Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ် ကုန်းရွာတွင် စစ်တပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကို မီးရှို့ပြီး ပြည်သူ ၃ ဦး ကို ပစ်သတ်
🤬5🔥1
ယင်းမာပင်မြို့နယ် ကုန်းရွာတွင် စစ်တပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကို မီးရှို့ပြီး ပြည်သူ ၃ ဦး ကို ပစ်သတ်
======================

လွှမ်းမိုး
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကုန်းရွာတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကိုမီးရှို့ပြီး ပြည်သူ သုံးဦးကိုပါ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းမာပင်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အိမ်ခြေ ၇၅၀ ခန့်ရှိသည့် ကုန်းရွာမှနေအိမ်များကို ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီတွင် မီးတင်ရှို့ခဲ့ခြင်းဟု ဆိုသည်။

“ ည မှောင်ရီတန်း အချိန်ကနေစပြီး မီးတောက်တွေကို အဝေးကနေ မြင်နေရတာပေါ့ ။ ရွာက ကြီးပြီး အိမ်ခြေကစိတ်တော့ တော်တော်လေး ဆုံးရှုံးမှူများသွားတယ်။ အခု မီးလောင်အိမ်ခြေ စာရင်းလုပ်ကြည့်တာတော့ ပြာကျသွားတဲ့ အိမ်ခြေ ၆၀၀ လောက်တော့ ရှိမယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကုန်းရွာတွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဦးဆန်းလင်း၊ အသက် ၄၃ နှစ်အရွယ် ကိုအေးလွင် နှင့်အတူ စစ်ကြောင်းတွင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူပိုင်နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ယင်းမာပင် မြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပေါက်ပန်းဖြူ ၊ ဇီးတော၊ ရင်ပေါင်တိုင် ၊ ကျွန်းတော ၊ မြင်သာကုန်း ၊ မေတ္တာကုန်း ၊ နတ်ထောက် ၊ စားတော်ပြင် စတဲ့ ကျေးရွာများမှ ဒေသခံ ပြည်သူ ၉,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ယင်းမာပင်မြို့နယ်
#ကုန်းရွာ
#မီးရှို့
#စစ်ကြောင်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4❤1
Belarus leader 'fully supports' China's Ukraine peace plan
=====================

Belarus President Alexander Lukashenko tells his Chinese counterpart Xi Jinping that his country "fully supports" Beijing's proposals for ending the Ukraine conflict. "Belarus is actively coming up with peace proposals, and fully supports the initiative on international security you have put forward," Lukashenko explains, referring to a position paper by Beijing on Moscow's offensive in Ukraine insisting it is a neutral party and calling for dialogue.

https://youtu.be/ORw1wGeNUp8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥1
ယင်းမာပင်မြို့နယ် ဇီးတောရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးဟု KLG PDF ပြော
==================

လွှမ်းမိုး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ ၊ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဇီးတောကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KLG) က မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမျိုးသမီး စစ်သား အပါအဝင် ကိုးဦးထက်မနည်း သေဆုံးပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KLG PDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ တိုက်ပွဲကတော့ မီတာ ၈၀ အကွာလောက်ကနေ ပစ်ခဲ့တာဗျ ။ စစ်သား ငါးဦး နဲ့ အမျိုးသမီး စစ်သား လေးဦး သေဆုံး တယ်။ ဒါကတော့ မျက်မြင်ပေါ့ဗျာ ။ အပြင်းထန်ထိခိုက်မှုကတော့ များနိုင်တယ် ။ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦး ထိခိုက်မှု ရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KLG) က မဇ္ဈိမကို ပြောသည်။

နှစ်ဘက်တိုက်ပွဲ တစ်နာရီခန့်ကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်ဖြင့်လာရောက်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် တိုက်ပွဲအတွင်း သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ရှိ အနောက်မြောက် တိုင်းစစ်ဌာနချုပ် (န.မ.ခ) သို့ နှစ်ကြိမ် သယ်ဆောင်သွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထိုစစ်ကြောင်းမှ မြေပြင်တွင် ကျန်ရစ်ခဲ့သည့် စစ်ကောင်စီ တပ်သားများမှာ ယင်းမာပင်မြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးစစ်သည်များကို တွေ့ရကြောင်း ရှေ့တန်းတိုက်ပွဲဝင်နေသော PDF များက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းများတွင် အမျိုးသမီး စစ်သားများကို ထည့်၍ အသုံးပြုလာခြင်းမှာ စစ်တပ်အင်အား အမှန်တကယ် ယုတ်လျော့ လာခြင်းကြောင့် ဖြစ်သည်ဟု KLG PDF မှ နာယက ဆရာတော်က မဇ္ဈိမကို မှတ်ချက်ပြုသည်။

အဆိုပါ တိုက်ပွဲကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) ၊ ၊ နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) ၊ Alpha Special Force ၊ Triple Two Force ၊ ချင်းတွင်းဂဠုန်ရာဇာ ၊ Yinmarbin Local PDF ၊ ဗျတ္တညီနောင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ သံမဏိမြွေပြွေး ၊မြောက်ယမား တပ်ဖွဲ့ ၊ Yinmarbin PDA စတဲ့ တပ်ဖွဲ့များ ပါဝင်သည့် ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ၊ Yoma Fighetr တပ်ဖွဲ့နှင့် ဒေသခံ မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ အပြင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီ အချိန်ကလည်း ယင်းမာပင်မြို့နယ် မြင်သာကုန်းဇရပ် ၊ ဆည်ဘောင်ကြီး အနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

https://youtu.be/7eEmxccJb5A

စာတည်း ။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ယင်းမာပင်
#ဇီးတောတိုက်ပွဲ
#အမျိုးသမီးစစ်သည်
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤2😁2
လောင်းလုံးမြို့မှာ လူထုစည်းရုံးရေးနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ
====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျေးရွာ နှစ်ရွာရှိ စျေးနှင့် နေရာ အချို့တို့တွင် တော်လှန်ရေး အင်အားစု လူငယ်များက ဦးဆောင်ပြီး လူထု စည်းရုံးရေး အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှသ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် စည်းရုံး‌ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအား ဆန့်ကျင်ကြရန်နှင့် လက်နက်မဲ့ လူထုတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် စည်းရုံးဟောပြောပြီး တော်လှန်ရေး ကြွေးကြော်သံများနှင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ယင်း အဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီအနေဖြင့် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း ၁၆ ရွာ၌ လူထုစည်းရုံးရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

#mizzima
#စည်းရုံးလှုံ့ဆော်ရေး
#လက်ကမ်းစာစောင်
#လောင်းလုံးမြို့နယ်
#တော်လှန်ရေးအင်အားစု
👍13❤2🔥2😁1