ဖေဖော်ဝါရီလ 27 ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
1:08- မင်းအောင်လှိုင်ဟာ စစ်တွေမြို့ကိုရောက်ရှိနေပြီး ဦးဥတ္တမခန်းမမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနေတဲ့ သတင်း
2:05- မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်နေတဲ့ သတင်း
5:31- ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောတဲ့ သတင်း
6:30- ရုရှားကျူးကျော်မှုနှစ်ပတ်လည်နေ့မှာ ယူကရိန်းရဲ့လုံခြုံရေးအတွက် ဒေါ်လာ ၂ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကတိပြု
https://youtu.be/EmVYXRbQM84

YouTube
ဖေဖော်ဝါရီလ 27 ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
ဖေဖော်ဝါရီလ 27 ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
1:08- မင်းအောင်လှိုင်ဟာ စစ်တွေမြို့ကိုရောက်ရှိနေပြီး ဦးဥတ္တမခန်းမမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနေတဲ့ သတင်း
2:05- မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF)…

👍7🤮1
တော့တင်ဟမ်ကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုအပေါ် ပေါ်တာ 'အားကိုးလို့ မရနိုင်'
ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် သူ့အပေါ် ဖိအားတွေ ပိုတိုးလာခဲ့ပြီး ကလပ်ဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုအပေါ် အချိန်အကြာကြီး အားကိုးလို့မရနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

👍3🔥2
ထန်တလန်မြို့ ရက် ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေပြီး ချင်းတပ်ဖွဲ့မှ ၆ ဦးကျ
ပါခွီး
မဇ္စျိမ။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ဖြစ်ပွားခဲ့သည့် ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်မှ ၂၀ ဦးသေဆုံးကာ ချင်းပူးပေါင်းတပ်မှ ခြောက်ဦးကျဆုံးခဲ့ကြောင်း CDF – Thantlang က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင်ထုတ်ပြန်သည်။
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) တို့နှစ်ဖွဲ့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီမှစတင်ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ Tilim Operation ဟုအမည်ပေးထားသည့်စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

👍2🔥2😁2
Tilim Operation ကိုစတင် တိုက်ပွဲဝင်ဖော်ဆောင်သည့် ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ CDF – Thantlang ဘက်မှ ရဲဘော်လေးဦး၊ CNA မှ ရဲဘော်နှစ်ဦး ချင်းလဲန်းအတွက် အသက်ပေးလှူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စစ်ကောင်စီတပ်သားနှင့် ရဲများနေရာယူထားသည့် ရဲစခန်းအတွင်းရှိ အိမ်ငါးလုံးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် အိမ်နှစ်လုံး ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း သိရ သည်။
ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် စစ်ကောင်စီတပ်သားများအတွက် ထောက်ပို့ရောက်ရှိလာခဲ့သည့် MI 17 ရဟတ်ယာဉ်၏ အစိတ်အပိုင်းအချို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆို သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထန်တလန်မြို့ CB Bank တွင် နေရာယူတပ်စွဲထားသော စစ်ကောင်စီ တပ်သားနှင့် ရဲခြောက်ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ရှစ်လက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထန်တလန်မြို့ရဲစခန်းအတွင်း အင်အား ၅၀ ခန့်ဖြင့် အခိုင်အမာနေရာယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ရဲများကို တိုက်ခိုက်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲများဖော်ဆောင်ခဲ့သည့် ရက် ၆၀ အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ် တို့ဖြင့် အကြိမ်ပေါင်း (၉၅) ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ကလေကြောင်းမှ မနားတန်းတိုက်ခိုက်လျက်ရှိသည့်အပြင် လက်နက်ခဲယမ်း အင်အား အလွန်အကျွံအသုံးပြု တိုက်ပွဲဖော်ဆောင်နေသောကြောင့် တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် CDF – Thantlang ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထန်တလန်မြို့
#ရက်ပေါင်း၆၀
#တိုက်ပွဲ
#CDF
#CNA

👍8🔥3😁1
စစ်ကောင်စီထံ ပါတီမှတ်ပုံတင်မည်မဟုတ်ကြောင်း ALD ပါတီပြော
001
မဇ္စျိမ။ ။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အနေဖြင့် စစ်ကောင်စီ၏ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်မည်မဟုတ်သကဲ့သို့ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေအရလည်း မှတ်ပုံပြန်တင် မည်မဟုတ်ကြောင်း ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးထွန်းလွင်က ပြောသည်။
စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ ပါတီများအား ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအလိုအလျောက်ပျက်ပြယ်မည်ဟုဆိုသော်လည်း ALD ပါတီအနေဖြင့် မှတ်ပုံတင်နံပါတ်ဂဏန်း တစ်ခုမရှိရုံသာဖြစ်ပြီး ပါတီအနေဖြင့်မူ ဆက်လက်ရှင်သန် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဦးထွန်းလွင် က ဆိုသည်။
“ကျွန်တော်တို့ပါတီက ၈၈ နောက်ပိုင်း NLD နဲ့အတူတူ ပေါ်လာတဲ့ပါတီဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီပျက်မသွားဘူး။ ကျွန်တော်တို့ ဒီအယူအဆကို လက်ခံထားတဲ့ လူတွေစုရုံးနေကြတာဖြစ်တဲ့အတွက် ဒီရွေးကော်ကထွက်တဲ့ဥပဒေက ကျွန်တော်တို့ကို ဖျက်လို့မရပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်ပြုလုပ်သော ALD ပါတီ ဗဟို ကော်မတီအစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးကို မြို့နယ် ၁၀ မြို့နယ်မှ ပါတီဗဟိုကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ စသည်ဖြင့် စုစုပေါင်း ၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိပါတီများထဲမှ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ကမူ ပြည် နယ်အတွင်း စည်းရုံးမည့်ပါတီအဖြစ် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မှတ်ပုံတင်လိုက်ပြီကြောင်း သိရသည်။
“ဒီနေ့ပဲ မှတ်ပုံတင်တယ်။ အခုပဲ။ ရခိုင်ပြည်နယ်အတွက်ပဲ တင်လိုက်တာပါ”ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
နောက်ထပ် ရခိုင်အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ပါတီမှတ်ပုံတင်၊ မတင်ကိုမူ ပါတီတွင်း အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း ပြောထားသည်။
ANP ပါတီဥက္ကဌ ဦးသာထွန်းလှက “လောလောဆယ် ဆွေးနွေးဖို့တော့ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။ ဆွေးနွေးမှုမလုပ်ရသေးဘူး”ဟု ယနေ့ ထပ်မံပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီအပါအဝင် ပါတီ ၁၁ ခုအထိ ရှိလာပြီဖြစ် ကြောင်း စစ်ကောင်စီဝါဒဖြန့် နေ့စဉ်ထုတ်သတင်းစာများအရ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)တို့ကမူ စစ်ကောင်စီ ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ထားကြသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကောင်စီ
#ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
#ရွေးကောက်ပွဲ

👍17🔥1👏1
OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - http://bit.ly/3Y2wKtC
👍5😁3🤮1
ဗီယက်နမ် မန်နေဂျာသစ် ထရူးစီယာက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် တစ်နေရာကို ပစ်မှတ်ထား
ပြင်သစ်လူမျိုးနည်းပြ ဖိလစ်ပီ ထရူးစီယာဟာ ဗီယက်နမ်ဘောလုံးအသင်းကို ဦးဆောင်ဖို့အတွက် တနင်္လာနေ့မှာ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့အသင်းသစ်အတွက် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ချက်ချင်းဝင်ခွင့်ရဖို့ ပစ်မှတ်ထားခဲ့ပါတယ်။

👍2😁1
ဝန်ထမ်းများ၏ ဖုန်းထဲတွင် TikTok ထည့်သွင်းခြင်းကို ဥရောပသမဂ္ဂ လုံခြုံရေးအရ ပိတ်ပင်
ဥရောပသမဂ္ဂ၏ အကြီးဆုံး မူဝါဒချမှတ်သည့်အဖွဲ့အစည်း၂ ခုသည် ဆိုက်ဘာလုံခြုံရေးအကြောင်းပြချက်ဖြင့် ဝန်ထမ်းများ၏ ဖုန်းများတွင် TikTok ထည်သွင်းခွင့် ပိတ်ပင်လိုက်သောကြောင့် အဆိုပါ တရုတ်ဗီဒီယိုအတိုမျှဝေသည့် အက်ပလီကေးရှင်းနှင့် အသုံးပြုသူများ၏ အချက်အလက်များနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လာသည့် လက္ခဏာဖြစ်သည်။

👍9😁3
ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေခြင်းကြောင့် စျေးအပေါဆုံး အညံ့စားဆန်ကို ပြည်သူများစားသုံးနေရ
https://youtube.com/watch?v=Sg6loyUH_6g&si=EnSIkaIECMiOmarE

ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေတာကြောင့် စျေးအပေါဆုံး အညံ့စားဆန်ကို ပြည်သူတွေ စားသုံးနေရတယ်လို့ ဆန်ရောင်းဝယ်သူတွေထံကတဆင့် သိရပါတယ်။
အခုလိုဆန်စျေးတွေမြင့်တက်လာတဲ့အခါမှာ စားသုံးသူတွေတင်မကဘဲ ရောင်းဝယ်သူတွေဘက်မှာလည်း အခက်အခဲတွေဖြစ်လို့လာပါတယ်။ ဆန်ကုန်သည်တွေအနေနဲ့…

👍4🔥4😁1
မြန်မာ့ကင်းမွန် ထိုင်းဈေးကွက်တွင် ဈေးကောင်းရရှိနေ
ထိုင်းသည် မြန်မာ့ အေးခဲ ကင်းမွန်များကို အရွယ်အစားအပေါ် မူတည်ပြီး တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ် ၁၃၀ နှင့် ၁၆၃ ဘတ်အကြား ဈေးနှုန်းဖြင့် ဝယ်ယူသည်။ ယင်းက မြန်မာကျပ်ငွေတန်ဖိုးအရဆိုလျှင် ခန့်မှန်းခြေအားဖြင့် ကျပ် ၁၁,၀၀၀ မှ ၁၃,၀၀၀ အကြား ဖြစ်သည်။ သဘာဝအတိုင်း စီမံသန့်စင်ထားပြီး အခြောက်လှန်းထားသည့် ကင်းမွန်များသည် တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ် ၅၇၀ (မြန်မာကျပ်ငွေ ၄၇,၀၀၀) အထိ ဈေးရနိုင်ကြောင်း ကင်းမွန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥2
No Fly Zone သတ်မှတ်ပေးရန်နှင့်MOGEကိုပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ပေးရန် အမေရိကန်ရောက်မြန်မာများတောင်းဆို
https://youtu.be/oF26ybshgZ0

အရပ်သားပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီကို အရေးယူပေးဖို့နဲ့ လေယာဉ်မပျံသန်းရဇုန်တွေ သတ်မှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေ မြို့တော်ဝါရှင်တန်ဒီစီမှာ ဖေဖော်ဝါရီ ၂၆တွင် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ယင်းဆန္ဒပြပွဲကို…
ယင်းဆန္ဒပြပွဲကို…
👍14😁1🤮1
ကလင်စမန်းကို တောင်ကိုရီးယားနည်းပြအဖြစ် ခန့်အပ်
ကစားသမားအဖြစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နည်ပြအဖြစ် ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့တဲ့ ဂျာဂန် ကလင်စမန်းကို တောင်ကိုရီးယားအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

👍3🔥1
ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:02-စစ်ခေါင်းဆောင် မင်းအောင်လိူင်ရဲ့ ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေတယ်လို့ AA ကပြောလိုက်တဲ့သတင်း
02:32-ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေခြင်းကြောင့် စျေးအပေါဆုံး အညံ့စားဆန်ကို ပြည်သူတွေ စားသုံးနေရတယ်ဆိုတဲ့သတင်း
04:47-အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအသစ်တွေကို ပြန်ဖွင့်ပြီး တစ်ရက်အတွင်း ယာယီရပ်ဆိုင်း လိုက်တဲ့သတင်း
06:38-No Fly Zone သတ်မှတ်ပေးဖို့နဲ့ MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ အမေရိကန်ရောက် မြန်မာတွေ တောင်းဆိုလိုက်တဲ့သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/yzkqwp9UvAE

04:47-အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ်…

👍5😁1🤮1
မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်
https://youtube.com/watch?v=winwr5D7lQg&si=EnSIkaIECMiOmarE

မြန်မာနိုင်ငံဟာ အီရန်၊ မြောက်ကိုရီးယားနိင်ငံတွေနဲ့အတူ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်နေတယ်လို့ သိရပါတယ်။
မြန်မာ၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ဟာ အန္တရာယ်ရှိသော တရားစီရင်ပိုင်ခွင့်ရှိတဲ့ တိုင်းပြည်တွေလို့ အ ကြမ်းဖက်မှု…

👍3🤮2😁1
ပြည်ပခရီးသွား အလာနည်းမှုကြောင့် ပုဂံမြို့ရှိ မိုးပျံပူဖောင်းကုမ္ပဏီများ ဝန်ဆောင်မှု ရပ်ဆိုင်းမည်
မြန်မာနိုင်ငံ၏ အဓိက ခရီးသွားနေရာတစ်ခုဖြစ်သည့် ပုဂံမြို့ရှိ မိုးပျံပူဖောင်းကုမ္ပဏီများသည် ယခုအခါ ပုဂံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးမှုကြောင့် ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းအစီအစဉ်များကို ပြုပြင်ချိန်ညှိသွားရရန် ရှိနေသည်။ အဓိကအားဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ပုဂံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုပိုင်းတွင် များစွာ ကျဆင်းသွားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မြန်မာနိုင်ငံ၏ အဓိက ခရီးသွားနေရာတစ်ခုဖြစ်သည့် ပုဂံမြို့ရှိ မိုးပျံပူဖောင်းကုမ္ပဏီများသည် ယခုအခါ ပုဂံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးမှုကြောင့် ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းအစီအစဉ်များကို ပြုပြင်ချိန်ညှိသွားရရန် ရှိနေသည်။ အဓိကအားဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ပုဂံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုပိုင်းတွင် များစွာ ကျဆင်းသွားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
Business Round Up (February 27)
- ဂျပန်အစိုးရက မြန်မာစစ်တပ်အား သင့်တော်သည့် အရေးယူမှု ပြုလုပ်မည်ဟုဆို
- စစ်ကောင်စီ၏ နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့်မူဝါဒသစ်ကြောင့် ကုန်သည်နှင့် တောင်သူများ နစ်နာနိုင်
- နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးအဖြစ် ဘတ်(၁၂၅ဝ) ပေးသွင်းရမည်ဖြစ်ဟု မြန်မာသံရုံးကြေညာ
- ကမ္ဘောဒီးယား၏ကြက်ငှက်တုပ်ကွေး စိုးရိမ်စရာဖြစ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား
- ကြွေးမြီဖြေလျော့ရေး G20 ဆွေးနွေး
https://youtu.be/m0gOWgJyias

- နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးအဖြစ် ဘတ်(၁၂၅ဝ) ပေးသွင်းရမည်ဖြစ်ဟု မြန်မာသံရုံးကြေညာ…

👍7🔥2😁1