Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မော်လမြိုင်တွင် နေအိမ်(၄)လုံးမီးလောင်ပြီး မြေးအဘိုးနှစ်ဦး မီးလောင်သေဆုံး
==================

ဂျူချန်း
မဇ္ဈိမ ။။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် နေအိမ် လေးလုံး မီးလောင်ခဲ့ပြီး အိမ်တအိမ်ထဲတွင် ပိတ်မိသွားသည့် မြေးအဘိုးနှစ်ဦး မီးလောင် သေဆုံးခဲ့ရကြောင်း သိရသည်။

မော်လမြိုင်မြို့၊လှိုင်ရပ်ကွက်၊ဘဲကုန်းဈေးအနောက်ဘက်မှ နေအိမ်လုံးသည် ယနေ့ မတ်လ ၁ရက်နေ့ နေ့ခင်း ၂နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုတွင် လေဖြတ်နေသည့် အသက် ၈၀ အရွယ် အဘိုးဖြစ်သူနှင့် အသက် လေးနှစ်အရွယ် မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရကာ နေအိမ်လေးလုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းနှင့် ဒေသခံများမှ သိရသည်။

“အသက် ၈၀အရွယ်အဖိုးနဲ့ လေးနှစ်အရွယ် မြေးယောကျ်ားလေးတစ်ယောက်ဆုံးသွားတယ်။ အဘိုးကလေဖြတ်ထားတယ်။ ကျနော့စိတ်ထင် မီးက တချက်တည်းတောက်လာတော့ ပြေးလို့မလွတ်တော့လို့ ကလေးကြောက်မှာစိုးလို့ ဖက်ထားတာလားမသိဘူး။ ကလေးကိုဖက်လျက်ကြီးဖြစ်နေတယ်"ဟု ရာမည အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါ မီးလောင်မှုသည်

ဝါယာရှော့ကြောင့်ဟု ကနဦးသတင်းထွက်‌နေပြီး မီးသတ်ဌာနက အသေးစိတ် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။ မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ အိမ်ပိုင်ရှင်လည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ယနေ့ညနေ ပြောသည်။

မီးလောင်သည့်နေအိမ်များကို မီးသတ်တပ်ဖွဲ့များ၊ ဒေသခံပရဟိတအသင်းများနှင့် ပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ မိနစ်၂၀ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်သေဆုံးခဲ့ရသည့် မြေးအဘိုးရုပ်အလောင်းအား မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံမှတဆင့်သုဿာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#မွန်ပြည်နယ်
#မော်လမြိုင်မြို့
#မြေးအဘိုးနှစ်ဦး
#မီးလောင်သေဆုံး
😢16👍13
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_26 Seg_3 | မုန့်ဟင်းခါး

Watch more detail - https://youtu.be/Ujb2_iSYVW8

#thecookingguy #mizzimatv #reels #shorts #cooking
👍5🤡1
စစ်ကောင်စီ ဘယ်အချိန်အထိ ရာဇဝတ်ဘေးက လွတ်မြောက်နေဦးမှာလဲ (ဆောင်းပါး)
=====================

စစ်ကောင်စီက နိုင်ငံ့အာဏာကို မတရားရယူခဲ့ပြီး နှစ်နှစ်ကျော်အကြာမှာ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေး၊ အသက်အန္တရာယ်ထိပါးမှု ဒဏ်တွေကို ပြည်သူတွေ ခံစားနေရတာ ပိုပိုပြီး ဆိုးဝါးလာပြီ ဖြစ်ပါတယ်။

တိုက်ပွဲ အရှိန်အဟုန်မြင့်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ မိုင်းထိလို့ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။ ဒေသကာကွယ်ရေး တပ်တွေရှိရာနားမှာ ထောင်ထားတဲ့ မိုင်းတွေဟာ လက်လုပ်မိုင်းမဟုတ်ဘဲ စက်လုပ်မိုင်းတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ထောင်တာလို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်ထဲမှာ ၁ ရက်အတွင်း မိုင်းထိခံရတဲ့ ဒေသခံ ၉ ဦးအထိရှိခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

https://youtu.be/js2MuGF2e8c

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1
မတ်လ ၂ ရက် ကြာသပတေးနေ့ “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
 
စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးနေရာမှာ ရှိနေတယ်လို့  ပြည်ထောင်စုလွှတ်တော် နာယကပြောကြားလိုက်တဲ့  သတင်းနဲ့ အတူ   

မြင်းမူမြို့မှာ အရပ်သားကလေးငယ် ၂ ဦး အသတ်ခံခဲ့ရတဲ့ သတင်းတွေ အပါအ၀င်  အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ 

 အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့  နိုင်ငံတကာရာဇဝတ်မှုတရားရုံး အိုင်စီစီ နဲ့ပတ်သတ်တဲ့ အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါမယ်။

https://youtu.be/QW58v51Ph8c

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
​​ကမ္ဘောဒီးယားတွင် တရုတ်ထောက်ပံ့ငွေဖြင့် ရေတပ်အခြေစိုက်စခန်း တိုးချဲ့ထားကြောင်း တွေ့ရှိ 
=======================

ကမ္ဘောဒီးယားနိုင်ငံ စီဟန်နက်ဗေးပြည်နယ်တစ်ဝိုက်ရှိ ကမ်းရိုးတန်းဒေသအား မကြာသေးမီက ရိုက်ကူးထား သော ဂြိုဟ်တုဓာတ်ပုံများ၌ အရှေ့တောင်အာရှတွင်သာမက ထိုင်ဝမ်ရေလက်ကြားကိုပါ တရုတ်က သြဇာ ဖြန့်ကြက်နိုင်မည့် တရုတ်ထောက်ပံ့ငွေဖြင့်တည်ဆောက်ထားသော ရေတပ်အခြေစိုက်စခန်းတစ်ခု သိသာစွာ တိုးချဲ့လာပုံကို ဖော်ပြထားသည်။ 

အခြေစိုက်စခန်း၏ တစ်စိတ်တစ်ပိုင်းကို တရုတ်စစ်တပ်အား အသုံးပြုခွင့်ပေးရေး လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်က လက်မှတ်ရေးထိုးခဲ့ကြောင်း Wall Street Journal က ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားက ယင်းသဘောတူညီချက်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး အခြေစိုက်စခန်းအား နိုင်ငံခြားတိုင်းပြည် များကို စစ်ရေးအတွက် သီးသန့်အသုံးပြုခွင့်ပေးခြင်းသည် ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ၂၀၂၂ ခုနှစ် ဇွန်လတွင် တရုတ်ထောက်ပံ့ငွေဖြင့် ထိုင်းပင်လယ်ကွေ့ရှိ စီဟန်နက်ဗေးပြည်နယ်တွင် Ream ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေး စီမံကိန်းကို စတင်ခဲ့သည်။
😁5👍2
​​အမေရိကန်ရှိ တရုတ်ရဲစခန်းကို သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ကန့်ကွက်ဆန္ဒပြ
=========================

တရုတ်အစိုးရအား ဆန့်ကျင်သူများအပေါ် သူလျှိုလုပ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် နေထိုင်ကြသည့်  တရုတ်လူမျိုး ၆၀ ကျော်က တရုတ်ရဲစခန်းဖွင့်ထားသည့် အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင်   ဆန္ဒပြခဲ့ကြကြောင်း The New York Post သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် ရဲဘက်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသည့် အကျိုးအမြတ်မယူသော ချန်းလီအသင်း (ChangLe Association Inc) တည်ရှိရာ 107 East Broadway အဆောက်အအုံအပြင်ဘက်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က စုဝေးခဲ့ကြသည်။

“တရုတ်အသိုင်းအဝိုင်းမှာ ဒါဟာ အလွန်ဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းက လူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး အမေရိကန်နဲ့ အာရှ-အမေရိကန် နိုင်ငံရေးသမားတွေကနေတစ်ဆင့် အမေရိကန်ရောက် တရုတ်တွေအပေါ် သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေပါတယ်” ဟု ဆန္ဒပြသူတဦးဖြစ်သည့် တိုနီကိုင်က ပြောကြားခဲ့သည်။
👍3😁3
​​တရုတ်ကွန်မြူနစ်ပါတီက ၁၄ ဆက်မြောက်ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံရေးကိစ္စကို နှောင့်ယှက်ရန် ဝါဒဖြန့် ရုပ်သံအစီအစဉ်များ စတင်ထုတ်လွှင့် 
==========================

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံခြင်းဆိုင်ရာကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဝါဒဖြန့်ချိရေး ရုပ်သံအစီအစဉ်ထုတ်လွှင့်မှုများကို စတင်လိုက်ကြောင်း Tibet Rights Collective က သတင်းထုတ်ပြန်သည်။

ရုပ်သံချန်နယ် CCTV တွင် ထုတ်လွှင့်ပြသခဲ့သော Tashilhunpo ဟူသော အခန်းဆက်အစီအစဉ်တွင် ဒလိုင်းလားမားနှင့် ပန်ချန်လားမားတို့၏ အရိုက်အရာဆက်ခံမည့်သူများကို ရှာဖွေခြင်းဆိုင်ရာ အသေးစိတ်မှတ်တမ်းကို ဖော်ပြခဲ့ကြောင်း Global Times ကို ကိုးကား၍ Tibet Rights Collective က ဖော်ပြခဲ့သည်။ ဘာသာရေးထုံးတမ်းစဉ်လာကို ၁၃ ရာစုနှောင်းပိုင်းကတည်းက တရုတ်ပိုင်နက်တွင် တရုတ်အစိုးရမှ ကြီးကြပ်ကျင်းပခဲ့သည်ဟု ရုပ်သံစီးရီးတွင် ရိုက်ကူးပြထားသည်။

တရုတ်အစိုးရသည် တိဗက်ဒေသသို့ လာလည်ရန် ပြည်သူများအား ဖိတ်ခေါ်ခဲ့သလို ပြည်ပဘလော့ဂါများနှင့် လူသိများထင်ရှားသူများကို ဖိတ်ခေါ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် တိဗက်အား သာယာအေးချမ်းသောဒေသအဖြစ် ပုံဖော် ရိုက်ကူးစေခဲ့ပြီး ဆွေးနွေးပွဲများ၊ ပြပွဲများကို ကျင်းပကာ လူမှုမီဒီယာများတွင် မျှဝေခဲ့သည်။
😁2👍1
​​အာကာသလက်နက်ပြိုင်ပွဲတွင် တရုတ်နှင့် ရုရှားက အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုများဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြောကြား
======================

လက်နက်ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် အာကာသသည် နှစ်အနည်းငယ်အတွင်း လုံးလုံးလျားလျား ပြောင်း လဲသွားကြောင်းနှင့် တရုတ်သည် အန္တရာယ်အရှိဆုံးခြိမ်းခြောက်မှုဖြစ်ကာ ယင်းနောက်တွင် ရုရှားရှိနေကြောင်း အမေရိကန်အာကာသစစ်ဆင်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘရတ်လေချန့်စ် ဆော့ဇ်မန်းက ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက်တွေက ထုတ်လုပ်တဲ့ လက်နက်တွေ အားလုံး ရောနှောနေတာ တွေ့နေရပါတယ်" ဟု ဆော့ဇ်မန်းက AFP အပါအဝင် ရွေးချယ်ဖိတ်ကြားထားသည့် မီဒီယာများကို ပြောကြားခဲ့သည်။

"အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုက တရုတ်ပါ၊ ရုရှားလည်း အလားတူပါပဲ” ဟု ဖေဖော်ဝါရီ ၁၈ ရက်ကကျင်းပသော ဂြိုဟ်တုတိုက်ဖျက်ရေး ဒုံးကျည်များ၊ မြေပြင်အခြေစိုက်တိုက်ရိုက်စွမ်းအင်နှင့် ပတ်လမ်း ကြားဖြတ်နှောင့်ယှက်စွမ်းရည်များ အပါအဝင် နည်းပညာများကို ဖော်ပြသည့် မြူးနစ်လုံခြုံရေးညီလာခံ၏ သီးသန့်အစည်းအဝေး၌ ဆော့ဇ်မန်းက ပြောကြားခဲ့သည်။
👍6🔥1
ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော
🤬7🔥1
ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော
=======================

အဂမ်
မဇ္ဈိမ။ ။ ဖားကန့်မြို့နယ်၊ရှရော်ခကျေးရွာကို ယမန်နေ့က စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့်ဝင်စီးနင်းပြီး‌နောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အရပ်သား ၁၀၀ ကျော်သည် ယနေ့မတ်လ၂ရက် နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စုအတွင်းရှိ ရှရော်ခ(Sharaw Hka)ကျေးရွာကို ယမန်နေ့မတ်လ ၁ရက်ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စီးနင်းခဲ့ခြင်းဖြစ်သည်။ ကျောက်စိမ်းတူးသည့်အလုပ်လုပ်နေသော ရွှေ့
ပြောင်းလုပ်သားများအပါအဝင် ၁၀၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖြစ်စဥ်အား တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက မဇ္ဈိမအား ပြောသည်။

''အရွယ်ကောင်းတဲ့ အမျိုးသား၊အမျိုးသမီးတွေ အ ကုန်လုံးကို ဖမ်းခေါ်သွားတာဟုတ်တယ်။ လူ ၁၀၀ လောက်တော့ ရှိမယ်။ အဲ့ထဲမှာ ကျနော်တို့ရဲ့ ရပ်မိရပ်ဖတွေရော ပါသွားတယ်"ဟု အထက်ပါ ဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည် သေနတ်များ ပစ်ဖောက်၍ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အသက် (၁၈) နှစ်အောက် ဆယ်ကျော်သက်လူငယ်များကို အများဆုံး ဖမ်းဆီးသွားကြောင်း သိရသည်။
" ဖမ်းသွားတာ ၁၃၅ ယောက်အထိ ရှ်ိနိုင်တယ်။ ဒီမနက်အထိ ပြန်မလွှတ်သေးပါဘူး။ သူတို့အတွက် စိတ်ပူနေရပါတယ်" ဟု ဖားကန့်ဒေသခံတစ်ဦးက ယနေ့ မတ်လ ၂ရက် နံနက်၉နာရီခန့်တွင် ပြောသည်။

အဖမ်းခံရသူအများစုမှာ ရှရော်ခရွာ စွန့်ပစ်မြေစာပုံအနီးတွင် နေထိုင်သူများဖြစ်ကြသည်။ရှရော်ခကျေးရွာတွင် နေထိုင်နေကြသူများမှာ စစ်ကိုင်းတိုင်း ပုလဲနှင့်ဂန့်ဂေါမြို့နယ်ဘက်မှ ပြောင်းရွေ့လာသူများဖြစ်ကြပြီး ရေးဆေးကျောက်ရှာဖွေခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းနေကြသူများဖြစ်သည်။

၎င်းတို့ကို ဖေဖော် ဝါရီလ (၂၅) ရက် နောက်ဆုံးထားကာ ထိုနေရာမှ အမြန်ဆုံး ပြောင်းရွေ့ရန် စစ်ကောင်စီက ဖေဖော်ဝါရီ လလယ်တွင် အမိန့်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။

ထို့နောက် ‌မတ်လ ၁ရက် ညနေတွင် ရွာကိုရုတ်တရက်ဝင်စီးနင်းပြီး အရပ်သားများကို ဖမ်းဆီးခြင်းဟု သိရသည်။

ဖမ်းဆီးခံရသူများကို ရှရော်ခကျေးရွာအနီးရှိ ရတနာမိုးမြေ ကျောက်စိမ်းလုပ်ကွက်အတွင်း ထားရှိကာ စစ်ကောင်စီတပ်က စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရပြီး ၁၈နာရီခန့်ထိ ပြန်လွှတ်မြောက်လာခြင်းရှိသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

Photos- ရှရော်ခ ကျေးရွာမြင်ကွင်း
စာတည်း - မောင်ကြီး

#ဖားကန့်မြို့နယ်
#ရှရော်ခကျေးရွာ
#အရပ်သား ၁၀၀ ကျော်
#လွတ်မြောက်လာခြင်းမရှိသေး
🔥2👍1😁1
​​တရုတ်က အနောက်တိုင်းနည်းပညာများရယူရန် တရားရုံးများကို အသုံးချနေ
=====================

အမေရိကန်နှင့်ပဋိပက္ခများ ကြီးထွားလာချိန်တွင် တရုတ်နိုင်ငံသည် ပြည်ပရှိ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ချိုးဖောက်ရန်နှင့် တရုတ်စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် နည်းပညာ၊ ဆေးဝါးများနှင့် မြေရှားသတ္တုလုပ်ငန်းများကို အကူအညီပေးရန် ၎င်း၏ တရားရုံးများနှင့် မူပိုင်ခွင့်ဆိုင်ရာအဖွဲ့များကို အသုံးပြုနေသည်ဟု အမေရိကန်နှင့် ဥရောပသမဂ္ဂ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

တရုတ်သည် အမေရိကန်ကုမ္ပဏီများထံမှ နည်းပညာ ခိုးယူရန် နည်းလမ်းများစွာ အသုံးပြုထားသည်။ အခြားနိုင်ငံများမှ နည်းပညာများကို ဖောက်ထွင်းခိုးယူမည့် တရုတ်၏ အစီအစဉ် နမူနာပုံစံကို Wall Street ဂျာနယ်က ၂၀၁၈ ခုနှစ်တွင် ထုတ်ဖော်ခဲ့သည်။ 

DuPont ကုမ္ပဏီသည် တရုတ်ရှိ ၎င်း၏မိတ်ဖက်ကုမ္ပဏီဟောင်းတစ်ခုက ၎င်း၏ အဖိုးတန် ဓာတုနည်းပညာကို ရယူထားသည်ဟု သံသယရှိကာ အဆိုပါအခြေအနေအား ရပ်တန့်ရန် ခုံသမာဓိရုံးတွင် ၁ နှစ်ကျော်ကြာ အမှုအခင်းဖြစ်ပွားခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံရှိ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအာဏာပိုင် အဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူး အယောက် ၂၀ က ကုမ္ပဏီကို ဝင်ရောက်စီးနင်းခဲ့သည်။
😁3👍1
​​TNLA ဒုစစ်ဦးစီးချုပ်မှာ ၉၆ ပါးသောရောဂါြဖင့် ကွယ်လွန်ခြင်းသာဖြစ်
====================

TK
မဇ္ဈိမ။ ။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ)တားမူစယ်ကွယ်လွန်ခြင်းသည် အချင်းချင်းလုပ်ကြံခံရမှုကြောင့်ဖြစ်သည်ဟု လူမှုကွန် ရက် တွင် သတင်းဖြန့်ဝေမှုများ ရှိနေသည်။ သို့သော် ထိုအဆိုမှာ မှားယွင်းနေသည်။

TNLA မှ ဒုစစ်ဦးစီးချုပ်သည် ရောဂါကြောင့်ကွယ်လွန်ခြင်းမဟုတ်ဘဲ PDF များ၏ လုပ်ကြံခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း "Myanmar Won" အမည်ရှိ လူပေါင်း ၃,၀၀၀ ကျော်မှ ကြိုက်နှစ်သက်ကြောင်း ပြောထားသည့် ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုမှ စတင်ဖြန့်ဝေခဲ့သည်။ ထိုအဆိုမှာ တယ်လီဂရမ်ချန်နယ် ငါးခုတွင် ပျံ့နှံ့ခဲ့ပြီး ၂၀,၀၀၀ နီးပါးမှ ဖတ်ရှုထားသည်။

TNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်ကွယ်လွန်ကြောင်းကို TNLA ၏ သတင်းထုတ်ပြန် ရေးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါထုတ်ပြန်ကြေညာချက်အပြီး ဖေဖော်ဝါရီလ ၂၂ ရက်တွင်ထုတ်ပြန်သည့် ဒုစစ်ဦးစီးချုပ်၏ အတ္ထုပ္ပတ္တိဘဝဖြစ်စဉ်အကျဉ်းတွင် ဗိုလ်မှူးကြီး တားအလှော်သည် ( ခ ) တားမူစယ်သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၁၆ မိနစ်တွင် ၉၆ ပါးသောရောဂါဖြင့် ဘဝတပါးကူးပြောင်းသွားကြောင်း ထုတ်ပြန်ကြေညာထားသည်။

ကြေညာချက် လင့် https://bit.ly/41yzCBn
TNLA ပြောခွင့်ရပုဂ္ဂိုလ်နှင့်နီးစပ်သူအသိုင်းအဝိုင်းထံ ဒုစစ်ဦးစီးချုပ်ကွယ်လွန်မှုနှင့်ပက်သက်ပြီး ဆက် သွယ်မေးမြန်းရာတွင် “ဒုဦးစီးချုပ်က ၉၆ ပါးရောဂါဖြင့်ကွယ်လွန်သွားပါတယ်" ဟု အတည်ပြု ဖြေကြား သည်။

ထို့ကြောင့် လက်ရှိလူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် TNLA ဒုစစ်ဦးစီးချုပ်ကွယ်လွန်ခြင်းသည် အချင်းချင်း လုပ်ကြံခံရခြင်းကြောင့်ဖြစ်သည်ဆိုသည်မှာ လုပ်ကြံရေးသားထားသည့် သတင်းတစ်ပုဒ်သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#TNLA
#ဒုတိယစစ်ဦးစီးချုပ်
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
👍7😁3
​​ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ သားသမီးများကိုမွေးစာရင်း ထုတ်ပေးမည်ဟု NUG ကြေညာ
===================

002
ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ သားသမီးမ်ားကို မွေးစာရင်းလက်မှတ်ထုတ်ပေးမည်ဟု NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မတ် ၁ ရက်တွင် ကြေညာသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား ၂၀၂၃ ခုနှစ် ၊ မတ် ၁ ရက်မှစ၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများသိရှိ၊ လျှောက်ထား ဆောင်ရွက်နိုင်ရေးအတွက်အသိပေး ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် သား/သမီးများအတွက် မွေးစာရင်းလက်မှတ် လျှောက်ထားထုတ်ယူနိုင်ရေးအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ website လိပ္စာ https://mohai.nugmyanmar.org/ နှင့် Immigration Department of MoHAI-NUG Facebook page တို့သို့ ဆက်သွယ်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္႑အသီးသီး၌ အလုံးစုံ ယိုယွင်းပျက်စီးလျက်ရှိကြောင်း ပြည်သူများသိရှိပြီး ဖြစ်သည်ဟု NUG က ဆိုသည်။

NUG အနေဖြင့် ပြည်သူများ ရင်ဆိုင်နေရသော စီးပြားပ်က္ကပ္မ်ား၊ လူနေမှုဘဝ မလုံခြုံမှုများ၊ ဘေးဒုက္ခများမှ လျော့ပါးသက်သာနိုင်ရေး အတွက် အဘက်ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
👍15😁4👏1🤣1
မတ်လ 2 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
​​စစ်ခေါင်းဆောင်က ၎င်း၏ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်
=========================

001
မဇ္စျိမ။ ။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်လိုက်ကြောင်း မတ်လ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

၎င်းတို့အနေဖြင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းခဲ့သည့်အတွက် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဘွဲ့တံဆိပ်ရရှိသူများတွင် သမ္မတဟောင်း ဦးသန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်း၊ လက်ရှိ စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ ဇနီး ဒေါ်မြမြစန်း၊ ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုံနှင့် ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွဲ့တို့လည်း ပါဝင်သည်။

ထို့အပြင် စစ်ကောင်စီက လွတ်လပ်​ရေးရပြီး ၇၅နှစ်တာကာလအတွင်း နိုင်ငံ့တာဝန်များ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများဟုဆိုပြီး ဝန်ကြီး ၊ ဒုဝန်ကြီး​​ဟောင်းများ၊ သံအမတ်ကြီးဟောင်းများနှင့် ညွန်ကြားရေးမှူးချူပ်​​ဟောင်းများ စုစုပေါင်း ၃၇ ဦးအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ မတ်လ ၂ ရက်နေ့က ချီးမြှင့်ခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၊ အမျိုးသား အောင်ပွဲနေ့တို့တွင်လည်း လူပုဂ္ဂိုလ် အများအပြားအား ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။
😁18💩7👍3🤮2🖕2