Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သိမ်ဇရပ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးသေဆုံး၊ ကလေးငယ် အပါအဝင် ၄ ဦးဒဏ်ရာရ
😢11😁2👍1
သိမ်ဇရပ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးသေဆုံး၊ ကလေးငယ် အပါအဝင် ၄ ဦးဒဏ်ရာရ
=====================

ဂျူချန်း ၊ YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ၊ရွာလေးရပ်ကွက် (၈) လမ်း (ကွက်သစ်ပိုင်း) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဇွန်လ ၁၆ ရက် ည ၇နာရီခွဲဝန်းကျင်တွင် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ၏ အမတ(၃၁၀) အမြောက်တပ်မှ လက်နက်ကြီး ကိုးလုံး ပစ်ခတ်ခဲ့ရာ ရွာလေးရပ်ကွက် (၈) လမ်း ရှိ နေအိမ်နှစ်လုံးကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မအေးနွယ်(၃၇နှစ်) သည် ရင်ဘတ်တွင် ကျည်စထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“အခုထိခိုက်တဲ့ ပြည်သူတွေက ရဲစခန်းနဲ့ ကပ်နေတဲ့ ရပ်ကွက်ပဲ။ အဲ့ အိမ်နှစ်လုံးက လူတွေ၊ စုစုပေါင်း ငါးယောက်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများသည် သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထိုည ၇ နာရီခွဲအချိန်တွင် အမတ (၃၁၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကိုးလုံးသည် ရွာလေးရပ်ကွက်(၈)လမ်းအပြင် ကျောက်တန်းလေးကျေးရွာ၊ ကျောက်ပုံကြီးကွင်း၊ ကညင်အိုင်ကျေးရွာအပြင်ဘက်တို့တွင်လည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

"ဒီဘက်က သွားပစ်တာမျိုးလည်းမရှိဘူး၊ တိုက်ပွဲလဲမရှိဘူးလေ။ ဘာမှမရှိဘဲနဲ့ကို လက်နက်ကြီးနဲ့ထုတာ။ ဒီကောင်တွေကတော့ ဒီလိုပါပဲ၊ လက်နက်တွေ ကျည်တွေပေါတိုင်း ထင်တိုင်းကြဲနေကြတာ၊ ညက ပစ်တာ ကျောက်ပုံကြီးအထိ ရောက်တယ်၊ အဓိကက အပေါ် ( KNU တပ်မဟာ (၁)၊ တပ်ရင်း (၃)နယ်မြေအတွင်း) ကို ပစ်ချင်တာပေါ့" ဟု တပ်မဟာ (၁)၊ တပ်ရင်း (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။
အမတ (၃၁၀) မှ လက်နက်ကြီးပစ်ခတ်ချိန်တွင် သိမ်ဇရပ်ရဲစခန်းမှလည်း လက်နက်ငယ် ပစ်ခတ်မှုများရှိခဲ့ပြီးနောက် မြို့ထဲ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သိမ်ဇရပ်မြို့ အခြေစိုက် အမတ(၃၁၀) နှင့် ခမရ(၂၀၇) တပ်တို့သည် လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားထိခိုက်မှုများလည်း ရှိကြောင်း သိရသည်။

မေလ ၃ ရက်နေ့တွင်လည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ ဦးရာဇာ၏ နေအိမ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ဦးရာဇာနှင့် ၎င်း၏ ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက် ညပိုင်းကလည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ပုံကြီးကွင်းနှင့် ရေကျော်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကျောက်ပုံကြီးကွင်းမှ ဒေသခံလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3🤬3😢2
မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အမှတ်(၂)ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက် ရဲတပ်သား ၃ ဦး သေဆုံးဟုဆို
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်ရှိ အမှတ်(၂) ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားသုံးဦးသေဆုံးကြောင်း MRDA စေတန် တပ်ခွဲထံမှ သိရသည်။

“ကျနော်တို့ ဝင်သွားတော့ ရဲတပ်သားတွေက သေနတ်ဘေးချပြီး ဖုန်းသုံးနေကြတယ်။ မျက်မြင်ကတော့ ရဲတပ်သားသုံးဦး နေရာတင် လဲကျ သေဆုံးသွားတာ တွေ့ခဲ့ရတယ်” ဟု စေတန်တပ်ခွဲ(MRDA) မှ တပ်ခွဲမှူးကိုဇေက ပြောသည်။

ထိုစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် နေထိုင်လှုပ်ရှားနေခြင်းကြောင့် ဒေသခံများနှင့် မှားယွင်းမှု မဖြစ်စေရန် အချိန် နှစ်ရက်ကြာ ကြိုတင် စုံစမ်းပြီးမှ စစ်ဆင်ရေးကို ဆောင်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း တပ်ခွဲမှူး ကိုဇေက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို စေတန်တပ်ခွဲ (MRDA) ၊ ၅/UG အဖွဲ့ နှင့် Monywa Fire Group တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဂိတ် ၊ စခန်း များ အနီးသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးကိုဇေက မေတ္တာရပ်ခံထားသည်။

https://youtube.com/shorts/u_GjW11mm6A?feature=share

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ရဲစခန်း
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏14👍8😁2🥰1
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ၆ ဦး မြွေဆိုးကိုက်ခံရ
😢7🔥1👏1
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ၆ ဦး မြွေဆိုးကိုက်ခံရ
================

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့ ဇွန်လ ၁၇ ရက်အထိ မြွေဆိုးကိုက်ခံရသူ စစ်ဘေးရှောင် ခြောက်ဦးရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်၏ မှတ်တမ်းများအရ သိရသည်။

မြွေဆိုးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အသိပညာပေးမှုများ ပြုလုပ်သော်လည်း ထပ်ကာတလဲလဲ ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များအတွက် လက်တွေ့မြေပြင်တွင် အခက်အခဲများစွာရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

“တချို့တွေက ကျွန်တော်တို့ကတစ်ဆင့် စစ်ရှောင်လူထုကို ပညာပေးဟောပြောဖို့ တောစီးဖိနပ်စီးဖို့ တွင်တွင်ပြောကြတယ်၊ တိုက်တွန်းကြပါတယ်ဗျ၊ ဒါ‌ပေမယ့် ကျွန်တော်တို့ တကယ့်လက်‌တွေ့ဘဝမှာက ကိုယ့်အိမ်ကိုယ့်ယာတွေကို စွန့်ပစ်ပြီး အဝတ်နှစ်စုံသုံးစုံနဲ့ တောထဲတဲထိုးပြီး စစ်ရှောင်နေရတဲ့ပြည်သူတွေ အဲ့လိုနေတာတောင် အစိုးမရဘူး၊ စစ်ကြောင်းထိုးလာပြန်ပြီဆိုရင် အဲ့ဒီယာယီတဲလေးတွေစွန့်ပြီး ထပ်ပြေးကြရတဲ့ ဘဝတွေပါ၊ ဒီကြားထဲ မိအိုဖအိုနဲ့ ကလေးသူငယ်တွေပါတဲ့ မိသားစုတွေ ပိုဒုက္ခကြုံကြရပါတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက ပြောသည်။

ကိုးတောင်ဘို့တိုက်နယ်၊ စစ်‌ရှောင်တဲတွင်နေထိုင်သော အသက် ၃၁ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပဲစိမ်းငုံစိုက်ရန် ယာခင်းသို့အသွားမှာ ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် မြွေဆိုးကိုက်ခံရပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားများအဖွဲ့က ပြောသည်။

အဆိုပါ အမျိုးသမီးကို မြွေ‌ဆိပ်ဖြေဆေး BPI လေးလုံး ထိုးပေးထားရပြီး စောင့်ကြည့်နေဆဲဖြစ်ကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးအဖွဲ့များထံမှ သိရသည်။
ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင်လည်း ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဘုရားပန်းထိုးရန် ပန်းချိုးရင်း မြွေကိုက်ခံရ၍ မြွေဆိပ်ဖြေဆေး BPI နှစ်လုံးထိုးပေးထားရပြီး ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

မိုးတွင်းကာလရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် ပိုမိုခက်ခဲလာနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်တွင်လည်း စစ်ရှောင်တဲ၌ နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စစ်‌ရှောင်အမျိုးသမီးတစ်ဦး မြွေဆိုးကိုက်ခံရပြီး အချိန်မီ ဆေးကုသနိုင်ခဲ့၍ နေကောင်းကျန်းမာနေပြီဖြစ်ကြောင်း သိရသည်။

“ဒီ ခြောက်လပိုင်းထဲမှာ မြွေကိုက်ခံရတာ ခြောက်ယောက်ရှိတယ်၊ အကုန်လုံးက အချိန်မီ ဆေးကုသနိုင်ခဲ့ပါတယ်၊ အခု ကျန်းမာရေးတွေ ကောင်းနေပြီ မစိုးရိမ်ရတော့ဘူးဗျ” ဟု မြွေဆိုးကိုက်ခံရသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ကန့်ဘလူခရိုင်အတွင်း၌ ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စသည့်ဒေသများသည် မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားနေသော ဒေသများဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်း စစ်ဘေးရှောင်ရှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကန့်ဘလူ
#မြွေဆိုးကိုက်ခံရ
#ဇွန်လမြွေဆိုးကိုက်
#စစ်ကြောင်းထိုး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍8👏1
​​Argentina (အာဂျင်တီးနား) နိုင်ငံရွေးကောက်ပွဲ နှင့် Bitcoin က နိုင်ငံရဲ့ပြဿနာများကို ကူညီနေပုံ
===================

Bitcoin ကို တရား၀င် ၀င်ငွေဖြစ်ဖို့ ကတိပေးထားတဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ယခုလာမယ့် အောက်တိုဘာ လ ၂၂ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာကျော် ဘောလုံးသမား မက်စီရဲ့ မွေးရပ်နိုင်ငံ အာဂျင်တီးနားနိုင်ငံမှာ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ၄င်းရွေးကောက်ပွဲဟာ သမ္မတ၊ အမျိုးသားကွန်ဂရက် အဖွဲ့၀င်များနဲ့ ပြည်နယ် အစိုးရအဖွဲ့၀င်များကို ရွေးချယ်မယ့် ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။

အာဂျင်တီးနား နိုင်ငံဟာ အဆိုပါရွေးကောက်ပွဲကို စီးပွားရေးအကြပ်အတည်းတွေကြားထဲမှာ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံ ရဲ့ စီးပွားရေးမှာ ငွေကြေးတန်ဖိုးကျဆင်းမှု ၆၀ ရာခိုင်နှုန်း နီးပါး ရှိပြီးတော့ နိုင်ငံရဲ့ ကြွေးမြီး တွေကိုလည်း ပြန်ဆပ်ရန်တော်တော်ကြိုးစားနေရတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းက ၁၀၄% အထိရှိနေပါတယ်။ အဲ့ဒါ ကြောင့် အာဂျင်တီးနားနိုင်ငံ ရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် ဖြစ်လာမယ့် သမ္မတ က နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ဦးမော့လာအောင် တော်တော်ကြိုးစား
ယူရမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု ကိုရရှိလာအောင်လည်းပြန်လုပ်ဖို့ ကတော်တော်ကို ခက်ခဲမှာ ဖြစ်ပါတယ်။

အဆိုပါရွေးကောက်ပွဲ မှာ ထိပ်ဆုံးကနေဦးဆောင်နေသူတစ်ဦးကတော့အတိုက်အခံ ပါတီမှ​ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ Javier Milei ဖြစ်ပါတယ်။ အဆိုပါ ရွေးကောက်ပွဲ သမ္မတလောင်းဟာ “ Bitcoin ကို သူတို့နိုင်ငံရဲ့ တရား၀င်ငွေကြေးဖြစ်ရမယ်”
လို့ ကြွေးကြော်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Bank တွေနဲ့ သမာရိုးကျငွေ ပေးချေမှုတွေဟာ လူအများကို အကြွေးနွံထဲရောက်စေတဲ့ အလိမ်အညာတစ်ခုလိုပဲလို့ပါ ပြောထားဖူးပါတယ်။

Bitcoin ကို တရား၀င်ငွေကြေးအဖြစ်အသုံးပြုခြင်းကြောင့် ဆင်းရဲ တဲ့နိုင်ငံကနေ ပြီးတော့ ပြန်လည်ဦးမော့ လာနိုင်ငံတွေ ဥပမာ အနေနဲ့ ရှိခဲ့ခြင်းကြောင့် တရား၀င်ငွေကြေးအဖြစ်အသုံးပြုခြင်းကနိုင်ငံ ရဲ့ အခြေအနေ တိုးတက် ပြောင်းလဲလာနိုင်တယ်လို့သူက
ခန့်မှန်းထားပါတယ်။

Bitcoin ကိုငွေကြေး အဖြစ်အသုံးပြုလာပါက အာဂျင်တီးနား နိုင်ငံဟာ ငွေကြေးဖောင်းဖွမှု ပြသနာကို လျော့ချလာနိုင်မှာ ဖြစ်လလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနဲ့ ငွေကြေးကို အသုံးပြု ရတဲ့ အခန်းကဏ္ တွေ ဖြစ်တဲ့ ကုန်သွယ်ရေး သယ်ယူ ပို့ဆောင်ရေး နဲ့ စတဲ့ နေရာတွေ မှာ များစွာ တိုးတက်ပြောင်းလဲ လာနိုင်ပါတယ်။ သမ္မတ Javier Milei ရွေးကောက်တင်မြှောက် ခံရပါက Bitcoin သည် တရား၀င် ငွေကြေးဖြစ်လာမည် ဖြစ်ပြီး အခုပြောပြခဲ့တဲ့ အချက်တွေ ဟာ အာဂျင်တီးနား နိုင်ငံမှာ တကယ် လက်တွေ့ ဖြစ်လာနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကိုးကား
Argentina’s Crypto Ban Propels Pro-Bitcoin Presidential Candidate in Polls (beincrypto)
Javier Milei, an Argentine libertarian, is rising in the polls (Economist)
BRAZIL AND ARGENTINA DON’T NEED A COMMON CURRENCY, THEY NEED BITCOIN (Bitcoin Magazine)
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် →

https://t.me/BitcoinMyanmarEDU
👍2❤1🔥1
NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အိုးဘိုထောင်တွင် အမောဖောက်လဲကျရာ ပြင်ပဆေးရုံ၌ ကုသမှုခံယူနေရ
😢19👍1💩1
NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အိုးဘိုထောင်တွင် အမောဖောက်လဲကျရာ ပြင်ပဆေးရုံ၌ ကုသမှုခံယူနေရ
=====================

007
(မဇ္ဈိမ)။ ။မန္တလေး အိုးဘိုထောင်တွင်အကျဥ်းကျခံနေရသော၊ NLD အစိုးရလက်ထက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်၊ ထောင်တွင်းပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် ရုတ်တရတ်အမောဖောက်ရာမှ ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးနေရကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

"မနေ့ကမနက်ပိုင်းမှာ အမောဖောက်လို့ဆိုပြီး၊ ထောင်အပြင်ထုတ်သွားတယ်၊ ထောင်ဆေးရုံနဲ့အဆင်မပြေတော့လို့ အပြင်ဆေးရုံခေါ်သွားတာလို့ကြားတာပဲ၊ သူ ကျန်းမာရေးသိပ်မကောင်းဘူး ထောင်ထဲမှာတအားပင်ပန်းဒဏ်ခံနေရတယ်" ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အသက် ၇၂နှစ်အရွယ်ရှိနေပြီဖြစ်သော ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်၊ ထောင်တွင်းပင်ပန်းဆင်းရဲမှုဒဏ်ကြောင့်၊ မကြာခဏ
အမောဖောက်ပြီး မူးလဲမှုတို့ဖြစ်နေရာ၊ ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင်၊ မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနသို့ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူ တစ်ဦးကအတည်ပြုသည်။

ပြည်ထောင်စု၀န်ကြီးဟောင်း ဦး၀င်းခိုင်ကို၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် အဂတိလိုက်စားမှုပုဒ်မဖြင့် စွပ်စွဲပြီး ထောင် ၂၈ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ၊ ဒု၀န်ကြီးများဖြစ်ကြသော ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်၀င်းတို့လည်း အမှုတွဲပါဝင်ခဲ့ပြီး၊ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်းကို၊ နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့် ၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ရာတွင်၊ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်းတိုးမြှင့်ခွင့်ပြုပေးခဲ့ခြင်းကြောင့်၊ ထုတ်လုပ်မှုကီလို၀ပ်နာရီ(ယူနစ်)သန်းပေါင်း ၁,၈၀၀ ကျော် ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့်၊ ဘဏ္ဍာငွေ ကျပ် ၃၀ ဘီလီယံခန့် ထိခိုက်နစ်နာစေခဲ့သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထား၀ယ်ဒေသ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆောင်ရွက်သော၊ တနင်္သာရီတိုင်းအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုးငွေကျပ် ခြောက်ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

၀န်ကြီးနှင့်ဒု၀န်ကြီးဒေါက်တာထွန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယ၀န်ကြီးဦးခင်မောင်၀င်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်တရားစွဲဆိုပြီး၊ ထောင် ၂၈ နှစ်ချကာ၊ မန္တလေးဗဟိုအကျဥ်းထောင်(အိုးဘိုထောင်)သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စာတည်း -သန့်ဇော်(သန်လျင်)

#mizzima
#လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်
#အိုးဘိုထောင်
#မန္တလေး
#အမောဖောက်
#NLD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍9❤1💩1
​​ပြည်တွင်း စပါးအထွက်နှုန်းက ၅ နှစ်တာ ပျမ်းမျှအောက် ၈ ရာခိုင်နှုန်း ကျဆင်း
=======================

ပြီးခဲ့သည့် ဇွန်လတွင် အဆုံးသတ်သော နောက်ဆုံး ရိတ်သိမ်းရာသီအကုန်၌ မြန်မာနိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာ စပါးအထွက်နှုန်းသည် တန်ချိန် ၂၄ ဒသမ ၇ သန်း ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဌာန၏ ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့် အစောပိုင်း သတိပေးစနစ် အစီရင်ခံစာအရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1🤯1
ညောင်ပင်ကြီးကမ်းနားနှင့် စက်လှေဆိပ်ရှိ တဲအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
🤬10🔥1
ညောင်ပင်ကြီးကမ်းနားနှင့် စက်လှေဆိပ်ရှိ တဲအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
=========================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကမ်းနား နှင့် စက်လှေဆိပ်ရှိ တဲအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၇ ရက် မနက်ပိုင်းတွင် မီးရှို့ ဖျက်ဆီးနေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အဲ့ဒါတွေက ညောင်ပင်ကြီး ကူးတို့ဆိပ်က ဆိုင်ကယ် စတန်း( ဆိုင်ကယ်ရပ်နားသည့်တဲအိမ်) တွေ ၊ မုံရွာဘက်ကို ကူးတဲ့နေရာတွေပါ။ ဒီနေ့ မနက် ၁၀ နာရီလောက်က စပြီး မီးရှို့သွားတာ “ ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ညောင်ပင်ကြီးကမ်းနားနှင့် စက်လှေဆိပ် အနီးရှိ နေရာ သုံးနေရာကို မီးရှို့သွားခြင်းဖြစ်သည်။
ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဇွန်လ ၉ ရက်ညမှ စတင်ညောင်ပင်ကြီးကျေးရွာအုပ်စုနှင့် အနီးအနားရှိကျေးရွာများကို နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်က ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ထန်းတောရွာကိုမီးရှို့ ဖျက်ဆီးခဲ့ပြီး မီးလောင်သွားသည့် နေအိမ် အရေအတွက်ကို မသိရှိရသေးကြောင်း ဆားလင်းကြီးမြို့ နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ၏ အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

“ မနေ့က ထန်းတောကိုရှို့တာ ။ မီးမရှို့ခင်က ပြည်သူပိုင် ပစ္စည်းတွေကို စက်လှေနဲ့ မုံရွာဘက်ကို အရင်သယ်တာ ပြီးတော့မှ မီးရှို့တာ “ ဟု ၎င်းကပြောသည်။

ယနေ့တွင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းသို့ စစ်တပ်သုံး ဖောကားအကြီး တစ်စီးအပြည့်ပါ စစ်ကောင်စီတပ်သားများဖြင့် အင်အားဖြည့်တင်းထားကြောင်းသိရသည်။ ယင်းအပြင် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် အကြားရှိ ကျောက်မျက်တောင်တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ကလည်း ဆားလင်းကြီးမြို့နယ်တွင် ရိက္ခာများ လာရောက်သယ်ယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှ ကျေးရွာ ငါးရွာထက် မနည်းကို မီးရှို့ ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၆၀၀ နီးပါးထိ မီလောင်ပျက်စီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#စစ်တပ်က မီးရှို့ဖျက်ဆီး
#ညောင်ပင်ကြီးကျေးရွာအုပ်စု
# အညာပစ်တိုင်းထောင်လေးများအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12🔥2👍1😁1
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ပန်းသပိတ်လှုပ်ရှားမယ်
====================

"အကြမ်းဖက်မှုတွေကြောင့် တော်လှန်သွေးဟာ အေးသွားမှာမဟုတ်၊ ရဲရဲနီဆဲဖြစ်ကြောင်း ပန်းသပိတ်ဖြင့် ဖော်ညွှန်းသက်သေတည်မည်"

ရွှေနွယ်(မဇ္ဈိမ)

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ နိုင်ငံအဝန်း ပန်းသပိတ်နဲ့ သီချင်းသပိတ်ကို ဆင်နွှဲကြဖို့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

တော်လှန်ရေးအဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ တော်လှန်သောအမျိုးသမီးထု၊ တော်လှန်သောပြည်သူလူထုရဲ့ဂုဏ်အင်ကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ကိုဆင်နွှဲကြဖို့ ဒေါက်တာတေဇာဆန်းက ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

https://youtu.be/LzlU9JigY_M

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပန်းသပိတ်
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
#မွေးနေ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤15👍3👏1😁1🤮1