ထိုင်းရွေးကောက်ပွဲ နိုင်ပြီးနောက် အစိုးရသစ် ဖွဲ့ရန် အသင့်ရှိဟု ရှေ့သို့ ချီ ပါတီ ခေါင်းဆောင်ပြော
“ခုချိန်မှာ ကျွန်တော်တို့ဟာ အတိတ်ကာလက ဘက်ပေါင်းစုံက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တာကို လေးစားဖို့၊ ဂုဏ်ပြုဖို့နဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ အသင့်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီ စနစ်နဲ့ ပါလီမန် စနစ်အပေါ် ယုံကြည်မှု ပြန်ရှိစေအောင် လုပ်ဖို့နဲ့ လွှတ်တော်အမတ်အားလုံး အပါအဝင် ထိုင်း နိုင်ငံရေးစနစ်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ထိရောက်မှုကို ဖန်တီးဖို့ ကျွန်တော်တို့အသင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19❤2😁1👌1
မုန်တိုင်းကြောင့် မိုးကြီးပြီးလေပြင်းတိုက်၍ ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင်များအခက်ကြုံ
၀၀၈
(မဇ္ဈိမ)။ ။ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ကြောင့် မိုးကြီးပြီးလေပြင်းများတိုက်၍ ဆားလင်းကြီးမြို့နယ်အတွင်း မှစစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံနေရကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့သည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှ မိုးကြိုပြင်၊ ဆည်တည်း၊ ကံကုန်း၊ ဒုံးတောအပါအဝင် ကျေး ရွာရှစ်ရွာခန့်မှ လူဦးရေ ၄၀၀ နီးပါး မိုးဒဏ်၊ လေဒဏ်များကြောင့် ချက်ပြုတ်ရေးနှင့် သွားလာရေး အခက် ကြုံနေရခြင်းဖြစ်သည်။
“မီးရှို့ခံထားရတော့ အတော်များများက ယာယီထန်းလက်တဲတွေ ထိုးနေကြတာ။ လက်ရှိကတော့ ချက်ဖို့ ပြုတ်ဖို့ခက်တာပေါ့။ လောလောဆယ်တော့ မိုးလုံပြီးကျယ်တဲ့တဲတွေမှာ စုချက်ကြတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။

😢11🔥3👍2
အဆိုပါကျေးရွာများသည် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်နီးပါးမီးရှို့ခြင်းခံထားရသည့် ကျေးရွာအများစု ဖြစ်သည်။ မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်ခဲ့မှုကြောင့် ကျေးများအတွင်း မိုးရေလျှံပြီး လမ်းများပျက်စီးနေခြင်းဖြစ်သည်။
အလားတူ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များရှိသည့် အိမ်ထောင်စုများတွင် အရေးပေါ်အကူအညီ များလိုအပ်လျှက်ရှိပြီး လက်ရှိတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။
ဓါတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မုန်တိုင်း
#စားဝတ်နေရေး
#ဆားလင်းကြီး
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အလားတူ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များရှိသည့် အိမ်ထောင်စုများတွင် အရေးပေါ်အကူအညီ များလိုအပ်လျှက်ရှိပြီး လက်ရှိတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။
ဓါတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မုန်တိုင်း
#စားဝတ်နေရေး
#ဆားလင်းကြီး
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3😢3
မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤1😁1
Business Roundup (15 May 2023)
- ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇) ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီ ကြေညာ
- ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးတက်လာ
- အိန္ဒိယဆိပ်ကမ်းကုမ္ပဏီကြီးက မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ကြေညာပြီးနောက် စစ်ကောင်စီနှင့် လုပ်ငန်းများရှေ့ဆက်နေ
- စင်ကာပူနိုင်ငံတွင် နှစ်ပေါင်း(၄ဝ)ကျော်အတွင်း အပူချိန်အမြင့်ဆုံး စံချိန်တင်
- မိုခါဆိုင်ကလုန်းကြောင့် ရို ဟင်ဂျာဒုက္ခသည်စခန်းတွေ ပျက်စီးမှုရှိ
https://youtu.be/PfsVlQnBKNw

YouTube
Business Roundup (15 May 2023)
- ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇) ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီ ကြေညာ
- ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးတက်လာ
- အိန္ဒိယဆိပ်ကမ်းကုမ္ပဏီကြီးက မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ကြေညာပြီးနောက် စစ်ကောင်စီနှင့် လုပ်ငန်းများရှေ့ဆက်နေ…

👍5😁4
သက်ငယ်မုဒိန်းမှုတွေနဲ့ ဆက်စပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှား | Misinformation Buster S3| Ep.66
ဒီတပတ်မှာတော့
- သက်ငယ်မုဒိန်းမှုတွေနဲ့ ဆက်စပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှားတွေနဲ့အတူ
-အရပ်သားတစ်ယောက်ကို မီးမြှိုက်ပြီးစစ်ဆေးနှိပ်စက်နေတဲ့ ဖိုင်ဟာ စစ်ကောင်စီလက်အောက်ခံတပ်တွေ မဟုတ်တဲ့အကြောင်း
-ရေဦးမြို့နယ် ချမ်းသာကျေးရွာက အထက်တန်းကျောင်းကို PDF တွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှား စတဲ့ တစ်ပါတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်းက စုစည်းတင်ဆက်ပေးသွားမှာပါ။
https://youtu.be/QNb4uKx2UmA

မင်္ဂလာပါ။
အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ Misinformation Buster - သတင်းအမှားများကို တိုက်ဖျက်ခြင်း အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- သက်ငယ်မုဒိန်းမှုတွေနဲ့ ဆက်စပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှားတွေနဲ့အတူ
-အရပ်သားတစ်ယောက်ကို မီးမြှိုက်ပြ…

👍7😁2
မြွေနှင့် မုန်တိုင်း အန္တရာယ်
လေပြင်းမုန်တိုင်း၊ ရေကြီးရေလျှံခြင်းတွေဖြစ်ပေါ်တဲ့အခါ မြွေတွေကလည်း ရေနဲ့အတူ ပါလာတတ်ပါတယ်။
ဒါကြောင့် မြွေတွေ့ရင် ဘာလုပ်မလဲ၊ အဆိပ်ရှိတဲ့ မြွေအန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲ နဲ့ မြွေကိုက်ခံရသူကို ရှေးဦးသူနာပြုစုနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
https://youtu.be/-L5w-nBR7NA
#PSA
#Snake
#Storm
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

#PSA…

👍8😁1
အရင်းအနှီးများတဲ့ သင်ခန်းစာ
ကချင်လေး
(MCIJ) ။ ။ ယခုနှစ်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲခံနေရသည့် ရှမ်းနီတပ်ဖွဲ့ဝင်များဟု သံသယရှိသူ အပြစ်မဲ့အရပ်သားပြည်သူ ကိုးဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)ကို ကချင်လူထုအသိုင်းအဝိုင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်သံများ လူမှုကွန်ရက်ပေါ်မှာ ခပ်စိတ်စိတ်နဲ့ ကျယ်ကျယ်လောင်လောင် ထွက်ရှိလို့လာသည်။
မတရား အသက်ဆုံးရှုံးသွားသည့် အရပ်သားပြည်သူ ကိုးဦး ကိစ္စကို ကေအိုင်အိုအစိုးရအနေနဲ့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ လူထုတစ်ရပ်လုံးက လိုလားနေကြပါသည်။ ဒီသတ်ဖြတ်မှုက ကေအိုင်အေတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်အတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် ကေအိုင်အိုအစိုးရက ကချင်လူထုရဲ့ ဝေဖန်မှုတွေကို ခံနေရသည်။
ဒီသတ်ဖြတ်မှုမှာ ကေအိုင်အေတပ်သားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေခဲ့တာဖြစ်ပြီး၊ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်နဲ့ နမ္မတီးမြို့တွေက အဖွဲ့ဝင် ၂၇ ဦးပါတဲ့ အရပ်ဖက် အမှုမှန်ဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီးတော့ ကေအိုင်အိုအစိုးရ ဗဟိုအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနဲ့ ပူးပေါင်းကာ စုံစမ်းဖော်ထုတ်နေသည်။
----------
ဖြစ်ရပ်က ဘယ်ကစလဲ
စုစုပေါင်း အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး အသတ်ခံရပြီး၊ သတ်ဖြတ်ခံရသူတွေဟာ ဗန်းမော်မြို့က ဦးလဇွမ်တူးလွမ့် (အသက် ၅၅နှစ်)၊ ဦးလဇွမ်ထွယ်ရှောင် (အသက် ၃၅နှစ်)၊ ဦးမြင့်ထွေး (အသက် ၅၀နှစ်)၊ ကိုထွန်းယုံနဲ့ ကိုဖိုးလေး (အသက် ၂၇ နှစ်)နဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်စိုး၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွကျေးရွာက အသက် ၄၀ ကျော် အရွယ် ဦးယောဟန်တို့အပြင် အမျိုးသမီးတွေဖြစ်ကြတဲ့ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာက အသက် ၂၇ နှစ်အရွယ် မအင်ဒေါင်နန်လွမ်နဲ့ အသက် ၂၈နှစ်အရွယ် မဖောင်မားခေါန်ဘူတို့ ဖြစ်ကြသည်။
သူတို့တွေကို မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ သူတို့ကိုသူတို့ နာမည်ပေးထားတဲ့ “UG Black K” အဖွဲ့က မေးမြန်းဖို့ရှိတယ်ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ညမှာ ဖမ်းဆီးသွားသည်။ ဖမ်းဆီးပြီး လေးရက်အကြာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ UG Black K အဖွဲ့က “စစ်ကောင်စီတပ်အဖွဲ့နဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲခံနေရတဲ့ ရှမ်းနီတပ်ဖွဲ့ SNA အဖွဲ့ဝင် ကိုးဦးကို ဖမ်းဆီးရမိခဲ့တယ်”လို့ သတင်းထုတ်ပြန်ပါသည်။
သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနစ်ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီလောက်မှာ UG Black K အဖွဲ့က မေးမြန်ရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားတာဖြစ်ပြီး၊ ကျန်နှစ်ဦးကို နောက်တစ်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးခံရသူ ကိုးဦးစလုံး အသတ်ခံရသည်ဟု အသတ်ခံရသူတွေရဲ့ မိသားစုတွေနဲ့နီးစပ်သည့် ကချင်သတင်းရင်းမြစ်များက ဆိုကြသည်။
အရပ်သားပြည်သူကိုးဦး အသတ်ခံရပြီး သုံးရက်အကြာမှာ မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က “ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ဦးကျော်စိုး (ခ) မင်းမင်းလှိုင်နှင့် အပေါင်းအပါ ကိုးယောက်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ပြီး၊ သူတို့ရဲ့ဖော်ထုတ်ချက်အရ ဗန်းမော်အခြေစိုက် တပ်မ (၄၇) တပ်ရင်းမှ ကွန်မန်ဒိုထောက်လှမ်းရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်” လို့ ၎င်းတို့အဖွဲ့ရဲ့ ဖေစ့်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်သည်။
“ဒီ UG တွေက လက်လွန်ပြီးမှ သတင်းဌာနတွေကို သတင်းအမှားတွေ ပေးလိုက်ကြတာနေမှာ။ အဲ့နေရာတွေမှာက SNA ရဲ့ လှုပ်ရှားနေရာမှ မဟုတ်တာ။ အဲ့တစ်ခုတည်းနဲ့တောင် ဆက်စပ်စဥ်းစားသင့်တယ်။ UG တွေရဲ့ အာဘော် အရမ်းများသွားပုံဘဲ” ဟု မြေပြင်အခြေအနေကို ဂဃနဏသိနေတဲ့ ကချင်သတင်းရင်းမြစ် သာသနာပြုဆရာတစ်ဦးက အခုလို ဆိုသည်။
UG Black K အဖွဲ့က အပြစ်မဲ့သည့် အရပ်သားပြည်သူကိုးဦးကို ဖမ်းဆီးစစ်ဆေးနေချိန်တွင် ခြေလွန်လက်လွန် ဖြစ်သွားသည်သာမက ဇန်နဝါရီ ၂၈ ရက်နေ့က ယင်းတို့အဖွဲ့ ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်စိုးသူ (ခ) မင်းစစ်နိုင်ကိုလည်း စစ်ဆေးမေးမြန်းနေစဥ်အတွင်း သေဆုံးသွားကြောင်း အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြထားသည်။ ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်စိုးသူ (ခ) မင်းစစ်နိုင်ရဲ့ သေဆုံးမှု အသေးစိတ်အခြေအနေကို တခြားသော သတင်းမီဒီယာများကလည်း သတင်းဖော်ပြခဲ့သည်။
(စစ်ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်စိုးသူ (ခ) မင်းစစ်နိုင်က မြစ်ကြီးနားကားကြီးကွင်းရှိ လင်းကမ္ဘာကားလိုင်းမှာ အဌားကားသမားယောင်ဆောင်ကာ သတင်းထောက်လှမ်းလျက်ရှိပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဖမ်းဆီးရေးလုပ်နေသူလည်း ဖြစ်ကြောင်း မဇ္ဓျိမရဲ့ မြေပြင်သတင်းအဖွဲ့က အတည်ပြုစုံစမ်းရရှိထားသည်)

👍9👏1😁1
အသတ်ခံရသူ ကိုးဦး အဖမ်းခံရပြီး တစ်လအကြာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အမှုမှန်ပေါ်ပေါက်ရေး အရပ်ဘက်ကော်မရှင်နဲ့ မိသားစုဝင်များ သွားရောက်စစ်ဆေးရာမှာ လဝါးကျေးရွာနဲ့ နှစ်မိုင်ခန့်ဝေးသည့်နေရာတွင် ခုနစ်ပေကျယ်ဝန်းသော ကျင်းတစ်ခုအတွင်း အလောင်းခုနစ်လောင်းကို တွေ့ခဲ့ရပြီး၊ ကျန်ကျင်းတစ်ကျင်းတွင် အလောင်းနှစ်လောင်းကို တွေ့ခဲ့ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ရုပ်အလောင်းအများကို ကောင်းမွန်စွာ ပြန်လည်မြှုပ်နှံပေးခဲ့ကြောင်း လိုက်ပါအကူအညီပေးခဲ့သူ ကိုမုန်အောင် (အမည်လွှဲ) က ပြောသည်။
“အသတ်ခံရတဲ့ ကိုးယောက်ရဲ့အလောင်းတွေကို ကျင်းထဲကနေ ပြန်ထုတ်ပြီး ကျနော်တို့ ကောင်းကောင်း ပြန်ပြီး မြှုပ်ပေးလိုက်ပါပြီ။ အလောင်းတွေကိုက ရွာ(လဝါး)ရဲ့ ချောင်ကျတဲ့နေရာမှာ မြှုပ်ထားပေးတာဟုတ်တယ်” လို့ ကိုမုန်အောင်က ဆိုသည်။
----------
ဘယ်သူတွေပါဝင် ပတ်သက်နေသလဲ
UG Black K အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာမှ ယင်းတို့အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ (Facebook Page) ကို စတင်ခဲ့တာဖြစ်ကြောင်း လေ့လာသိရှိရသည်။ ဒီလူမှုကွန်ရက်ကို လက်ရှိအချိန်ထိ အယောက် ၅၀၀ ကျော်က Likes ပြုလုပ်ထားသလို၊ အယောက် ၇၀၀ ကျော်က Followers ပြုလုပ်ထားသည်ကို တွေ့ရသည်။
UG Black K အဖွဲ့သည် ကေအိုင်အေမှ တရားဝင်ဖွဲ့စည်းထားပြီး၊ စီမံအုပ်ချုပ်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟုတ်ဟု သိရသည်။ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ပေါက်ဖွားလာသည့် ဒေသအခြေပြု တော်လှန်ရေးအဖွဲ့သာ ဖြစ်သည်။
အပြစ်မဲ့ အရပ်သားပြည်သူ ကိုးဦးအသတ်ခံရတဲ့ ဖြစ်ရပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု ဆိုကြသည့် လက်နက်ကိုင်အဖွဲ့နဲ့ ကေအိုင်အေတပ်မဟာ (၂)မှာ တပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေသည်ဟု ကေအိုင်အိုအုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ကချင်သတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။
ဒီလို အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်သူလို့ ယူဆရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့ ကေအိုင်တပ်ဖွဲ့ဝင်အချို့ကို ကေအိုင်အို/ကေအိုင်အေ တပ်မဟာဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားကာ စစ်ဆေးနေတယ်လို့ ကေအိုင်အိုအုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ ကချင်သတင်းရင်းမြစ်များက အတည်ပြု ဆိုကြသည်။
“ ဒီဖြစ်ရပ်မှာ အဓိကတော့ သတင်းအမှားပေးတဲ့သူတွေကြောင့်ပါ။ အခုက ဒလန်ထင်တယ်လို့ဆိုတဲ့ “ထင်”တစ်လုံးအောက်မှာ ကျူးလွန်မိသွားကြတာပေါ့။ ဒီကာလမှာက ဒလန်ဆိုတဲ့ အသုံးအနှုန်းက အရမ်းထိလွယ်ရှလွယ်တော့ ဒီလိုဖြစ်သွားတယ်နဲ့တူတယ်။ အခု ဒီဘက် (ကေအိုင်အေစစ်ဌာနချုပ်)ကလူတွေကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါပြီ။ ပါဝင်တဲ့သူတွေကိုလည်း ဖမ်းထားပါပြီ” လို့ ကချင်သတင်းရင်းမြစ်က ပြောသည်။
ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ ကေအိုင်အေတပ်မဟာ (၂)နယ်မြေနဲ့နီးစပ်ပြီး မြေပြင်ပကတိအခြေအနေကို သိနေတဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ကချင်သတင်းရင်းမြစ်တစ်ဦးကတော့ UG Black K အဖွဲ့အနေဖြင့် ကေအိုင်အေ မှ တရားဝင်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟုတ်သည့်အတွက် ယင်းအဖွဲ့ရဲ့ မြေပြင်သတင်း အချက်အလက်များကို အချိန်မီစိစစ်တားဆီးနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို ခြေလွန်လက်လွန်ဖြစ်သွားရသည့် ဖြစ်ရပ်များ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု မဇ္ဓျိမရဲ့မြေပြင်သတင်းအဖွဲ့ကို သုံးသပ်ပြခဲ့သည်။
“ ဟုတ်တယ်။ အဲ့ UG တွေက ကျနော်တို့လေ့လာတွေ့ရှိရသလောက်ဆိုရင် ကေအိုင်အေက ဖွဲ့စည်းထား တဲ့ UG မဟုတ်ဘူးလို့ သိရတယ်။ အဲ့တော့ အဲ့ UG လော်ချက်ကို ဂိုင်ကြမ်း Kai Chyan (ကေအိုင်အေထောက်လှမ်း ရေးတပ်)တွေက သတင်းယူတာကလည်း အားနည်းတယ်လို့ ပြောရမှာဘဲ။
ဂိုင်ကြမ်းတွေက ဒီလိုအရေးကြီးတဲ့ သ တင်းတွေကို အမြဲတမ်းစုံစမ်းနေရမှာလေ။ ဂိုင်ကြမ်းအဖွဲ့ရဲ့ မြေပြင်သတင်းအချက်အလက် စိစစ်မှု တော်တော်လေး အားနည်းနေတယ်ဆိုတာ ဒီနေရာမှာ ပေါ်ပေါက်နေတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီနေရာမှာ အပြစ်မဲ့တဲ့ပြည်သူ ကိုးယောက်စလုံး ဒီအတိုင်း အသတ်ခံလိုက်ရတာက သူတို့ရဲ့အားနည်းချက်ဘဲ” လို့ ကချင်သတင်းရင်းမြစ်က အခုလို သုံးသပ်ပြပါသည်။
လက်ရှိအချိန်တွင် UG Black K အဖွဲ့က ယင်းတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်များကို လူမှုကွန်ရက်အပေါ်ကနေ ပြန်လည် ဖျက်ချထားပြီး၊ ဒီဖြစ်ရပ်မှာပါဝင်ပတ်သက်မှုရှိနေတဲ့ UG Black K ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့နဲ့ ယင်းအ ဖွဲ့ရဲ့ သတင်းပေးများကတော့ လွတ်မြောက်နေဆဲ ဖြစ်သည်။
ဒီအရပ်သားပြည်သူ ကိုးဦးအသတ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အဓိက မျက်မြင်သက်သေကိုလည်း လက်ရှိအချိန်မှာတော့ လုံခြုံစိတ်ချရတဲ့နေရာတွင် မိသားစုနဲ့တကွ အရပ်ဘက်အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်(မက်ဆင်ဂျာ)မှ ပြန်လည်ပြောပြ ထားပါသည်။

👍10👏1😁1