Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
👍3🔥3😁1🤬1😢1
လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်သုံးစီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားရာ အရပ်သား မိန်းကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမှ သိရသည်။

“ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်၊ နောက် ကလေးမိန်းကလေးတစ်ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာကတော့မစိုးရိမ်ရဘူး။ သုံးယောက် ဒဏ်ရာ ရတယ်။​ အိမ်တွေဘာတွေ နည်းနည်းထိခိုက်တယ်။ ဒီတလောမှာ (တိုက်ပွဲ)မဖြစ်ဘူး။ ဖြစ်တာကလည်း နောင်ချိုနားမှာ ဖြစ်တာ။ အဲ့ဒီနားက တကယ်တမ်းကျတော့ တိုက်ပွဲဧရိယာနဲ့ အဝေးကြီးပဲ” ဟု ဒေသခံတစ်ဦး ကမဇ္ဈိမ ကိုပြောသည်။

အဆိုပါ ဒေသသည် တအာင်းတပ်မတော် TNLA ၏ တပ်မဟာ( ၄ )စစ်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၇ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် တိုက်လေယာဉ်သုံးစီးဖြင့် ၁၀မိနစ်ခန့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် နားမခေါ်ကျေးရွာနေ စိုင်းခမ်းမွန်းတွင် ဗိုက်နှင့် ပေါင်တွင်လည်းကောင်း၊ နန်းငင်းအောင်တွင် ဒူး၌လည်းကောင်း၊ သူတို့၏ သမီးဖြစ်သူ နန်းအေးကြင်တွင် မျက်ခုံး၌လည်းကောင်း အသီးသီး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရသူ သုံးဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်ကြီးများနှင့် လေကြောင်းသုံး တိုက်ခိုက်ခဲ့သဖြင့် ပြန်းဝိုးကြီးကျေးရွာရှိ နေအိမ်နှစ်လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#လားရှိုး
#လေကြောင်း
#တိုက်ခိုက်မှု
#ကလေးငယ်
#TNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥5🤬4❤1😁1
​​အိန္ဒိယနိုင်ငံသားများအသတ်ခံရမှုဖြစ်ပြီးနောက် နယ်စပ်လမ်းများကို မီဇိုရမ်ပြည်နယ်ဘက်မှ ခြံစည်းရိုးခတ်
================

မဇ္ဈိမ
အိန္ဒိယနိုင်ငံသားများအသတ်ခံရမှုဖြစ်ပြီးနောက် ဧပြီလ ၆ ရက်နေ့မှစတင်ပြီး ချင်းပြည်နယ် မတူပီမြို့နယ်နှင့်ထိစပ်လျက်ရှိသောနေရာများတွင် အိန္ဒိယဘက်ခြမ်းမှ ခြံစည်းရိုးကာပြီး သောခတ်ထားလိုက်ကြသည်။

ချင်းပြည်နယ်နှင့်မီဇိုရမ်နယ်စပ်မှာ အိန္ဒိယနိုင်ငံသား အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယ -မြန်မာ နယ်စပ်လမ်း ရောင်းလင်ကျေးရွာ(အိန္ဒိယ) နှင့် လှုံမာန်ကျေးရွာ( မြန်မာ )ကြားကို ခြံခတ်လိုက်ခြင်းဖြစ်သည်။

မတ်လ ၂၂ ရက်နေ့က မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟားမြို့နေထိုင်သူ သုံးဦးမှာ မြန်မာဘက်ခြမ်းတွင် သတ်ဖြတ်ခံရပြီးနောက်လေးရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့ခဲ့ကြသည်။

မတ်လ ၂၉ရက်နေ့ကစတင်ပြီး မီဇိုရမ်တွင် အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Young Lai Association (Bualpi) က ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်ဖက်ကနေ ၀င်ပေါက်များမှတဆင့် မြန်မာနိုင်ငံသားများ ၀င်ရောက်ခြင်းကို တားမြစ်လိုက်သည်။
‘’ ခြံစည်းရိုးတွေကို နယ်စပ်မှာအခိုင်အမာကာပြီးတော့ပိတ်လိုက်ကြတာ။ အခုဖြစ်ပွားခဲ့တဲ့ လူသတ်မူအမှုမှန်ဖော်ထုတ်ပြီးရင်တော့ပြန်ဖွင့်ပေးမယ်ဆိုပြီးပြောနေကြတယ်။မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေလည်းအရင်ကလိုစခန်းအပြင်ကိုမထွက်ရဲကြတော့ဘူး။ ဒီရက်ထဲမှာလည်းနယ်စပ်မှာရွာတွေကို မီးရှို့ခံနေရတော့ စစ်ဘေးရှောင်တွေများလာတယ်။ ဒီဘက်ခြမ်းကိုလည်းလာလို့မရတော့ တောထဲမှာဖြစ်သလိုခိုနေကြရတာ တော်တ်ောလေးတော့ဒုက္ခရောက်နေကြရတယ်’’ဟုလည်းစစ်ဘေးရှောင်တစ်ဦးကပြောသည်။

လူသတ်မှုကျူးလွန်ရာတွင်ပါဝင်သည့်သူတစ်ဦးမှာ မင်းတပ်CDFနှင့်ဆက်စပ်မှုရှိနေသည်ဟု ကောလာဟလပေါ်ထါက်ခဲ့သော်လည်း ၎င်းတို့အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိသလို အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများကို ကူညီပံ့ပိုးရန် အသင့်ရှိကြောင်း CDF မင်းတပ်ကသတင်းထုတ်ပြန်ခဲ့သည်။
👍8❤2👏1
မန္တလေးက အထည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ဖမ်းဆီးခံရပြီးနောက် သတင်းမရရှိဘဲ ဖြစ်‌နေ
🤬7👍2👏2
မန္တလေးက အထည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ဖမ်းဆီးခံရပြီးနောက် သတင်းမရရှိဘဲ ဖြစ်‌နေ
=======================

007
(မဇ္ဈိမ)။ ။စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် မန္တလေးမြို့က အထည်ဆိုင်ပိုင်ရှင်ဇနီးမောင်နှံ၏ လက်ရှိအခြေအနေကို သီတင်းနှစ်ပတ်ကျော်ကြာသည်အထိ မသိရှိရသေးကြောင်း ၎င်းတို့နှင့်နီးစပ်သည့်အသိုက်အဝန်းထံက သိရသည်။

အောင်မြေသာစံမြို့နယ် ၊ ပြည်လုံးချမ်းသာရပ်ကွက်အတွင်း ဖွင့်ထားသည့် အညာသားကြီးအထည်ဆိုင် ပိုင်ရှင် ကိုကောင်းကျော်ဇံနှင့် မနော်မာဒီတို့ကို မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးသွားပြီး ဧပြီလ ၅ ရက် နေ့လယ်ပိုင်းတွင် နေအိမ်ကိုပါ ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

“ဖမ်းသွားတာကကြာပြီ။ တစ်နေ့ကတော့ သူတို့အိမ်ကို စကစရဲတွေက လာချိပ်ပိတ်သွားတယ်။ ဘာကြောင့်ဆိုတာတော့ ပြောမသွားဘူးတဲ့” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးနှင့်အတူ ဆိုင်ဝန်ထမ်းတစ်ဦးလည်း ဖမ်းဆီးခံရပြီး သုံးဦးစလုံး၏ သတင်းအစအန ပျောက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်ဖမ်းသွားလဲဆိုတာ ကျွန်တော်တို့လည်းသိချင်နေတယ်။ စစ်ကားတွေနဲ့ လာဖမ်းသွားပြီး နန်းတွင်းထဲ ခေါ်စစ်နေတယ်လို့တော့ အဲဒီရက်ပိုင်းမှာ အတွင်းသတင်းကြားတယ်။ နန်းတွင်းစစ်ကြောရေးဆိုတော့ ဆွေမျိုးတွေကလည်း စိုးရိမ်နေကြတယ်။ အခု ဘာသတင်းအစအနမှမရတော့ ပိုဆိုးတာပေါ့” ဟု ပိုင်ရှင်ဇနီးမောင် နှံ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်‌ေကာင်စီ လော်ဘီများ၏ တယ်လီချန်နယ်များတွင် PDF များအား ငွေကြေးထောက်ပံ့သည်ဟူ‌ေသာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း မန္တလေးမြို့ရှိနာမည်ကြီး ဇလုံကြီး ဟင်းအနှစ်ထုတ် လုပ်ငန်းပိုင်ရှင်ကိုဖမ်းဆီးပြီး နေအိမ်နှင့် လုပ်ငန်းများကိုပါ ချိပ်ပိတ်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အညာသားကြီးအထည်ဆိုင်
#သတင်းမရရှိ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16👍11👏2❤1
​​စစ်ကောင်စီတပ်မိသားစုဝင်များကို ချိတ်ထမိန်ဝတ်ဆင်ခြင်းတားမြစ်ဟုဆို
===================

မဇ္ဈိမ
စစ်ခေါင်းဆောင်များက ချိတ်အဆင်လုံချည်များဝတ်ဆင်ကြသော်လည်း စစ်ကောင်စီတပ်ထဲတွင်နေထိုင်ကြသော တပ်မိသားစုဝင်များကို ချိတ်ထမိန်များမဝတ်ရန် တားမြစ်မှုများရှိသည်ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုအရ သိရသည်။

တပ်တွင်းနေထိုင်သည့်သူများအနေဖြင့်တပ်တွင်းပျော်ပွဲရွှင်ပွဲ၊အလှူပွဲတော်များတွင်သွားလာရသည့်အခါ ချိတ်ထမိန်ဝတ်ဆင်ခြင်းများကိုမပြုလုပ်ကြရန်တပ်ရေးဗိုလ်ကြီးများမှ တဆင့်အကြောင်းကြားလာကြသည်ဟုဆိုသည်။

‘’ ကျွန်မတို့တပ်ထဲမှာနေထိုင်ကြတဲ့သူတွေပေါ့။ ဒါဘာ ဆိုတာတက်ရတယ်။အဲဒီမှာပြောတာပေါ့၊ တပ်ထဲမှာ အမျိုးသမီးရဲမေတွေကော၊ တပ်မိသားစုဝင်တွေအားလုံးပေါ့၊ ချိတ်ထမိန်တွေမဝတ်ကြနဲ့လို့ပြောတာ။ ဘယ်သူမှလည်းပြန်မမေးရဲဘူးလေ၊မဝတ်နဲ့ဆိုတော့မဝတ်ရုံပေါ့ ။" ဟု ပခုက္ကူတပ်တွင်းရှိ ရဲမေတစ်ဦးက မဇ္ဈိမသို့ပြောသည်။
မည်သည့်အကြောင်းကြောင့် တားမြစ်သည်ကိုမသိရသော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်စပ်မှုများပပေါက်စေရန်ကြိုးပမ်းမှုဟု ထင်ကြေးပေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော်အဆင့်အခမ်းအနားများ၊လူထုတွေ့ဆုံပွဲနှင့် ပြည်ပခရီးစဉ်များတွင် မြန်မာဝတ်စုံချိတ်ထမိန်များကိုသာမြတ်မြတ်နိုးနိုး ဝတ်ဆင်‌လေ့ရှိ သူတစ်ဉီးလည်းဖြစ်သည်။

သည့်အပြင် ဧပြီ ၁ ရက်နေ့မှ ဧပြီ ၆ ရက်အထိ မန္တလေးမြို့ ရှိအောင်ဆန်းစုကြည်လမ်းဟုအမည်ပေးထားသည့် မျက်ပါးရပ် (၃၈) လမ်း၊ (၇၃) လမ်းနှင့် (၇၈) လမ်းကြားမှာရှိ ရာနဲ့ချီသည့် စိန်ပန်းနီပင်များကိုလည်း စည်ပင်ဝန်ထမ်းများက ခုတ်လှဲခဲ့ပြီး တခြားပျိုးပင်ငယ်များဖြင့် အစားထိုး စိုက်ပျိုးခဲ့သည်။
🤣26👍12😁3🌚3👎1
​​သံတောင်ကြီးမြို့နယ်တွင် လက်နက်ကြီးကျည်ကြောင့် ၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူရှိ
================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းကျေးရွာအတွင်းသို့ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်၍ ဒေသခံတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက် ည ၇ နာရီ မိနစ် ၃၀ တွင် သံတောင်မြို့ (၇) မိုင် စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမအမျိုးအစား လက်နက်ကြီးကျည် လေးလုံးပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်၍ အသက် (၆၂ ) အရွယ်ရှိ အဖီးနော်ဂရေး သေဆုံးခဲ့ရကာ အသက် ၁၅ နှစ်အရွယ်ရှိ နော်ဖောခူးစေး ၏ မျက်နှာပျက်စီးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်းသိရသည်။

ဒါ့အပြင် အသက် ၄၄ နှစ်အရွယ်ရှိ နော်ခိုင်ဖော ၏ ပေါင်နှင့် လက်၊ အသက် ၂၂ နှစ် အရွယ်ရှိ နော်ယွာမူးဖော ၏ လက်နှင့် ဆီးအိမ်၊ အသက် ၁၀ နှစ်အရွယ်ရှိ စာခူဂေထူး ၏ ခြေထောက်၊ လက်နှင့် ကျောပြင်၊ အသက် ၂၄ နှစ်အရွယ်ရှိ စောတာဂေဒို ၏ လက်နှင့် ရင်အုံတို့တွင် အသီးသီး ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

" တိုက်ပွဲမရှိဘဲ ပစ်ခတ်ခဲ့တာပါ။ ဘုရားကျောင်းနားရယ်၊ ပျားစခန်းရွာ လူထူတဲ့ရပ်ကွက်ထဲရယ် ကျခဲ့ပါတယ်။ ဆုံးသွားတဲ့အဖီးက ရွာကြီးသွားလမ်းကနေ ပြန်လာတာပါ။ မျက်နှာပျက်စီးသွားတဲ့ ကလေးတစ်ယောက်ကလည်း ဘုရားကျောင်းကနေ ပြန်လာတာပါ။ ဝတ်ပြုနေချိန် သီချင်းဖွင့်တာ ကြားရလို့ဆိုပြီး ရွာကြီးကို ရည်ရွယ်ပြီးပစ်ချတာပါ " ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော ရွာကြီးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ထိုနေ့ညက ပဿခါပွဲကျင်းပနေကြသည့်အပြင် အီစတာပွဲအတွက် ပြင်ဆင်နေကြသဖြင့် သီချင်းများ ဖွင့်ကြကြောင်း၊ စစ်ကောင်စီတပ်သည် သီချင်းသံများကြားရ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုပြီးနောက်တွင် သံတောင်မြို့သစ် (၁၃) မိုင်ရှိ စစ်ကောင်စီစခန်းကလည်း နီးစပ်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး လူသူအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

တပ်မဟာ (၂) နယ်မြေ၊ သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ မတ်လ ၂၈ ရက်နေ့တွင် ထုံးဘိုကြီးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး၊ မတ်လ ၂၉ ရက်နေ့တွင် သပြေညွန့်ကျေးရွာမှ အသက် (၁၅) နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ရွာကြီးကျေးရွာ
#လက်နက်ကြီးကျ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬6😢4🔥3❤1
​​ချောင်းသာ-ငွေဆောင်ရှိ ဟိုတယ်များအားလုံး သင်္ကြန်ပိတ်ရက် ကြိုတင်မှာယူထားသူများနှင့် ပြည့်နေ
==========================

မင်းထက်
(မဇ္ဈိမ) ။ ။ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လာမည့်သင်္ကြန်ပိတ်ရက်များအတွက် ကြိုတင်စာရင်းပေးသွင်းထားသူများနှင့် ဟိုတယ်အခန်းများ လူပြည့်နေသည်ဟု ဒေသခံများထံမှ သိရသည်။

သင်္ကြန်ပိတ်ရက်ဖြစ်သည့်အတွက် ကမ်းခြေများကို လာရောက်ရန် ဟိုတယ်များအား ကြိုတင်စာရင်းပေးထားကြခြင်းဖြစ်ပြီး ချောင်းသာ - ငွေဆောင်ကမ်းခြေများရှိ တည်းခိုခန်းအနည်းငယ်သာ အခန်းလွတ်ရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

"ဘိုကင်(Booking) စဖွင့်ပြီဆိုတည်းက ဟိုတယ်တွေအကုန်လူပြည့်နေတာပါ။ ဟိုတယ်ဇုန်မှာ အခန်းလွတ်မရှိတော့ဘူး။ လမ်းကြားထဲတွေက တည်းခိုခန်းတွေ လောက်ပဲ နည်းနည်းလွတ်တော့တယ်"ဟု ချောင်းသာကမ်းခြေအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ငွေဆောင်ကမ်းခြေတွင်လည်း Booking (ကြိုတင်မှာယူထားခြင်း) စတင်ဖွင့်လှစ်သည့် အချိန်မှစကာ ဟိုတယ်များအားလုံး ကြိုတင်စာရင်းပေးထား သူများနှင့် ပြည့်နှက်နေကြောင်း ငွေဆောင်ကမ်းခြေနေ ဒေသခံတစ်ဦးကလည်း မဇ္စျိမကိုပြောသည်။

သင်္ကြန်ပိတ်ရက်ဖြစ်သည့်အတွက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်နှင့် တည်းခိုခန်းစျေးနှုန်းများမှာ ပုံမှန်ထက် စျေးနှစ်ဆခန့် မြင့်တက်နေကြောင်းလည်း သိရသည်။
"အရင်က ၅၀, ၀၀၀ ကျပ်တန် တည်းခိုခန်းက အခုရက်မှာ ၉၀,၀၀၀ လောက်ဖြစ် သွားတယ်၊ဟိုတယ်တွေလည်း အဲ့လိုပဲ၊ တစ်သိန်းတန် အခန်းက နှစ်သိန်း နီးပါးလောက် စျေးတက်သွားတယ်"ဟု ငွေဆောင်ကမ်းခြေမှ တည်းခိုခန်းပိုင်ရှင် တစ်ဦးက ပြောသည်။
ယင်းပြင် ရန်ကုန်မှ ပုသိမ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ၏ ယာဥ်စီးခများလည်း ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ကာ စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်- ပုသိမ် ယာဉ်စီးခသည် ယခင် ၁၂,၀၀၀ ကျပ်သာ ရှိသော်လည်း လက်ရှိမှာ ၁၅,၀၀၀ ကျပ်ထိ မြင့်တက်နေကြောင်း ယာဥ်မောင်းတစ်ဦးက ပြောသည်။

"သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန် အလုပ်သမားတွေ တော်တော်များတာဆိုတော့ ကားခတွေစျေးတက်ကုန်တယ်။ အရင်ကဆို အဲ့လိုစျေးတက်ရင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက အရေးယူတာမျိုးတွေရှိတယ်၊ အခုတော့ လုပ်ချင်တိုင်းလုပ်နေကြတာပေါ့” ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။

ပြည်သူလူထုက သပိတ်မှောက်ထားသော စစ်ကောင်စီ၏ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် သင်္ကြန်များတွင် လူထုပါ၀င်မှုနည်းပါးခဲ့သဖြင့် ယခု ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတွင် ပြည်သူများ ပူးပေါင်းပါ၀င်လာစေရန် စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

ယင်းကြောင့် ယခုနှစ်တွင်လည်း စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန် တော်လှန်ရေး အင်အားစု အသီးသီးက တိုက်တွန်းနှိုးဆော်မှုများလည်း ရှိနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ဓာတ်ပုံ-ချောင်းသာကမ်းခြေ(ပုံဟောင်း)

#ချောင်းသာ-ငွေဆောင်
#ဟိုတယ်အားလုံးအခန်းပြည့်
#တော်လှန်သင်္ကြန်
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3
တပ်မ(၁၀၁) မှ ဒုအရာခံဗိုလ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ ဖမ်းဆီး
=====================

ကိုခင်မောင်(မဇ္ဈိမ) ။ ။မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၊တပ်မ (၁၀၁)မှ ဒုအရာခံဗိုလ်တစ်ဦးသည် အရပ်ဝတ်ဖြင့် ကင်းပတ်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးမဟာ မိတ်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်မြလွင်ကို Yesagyo Revolution Group (YRG) နှင့် ဒေါင်းညီနောင်(PDF) တို့ပူးပေါင်းကာ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒုအရာခံဗိုလ်မြလွင်သည် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များရှိသည့်နေရာသို့ အရပ်ဝတ်ဖြင့် လာရောက်ပြီး သတင်းစုံစမ်းထောက်လှမ်းစဉ် ဖမ်းဆီးလိုက်ခြင်းဟုYesagyo Revolution Group (YRG)မှ ကိုရေခဲ ပြောသည်။

“သူက ကင်းပတ်လာတာဗျ။အဲဒီနေ့ ညနေ၆ နာရီလောက်မှာ ကျနော်တို့နှစ်ဖွဲ့ပေါင်းညှပ်ဖမ်းလိုက်တာ။ ကျနော်တို့ဘက်ကိုကင်းလာပတ်တာပါ"ဟု ပြောသည်။

ဒုအရာခံဗိုလ်မြလွင်စီးလာသည့်ဆိုင်ကယ်တစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သိရသည်။

" သူ့ကို ကောင်းကောင်းမွန်မွန်ပဲထားထားပါတယ်ဗျ။ သူနဲ့အတူတော့ဘာမှ မပါပါဘူးဗျ။ ဆိုင်ကယ်တစ်စီးပဲပါတယ်” ဟု ကိုရေခဲကပြောသည်။

ဒုအရာခံဗိုလ်မြလွင်သည် ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အသက် ၆၀ခန့်ရှိပြီဟု သိရသည်။

https://youtu.be/tTvmC1QSUow

စာတည်း - မောင်ကြီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍30🔥2🥴1
ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ အဆိုတော် Lana Del Rey | Cele City - Episode 13
====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉Nita Mukesh Ambani cultural centre ဖွင့်ပွဲ

👉 ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ အဆိုတော် Lana Del Rey

👉 ဘာစီလိုနာမြို့ ကနေပြောင်းသွားပြီး ဖြစ်တဲ့ အဆိုတော် Shakira

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/11-C6jBVQp8
🤮3
စားနပ်ရိက္ခာ သယ်ယူရေးအခက်ကြုံနေရတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်များ
=================

MTO

(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က လမ်းတွေပိတ်ထားလို့ စားနပ်ရိက္ခာ သယ်ယူရေး အခက်အခဲရှိနေပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ကားလမ်းတွေကို ပိတ်ထားလို့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်နဲ့ အခြားရိက္ခာတွေ သယ်ယူနိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေထံကနေ သိရပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ရိက္ခာ သယ်ယူတဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

https://youtu.be/c7Ft5bDo9us

# Mizzima
#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#စားနပ်ရိက္ခာ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2❤1😁1💔1
​​ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ၅ ပုံ ၁ ပုံခန့် ကျဆင်းဟု ကုလ ပြော
=======================

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများသည် ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် ဈေးနှုန်းများ တစ်လတာ စံချိန်တင် မြင့်တက်ခဲ့သည့် ယမန်နှစ်၏ မတ်လအချိန်ကာလနှင့် ယှဉ်ပါက ငါးပုံတစ်ပုံခန့် ကျဆင်းခဲ့သည် ဆိုသော်လည်း ဈေးနှုန်းများက ဆက်လက်ဈေးကြီးနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ဧပြီ ၇ ရက် ဒေတာအချက်အလက်များက ပြသသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🔥1
​​တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးသည့် မြန်မာဒုက္ခသည်တချို့ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ဟု ဆို
===================

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ အရှိန်လျော့သွား၍ ယခုအခါ မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁,၀၀၀ ခန့်သည် ၎င်းတို့ သဘောဆန္ဒအလျောက် နေရပ်ပြန်သွားကြကြောင်း ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဆူရာပိုလ် ဝေါင်ဆွတ်ခ်ဖီစန်းက ဧပြီ ၇ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🔥1
This media is not supported in your browser
VIEW IN TELEGRAM
လမ်းခွဲပြီးနောက် ဘာစီလိုနာမြို့ ကနေပြောင်းသွားတဲ့ အဆိုတော် Shakira

Watch more detail -
https://www.youtube.com/watch?v=11-C6jBVQp8

#entertainmentnews
#celecity
#mizzimaplushd
#internationalnews
#reels
#shorts
👍2🍌1
ဧပြီလ (၈) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ထိုင်းနိုင်ငံမှာဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးရဲ့ ဖြစ်စဉ်လိုမျိုး ကိစ္စရပ်တွေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိုနှိုင်းနေပါတယ်လို့ NUG ကထုတ်ပြန်တဲ့ သတင်းနဲ့အတူ မန္တလေးသင်္ကြန်ရေကစားမဏ္ဍပ်တွေမှာ ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်းတွေ အလှည့်ကျရေကစားပေးဖို့အတွက် ဖိအားပေးတာတွေရှိနေတဲ့သတင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ သံစဉ့်အိမ် အစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/w4UpsfSZ80I

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
Weekend News Roundup
============

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့................

-မြန်မာနိုင်ငံရေး အဖြေရှာနိုင်ဖို့ မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြောတဲ့သတင်း

-အာဏာသိမ်းကာလအတွင်း ကယားမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး တိုက်ပွဲပေါင်း ၆၅၀ ရှိတဲ့ သတင်း

-ထိုင်ဝမ်အပေါ် ဖိအားမပေးဘဲ သံတမန်ရေးကိုရွေးချယ်ဖို့ အမေရိကန်ကတရုတ်ကိုတိုက်တွန်း တဲ့သတင်း

-ထိုင်ဝမ်ခေါင်းဆောင်နဲ့ အမေရိကန်အဆင့်မြင့်အရာရှိတို့တွေ့ဆုံမှုအပေါ် ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ တရုတ်ပြော တဲ့သတင်း

-ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွားကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

-ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ချထားပေးမှု ကန့်သတ်ထားခြင်းကြောင့် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်တဲ့ သတင်း

https://youtu.be/1gUriwso7Zw

#weekendnewsroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5👏1