ကရင်နီ - ထိုင်းနယ်စပ်ရှိ စစ်တပ်စခန်း ၃ ခုနှင့် မယ်စဲ့ရဲစခန်း အသိမ်းခံရ၊ ထိုင်းဘက်သို့ စစ်ကောင်စီတပ်သား ၇ဦး ထွက်ပြေး
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီ - ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ယနေ့ ဇွန်လ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းသုံးခုနှင့် မယ်စဲ့မြို့မ ရဲစခန်းတို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားနိုင်ပြီဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“မယ်စဲ့ဘက်ကို ကျနော်တို့ဘက်က တပ်တွေ ဝင်ရောက်နေပြီ။ စခန်းနှစ်ခုတော့ ကျန်သေးတယ်ပေါ့။ ၁၄ စခန်း(BP-14) စခန်းရယ်၊ မယ်တနွယ်ရယ်၊ တောင်လှရယ် အဲ့ဒီစခန်းသုံးခုကတော့ ရပြီ။ နောက်ပြီးတော့ မယ်စဲ့ ရဲစခန်းကိုလည်း သူတို့ရှင်းပြီးပြီ” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် က မဇ္ဈိမကိုပြောသည်။
ထိုတိုက်ပွဲများအတွင်း ဇွန်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသည် တိုက်ပွဲဖြစ်ပွားနေရင်း ထိုင်းနိုင်ငံဘက်သို့ လက်နက်နှင့်တကွ ထွက်ပြေးသွားခဲ့သည်ဟု တိုက်ပွဲတွင်းရှိ တပ်မှူးတစ်ဦးထံမှ သိရကြောင်း ပြောသည်။ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသူများတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ ရဲမိသားစုဝင်များလည်း ပါဝင်ကြောင်း သိရသည်။
“ခုနစ်ယောက်ကတော့ သေချာတယ်ပေါ့။ တိုက်ပွဲဖြစ်ပြီး သူတို့စခန်းကို တက်သိမ်းတော့ သူတို့မလွတ်နိုင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့ ရဲဘော်တွေဖြစ်မှာပါ။ အခု သူတို့ဘယ်မှာ ရှိနေလဲတော့ မသိဘူး။ ထိုင်းဘက်ကို ရောက်သွားတယ်လို့တော့ ကျနော်တို့ သိရတယ်။ ဒေသခံတွေတော့ ထိုင်းဘက်ကို ထွက်ပြေးကုန်ပြီ။ ရဲမိသားစုတွေလည်း ပါတယ်။ မယ်စဲ့ ထွေအုပ်ကိုယ်တိုင်ပါတယ်” ဟု ခူညေးရယ်က ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မယ်တနွယ်တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီး နှစ်လက်၊ တောင်လှစခန်းမှ ၆၀မမ နှစ်လက်၊ Type 81 သေနတ်အတို တစ်လက်၊ အရှည် တစ်လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရမိထားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သားများအား အရှင်ဖမ်းမိခြင်းများရှိသကဲ့သို့ သေဆုံးမှုများရှိသော်လည်း အတိအကျကိုမူ မသိနိုင်သေးကြောင်း ဆိုသည်။
“မယ်တနွယ်ကုန်းမှာ လက်နက်ကြီး နှစ်ခုရှိတယ်။ အဲ့ဒီလက်နက်ကြီး နှစ်ခု ကျနော်တို့ရလိုက်တယ်။ နောက် တောင်လှစခန်းမှာ ၆၀ မမ နှစ်လက်နဲ့ 81 အတိုတစ်လက် အရှည်တစ်လက် ရလိုက်တယ်။ ကျည်ဆန်တော့ အများကြီးရလိုက်တယ်၊ အရေအတွက်တော့ မသိရသေးဘူး။ တချို့လည်း အရှင်မိတယ်။ တချို့လည်း သေတယ်။ အသေးစိတ်တော့မသိရသေးဘူး” ဟု ခူညေးရယ်က မဇ္ဈိမကိုပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ မွန်းလွဲပိုင်းများတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ကင်းလာထောက်ပြီး ရာသီဥတုပေါ်မူတည်ကာ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်ဘေးရှောင် ၃,၃၄၂ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထိုင်း Nation Online သတင်းတွင် ဇွန်လ ၁၄ ရက်နေ့၌ ဖော်ပြထားပြီး စစ်ဘေးရှောင်အရေအတွက် ပိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကရင်နီပြည်နယ်
#တိုက်ပွဲ
#မယ်စဲ့ရဲစခန်း
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19❤6🤣3🥰2👏1
ဇွန်လ (၁၆) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================
-ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမေးမြန်းနေတဲ့သတင်း
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းတဲ့သတင်
း
-လာမယ့်သီတင်းပတ်အတွင်း ဂျာမနီနဲ့ပြင်သစ်နိုင်ငံတွေဆီ တရုတ်ဝန်ကြီးချုပ် သွားရောက်ဖို့ရှိတဲ့သတင်း
-ရုရှားနှင့်တရုတ် ပါဝင်တဲ့ BRICS ဘဏ်အဖွဲ့နှင့် ပူးပေါင်းရန် စဉ်းစားနေကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောတဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/pkE7z9BUbTw?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၁၆) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
-ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမေးမြန်းနေတဲ့သတင်း
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းတဲ့သတင်
း
-လာမယ့်သီတင်းပတ်အတွင်း ဂျာမနီနဲ့ပြင်သစ်နိုင်ငံတွေဆီ တရုတ်ဝန်ကြီးချုပ်…

👍6🔥1😁1
တရုတ် သမ္မတ၏ အသက် ၇၀ ပြည့်မွေးနေ့ကို ကွန်မြူနစ်ပါတီက ကျင်းပခြင်း မရှိသော်လည်း ရုရှားခေါင်းဆောင် ချီးကျူးဂုဏ်ပြု
===========================
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ဇွန်လ ၁၅ရက်တွင် အသက် ၇၀ ပြည့်ပြီး နိုင်ငံတွင် လူသိများသည့် အထိမ်းအမှတ်တစ်ခုဖြစ်သော်လည်း အထင်ကရ မဖြစ်ခဲ့ပေ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===========================
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ဇွန်လ ၁၅ရက်တွင် အသက် ၇၀ ပြည့်ပြီး နိုင်ငံတွင် လူသိများသည့် အထိမ်းအမှတ်တစ်ခုဖြစ်သော်လည်း အထင်ကရ မဖြစ်ခဲ့ပေ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣6❤1
အာဖဂန်နစ္စတန် ဒုက္ခသည်များကို ယာယီလက်ခံထားရေး ဖိလစ်ပိုင် စဉ်းစားနေ
========================
အမေရိကန်တွင် နေထိုင်ခွင့်ရရေး စောင့်ဆိုင်းနေကြသော အာဖဂန်နစ္စတန် ဒုက္ခသည် ထောင်ပေါင်းများစွာကို ယာယီ လက်ခံထားရေး အစီအစဉ်တစ်ရပ်အား ဖိလစ်ပိုင် ဆီးနိတ်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီက သောကြာနေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အမေရိကန်တွင် နေထိုင်ခွင့်ရရေး စောင့်ဆိုင်းနေကြသော အာဖဂန်နစ္စတန် ဒုက္ခသည် ထောင်ပေါင်းများစွာကို ယာယီ လက်ခံထားရေး အစီအစဉ်တစ်ရပ်အား ဖိလစ်ပိုင် ဆီးနိတ်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီက သောကြာနေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဇွန် ၂၀၂၃)
========================
စစ်ကောင်စီက ပြည်တွင်းရွှေဈေးများ တဟုန်ထိုး မြင့်တက်နေသည့်အတွက် ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးမှုများ ဖိအားပေးမှုများ လုပ်ဆောင်နေသော်လည်း ရွှေဈေးများ ပြန်လည်ကျဆင်းမှု မရှိသည်ကို တွေ့ရသည်။

👍11🔥2😁1
အစိမ်းတို့ရွာ မီးမလာရတဲ့အကြောင်း | အစိမ်းရောင်လူမျိုးစု [ Ep-05]
==================
မိန့်ခွန်းပြောနေချိန်မှာ မီးပြတ်သွားလို့ ဒေါသူပုန်ထနေတဲ့သူကြီးမင်းနဲ့ လျှပ်စစ်မီးကိုထိန်းချုပ်ထားချိန်မှာ လူပြာတွေဆန္ဒမပြဖြစ်တာကို ယခု Episode မှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို အပတ်စဉ်သောကြာနေ့ ည ၇ နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima News in Burmese Facebook Page နှင့် Mizzima Youtube Channel တို့မှာ ကြည့်ရှု့လိုက်ရှုလိုက်ရအောင်။
https://youtu.be/GS49u5JoCj8
#Greentribe
#MizzimaTV
#အစိမ်းရောင်လူမျိုးစု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
မိန့်ခွန်းပြောနေချိန်မှာ မီးပြတ်သွားလို့ ဒေါသူပုန်ထနေတဲ့သူကြီးမင်းနဲ့ လျှပ်စစ်မီးကိုထိန်းချုပ်ထားချိန်မှာ လူပြာတွေဆန္ဒမပြဖြစ်တာကို ယခု Episode မှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို အပတ်စဉ်သောကြာနေ့ ည ၇ နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima News in Burmese Facebook Page နှင့် Mizzima Youtube Channel တို့မှာ ကြည့်ရှု့လိုက်ရှုလိုက်ရအောင်။
https://youtu.be/GS49u5JoCj8
#Greentribe
#MizzimaTV
#အစိမ်းရောင်လူမျိုးစု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အစိမ်းတို့ရွာ မီးမလာရတဲ့အကြောင်း
အစိမ်းရောင်လူမျိုးစု [ Ep-05]
မိန့်ခွန်းပြောနေချိန်မှာ မီးပြတ်သွားလို့ ဒေါသူပုန်ထနေတဲ့သူကြီးမင်းနဲ့ လျှပ်စစ်မီးကိုထိန်းချုပ်ထားချိန်မှာ လူပြာတွေဆန္ဒမပြဖြစ်တာကို ယခု Episode မှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို…

❤11😁5👍1
ယခုနှစ် ပထမ ၅ လအတွင်း အရပ်သား ၇၄၀ ကျော်သေဆုံးခဲ့ပြီး အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်
==================
001
(မဇ္စျိမ) ။ ။ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း အရပ်သားပြည်သူ ၇၄၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmarက ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အရပ်သားများမှာ လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် သေဆုံးခြင်းဖြစ်ပြီး ထိုပမာဏမှာ နှစ်နှစ်ကျော်ကာလအတွင်း အများဆုံးဖြင့် စံချိန်တင်ခဲ့ကြောင်း ဆိုထားသည်။
ထို့ပြင် ယင်းပမာဏမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးခဲ့ရသော အရပ်သားစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါးအထိရှိခဲ့ကြောင်း ISP Myanmar က ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် အရပ်သားများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသကဲ့သို့ စစ်ကြောင်းထိုးရင်း သတ်ဖြတ်ခံရခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရခြင်းတို့လည်းရှိကြောင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ ပ.က.ဖ ခေါင်းဆောင်ကပြောသည်။
“ကျွန်တော့်ရွာပေါ့နော်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ မြင်းဒေါင်းရွာမှာ အရပ်သားပြည်သူ သုံးယောက်ဗျ။ တစ်ယောက်ကတော့ အရှင်လတ်လတ် မီးထဲထည့်ရှို့သွားတယ်ဗျ။ နှစ်ယောက်ကတော့ အရှင်လတ်လတ် မြင်းဒေါင်းက ဈေးတန်းက ဈေးဆိုင်ထဲမှာ မီးထည့်ရှို့သွားပြီး တစ်ယောက်ကတော့ အရှင်လတ်လတ် ရိုက်သတ်ပစ်တာဗျ။ လမ်းပေါ်မှာတင် ရိုက်သတ်ပစ်တာ”ဟု ဆိုသည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးရသည့် အရပ်သား ၂,၄၀၀ ကျော်ရှိပြီး ထိုအထဲမှ ၄၉ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ပြီး ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ကြောင်း ISP Myanmar၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ဆားလင်းကြီးတစ်ဝိုက်တွင် အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက တစ်ရက်တည်း အရပ်သား ၁၅ ဦးသတ်ဖြတ်ခံရသည့်ဖြစ်စဉ် ရှိခဲ့ကြောင်း ယင်းမာပင်၊ ဆားလင်းကြီး၊ ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက ပြောသည်။
“အဲ့ဒီထဲက ၁၀ ယောက်ကကျတော့ လက်ပြန်ကြိုးတုတ် မီးရှို့သတ်ဖြတ်ခံရတာ ။ အဲ့ဒီနောက်မှာလည်း ဆက်တိုက်သတ်ဖြတ်ခံရတာ ဒီနယ်မြေမှာဆိုရင် နောက်ထပ် ခြောက်ယောက်ဆိုတော့ ၂၁ ယောက်ပေါ့။ အဲ့တာတွေက လေကြောင်းတိုက်ခိုက်မှုမဟုတ်ပါဘူး။
သာမာန်စစ်ကြောင်းထိုးတဲ့အချိန်မှာပါ။ သာမာန်စစ်ကြောင်းထိုးအခြေအနေမှာတောင် စစ်ကြောင်းထိုးရင်း သတ်ဖြတ်တာက တစ်ကြိမ်သာပါပါတယ်။ မြန်မာဝမ်ပေါင်၊ မြန်မာယမ်စီကြေးနီကုမ္ပဏီတွေကို လုံခြုံရေးယူပေးရင်းတန်းလန်း ရွာတွေကို ဝင်မွှေရင်း မိရင် သတ်ဖြတ်သွားတဲ့လူဦးရေ စာရင်းဖြစ်ပါတယ်”ဟုဆိုသည်။
ထို့ပြင် ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးမှုမှာ ယခင်နှစ်ကထက် ထက်ဝက်ခန့် ပိုမြင့်တက်လာပြီး ပထမ ငါးလအတွင်း အဆိုပါ နယ်မြေတစ်ဝိုက် ၎င်း လက်လှမ်းမီသ၍ အရပ်သားနှစ်ဦး နှိပ်စက်ခံရပြီး သေနတ်ဖြင့် ပစ်သတ်ခံရမှုရှိခဲ့ကြောင်း ကိုသက်ဦးက ဆက်လက်ပြောသည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း ဆန္ဒပြပွဲများ၌ ပစ်ခတ်ခံရခြင်းနှင့် စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် အရပ်သား ၂,၁၈၃ ဦး၊ တိုက်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးရသူ ၂,၄၅၄ ဦးထက်မနည်းရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီ၏ စာရင်းများအရ ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ ၄,၀၀၃ ဦးရှိကြောင်းဖော်ပြထားသော်လည်း စစ်ကောင်စီ ကိန်းဂဏန်းများအတွက် သီးခြားအတည်ပြုချက်မရှိကြောင်း ISP Myanmar က အသိပေးထားသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ISPMyanmar
#စစ်ကောင်စီ
#ဒလန်
#လက်နက်ကိုင်ပဋိပက္ခ
Photo- ကိုသက်ဦး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

🤬14👍5😢4❤2👎1
ထိုင်းနိုင်ငံတွင် မြန်မာ့အရေး Track1.5ဆွေးနွေးပွဲကျင်းပသွားရန်ရှိနေပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထား
==================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။။ မြန်မာ့အရေးဆွေးနွေးပွဲ Track 1.5 တစ်ခုကို ထိုင်းနိုင်ငံ၌ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပရန်ရှိနေပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားထားကြောင်း သတင်းပေါက်ကြားမှုဖြစ်ပေါ်နေသည်။
ထိုင်းနိုင်ငံခြားရေးနှင့် ဒုတိယဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်းက ယခုအစည်းအဝေးကိုစီစဉ်ခြင်းဖြစ်သည်ဟု မြန်မာ့အရေးလေ့လာစောင့်ကြည်သူ နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ်က သူ၏ လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားထားသည်။
“ Track 1.5 လုပ်ငန်းစဉ်တစ်ခုလုံးဟာ အာဆီယံရဲ့အနေအထားနဲ့ သဘောတူထားတာတွေကို တိုက်ရိုက်စိန်ခေါ်ပြီးတော့ အားပျော့သွားစေတာ” ဟုလည်း ပရာ့ဂ်အခြေစိုက် အီဂေါဗလာဇီဗစ်က ဝေဖန်ရေးသားထားသည်။
Track 1.5 ဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများတွေ့ဆုံဆွေးနွေးခြင်းကိုဆိုလိုသည်။ အဆိုပါ အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားထားသော တခြားသောနိုင်ငံများကို မဇ္ဈိမအနေဖြင့် မသိရှိရသော်လည်း အာဆီယံ၏အလှည့်ကျဥက္ကဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံကတက်ရောက်မှာမဟုတ်ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်တစ်ခုကပြောသည်။
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုသေးသော်လည်း ထိပ်သီးအစည်းအဝေးကို စစ်အုပ်စုတက်ရောက်ခွင့်ပိတ်ပင်ထားခံရသည်။ မြန်မာစစ်အုပ်စုလိုက်နာအကောင်အထည်ဖော်ရန် အာဆီယံကဘုံသဘောတူညီချမှတ်ထားသော အစီအစဉ်ကိုအကောင်အထည်ဖော်ရန်ပျက်ကွက်မှုက အဓိကအကြောင်းရင်းဖြစ်သည်။
ထိုသို့သောအခြေအနေတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့်ထိုင်းတို့က စစ်ကောင်စီကိုယ်စားလှယ်များ ဖိတ်ကြားသည့် အစည်းအဝေးများလုပ်လာခြင်းဖြစ်ကာ Track 1.5 ပါဟု သမုတ်လာကြသည်။
ယခင်နှစ်အတွင်းတွင် မြန်မာ့အရေးအတွက် Track1.5အစည်းအဝေးနှစ်ခုကို ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၃ခုနှစ်မတ်လအတွင်းက ပြုလုပ်ခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ဂျပန်၊ကမ္ဘောဒီယား၊ လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့ပါဝင်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်မူ ဧပြီလ ၂၅ရက်နေ့က ပြုလုပ်ခဲ့ကြပြီး မြန်မာ၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့အပြင် အင်ဒိုနီးရှားနိုင်ငံ တို့လည်း တက်ရောက်ခဲ့သည်။
ဓါတ်ပုံ။ ။ ပြီးခဲ့သည့် ဧပြီလအတွင်းက ဦးသန်းဆွေနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံသည့်ပုံ

🤬16👍7🤮3🤔2❤1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/jg2uTrudaEw
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
https://youtu.be/jg2uTrudaEw
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်ထုတ်လွှင့်မှုများ
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

❤8👍2🤮1🍌1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်
==================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။
"ဘယ်လောက်အခက်အခဲတွေရှိပါစေ ငါတို့ဖြတ်ကျော်မယ်၊ နိုင်ကိုနိုင်ရမယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်ဟု သ ပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၄)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ
#Mizzima

❤16👍3🔥1😁1
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် မူလအခြေအနေနီးပါးပြန်ရောက်ရှိဟု စစ်ကောင်စီပြောဆိုမှု ရခိုင်ပြည်သူများငြင်းဆို၊ အရေးပေါ်အကူအညီများလိုအပ်နေဆဲဟုပြော
==================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများတွင် မူလအခြေအနေနီးပါး ပြန်လည်ရောက်ရှိနေပြီဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောဆိုမှုသည် မဟုတ်မှန်ဘဲ မုန်တိုင်းဒဏ်သင့်ပြည်သူအများစုသည် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များကပြောသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဘေးပြန်လည်ထူထောင်ရေးကဏ္ဍသည် မူလအခြေအနေနီးပါး ပြန်လည်ရောက်ရှိနေပြီဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ဦးလှသိန်းက မိုခါမုန်တိုင်း တိုက်ခတ်မှုတစ်လပြည့်သည့် ဇွန်လ ၁၄ ရက်နေ့တွင် မီဒီယာအချို့သို့ဖြေကြားခဲ့သည်။
" ပြောမယ်ဆိုလို့ရှိရင်တော့ ရခိုင်ပြည်နယ်ရဲ့ တစ်လတာကာလမှာတော့ မူလအခြေအနေနီးပါးလောက်ရောက်ပြီလို့ ပြောနိုင်ပါတယ်" ဟု ဦးလှသိန်းက CNI သတင်းဌာနသို့ ဖြေထားသည်။
ဦးလှသိန်းက စစ်တွေမြို့အား၍ဥပမာပေး ရှင်းပြထားပြီး မုန်တိုင်းဝင်ပြီးတစ်လအကြာတွင် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိပြီဟု ပြောနိုင်ခြင်းမှာ လျှပ်စစ်မီးရရှိမှု၊ လမ်းများသွားလာနိုင်မှု၊ စာသင်ကျောင်းများနှင့် ဆေးရုံများဖွင့်လှစ်နိုင်မှုကိုကြည့်၍ ပြောခြင်းဖြစ်ကြောင်း ဆိုထားသည်။
စစ်တွေမြို့ဒေသခံအချို့နှင့် အရပ်ဖက်အဖွဲ့အချို့အား မဇ္ဈိမမှ ယနေ့ ဇွန်လ ၁၆ရက်တွင် ဆက်သွယ်မေးမြန်းရာ စာသင်ကျောင်းအများစုသည် အမိုးအကာမလုံခြုံဘဲ ဖွင့်ထားသည်ဟု ပြောသည်။ထို့အပြင်အမိုးအကာအောက်သို့မရောက်သေးသည့် အိမ်ထောင်စုများစွာရှိနေပြီး စားဝတ်နေရေးအခက်အခဲများစွာရှိနေကြောင်း ပြောသည်။
“ကျွန်တော်တို့ တွက်ကြည့်ရသလောက်ဆိုရင် စစ်တွေမှာ အမိုးအကာအောက်ပြန်ရောက်တာ ၄၀ရာနှုန်းလောက်ပဲရှိဦးမယ်။ ဒါက အခိုင်အမာမဟုတ်ဘူးနော်။ ယာယီအမိုးအကာ၊ယာယီအဆင့်လောက်ကိုရောက်တာပါ” ဟု စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့တစ်ခု၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် စစ်တွေမြို့အပြင် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများတွင် ကုန်စျေးနှုန်း အဆ မတန်ကြီးမြင့်လာမှုနှင့်အတူ အခြေခံလူတန်းစားများနှင့် လက်လုပ်လက်စားမိသားစုများမှာ အလုပ် အကိုင်ရှားပါးမှုကြောင့် စားရေးသောက်ရေးခက်ခဲနေကြောင်း အရပ်ဖက်အဖွဲ့အချို့က ပြောသည်။
"လက်ရှိမှာ အဖွဲ့အစည်းအသီးသီးက လာဝေနေတာရှိတဲ့အတွက် ဒီအပေါ်မှာ မုန်တိုင်းသင့်မိသားစုတွေ တစ်ပတ်တန်သည်ဖြစ်စေ၊ အလွန်ဆုံး နှစ်ပတ်တန်သည်ဖြစ်စေ၊ ပြေလည်သွားတာတော့ရှိမယ်။ ဒါပေမယ့် ရေရှည်မှာ အဆင်ပြေဖို့အတွက်ကတော့ မလွယ်ပါဘူး။ စားဝတ်နေရေးအဆင်မပြေကြပါဘူး" ဟု အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးပြောသည်။
မိုခါမုန်တိုင်းကြောင့် ၉၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားသော ပေါက်တောမြို့နယ်တွင်လည်း ပြည်သူများသည် လုံခြုံသည့် အမိုးအကာအောက်ပြန်လည်ရောက်ရှိရန်ခက်ခဲနေဆဲဖြစ်ပြီး အခြေခံလူတန်းစားများအတွက် ထမင်းနပ်မှန်ရန်ပင် မလွယ်ကူကြောင်း ပေါက်တောမြို့ဒေသခံတစ်ဦးကမဇ္ဈိမကိုပြောသည်။
၎င်းက "လက်ရှိအချိန်အထိ တော်တော်လေးချို့ချို့တဲ့တဲ့ကို တွေ့ရတယ်။ အမိုးအကာကလည်း ကိုယ့်ဘာသာပဲမိုးကြရတယ်။ မရှိရှိတာစိုက်ထုတ်ပြီး။ မမိုးရင် နေလို့မရဘူးလေ။ မိုးကလည်းလာနေပြီ။ ဒါတောင် မြို့ပေါ်မှာ မမိုးနိုင်သေးတဲ့အိမ်တွေ၊နယ် ဘက်မှာမမိုးနိုင်သေးတဲ့အိမ်တွေအများကြီး" ဟု ဆိုသည်။
မုန်တိုင်းကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်း များ၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများမှာ ယခင်အတိုင်း မလည်ပတ်နိုင်သေးသည့်အတွက် အဆိုပါ လုပ်ငန်းများပေါ်တွင် မှီတည်နေသော လက်လုပ် လက်စားများမှာ ပိုမိုအခက်ကြုံနေကြရသည်ဟု သတင်းရရှိသည်။
“လခစားဝန်ထမ်းလောက်ကလွဲရန် ကျန်တဲ့သူတွေ ၊လက်လုပ်လက်စားတွေက ထမင်းနပ်မှန်ဖို့ခက်ခဲနေကြပါတယ်။ ကျွန်တော်တို့အပါအဝင်ပါ” ဟု ပေါက်တောမြို့ခံတစ်ဦးကပြောသည်။
ရသေ့တောင်မြို့နယ်၊မစဲကျေးရွာဒေသခံကမူ ၎င်းတို့အနေဖြင့် လက်ရှိတွင် အမိုးအကာအတွက် တာလ ပတ်စများနှင့် ဆန်အပါအဝင် စားသောက်ကုန်အချို့ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) မှလာရောက်ကူညီသည့်အတွက် မုန်တိုင်းတိုက်ခတ်ပြီး ကာစနေ့ရက်များထက် ပိုမိုအဆင်ပြေသည်ဟု ပြောသည်။
စစ်ကောင်စီ၏၎င်းတို့ ကျေးရွာအပေါ်ကူညီမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် “စစ်ကောင်စီက လာကူညီတာတော့မတွေ့မိသေးဘူးဗျ” ဟု ဆိုသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်မှမုန်တိုင်းဘေးသင့်နေအိမ်တစ်လုံး
စာတည်း - မောင်ကြီး
#mizzima
#ရခိုင်ပြည်နယ်
#မုန်တိုင်းသင့်ဒေသများ
#ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

👍16😁8🔥3🤮2😱1
ဇွန်လ( ၁၇ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မိုခါမုန်တိုင်းကြောင့် နေအိမ်အများအပြားပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ၇၀ ရာခိုင်နှုန်းအထိ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA)/ULA ရဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ကော်မတီက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ပန်းသပိတ်ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာဖြစ်သလို အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/jGGO0r_ePN8
#Morningradio
#Mizzimaradio

မိုခါမုန်တိုင်းကြောင့် နေအိမ်အများအပြားပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ၇၀ ရာခိုင်နှုန်းအထိ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA)/ULA ရဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ကော်မတီက ထု…

👍14😁1🍌1
မအူပင်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၆ ဦးကို ထောင်ပိုင်က ရိုက်နှက်တိုက်ပိတ်
======================
မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း ၊ မအူပင်အကျဥ်းထောင်တွင် စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ခြောက်ဦးကို မအူပင်ထောင်ပိုင်က ဦးဆောင်ရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က မအူပင်အကျဥ်းထောင်သို့ ဧရာဝတီတိုင်း အကျဥ်းထောင် ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင် လာရောက်စဥ် နိုင်ငံရေးအကျဥ်းသားအချို့ စကားပြောကြမ်းတမ်းသည်ဟုဆိုကာ ခေါ်ထုတ်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ရိုက်နှက်ခံရသူများမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအူပင် PDF အဖွဲ့ဝင် ကိုစိုင်းနောင်(ခ) လက်ယာ ၊ကိုမျိုးမင်းဦး၊ကိုဝေဖြိုးအောင်၊ကိုသူရဦး၊ ကိုငြိမ်းချမ်းနှင့် ကိုတာရာလင်းတို့ဖြစ်သည်ဟုသိရသည်။
ကိုတာရာလင်းသည် ဦးဇော်စစ်အောင်အား လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ နိုင်ငံရေးအကျဥ်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တင်ပြခဲ့၍ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
"၁၁ ရက်နေ့က ညွှန်မှူးလာတဲ့အချိန်မှာ မအူပင် PDF ငါးယောက်က စကားပြောတာကြမ်းတယ်။ တာရာလင်းကတော့ နိုင်ငံရေးအကျဥ်းသားဖြစ်ပြီး မဟုတ်တာတွေတောင်းဆိုတယ်ဆိုပြီး ၁၂ ရက်နေ့မှာ ခေါ်ထုတ်ရိုက်တာပါ"ဟု အကျဥ်းထောင်နှင့် နီးစပ်သူကပြောသည်။
ကိုတာရာလင်းသည် ကြံခင်းမြို့နယ်မှ ဒုရဲတပ်ကြပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၂ ရက်နေ့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း လူမှုကွန်ရက်တွင်ရေးသားခဲ့မှုကြောင့် ၎င်း၏ အစ်ကိုဖြစ်သူနှင့်အတူ ဖမ်းဆီးခံရပြီး ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားခဲ့ရာမှ မအူပင်အကျဥ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ ရိုက်နှက်ခံရသည့် ဒဏ်ရာများအား ဆေးကုသခွင့် ရ၊ မရမသိရကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူက ပြော သည်။
မအူပင်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ဦးရေ ၁၀၀ ဝန်းကျင်ရှိနေကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နိုင်ငံရေးအကျဥ်းသား ၆ ဦး
#တိုက်ပိတ်
ဓာတ်ပုံ -မအူပင် PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရစဥ်က စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် ဓာတ်ပုံ

🤬17😢8👍2😁1
နော်ဝေနိုင်ငံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲကျင်းပ
👍20❤12😁1