Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နော်ဝေနိုင်ငံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲကျင်းပ
====================

(မဇ္ဈိမ)။ ။ နော်ဝေနိင်ငံ၊ ဖရိုလဲန်မြို့ရှိ အောင်ဆန်းစုကြည်ပန်းခြံ၌ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက် ကျင်းပကြောင်း သိရသည်။

အခမ်းအနားကို ဖရိုလဲန်ပြည်နယ် ဒုမြို့တော်ဝန်နှင့် အကြီးအကဲများ၊ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လိုလားသူများ အတူတကွပူးပေါင်း ကျင်းပကြကြောင်းသိရသည်။

'' ဒီနှစ် အမေစု ၇၈ နှစ်ပြည့်မွေးနေ့ကို နော်ဝေးနိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး ကိုယ်တိုင်တက်ရောက်ဖို့ပြောထားပြီးကာမှ ကိစ္စတစ်ခုပေါ်လာတဲ့အတွက် သူမလာနိုင်တော့ဘဲ ဗွီဒီယိုနဲ့စကားပြောတယ်။ ဒီပြည်နယ်မှာရှိတဲ့ ဒုတိယမြို့တော်ဝန်ကိုယ်တိုင် တက်ရောက်တယ်။ ပြီးတော့ဖရိုလဲန်မြို့တော်ဝန် တက်ရောက်တယ်။ နောက်ပြည်တွင်း ပြည်ပက ဒီမိုကရေစီလိုလားသူတွေပါဝင်မယ်။ ဒါကလည်းအမေစုလွတ်မြောက်ရေးအတွက် အားလုံး တက်တက်ကြွကြွ ပါဝင်ကြတာပါ ''ဟု အောင်ဆန်းစုကြည်ပန်းခြံကော်မတီ ဥက္ကဌဆလိုင်းဂျွန်မန်းက ဆိုသည်။

ထို့ပြင့် နိင်ငံတကာရှိ အောင်ဆန်းစုကြည်ပန်းခြံလူငယ်များ ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#၇၈ နှစ်ပြည့်
#ဒေါ်အောင်ဆန်းစုကြည်

ပုံ/အောင်ဆန်းစုကြည်ပန်းခြံထဲ၌ ကျင်းပမည့်‌ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားအတွက် ပြင်ဆင်နေကြစဉ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤23👍6😁2
​​တနိုင်းဝရာဇွပ်ပြည်သူ့စစ်အဖွဲ့က KIA တပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီး
=====================

(မဇ္ဈိမ)။ ။ စစ်ကောင်စီ (တနိုင်း ဒကစ)တပ်နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားနေသည့် မင်းဇေသန့် ဦးဆောင်သော တနိုင်းဝရာဇွပ် ပြည်သူ့စစ်အဖွဲ့က လက်နက်ကိုင်ဆောင်ထားသည့် KIA တပ်ဖွဲ့ဝင် နှစ်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ပြည်သူ့စစ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသ ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၂) လက်အောက် တပ်ရင်း (၁၄ ) နယ်မြေ ၊ ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၂၉၇ တပ်ရင်းနှင့် ခေါင်းလှော်ချောင်း (ဒေသအခေါ်) ကြားရှိ ကားလမ်းမအနီးတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

`` ရွာထဲ ဆက်ကြေးလာကောက်ရင်း အဖမ်းခံလိုက်ရတယ်လို့ပြောတယ်။ ခုထိတော့ ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့စခန်းထဲမှာ ကောင်းကောင်းမွန်မွန် ရှိနေတယ်" ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ် အတွင်းကလည်း KIO အုပ်ချုပ်ရေးအရာရှိ အပါအဝင် တပ်ဖွဲ့ဝင် ခြောက်ဦးကို ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားကြောင်း အမည်မဖော်လိုသူ ရှဒူးဇွပ်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“ ပြီးခဲ့တဲ့ မေလကလည်း ခြောက်ယောက်ဖမ်းထားသေးတယ်။ အဲ့ ခြောက်ယောက်ထဲကနေ တချို့ကိုတော့ ပြန်လွတ်ပေးလိုက်ပြီးတော့ တချို့ကိုတော့ ဖမ်းထားတုန်းလို့ ကြားတယ်။ ပြန်လွတ်လာကြတဲ့သူတွေက ဘယ်လိုပုံစံကြောင့် ပြန်လွတ်လာမှန်းမသိဘူး ” ဟု သတင်းရင်းမြစ်က ပြောသည်။

ထိုအဖမ်းခံခဲ့ရသူများသည် ဝါရာဇွပ်နဲ့ ရှဒူးဇွပ်ကျေးရွာများတွင် စစ်ရေးအရ သွားလာလှုပ်ရှားစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း KIO စစ်ရေးရုံး၏ အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောသည်။
ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့က " ရန်သူက အညံ့ခံလျှင် မိမိက ခွင့်လွတ်တဲ့စိတ်နဲ့ ပြုမူဆက်ဆံပါ။ မိမိတို့တပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားသည့် ရန်သူ့သုံ့ပန်းတချို့အား ကောင်းမွန်စွာ ထိန်းသိမ်းထာလျက်ရှိပါသည်" ဟု ဇွန် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။
ဖမ်းဆီးခံထားရသူများသည် KIA တပ်မဟာ (၂ ) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် KIA တပ်ရင်း ( ၁၄ )၊ တပ်ရင်း(၄၃) နှင့် တပ်ရင်း (၄၅) တို့မှ ဖြစ်ကြောင်း မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က ကနဦး စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဆင်ရေးဌာနချုပ်ခွဲတစ်ခုဖြစ်သည့် တနိုင်း ဒကစသို့ လွဲပြောင်းပေးပို့ခြင်းမရှိသေးဘဲ ဝရာဇွပ်ပြည်သူ့စစ်စခန်းအတွင်း၌သာ ဖမ်းဆီးထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KIA တပ်ဖွဲ့ဝင်
#တနိုင်းဝရာဇွပ်ပြည်သူ့စစ်အဖွဲ့
#ဖမ်းဆီး
ဓာတ်ပုံ - ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍2👏1😁1
“ကရင်နီဒေသမှာ ဘာတွေဖြစ်နေလဲ” KNDF ဒုစစ်ဦးစီးချုပ် မာဝီ နှင့် ဆက်သွယ်မေးမြန်းချက်
======================

ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းပြီး နှစ်နှစ်ကျော်ကာလအတွင်း တပ်ဖွဲ့ဝင်အင်အား ၆,၀၀၀ မှ ၈,၀၀၀ ကြား အထိ စုစည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် နေရာအနှံ့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးတွေများနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

“စစ်ကောင်စီ မိသားစုတွေက ဈာပနအခမ်းအနားတွေပဲ လုပ်နေရတဲ့အခြေအနေမျိုးကို ကျနော်တို့ ကရင်နီတွေက ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်” လို့ မာဝီက ပြောပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့ မျက်နှာကြီးရာ ဟင်းဖက်မပါဘဲ ယူကရိန်းနည်းတူ မြန်မာပြည်သူလူထုသည်လည်း ပံ့ပိုးခံသင့်တယ်လို့ မာဝီက ပြောပါတယ်။

စာမူတည်းဖြတ်။ ။ ဖူးသိမ်ကျ
စာတည်း။ ။ အောင်ကျော်ဖြိုး

https://youtu.be/DcImWFuPNYs

#ကရင်နီပြည်နယ်
#KNDF
#ဆက်သွယ်မေးမြန်းချက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤15👍9😁3🔥1
ရေးမြို့နယ် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးသေဆုံး
🔥6😢1🥴1
ရေးမြို့နယ် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးသေဆုံး
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါ်ဇာမြို့နယ်ခွဲ၊ ကျောက်အိုင် (ဝင်းတမော့)ကျေးရွာတွင် ဇွန်လ ၁၆ ရက်နေ့ ညနေ ၃နာရီ ၁၅မိနစ်၌ စစ်ကောင်စီ၏ ခလရ(၃၁) တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်အိုင်ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းတမော့ကျေးရွာနေ အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံးခဲ့ရကြောင်း ဒေသခံမှ သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် ဝင်းတမော့ကျေးရွာနေ အသက် ၄၀ နှစ်အရွယ် မိထွေးကြည် ဖြစ်ပြီး ရေချိုးရန်အတွက် အိမ်နောက်ဖေးဘက်မီးဖိုချောင်၌ ရှိနေစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မိထွေးကြည်၏ ဦးခေါင်း ထိမှန်ခဲ့ရာမှ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ရေချိုးဖို့ အိမ်နောက်ဖေးဘက်ဝင်သွားတာ၊ အဲ့ဒီအချိန်မှာ ထိသွားတာ။ ခေါင်းတည့်တည့်ထိတာ တစ်ခါတည်း ပွဲချင်းပြီးဆုံးသွားတယ်။ (၃၁) တပ်က ပစ်တာ။ ကျနော်တို့ရွာမှာ (လက်နက်ကြီးထိပြီးသေဆုံး) ဒါပထမဆုံးပဲ။ ခုတလော ဘေးမှာလည်း တိုက်ပွဲဖြစ်တာမရှိပါဘူး” ဟု ကျောက်အိုင်ရွာသားတစ်ဦးက မဇ္ဈိမ ကို ပြောသည်။
လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် မိဝင်းကြည်အား နေ့ချင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ညနေပိုင်းတွင် ရဲများလာရောက်ကြည့်ရှုခဲ့သော်လည်း တစ်စုံတစ်ရာ ညွှန်ကြားခြင်း၊ တာဝန်ယူခြင်းမရှိကြောင်း ဒေသခံမှ သိရသည်။

ကျောက်အိုင်ကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီတပ်မှ အဆိုပါ ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်ခြင်းပြုလုပ်ခဲ့ပြီး ညနေ ၃နာရီ ၁၅မိနစ်တွင် ထပ်မံပစ်ခတ်သည့် လက်နက်ကြီးသည် ကျေးရွာတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး မိထွေးကြည်ဦးခေါင်းအား ထိမှန်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း ရေးမြို့နယ် ၊ ချောင်းတောင်တံတားဂိတ်၌ ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မင်းရဲနိုင်ဦးအား စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေးမြို့နယ် #စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
#ဝင်းတမော့ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬8😢3❤1😁1
​​မြန်မာနှင့် အာဆီယံ ဆွေးနွေးပွဲများက ‘အချိန်မတိုင်သေး’ ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော
===================

နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး မြန်မာနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပရန် အာဆီယံအတွက် အခြေအနေများက သင့်တော်မှု မရှိသေးကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန်က သောကြာနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍7🤮2
​​အကျဉ်းကျခံ သမ္မတဦးဝင်းမြင့် တောင်ငူထောင်တွင်း ဆီးပိုက်တပ်ထားရ
=======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ တောင်ငူထောင်တွင်း ထိန်းသိမ်းအကျဉ်းကျခံနေရသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် လက်ရှိတွင် ကျန်းမာရေး မကောင်း၍ ၎င်းနေထိုင်ရာ ထောင်တွင်း၌ပင် ဆီးပိုက်တပ်ထားရကြောင်း တောင်ငူထောင်နှင့်နီးစပ်သည့် ယုံကြည်ရသော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“တောင်ငူထောင်တွင်းကိုပဲ ဒေါက်တာမျိုးလွင်ထင်တယ် ဆရာဝန်ရဲ့နာမည်က၊ လာလုပ်ပေးသွားတာပါ။ ဆီးပိုက်တပ်ရပါတယ်၊ ဘာရောဂါကြောင့်ဆိုတာတော့ မသိရပါဘူး၊ လက်ရှိ တောင်ငူထောင်မှာပါပဲ” ဟု တောင်ငူထောင် သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်း၍ ဆီးပိုက်တပ်ထားရသည်ဟု ကြားသိထားသော်လည်း တိတိကျကျကို မသိရှိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ယခုလို အကျဉ်းကျခံ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ထောင်တွင်း၌ ဆီးပိုက်တပ်ထားရခြင်းနှင့် ပတ်သက်၍ CDM ဆရာဝန်တစ်ဦးက မဇ္ဈိမကို ယခုလို ပြောသည်။

“ဆီးပိုက်တပ်ရတယ်ဆိုတာ တစ်ခုထဲကိုအခြေခံပြီး စိုးရိမ်ရတဲ့အခြေအနေဟုတ်လားဆိုတာ ပြောဖို့တော့ခက်ပါတယ်၊ ဆရာဝန်တွေ လူနာကို ဆီးပိုက်ထည့်ပြီး ကုသတဲ့အကြောင်းအရင်းက ခြုံပြီးပြောရရင် အကြမ်းဖျင်း နှစ်ချက်ရှိပါတယ်၊ ပထမတချက်က ဆီးအိမ်ကဆီးတွေ အကြောင်းအမျိုးမျိုးကြောင့် အပြင်ကိုရောက်အောင် ပေါက်လို့မရတော့တဲ့ အခြေအနေမျိုး၊ Aute Retension of urine လို့ခေါ်ပါတယ်၊ အဲအချိန်မှာ ဆီးပိုက်ထည့်လေ့ရှိပါတယ်၊ လူနာက သူ့ဘာသာသူ ဆီးမသွားနိုင် ဆီးမထွက်နိုင်တော့လို့ပါ၊ သူ့ကိုဖြစ်စေတဲ့အကြောင်းရင်း အများကြီးရှိပါတယ်။ သမ္မတကြီးလို အသက်အရွယ်မှာ အဖြစ်များတာတော့ ဆီးကျိတ်ပြဿနာအဖြစ်များပါတယ်၊ တခြားပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ချက်က ဆီးမထိန်းနိုင်ဘဲ ဆီးတွေပေါက်ပေါက်ချနေရင် ထည့်ဖြစ်ပါတယ်၊ ဥပမာ လေဖြတ်တာမျိုးတို့ သတိလစ်တာမျိုးတို့ အခြေအနေမှာပါ” ဟု CDM ဆရာဝန်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံနေရသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် သဘာ၀ဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ ပုဒ်မ ၅၀၅၊ NLD အစိုးရလက်ထက် ရဟတ်ယာဉ်ငှားရမ်းဝယ်ယူခဲ့သည်ဆိုသည့် အဂတိမှု အပါအဝင် အမှုပေါင်း ရှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ် ခံထားရသည်။

အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်မှတစ်ဆင့် တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မများစွာတပ်ကာ ထောင်သွင်းအကျဉ်းချထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဦးဝင်းမြင့်
#ဆီးပိုက်တပ်ထားရ
#တောင်ငူထောင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢34👍6😁2🥰1🤬1
မိုးဗြဲတိုက်ပွဲတွင် ၂ ဖက်ထိခိုက်မှုရှိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို
👏14😁3❤2👍1
မိုးဗြဲတိုက်ပွဲတွင် ၂ ဖက်ထိခိုက်မှုရှိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို
============================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မိုးဗြဲ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး မိုးဗြဲ PDF ပူးပေါင်းအဖွဲ့မှ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး စစ်ကောင်စီ၏ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းနှင့် လွိုင်ကော်မြောက်တပ်တို့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ မိုးဗြဲမြို့တွင်းရှိ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁၆ ရက်နေ့ မနက်ကနေ နေ့လယ်ထိ ဖြစ်တာပေါ့နော့်။ စစ်ကောင်စီဘက်က ၁၀ယောက်ကျတယ်” ဟု ရွှေလင်းယုန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခြင်းနှင့်ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
လက်ရှိတွင် မိုးဗြဲမြို့ စည်ကားရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ပွဲကုန်းရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စက်တော်ရာ စသည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားပြီး မြို့တွင်းသို့ ခမရ(၄၂၂) နှင့် လွိုင်ကော်အမြောက်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ မြို့ပြင် လယ်ကွင်းများနှင့် လုံခြုံမည့်နေရာများတွင် သွားရောက်ခိုလှုံနေကြရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် မိုးဗြဲမြို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုကြား စစ်ရေးတင်းမာနေပြီး ပြည်သူများအနေဖြင့် မိုးဗြဲမြို့ အနီးတဝိုက်နှင့် မိုးဗြဲ-ပီကင်း လမ်းပိုင်းတွင် သွားလာခြင်း မပြုလုပ်ကြရန် ရွှေလင်းယုန်တပ်ခွဲက သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မိုးဗြဲတိုက်ပွဲ
#စစ်ကောင်စီတပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏5😁2
Mizzima Weekly Sports အစီအစဉ်
=================

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွာမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတစ်ပတ်မှာတော့ .....


-အီတလီဝန်ကြီးချုပ်ဟောင်းနှင့် အေစီမီလန်အသင်းပိုင်ရှင်ဟောင်း ဘာလူစကိုနီ  ကွယ်လွန်

-Steven Gerrard ဟာ နည်းပြအဖြစ် Al-Ettifaq ထံက ကမ်းလှမ်းမှုကို လက်ခံ

-ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ် သံသယကြီးစရာဖြစ်လာ

-ပီကင်းခြေစမ်းပွဲမှာ အာဂျင်တီးနားက သြစတြေးလျကို အနိုင်ယူပြီး အလျင်အမြန် ဂိုးသွင်းခဲ့တဲ့ လီယွန်နယ်မက်ဆီ စတဲ့သတင်းတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2SqT9QHqhv0

#weeklysports
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2❤1