Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို ပြင်သစ်က အကူအညီများ ထောက်ပံ့မည်

မြန်မာနိုင်ငံရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူများကို အကူအညီများ ထောက်ပံ့ရေး ပြင်သစ်နိုင်ငံအနေဖြင့် စီစဉ်လုပ်ဆောင်လျက် ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြင်းထန်သော မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာတွင် လူ ၉၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ အိုးအိမ်မဲ့ဖြစ်ရပြီး လူအများအပြား သေဆုံးခဲ့ရပြီးနောက် ပြင်သစ်အနေဖြင့် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ထိခိုက်ဝမ်းနည်းရပြီး မိသားစုများနှင့် ထပ်တူ ခံစားရကြောင်းနှင့် မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ သို့မဟုတ် ထိခိုက်ပျက်စီးမှုများ တွေ့ကြုံခံစားရသူအားလုံးနှင့် တစ်သားတည်း ရှိကြောင်း ထုတ်ပြန်သည်။
👍22🔥2
​​အချိန်မီ ဆေးမကုသနိုင်သဖြင့် မိုင်းထိ CDF – Matupi ရဲဘော် ကျဆုံး

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟားခါး - မတူပီလမ်း ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရဲဘော်တစ်ဦးသည် အချိန်မီ ဆေးကုသမှု မရရှိသဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ( CDF – Matupi ) က မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။
အသက် ၁၈နှစ်အရွယ် ထိုရဲဘော်သည် မေလ ၂၃ရက် နံနက် ၇ နာရီတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား အသက်ကယ်ရန် ကြိုးစားခဲ့သော်လည်း ထိခိုက်ဒဏ်ရာများကို ကျွမ်းကျင်စွာ ကုသနိုင်သူ ကျန်းမာရေး၀န်းထမ်း မရှိ၍ ည ၈နာရီအချိန်တွင် ၎င်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သွားကြောင်းဆိုသည်။
“နည်းပညာ မကျွမ်းကျင်တာတစ်ပိုင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ တစ်ပိုင်းပေါ့။ ဒဏ်ရာရသူတွေကို ကျွမ်းကျွမ်းကျင်ကျင် ကုသပေးမယ့် ဆရာ ၊ ဆရာမ မရှိတာကြောင့် အခုလို ဆုံးရှုံးခဲ့ရတာပါ” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြောသည်။
အမျိုးသားတော်လှန်ရေးအတွက် ကတိသစ္စာဆိုခဲ့သည့်အတိုင်း ရဲဘော်၏ ပေးဆပ်မှု အပေါ် လေးစားဂုဏ်ယူပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူ၊ ထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
CDF – Matupi တပ်ဖွဲ့တွင် ကျဆုံးခဲ့သော ရဲဘော် ၂၅ဦးခန့်ရှိပြီး ကိုယ်ခန္ဓာအစိတ် အပိုင်း ဆုံးရှုံးခဲ့ရသူ ၁၀ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
၎င်းတို့အနက် အချို့မှာ တိုက်ပွဲအတွင်း ထိခိုက်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ ရန်သူ့မိုင်းနှင့် မိမိတို့မိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဧပြီ ၁၉ရက်က CDF – Matupi ဌာနချုပ် Camp Zion တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့သေးသည်။
ထိုဖိတ်ခေါ်ချက်တွင် ကျန်မာရေးဝန်ထမ်း လုံလောက်မှုမရှိခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုး အတွက် တိုက်ပွဲဝင်ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအကူအညီများ အထူး လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။
တာဝန်ထမ်းဆောင်လိုသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် CDF – Matupi လူမှုကွန်ရက်စာမျက်နှာတွင် ဆက်သွယ် မေးမြန်နိုင်ကြောင်း သိရှိရသည်။
စာတည်း ။ ။ အောင်ကျော်ဖြိုး
#Mizzima
#CDF – Matupi ရဲဘော်
#မိုင်းထိ ကျဆုံး
#ကျန်းမာရေး၀န်ထမ်း လိုအပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢23👍7😁2
ရန်ကုန်မြို့တစ်နေရာတွင် Sc Strike က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တစ်နေရာတွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူသော စာသားချိတ်ဆွဲပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ မေလ ၂၅ ရက်နေ့ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်အာဏာရှင်လက်ထက်တွင် ပြည်သူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးဆုံးရှုံးနေရသဖြင့်​ စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကျပ်နေသည့်ကြားက ထိုကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“စစ်အာဏာရှင်ရဲ့လက်အောက်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ၊ ဘဝရှင်သန်ရေးတွေ အားလုံးဆုံးရှုံးနေပါတယ်။ မဟုတ်တာကို မဟုတ်ဘူး ၊ မကောင်းတာကို မကောင်းဘူးပြောရုံ ၊ ဝေဖန်ရုံနဲ့ အရပ်သားပြည်သူတွေဖမ်းဆီး ၊ နှိပ်စက်ခံရ၊ ထောင်ချခံရတယ်။ တချို့ဆို သတ်ဖြတ်တာခံရတယ် ။ လမ်းပေါ်သွားရင်းလည်း လူငယ်ဆိုတာနဲ့ ဖမ်းဆီး ၊ နှိပ်စက်ခံရတယ်။ ပြည်သူအားလုံးရဲ့ လွတ်လပ်ခွင့် ၊ ရပိုင်ခွင့်တွေအားလုံး ဆုံးရှုံးနေကြရပါတယ်။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌဖြစ်သူက မဇ္ဈိမ ကို ဖြေကြားသည်။
👍9😁5❤3
ပြည်သူတစ်ဦးတစ်ယောက်စီ၏ လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းမှာ အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သောနည်းလမ်းများဖြင့် မတရားဖိနှိပ်အုပ်ချုပ်နေခြင်းကြောင့်ဖြစ်သဖြင့် ပြည်သူလူထု၏ အာဏာ၊ အခွင့်အရေးများနှင့် လုံခြုံအေးချမ်းသော ဘဝနေထိုင်မှုအခြေအနေများကို နွေဦးတော်လှန်ရေးဖြင့် ပြန်လည်သိမ်းပိုက်ပြီး တော်လှန်ရေးတွင် တတ်နိုင်သည့်နေရာမှ အင်တိုက်အားတိုက် ပါဝင်ရန်ကိုလည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ အလေးအနက် တောင်းဆိုထားသည်။
“အဆိုပါလှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ၊လွတ်လပ်ခွင့် ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာကို ကိုယ်စားပြုတာဖြစ်ပြီး ဒီအခွင့်အရေးတွေပြန်ရဖို့နဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ပြည်သူအားလုံး ဒီတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တော်လှန်ပေးဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်သည်။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌဖြစ်သူက ထပ်မံပြောသည်။
ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသဖြင့် အန္တရာယ်များပြီး အခက်အခဲများရှိသော်လည်း ရန်ကုန်သားများဟာ တော်လှန်လို့ရသည့်နည်းမျိုးစုံဖြင့် ဆက်လက်လှုပ်ရှားနေမှာဖြစ်ပြီး ဘယ်တော့မှ သွေးအေးမည်မဟုတ်ကြောင်းလည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရန်ကုန်
#လုံခြုံရေး
#တင်းကျပ်
#အန္တရာယ်
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5😁5👍2
OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/4280cQX

#Mizzima #Weekly #PDF #MAGAZINE
👍4🔥3
ရွာပေါင်းစုံသပိတ် (၇၇၉) ရက်မြောက် ဆက်လက်ချီတက်

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ် နှင့် ဆားလင်းကြီးမြို့နယ် ရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ရက်ပေါင်း (၇၇၉) ရက်မြောက်အဖြစ် ယနေ့ မေလ ၂၅ရက် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြသည်။
🥰10❤3🔥1😁1
ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများအပြင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများ ပြုပြင်ခြင်းတွင် ပါဝင်ကူညီခြင်း ၊ ရေဘေးသင့် ပြည်သူများကို အကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်နှင့် ဆာလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွာပေါင်းစုံသပိတ်
#၇၇၉ ရက်မြောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍1🔥1🥰1😁1
မေလ ၂၅ ရက်၊ မွန်းလွဲ ၂နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:08- ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၀ ဦးခန့် သေဆုံးတဲ့သတင်း

03:22-ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေးခြင်းအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေ ဝေဖန်တဲ့သတင်း

05:54-ပုသိမ်ကြီးမြို့နယ် မင်းဂံရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့သတင်း

06:57-အိမ်ဖြူတော်အနီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းကို သမ္မတအားလုပ်ကြံရန်ကြိုးပမ်းမှုနဲ့ ဖမ်းဆီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/CSIbmpnduwY
👍3😁3🖕1