Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဝေါမြို့နယ် စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်

YT
မဇ္ဈိမ။ ။ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ အထွက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား ဝေါမြို့နယ် PDF မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စစ်တောင်းတံတားမှ ဝေါမြို့နယ်သို့အဝင်၊ ဘုရားပျိုကျေးရွာအထွက်ရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဂိတ်အတွင်းလုံခြုံရေးယူထားသော ရဲနှင့်စစ်သားများမှ နှစ်မိနစ်ခန့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်း ရန်သူ့ဘက်မှ အထိအခိုက်၊အကျအဆုံးရှိပြီး ဒဏ်ရာရသူများအား မြို့နယ်တွင်းရှိ လူမှုကယ်ဆယ် ရေးအသင်းတစ်ခုက ရန်ကုန်ဆေးရုံကြီးသို့ ညတွင်းချင်းပို့ဆောင်ခဲ့ကြောင်း ဝေါမြို့နယ် PDF တာဝန်ရှိသူ တစ်ဦးကပြောသည်။
❤14😁2👏1
“ဆယ်အိမ်မှူးတစ်ယောက်၊ မီးသတ်တစ်ယောက် ကျသွားတယ်။ တပ်ကြပ်တစ်ယောက်၊ နယ်ထိန်း တစ် ယောက်၊ ပျူစောထီးနှစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရ၊ ကျဆုံးသူတွေကို ခိုင်မာတဲ့သတင်းအရင်းမြစ် ကနေ အတည်ပြုထားပါတယ်” ဟု ဝေါ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုစစ်ဆင်ရေးအား ဝေါမြို့နယ် PDF အဖွဲ့မှ ဆိုင်ကယ်နှစ်စီး၊ လူလေးဦးဖြင့် တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်ရောက်ခဲ့ကြောင်း သိရသည်။
ယခု တိုက်ခိုက်ခံရသောဂိတ်သည် မွန်ပြည်နယ်မှ ပဲခူးတိုင်းသို့ ဝင်ရောက်လာသော မှောင်ခိုပစ္စည်းများ အား ငွေကြေးအဆမတန်ကောက်ခံသောဂိတ်ဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ် PDF တပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်း နှင့် လက်ပန်ရွာအုပ်ချုပ်ရေးမှူးရုံးတို့အား ဒရုန်း( Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ဝေါမြို့နယ်
#စစ်ဆေးရေးဂိတ်
#နန်းထိုက်အောင်စစ်ဆင်ရေး
❤5😁3👍2👏1🥱1
​​ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူကို ကာကွယ်ရေးတပ်ဖွဲ့ပစ်ခတ်

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နားဂျပ်ကျေးရွာမှ စစ်ကောင်စီသတင်းပေးဆိုသူ ကိုစိုးနိုင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့သည်ဟု Bago Region PDF က ထုတ်ပြန်ထားသည်။
ရေတာရှည်မြို့နယ် ဒိုးတန်းမြစ်ကူးတံတားထိပ်၌ ဖေဖော်ဝါရီလ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့် တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီသတင်းပေးဆိုသူသည် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများ၊ တပ်ရင်း တပ်ဖွဲ့များ၏ စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေများအား စစ်ကောင်စီတပ်ဖွဲ့ထံ အမြဲ သတင်းပေးပို့နေသဖြင့် နှစ်ကြိမ်တိုင်တိုင် သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် ယခုကဲ့သို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီသတင်းပေးဆိုသူ ကိုစိုးနိုင်သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယခုဖေဖော်ဝါရီလထဲ၌ စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမှုများ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရမှု များနှင့် စစ်ဘေးရှောင်နေရသည်များရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသော မိုင်းများကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ရေတာရှည်မြို့နယ်
#စစ်ကောင်စီသတင်းပေး
#နန်းထိုက်အောင်စစ်ဆင်ရေး
👍12❤3🔥1🥴1
​​ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူမိန်းကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ဘာသာပြောင်းခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် အသက် ၁၇ နှစ်အရွယ် ဟိန္ဒူမိန်းကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် အတင်းအကျပ် စေခိုင်းခံရသည်။
👍4🤬4🔥1
​​အုပ်ကြီးအလိုရှိသည်

(မော်စကိုဒေါ်ချို ရေးသားသည်)

“တပ်မတော်သားတွေသည် ပြည်သူ့ဘက်က အမြဲရှိသည်..ဒန် တန့် တန့်”
ဖုန်း Ring Tone သံမှ သီချင်းစာသားက စိတ်ဓာတ်တက်ကြွဖွယ်ရာ။
ဗိုလ်မှူးသည် နေ့လည်စာ ဒံပေါက်နှင့် ကြက်သားကို ဇွန်းခက်ရင်းဖြင့် ဖဲ့စားနေရာမှ ဖုန်းကို ကိုင်လိုက်သည်။
“အင်း.ဒီတကောင်လည်း..သွားပြန်ပြီလား”
“......................................”
“ဘယ်ရပ်ကွက်ကလဲ”
“................................”
“သောက်လုပ်ရှုပ်ရတဲ့အထဲကွာ..မော်တော်ယာဉ်ဌာနမှာ လူစုခိုင်းထားလိုက်..ငါ ခဏနေထွက်လာခဲ့မယ်”
.....................................................................................................
ရပ်ကွက်၏ အရှေ့ဘက်ထိပ်နှင့် အနောက်ဘက်ထိပ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက အသီးသီးနေရာယူထား၏။
သို့သော်ငြားလည်း လမ်းမပေါ်တွင် လူအများက အသွားအလာမပျက်။
မကြာသေးခင်ကမှ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင်းသို့ လူငယ်တစ်စုက သေနတ်ဖြင့် ဝင်ပစ်ခတ်သွားသည်ဆိုသည်က ယုံကြည်စရာပင်မရှိ။
ဗိုလ်မှူးသည် အခင်းဖြစ်ပွားရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့သို့လမ်းလျှောက်လာသည်။
ပုခုံးပေါ်တွင် ငွေရောင်အပွင့်သုံးပွင့်တင်ထားသည့် ရဲအရာရှိက အပြေးအလွှားရောက်လာ၏။
ခန္ဓာကိုယ်ကို ခပ်ရို့ရို့ရပ်က အလေးပြုလိုက်ပြီး..လက်ထဲမှ စာအုပ်အပြာလေးကို ထုတ်လိုက်သည်။
“မနက် ၁၁ နာရီလောက်မှာ လူငယ်နှစ်ယောက်က ဧည့်စာရင်းတိုင်ချင်လို့ပါဆိုပြီး ရောက်လာလို့..အုပ်ကြီး အုန်းမြင့် က ရုံးရဲ့ သံပန်းတံခါးကို ထအဖွင့်မှာ ပစ်ခတ်သွားတာပါ..... ရင်ဘတ်မှာတစ်ချက်၊ ပုခုံးမှာ နှစ်ချက်...ပစ္စတိုနဲ့ ပစ်သွားတာလို့ စီစီတီဗွီမှတ်တမ်းအရ သိထားပါတယ်... အခုပဲ..သူတို့ကို လိုက်လံဖမ်းဆီးဖို့ ကျွန်တော်တို့ စခန်းက ရဲအုပ် တစ်ဉီး ၊ အခြားအဆင့်ငါးယောက်အဖွဲ့ကို လွှတ်ရှာဖွေခိုင်းထား...”
ဗိုလ်မှူးက လက်ကာပြလိုက်သဖြင့်..သတင်းပို့နေသည့် ရဲအရာရှိမှာ ပြောနေရင်းတန်းလန်းမှ ရပ်သွား၏။
“အဲ့ဒါတွေ အရေးမကြီးပါဘူးကွာ....မင်းမှာ ကွမ်းပါရင်..ငါ့..တစ်ယာလောက်ကျွေးစမ်း”
ရဲအရာရှိ က သူ့စာအုပ်အပြာလေးကို ဘောင်းဘီထဲထိုးထည့်ကာ တစ်ဖက်ဘောင်းဘီအိတ်မှ ကွမ်းထုတ်ကိုဖြည်လျက် ဗိုလ်မှူးထံ တရိုတသေကမ်းပေးလိုက်သည်။
👍25😁13🤮1
​​ပြည်ပမှ ကုန်ပစ္စည်းမှာယူမှုများ လျော့နည်းလာသဖြင့် တရုတ်ဆိပ်ကမ်းတွင် ကွန်တိန်နာများ စုပုံနေ

တရုတ်နှစ်သစ်ကူး အားလပ်ရက် ပြီးဆုံးသွားသည်မှာ ရက်သတ္တပတ်များစွာ ကြာပြီဖြစ်သော်လည်း ရှန်ကျန်းရှိ ကုန်တင်ကားမောင်းသူအားလုံး အလုပ်ပြန်မဆင်းကြသေးပေ။ ယန်တီအန် (Yantian) အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာဆိပ်ကမ်းသို့ သွားသည့် အမြန်လမ်းဘေးတွင် ကုန်သေတ္တာမပါသော တွဲကားများ ရပ်ထားသည်ကို တွေ့ရပြီး ယင်းသည် ၁ ကီလိုမီတာနီးပါးရှည်သော ရပ်ထားသည့် ကားတန်းကြီး၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။
👍8😁4
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေကြောင်း AA ပြော

သူသူဇော်
မဇ္ဈိမ။ ။အပစ်ရပ်ကာလတွင် ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်လျက်ရှိသည့် အာဏာသိမ်း စစ်ခေါင်းဆောင်၏ခရီးစဉ်ကို ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် အသေအချာစောင့်ကြည့်နေသည်ဟု ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ပြုလုပ်သည့် (၇)ကြိမ်မြောက် (ULA/AA )သတင်းရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
ရခိုင်ခရီးစဉ်တွင် စစ်ခေါင်းဆောင်အနေဖြင့် မည်ကဲ့သို့ ကတိကဝတ်များပေးပြီး ဆက်လက်လုပ်ဆောင် မည်ကို စောင့်ကြည့်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (ULA/AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
😁6👍3💩2
“ ကျနော်တို့ ပြည်သူတွေ လက်ရှိ ပိတ်ဆို့ကန့်သတ်ခံထားရတာတွေ၊ လက်ရှိဖြစ်နေတဲ့ အကျပ်အတည်း တွေကလွတ်မြောက်ဖို့အတွက် လာရောက်ပြီးတော့လုပ်ဆောင်ပေးတယ်ဆိုရင်တော့ ဒီကိစ္စကကြိုဆိုရ မယ့်ကိစ္စလို ပြောလိုရပါတယ်။ သို့ပေမဲ့ ဒီလိုမဟုတ်ဘဲ သူတို့ နိုင်ငံရေးအရ နိုင်ငံတကာကအကောင်းမြင် လာအောင် ပုံစံမျိုး၊ နောက်တစ်ခုက ရခိုင်ပြည်လုံးဝတည်ငြိမ်းအေးချမ်းနေတဲ့အတွက် သူအနေနဲ့လာ ရောက်ပြီးတော့ အခုလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပုံစံမျိုးလာရောက်တယ်ဆိုရင်တော့ ဆိုလိုတာကအပြင် ပန်းကနေပြီးတော့ ကြောညာပြသွားပြီး အကောင်အထည်မဖော်တဲ့ အဲဒီလို ကတိကဝတ်မျိုးလုပ်လာ တယ်ဆိုတာက ပြည်သူတွေအတွက် တစ်စုံတစ်ရာ အကျိုးရှိလာမယ့် ကိစ္စမဟုတ်ပါဘူး။ အဲဒါကြောင့် အခု လာရောက်တဲ့ကိစ္စကို ရှေ့ကိုဆက်ပြီးတော့ ဘာဖြစ်လာမယ့်၊ သူဘာပြောပြီးတော့ ဘာဆက်လုပ်သွားမှာ လဲဆိုတာကို ကျနော်တို့ (ULA/AA )အနေနဲ့ သေသေချာချာ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် စစ်ခေါင်းဆောင်ခရီးစဉ်မှာ ပြည်သူများအတွက် တစ်စုံတစ်ရာအကျိုးပြုသည် ကိစ္စဆိုလျှင် (ULA/ AA ) အနေဖြင့် ကြိုဆိုကြောင်း ဦးခိုင်သုခကဆိုသည်။
“စစ်ခေါင်းဆောင်က ရခိုင်ပြည်ကိုလာရောက်ပြီးလည်ပတ်နေတာကို ကျနော်တို့လည်းသိပါတယ်။ ဆို တော့ စစ်ကောင်စီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ကိုလာရောက်တဲ့အတွက်ကြောင်း ရခိုင်ပြည်သူတွေ တစ်စုံတစ်ရာ အကျိုး ရှိသွားတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ လက်ရှိ ပိတ်ဆို့ ကန့်သတ်ထားတာတွေကို ဖြေလျော့ပေး သွားတယ်။ သို့မဟုတ် ရခိုင်ပြည်သူတွေဘဝ ပြန်လည်ထူထောင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်တဲ့ကိစ္စမျိုးကို ဦးတည်ပြီး လာရောက်ပြီးတော့တွေ့ဆုံ တာမျိုး ဆိုရင်တော့ ကျနော်တို့အနေနဲ့က တော့ အထွေအထူးပြောစရာမရှိပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဖေဖော်ဝါရီလ ၂၆ ရက် ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင် ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေပြီး အနောက်ပိုင်းတိုင်စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ယင်းအပြင် ယနေ့တွင်လည်း ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ဦးဥတ္တမခန်းမတွင် တွေ့ဆုံနေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#စစ်ခေါင်းဆောင်
#ရက္ခိုင့်တပ်တော်
#ULA/AA
👍6😁6💩2
အွန်လိုင်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာ

ကီရာ
မဇ္ဈိမ။ ။ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ခဲ့သည့် အွန်လိုင်းမှလျှောက်ထားရသော နိုင်ငံကူး လက်မှတ်လျှောက်ထားမှုစနစ်သစ်ကို လိုအပ်ချက်များ ပြန်လည်ပြင်ဆင်ရန်ဟုဆိုကာ ယာယီရပ်ဆိုင်း ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကြေညာခဲ့သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြန်လည်လျှောက်ထားနိုင်ကြောင်း ကနဦး၌ ကြေညာထားသော်လည်း လက်ရှိအချိန်တွင် လျှောက်ထားမှုအသစ်များအတွက် စနစ်ကိုပြင်ဆင်မှုများ လုပ်ဆောင်နေဆဲဖြစ်၍ ဝန်ဆောင်မှုအသစ်များ ပြန်လည်စတင်နိုင်မည့်အချိန်ကိုကြေညာသွားမည်ဟု ၎င်းတို့ဝက်ဘ်ဆိုဒ်မှ ထုတ် ပြန်ထားသည်။
အဆိုပါ အွန်လိုင်းမှလျှောက်ထားမှုစနစ်အသစ်သည် ဖွင့်လှစ်ပြီးတစ်ရက်အတွင်း ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရပ်ဆိုင်လိုက်ရကြောင်း သိရသည်။
🤣8❤2🤔2
“ အဆင့်မြှင့်တယ်ဘာညာနဲ့ အခုတော့ တစ်ရက်တည်းနဲ့ဆာဗာက ပြုတ်ကျသွားတာ။ အခုလဲ လျှောက်လို့ ရပြီလား မရသေးဘူးလား သေချာမသိရနဲ့ ဘာလုပ်ရမလဲကိုမသိဘူး။ အရင်ကတောင် လျှောက်တဲ့သူ ဒီလောက်များတာကို ဒါတွေကို ကြိုစဉ်းစားပြီး သေချာလုပ်သင့်တာပေါ့။ ကျွန်တော်တို့က အရင်ကလည်း QR Code တွေဝယ်ထားရတာ အခုတော့ အဲ့ဒါတွေလည်းသုံးမရ အခုအသစ်လျှောက်တော့လည်း လျှောက် မရနဲ့” ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ကြိုးစားနေသူတစ်ဦးက ပြောသည်။
လတ်တလောတွင် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပြီး အွန်လိုင်းငွေပေးချေမှုဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တရက်တည်းတွင် ရက်ချိန်းရရှိသူ ၈၅၂၉ ဦးထိရှိပြီး မတ်လ ၃ ရက်နေ့အထိ ရက်ချိန်းများရရှိ ခဲ့သည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နိုင်ငံကူးလက်မှတ်ရုံးရှေ့၌ ရက်ချိန်းရရှိထားပြီးသူများ၊ ဗုဒ္ဓါဂါယာ ဘုရားဖူးသမားများနှင့် ယခင်က စလစ်ရရှိပြီး စာအုပ်ထုတ်ရန်ကျန်ရှိသူများ လာရောက်စောင့်ဆိုင်း နေကြ သည်ကို တွေ့ရသည်။
တန်းစီစောင့်ဆိုင်းမှုများကို စိမ်းလဲ့ရိပ်သာလမ်းနှင့် ရန်ကင်းစင်တာအရှေ့ဘက်ခြမ်းဟူ၍ နှစ်နေရာခွဲထား သည်ကိုတွေ့ရပြီး ယခင်ကထက် ပိုမိုအဆင်ပြေမှုရှိသည်ဟုလည်း လာရောက်လျှောက်ထားသူများက ပြောသည်။
“ရက်ချိန်းရထားတဲ့ အချိန်အတိုင်းဝင်ရတာဆိုတော့ အရင်ကလို လူတိုးရတာ‌‌တွေမရှိတော့ဘူး။ အရင် ကလို ပွဲစားတွေတိုးကြိတ်နေတာလည်း သိပ်မရှိတော့ဘူး။ အထဲမှာ ‌ပိုက်ဆံပိုပေးရတာ မရှိသေးဘူး။ နောက်ပိုင်း ဘယ်လိုပြောင်းမလဲမသိပေမယ့် အခုတော့ အရင်ကထက် နည်းနည်းလေးပိုအဆင်ပြေပါ တယ်” ဟု ရက်ချိန်းရရှိပြီး နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတစ်ဦးမှ ပြောသည်။
သို့သော် ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းကာ ငွေပေးချေမှုလုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းမရ သူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန်ကျန်နေသူများလည်း ရှိနေသည်ဟု သိရသည်။
အဆိုပါ အကြောင်းအရာများကိုလည်း ပြန်လည်စိစစ်နေသည်ဟုသိရပြီး ငွေပေးသွင်းပြီးသူများအား ရက် ချိန်းများ ပြည်လည်စိစစ်ပြီး ပေးပို့သွားမည့်အကြောင်း နိုင်ငံကူးလက်မှတ်ရုံး ဝက်ဘ်ဆိုဒ်မှ ကြေညာထား သည်။
အဆင်မပြေမှုများကို onlinepassportmm@gmail.com ဆက်သွယ်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထား သော်လည်း ပေးပို့သူများများပြားသောကြောင့် အီးမေးလ်လက်ခံမှုများပင် ရပ်ဆိုင်းသွားကြောင်း ပေးပို့သူ များက ပြောကြသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှု‌များကြောင့် ပြည်ပထွက်ခွာရန် လုပ်ဆောင်သူများပြားခဲ့ပြီး ယခင်ကတည်းက နိုင်ငံကူးလက်မှတ်လျှောက်ထားသူ နေ့စဉ်သောင်းချီရှိနေ ခဲ့ရာမှ စနစ်အသစ်ဖြင့် ပြန်လည်ဖွင့်လှစ်သည့်နေ့ကလည်း နံနက် ၄ ‌နာရီကတည်း လူအများအပြား လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နိုင်ငံကူးလက်မှတ်
#အွန်လိုင်းစနစ်
#ယာယီရပ်ဆိုင်း
👍10❤2