဖက်ထားလေ တော့သည်။ ဤမြင်ကွင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ခွင့်ရက်စေ့ကာ တပ်ရင်းတပ်ဖွဲ့သို့ ပြန်ရတော့မည်ဖြစ်၍ တခဏတာခွဲခွာခြင်းအတွက် နှုတ်ဆက်နေခြင်းပင်ဖြစ်သည်။
မောင်နီက သူ့ကိုယ်သူ စစ်သားဖြစ်လာလိမ့်မည် အထူးသဖြင့်တော့ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သောအခါကမှ စိတ်ကူးပင် မကူးခဲ့မိပါ။ အာဏာသိမ်းမှုက အသက် ၁၈ နှစ်အရွယ် လူငယ်ကလေးတဦးကို ပြောင်းလဲပစ်လိုက်တော့သည်။
စစ်အာဏာမသိမ်းမီက မောင်နီသည် မုံရွာတက္ကသိုလ်တွင် ပညာ သင်ကြားနေသော ကျောင်းသား တဦးဖြစ်သည်။ စာမေးပွဲကြီးဖြေဆိုနေချိန် အာဏာသိမ်းတာနှင့်ကြုံတော့ မွေးရပ်မြေ အညာဒေသ ကနီမြို့နယ်အတွင်းသို့ အထုပ်ကလေးပိုက်ကာ ပြန်လာဖြစ်တော့သည်။
ကနီရောက်တော့ မြို့ပေါ်ဆန္ဒပြပွဲများ လိုက်သွားဖြစ်ခဲ့သည်။ မောင်နီနှင့် သူငယ်ချင်းများ စောင်းဘောက်ကြီးတလုံးအား တယောက်တလှည့်ထမ်းကာ မမောနိုင်မပမ်းနိုင်နှင့် ကြွေးကြော်သံများဖြင့် ထုတ်ဖော်ဆန္ဒ ပြခဲ့ကြသည်။
တခြားသောမြို့နယ်များတွင် ငြိမ်းချမ်းစွာဆန္ဒပြနေခြင်းအား မီးသတ်ကားကြီးများနှင့် ရေပက်ဖြိုခွင်းခြင်း၊ သေနတ်များနှင့်ပစ်ခတ်ဖြိုနေကြောင်း ကြားသိရသော်လည်း စိုးရွံ့မှုမရှိဘဲ သူတို့ကတော့ ဆက်လက်ဆန္ဒပြခဲ့ကြသည်။
တနေ့တော့ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်တွင်တည်ရှိသော သပြေအေးကျေးရွာ တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများတိုက်ပွဲ ဖြစ်ပွားနေခြင်းကို မောင်နီကြားသိခဲ့ရသည်။ ကြားကြားခြင်းပင် မောင်နီသည် ဓားရှည်တလက်အား ကျောမှာလွယ်ကာ တိုက်ပွဲသို့ သွားသော သူများနှင့် လိုက်ပါသွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားသော နေရာနှင့် တရွာအကျော်သို့ အရောက် တူမီးသေနတ်များ ကိုင်ဆောင်ထားသော မုဆိုးကြီး တဦးက ‘ ငါ့တူ မင်းကနေခဲ့ မင်းမှာက ဓားလေးတချောင်းပဲပါတာ ဒီမှာကွာ ဆေးအဖွဲ့လည်း ရှိတယ် ဒီအဖွဲ့နဲ့ နောက်တန်းနေခဲ့ ’ ဟူသော တားမြစ်စကားကြောင့် နောက်တွင် ကျန်ရစ်နေခဲ့ရသည်။
ညနေပိုင်းသို့အရောက်တွင် မောင်နီနှင့်အတူ ထိုင်နေသော ဦးလေးကြီးတဦးစီသို့ ဖုန်းတလုံးဝင်လာတော့ သည်။‘ ဒဏ်ရာရတဲ့သူ တယောက်ကို ကားနဲ့သယ်လာပြီ လမ်းတွေရှင်းပေးထား မြန်မြန် မြန်မြန် ရောက်တော့မယ် ’ ဟူသော အသံကြားလိုက်ရသည်။ ဝရုန်းသုန်းကားထကာ ဦးလေးကြီးနှင့် မောင်နီတို့ နှစ်ယောက်သမား ဆိုင်ကယ်တစီးဖြင့် ရှေ့ပြေးလမ်းရှင်းလင်းရေးများပြုလုပ်ခဲ့ကြသည်။
ဒီတိုက်ပွဲက မောင်နီကို ဆုံးဖြတ်ချက် ကျစေခဲ့တော့သည်။ လအနည်းငယ်အကြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သင်တန်းများပေး နေကြောင်းကြားသိခဲ့ရပြီး နေရာ၊ အချိန်တွေ စုံစမ်းကာ သင်တန်းတက်ခဲ့သည်။ သင်တန်းတက်ပြီးချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့တော့သည်။
နေ့မနား ညမအား အလှည့်ကျ ကင်းစောင့်ခြင်း ရှေ့တန်း ထွက်ခြင်းများ ပြုလုပ်နေခဲ့ရာ အခုဆို …လတောင်ကြာပြီဖြစ်သည်။ မကြာခင်ဆို သီတင်းကျွတ်လရောက်ရှိရန် ရက်အနည်းငယ်ပင် လိုတော့သည်။ စစ်အာဏာမသိမ်းမီ အရင်အချိန် သီတင်းကျွတ်မီးထွန်းပွဲတော်များကို လွမ်းဆွတ်တမ်းတရင်း မျက်လုံးထဲမှ မျက်ရည်များ ဝဲကျလာတော့သည်။
သီတင်းကျွတ်လျင် ရွာပြန်ကာ လူကြီးမိဘတွေကန်တော့ချင်သည်။ ငယ်ပေါင်း သူငယ်ချင်းတွေတွေ့ချင်သည်။
PDF တပ်ရင်းတပ်ဖွဲ့မှ ခွင့်ရက်ရှည်ရရှိကြောင်း ကြားသိရပြီး ဝမ်းပမ်းတသာဖြင့် မိမိယူဆောင်လာသော အထုပ်ကလေးအား ပြင်ဆင်ကာ မွေးရပ်မြေ အမေအိုရှိသည့် အိမ်ကလေးသို့ အပြေးပြန်လာခဲ့တော့သည်။
အိမ်သို့အရောက် မောင်နီသည် အိမ်အပေါက်ဝတွင် ရပ်နေကာ “ အမေ ‘’ အသံကျယ်ကျယ်ဖြင့် အော်ခေါ်ကာ ‘’ သားပြန်လာပြီဗျ ခွင့်ရက်ရှည်ရလို့ပြန်လာတာ ‘’ ဟုပြောကာ အိမ်အောက်တွင် ထိုင်နေသော အမေမှ တောင်ဝှေးကလေးထောက်ကာ ဝမ်းသာပီတိဖြင့် မျက်ရည်များ ဝဲကျလာပြီး သားဖြစ်သူအား ထွက်ကြိုလေတော့သည်။
‘’ ဟယ် ငါ့သားပြန်လာပြီ ကြည့်ကြစမ်းပါဦး “ဟု (ဝမ်းသာလွန်း၍ မျက်ရည်ကျနေသော အသံဖြင့်/ အသက်ကြီး၍ မပီသော အသံမဟုတ်) အိမ်နီးနားချင်း ညီအကိုမောင်မှမများအား အော်ပြောလေတော့သည်။ “ငါ့သားလည်း အသားတွေမဲသွားတယ်နော် ဟိုမှ နေရထိုင်ရတာ အဆင်ပြေရဲ့လား ဖုန်းလိုင်းတွေလည်းမမိ၊ အမေကလည်း ဖုန်းတာရှိတာ မလုပ်တတ်နဲ့ ငါ့သားနဲ့ကို စကားမပြောရတာ အတော်ကြာနေပြီ၊ အခုလို စာမလာ သတင်းမပါးနဲ့ ဗြုန်းစားကြီးရောက်ချလာတော့ အမေလည်း ဝမ်းသာပြီး ငိုမိတာပေါ့လို့ “ ဟု ရှက်နေသော မျက်နှာနှင့် ပြောလေတော့သည်။

👍36🔥1
အာဏာရှင်စနစ် ခေတ်သုံးခေတ် | Friday Analysis ( 4-November-2023 )
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ...
https://www.youtube.com/watch?v=0QKzLyfjKOY

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေဟာ မြန်မာ့သမိုင်းကို အပြောင်းအလဲဖြစ်စေလောက်အောင် အရေးပါပါသလား။
ရှမ်းမြောက်တိုက်ပွဲဟာ စစ်အာဏာရှင်ခေတ်ချုပ်ငြိမ်းတော့မဲ့ ရှေ့ပြေးလက္ခဏာပါလား။
စစ်အာဏာရှင်ခေတ် ၃ ခေတ်အနက်ဗိုလ်ချုပ်မင်းအောင်လှိုင်ခေတ်မှာ…

👍19😁2
"ရှမ်းမြောက်တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်" ဒေါက်တာလှကျော်ဇော
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsloJVRbdixA&h=AT0os5ZtHYa_w3-3NeZys0H8NvJ2m2ocujCEJt5DWkJT43RftZ62BOvrGlhVzM-qu7BWfwm4v6om46Aj28_XxFK04lo4LDHeB4Unj5w_eqd_MSiS2Tby-X5vZNbHlGdX&s=1

👍12🔥1😁1
Operation 1027 နှင့် သက်ရောက်မှု အလားအလာ (NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး)
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ Operation 1027 ဖြင့် ထိုးစစ်ဆင်နေမှုများဖြစ်ပေါ်လာပြီးသည့်နောက် အခြားသောဒေသများကို.....
https://ift.tt/skI6Uu2

👍13🔥1🥰1🥴1
"ရှမ်းမြောက်တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်" ဒေါက်တာလှကျော်ဇော
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsloJVRbdixA&h=AT0liGL_aPDXfdy7mXUSQDHPwM7hXYU8wYiJcJHGCxNIZidTmTQxbiN5XTWlN57gtv7lfZt_BmPZpGz7KML68LbJ9FMrb9mg43DE8NmOSoZ__lxAEkEN8coKSDDeKWwB&s=1
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsloJVRbdixA&h=AT0liGL_aPDXfdy7mXUSQDHPwM7hXYU8wYiJcJHGCxNIZidTmTQxbiN5XTWlN57gtv7lfZt_BmPZpGz7KML68LbJ9FMrb9mg43DE8NmOSoZ__lxAEkEN8coKSDDeKWwB&s=1
👍12🔥1😁1
Operation 1027 နှင့် သက်ရောက်မှု အလားအလာ (NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး)
================
မဇ္ဈိမ
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ Operation 1027 ဖြင့် ထိုးစစ်ဆင်နေမှုများဖြစ်ပေါ်လာပြီးသည့်နောက် အခြားသောဒေသများကိုပါ စစ်ရေးသက်ရောက်မှုအလားအလာ၊ မဟာမိတ်များနှင့် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးအခြေအနေတို့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို မဇ္ဈိမ စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက ဆက်သွယ်မေးမြန်းထားသည်။
မဇ္ဈိမ။ ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ Operation 1027 ဆိုပြီး ထိုးစစ်ဆင်နွှဲနေတယ်။ အဲဒီ အော်ပရေးရှင်းအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်ရှုမြင်ပါသလဲ။
ဦးရည်မွန်။ ။ Operation 1027ဟာ အထူးအောင်မြင်ပါတယ်။နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ ပြောရမှာပါ။တနေရာတည်း တကွက်တည်း တိုက်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်သလို အားသာချက်လည်း ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ အကောင်အထည်ဖော်မှုကြောင့်ပဲ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ဒေသတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မဇ္ဈိမ။ ။ Operation 1027 ဖြစ်လာပြိီးတဲ့နောက် တခြားသော ဒေသတွေမှာပါ စစ်ဆင်မှုတွေပိုမြင်လာရနိုင်လား။
ဦးရည်မွန်။ ။ Operation 1027ရဲ့ ရှမ်းမြောက်ဒေသမှာဆိုရင် NUG/MODရဲ့ Mdy PDFဟာ ညီနောင်များနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတယ်။အခြားစစ်နယ်မြေတွေက PDF/ပကဖရဲဘော်များ၊ မဟာမိတ် EROsများဆိုရင်လည်း ဟန်ချက်ညီ စစ်ဆင်နေကြပြီ ဖြစ်ပါတယ်။
အခုဆိုရင် တစ်နိုင်ငံလုံးက PDF/ပကဖရဲဘော်တွေဟာ ရှိရာလက်နက်နဲ့ မဆုတ်မနစ် တိုက်ပွဲဝင်နေခဲ့တာ အချိန်အားဖြင့် နှစ်နှစ်ကျော်ခဲ့ပါပြီ။ ရှမ်းမြောက်က အားကောင်းတဲ့ Operation 1027 ပေါ်လာချိန်မှာတော့ စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်နေခဲ့ပြီဆိုတာ သေချာတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး PDFတပ်မတော်ရဲ့ စစ်ရှိန်ကိုလည်း ဆက်တိုက် မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
မဇ္ဈိမ။ ။ Operation 1027 ဟာ ဝန်ကြီးပြောခဲ့ဖူးတဲ့ "လမ်းများအားလုံး နေပြည်တော်သို့" ဆိုတာနဲ့ရော ဆက်နွယ်မှုရှိပါသလား။
ဦးရည်မွန်။ ။ "လမ်းအားလုံး နေပြည်တော်သို့" စီမံကိန်း ရေးဆွဲစဥ်က မဟာမိတ်အဖွဲ့အစည်းများနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက်တိုက်ပွဲဖော်ဆောင်ဖို့ဟာ ဒီစီမံကိန်းရဲ့ ကွက်ပြည့်နင်းရေး မျှော်မှန်းချက်တခု ဖြစ်သလို မဟာမိတ်များရဲ့ အရေးကြီးတဲ့ အစီအစဥ်လည်း ဖြစ်ပါတယ်။
မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ် (ERO) တွေနဲ့ ဆက်သွယ်ဆက်ဆံမှုဘယ်လောက်ရှိပါသလဲ။
ဦးရည်မွန်။ ။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ နိုင်ငံရေးရော စစ်ရေးပါ တော်လှန်ရေးကာလတလျောက်လုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အဓိက တာဝန်ယူပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ထောင်ဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သစ် တည်ထောင်ဖို့ အားလုံးသဘောတူ စိတ်ပိုင်းဖြတ်ပြီးလည်း ဖြစ်ပါတယ်။
မဇ္ဈိမ။ ။အရင့်အရင် တော်လှန်ရေးတွေတုန်းက လက်နက်ခဲယမ်းမီးကျောက်ကို အင်ဒိုချိုင်းနားဘက်ကနေရခဲ့တယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ ရလာတဲ့လက်နက်ခဲယမ်းမီးကျောက်တွေကိုကြည့်ရင် အရှေ့မြောက်ဒေသကနေ စီးဆင်းလာတာကို သတင်းတွေအရ သိရတယ်။ အဲဒီတော့ တရုတ်နိုင်ငံရဲ့ အလှည့်အပြောင်းဟာ တော်လှန်ရေးကို သက်ရောက်မှုရှိနိုင်မလား။
ဦးရည်မွန်။ ။ တော်လှန်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းက နေရာစုံက ရရှိနေတာပါ။ မဟာမိတ်များနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံခြားရေးကဏ္ဍ၊ အိမ်နီးနားချင်း ဆက်ဆံရေးကိစ္စတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံး ဂုဏ်သိက္ခာရှိရှိ ပါဝင်တဲ့ ပြည်ထောင်စုသစ်ကို အတူတကွ တည်ထောင်ကြဖို့ဆိုတာ တော်လှန်ရေးအဖွဲ့အစည်းတိုင်း လိုလားကြတာဖြစ်လို့ ဒီနိုင်ငံရဲ့ အနာဂတ် အင်မတန် လှပတယ်လို့ မြင်ပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍40❤13🤮1🥴1
"ရှမ်းမြောက်တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်" ဒေါက်တာလှကျော်ဇော
မောင်ခက်နွေ (မဇ္ဈိမ) ။
https://www.youtube.com/watch?v=sloJVRbdixA

မောင်ခက်နွေ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အဖွဲ့ တွေပါ တစုတစည်း တိုက်ခိုက်တာကြောင့် နွေဦး တော်လှန်ရေးရဲ့ အောင်မြင်မှုတခုလည်းဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
အခုတပတ်…
အခုတပတ်…
👍32🔥1😁1