Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​သီပေါမြို့ ကျင်တီတံတား စစ်ကောင်စီတပ်စခန်းအား TNLA သိမ်းပိုက်
==============

ရွှေနွယ်

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘိုကြိုကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်းအား ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA ) က ထုတ်ပြန်သည်။

ကျင်တီတံတားအနီး ယနေ့နံနက်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ကျင်တီတံတားသည်လည်း မိုင်းထိမှန်၍ ထိခိုက်ပျက်စီးမှုရှိကြောင်း သီပေါမြို့ဒေသခံထံက သိရသည်။

“မြို့ထဲကနေ ကြားနေရတယ်ပစ်ခတ်သံတွေကို။ ၇ နာရီလောက်အထိကြားရတယ်။ အခုတော့ငြိမ်သွားတယ်။ ကျင်တီတံတားက ကျိုးကျသွားတာတော့မဟုတ်သေးဘူး။ မိုင်းထိပြီး ပဲ့သွားတာပါ” ဟု သီပေါမြို့ဒေသခံက နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင်ပြောသည်။

ကျင်တီတံတားသည် သီပေါမြို့နှင့် ကျောက်မဲမြို့ကြားတွင်တည်ရှိပြီး သီပေါမြို့မှ ခြောက်မိုင်ခန့်အကွာတွင် တည်ရှိသည်။

လက်ရှိတွင် သီပေါ−ကျောက်မဲ၊ သီပေါ−လားရှိုးကားလမ်းများပိတ်ထားကြောင်းလည်း သိရသည်။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ယနေ့အထိ PSLF/TNLA က စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၃၀ နှင့်အထက် သိမ်းပိုက်ထားနိုင်ပြီး နမ့်ခမ်းမြို့ကိုလည်း အောင်မြင်စွာထိန်းချုပ်ထားနိုင်ကြောင်း TNLA ၏ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#သီပေါမြို့
#TNLA

ပုံအညွှန်း- သီပေါမြို့ရှိ စစ်ကောင်စီ တပ်စခန်း တခု (ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏2🔥1😁1🤣1
စစ်ကောင်စီ၏ ကျားဘီလူးစစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခံရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် စစ်ကောင်စီ၏ ကျားဘီးလူးစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးချတ....
https://ift.tt/1qOKWVj
👍16🔥1😁1
ကနီမြို့နယ်တွင် ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုပြုလုပ်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှ ကျေးရွာတခုတွင် ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ....
https://ift.tt/zRZsaNL
👍9🔥2😁1
သီပေါမြို့ ကျင်တီတံတား စစ်ကောင်စီတပ်စခန်းအား TNLA သိမ်းပိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘိုကြိုကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကျင်တီတံတားတပ...
https://ift.tt/LqANnzI
👍17❤4🔥4🥰3
ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတွင် '၁၁၁၁' အောင်သပြေကပ်လှူ ဆုတောင်း
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အော....
https://ift.tt/GnjE73R
❤7👏2🔥1
တိုက်ပွဲ ပြင်းထန်နေချိန် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရန် အသင့်ရှိ
ဂါဇာ၏ အကြီးဆုံး ဆေးရုံမှ မွေးကင်းစအရွယ် ကလေးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် အသင့်ရှိသည်ဟု အစ္စရေ....
https://ift.tt/oBNd02U
👍7🔥1
ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတွင် '၁၁၁၁' အောင်သပြေကပ်လှူ ဆုတောင်း
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အော....
https://ift.tt/ON2W9Y3
❤5🔥1
တိုက်ပွဲ ပြင်းထန်နေချိန် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရန် အသင့်ရှိ
ဂါဇာ၏ အကြီးဆုံး ဆေးရုံမှ မွေးကင်းစအရွယ် ကလေးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် အသင့်ရှိသည်ဟု အစ္စရေ....
https://ift.tt/lF6ZnIf
🔥1
ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့...
https://ift.tt/kxm6KUn
👍3🔥1
ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့...
https://ift.tt/bXi9g1x
👍4🔥2🤬1
ရန်ကုန် စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူ များပြား
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F50l8Bx2xMCk&h=AT0QWQkEO2qoJSlQJ62NpHzFXHtA6TGncoweO1rX761DfHz4z46DqDw8Keoy--pk-iMcQRJabvRCuap_VDWhdV_sAmhlboEUFMqg50o_Mhtz3JVbDiZpsE_S22c6m_Dd&s=1
👍2
ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတွင် '၁၁၁၁' အောင်သပြေကပ်လှူ ဆုတောင်း
======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အောင်သပြေ ကပ်လှူ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များထံက သိရပါသည်။

ယင်းဆုတောင်းပွဲကို ကျောင်းသား၊ မိဘ ၊ ဆရာများ ပူးပေါင်း ကျင်းပခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်များအားလုံးကို ထောက်ခံကြိုဆိုသည့် အနေဖြင့် ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သည့် တာဝန်ခံဆရာ တဦးထံက သိရသည်။

ဆုတောင်းပွဲတွင် တရားသော စစ်ဆင်နွှဲနေသည့် ရဲဘော်များအားလုံး ဘေးရန်းကင်းပြီး ၊ တိုက်ပွဲတိုင်း အောင်မြင်ဖို့ ဆုတောင်းပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#၁၁၁၁
#၁၀၂၇

website link >>> https://www.mizzimaburmese.com/article/135466

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥰6❤4
​​တိုက်ပွဲ ပြင်းထန်နေချိန် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရန် အသင့်ရှိဟု အစ္စရေး ပြော
======================

ဂါဇာ၏ အကြီးဆုံး ဆေးရုံမှ မွေးကင်းစအရွယ် ကလေးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် အသင့်ရှိသည်ဟု အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောသည်။ ဧရိယာတွင် တိုက်ပွဲများ ပြင်းထန်နေစဉ် လောင်စာဆီ ပြတ်လပ်ပြီးနောက် မွေးကင်းစ ကလေးနှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ကလေးငယ်များလည်း အသက်ဘေးအန္တရာယ်ရှိနေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤣1
ပျက်ကျသွားသော တိုက်လေယာဉ်ပေါ်ပါပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများ သိမ်းဆည်းရမိ
==========

မဇ္ဈိမ။ ။ပျက်ကျသွားသော စစ်ကောင်စီ တိုက်လေယာဉ်မှပစ္စည်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)က သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ယနေ့တွင် ထုတ်ပြန်လာသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာနတပ်ရင်းများက သိမ်းဆည်းရမိသည့် ယမန်နေ့ ညနေက ကရင်နီပြည်နယ်အတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပစ်ချလိုက်သည်ဟုဆိုသည့် K-8 အမျိုးအစား အပေါ့စားတိုက်လေယာဉ်၏ ကျန်ရှိပစ္စည်းများစာရင်းတွင် လေထီးတစုံ၊ စကားပြောစက်ကြီး တလုံး၊ လက်ကိုင်စကားပြောစက်တခု၊ ကယ်ဆယ်ရေးလေထိုးလှေငယ်တစင်း၊ အသက်ရှုအောက်ဆီဂျင် စက်တစုံ၊ လေသူရဲဆောင်းဦးထုတ်တလုံး၊ လေယာဉ်မှူးထိုင်ခုံတပိုင်းနှင့် ဆေးဝါးများဓာတ်စာများ ပါရှိ သည်ဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်မှတိုက်လေယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေသူရဲ နှစ်ဦး အရေးပေါ်လေထီးဖြင့်ခုန်ချခဲ့ကြရာ တဦးမှာကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းကျသွားခဲ့ပြီး ကျန်တဦးသည် အခြားဒေသတွင် ကျရောက်သွားခဲ့သည်။
လက်ရှိအချိန်အထိ လေသူရဲများကို နှစ်ဘက်တပ်များက လိုက်လံရှာဖွေနေဆဲဖြစ်သည်။
👍14👏1