Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ (၂၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:00 − မြန်မာစစ်အစိုးရနဲ့အလွတ်သဘောတွေ့ဆုံခဲ့တဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်ကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က ရှုတ်ချလိုက်တဲ့သတင်း

05:15− ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်အများဆုံးရှိနေကြောင်း UNHCR ပြောတဲ့သတင်း

08:28 − မြန်မာ့အရေးပြဿနာတွေဖြေရှင်းရာမှာ ‌ဒေါ်အောင်ဆန်းစုကြည်က အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ NLD ကထုတ်ပြန်တဲ့သတင်းနဲ့

10:22 − ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။

https://youtu.be/_YXODamwcAo

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဘရပ်ဆဲလ်နဲ့အာဖရိကဆက်ဆံရေးကိုမြှင့်တင်ဖို့ အီးယူနဲ့ကင်ညာတို့ကြား ကုန်သွယ်ရေး သဘောတူညီချက်ရယူနိုင်ခဲ့

https://www.facebook.com/reel/831623988423143

#Mizzima #internationalnews
#reels #shorts
👍1🔥1
ရွေးကောက်ပွဲရလဒ် အတည်ပြု၍ ထိုင်းလွှတ်တော် မကြာခင် စတင်မည်
👍9🔥2
ရွေးကောက်ပွဲရလဒ် အတည်ပြု၍ ထိုင်းလွှတ်တော် မကြာခင် စတင်မည်
======================

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်လ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုလိုက်ပြီးဖြစ်ရာ အစိုးရသစ် မဖွဲ့မီ လာမည့် သီတင်းပတ်အနည်းငယ်၌ လွှတ်တော်၏ ပထမအစည်းအဝေးများကို ဆင့်ခေါ်ဖြစ်တော့မည် ဖြစ်သည်။

အောက်လွှတ်တော် အမတ် ၅၀၀ စလုံး၌ အနိုင်ရသူများကို အတည်ပြုကြောင်း ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် ကြေညာလာခြင်း ဖြစ်ပြီး အောက်လွှတ်တော်အနေနဖြင့် ၁၅ ရက်အတွင်း ဥက္ကဋ္ဌဖြစ်သူကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်ကာ ဥက္ကဋ္ဌက ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ရေးအတွက် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးကို ဆင့်ခေါ်ရမည် ဖြစ်သည်။

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် တိုးတက်ရေးဝါဒီ Move Forward ပါတီက အံ့အားသင့်ဖွယ် အနိုင်ရပြီး ယင်းနောက်တွင် လူကြိုက်များသော ဖျူထိုင်းပါတီက ကပ်လျက် ဒုတိယနေရာ အနိုင်ရခြင်း ဖြစ်သည်။ ယခု ရွေးကောက်ပွဲရလဒ်က စစ်တပ် ဦးဆောင်သော သို့မဟုတ် ကျောထောက်နောက်ခံပြုသော အစိုးရ၏ ကိုးနှစ်တာ အုပ်ချုပ်မှုနောက် သစ္စာခံစစ်တပ်နှင့် မိတ်ဖက်မဟာမိတ်များကို အတိုက်အခံများက အနိုင်ရလိုက်ခြင်းလည်း ဖြစ်သည်။

အတိုက်အခံများက ရှစ်ပါတီပါဝင်သော ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်း ညွန့်ပေါင်းအဖွဲ့က Move Forward ပါတီ၏ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ခေါင်‌း​ေ ဆာင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးကြနိုင်ပြီး လာမည့် လ၌ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းဖြစ်ဖို့ များသည်။

ယခု ရွေးကောက်ပွဲရလဒ်ကို အတည်ပြုလိုက်ခြင်းက ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲနောက်ပိုင်း မရေရာမှုအချို့ကို ရှင်းလင်းပေးလိုက်လင့်ကစား အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှ မဲ ၃၇၆ မဲ ထောက်ခံရန် လိုအပ်သော ဝန်ကြီးချုပ်နေရာအတွက် ပီတာက လုံလောက်သော ထောက်ခံမှု ရနိုင်မရနိုင်က မရေရာသေးဘဲ ရှိနေဆဲ ဖြစ်သည်။

မဟာမိတ် ညွန့်ပေါင်းအနေဖြင့် အမတ်နေရာ ၃၁၂ မဲ နေရာ ထိန်းချုပ်ထားရာ ပြိုင်ဖက်ပါတီများ သို့မဟုတ် ၂၀၁၄ အာဏာသိမ်းမှုနောက် စစ်တပ်အုပ်ချုပ်ရေးအောက် ခန့်အပ်သော ဆီးနိတ်လွှတ်တော်အမတ် ၂၅၀ မှ အချို့၏ ထောက်ခံမှု ရရှိရန် လိုအပ်လိမ့်မည် ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ခန့်အပ်ရေးအတွက် သဘောတူညီမှု ရရှိရန် ကြာသပတေးနေ့တွင် တွေ့ဆုံကြမည် ဖြစ်ကြောင်း Move Forward ပါတီ၏ မဟာမိတ်ညွန့်ပေါင်းအဖွဲ့က ပြောထားသည်။
👍7🔥1
Business Roundup (20 June 2023)
================

- စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က စီးပွားရေး ပိတ်ဆို့

- အာဏာသိမ်းကာလ ၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၂သန်းခန့် ရှိလာဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

- ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် မန္တလေးရွှေအသင်း ထုတ်ရောင်း

- အယ်နီညိုကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိနိုင်

https://youtu.be/Obp-ibuK7MY

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2
This media is not supported in your browser
VIEW IN TELEGRAM
တူနီးရှားနိုင်ငံရှိ ဘရာဇီးသံရုံးရှေ့မှာ အစောင့်တစ်ဦး ဓားနဲ့ထိုးသတ်ခံရ

https://www.facebook.com/reel/243026815103293/?s=single_unit

#Mizzima #internationalnews
#reels #shorts
👍2🔥2😢1
​​ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင် ရိုက်နှက်ဖမ်းဆီးခံရ
====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က အင်အားသုံး၍ နေအိမ်၌ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် သားဖြစ်သူနှင့် အဆက်အသွယ် ရှိလားဟုမေးမြန်းကာ ကိုမင်းလွင်ဦး၏ဖခင်ဖြစ်သူ အသက် ၆၅ နှစ် အရွယ်ရှိ ဦးအောင်ဖေကို အကြမ်းဖက်ရိုက်နှက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ မနေ့ကဖမ်းဆီးသွားတော့ ဒီမနက်မိသားစုဝင်တွေသွားတွေ့တာ ဘယ်သူနဲ့မှတွေ့ခွင့် မပေးသေးဘူးလို့ သိရတယ်။ လိုအပ်တဲ့ အဝတ်အစားနဲ့ စားစရာတွေတော့ အပြင်မှာ ပေးခဲ့ရတယ်” ဟု သားဖြစ်သူ ကိုမင်းလွင်ဦးက ပြောသည်။

၎င်း၏ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က နေအိမ်သို့ ကားလေးစီး၊ အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စည်းအချို့ကိုဖျက်ဆီးခဲ့သည့်အပြင် ဖုန်းနှစ်လုံးနှင့် ငွေကျပ် ရှစ်သိန်းကိုပါ ယူဆောင်သွားကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူ ဦးအောင်ဖေသည် ကျန်းမာရေးမကောင်းသည့်အပြင် အသက်အရွယ်ကြီးရင့်နေသူဖြစ်၍ ဖခင်အတွက်အလွန်စိုးရိမ်နေရသည်ဟု ကိုမင်းလွင်ဦးက ဆိုသည်။

“ ဒါကတော့ သူတို့က ကျွန်တော်ကို လိုချင်လို့ မိသားစုဝင်တွေကို ဓားစာခံ အနေနဲ့ ခြိမ်းခြောက် ဖမ်းဆီးတာပါ။ ဦးဆောင်သူကို ဖမ်းမမိတဲ့အတွက် အခုလို ဖမ်းဆီးခြင်းဟာ စစ်တပ်၏ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်သာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းမဖက်သည့် လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ပြီး အဆိုပါလုပ်ရပ်များကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့မှ မိသားစုဝင်များအပြင် ဇနီးနှင့် ကလေးကိုပါ ဖမ်းဆီးသတ်ဖြတ်မည်ဟု မကြာခဏခြိမ်းခြောက်ခံခဲ့ရကြောင်း ကာယကံရှင်က ဆက်ပြောသည်။

ထိုအတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်သားများက နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လေးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ဖူးသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းဆီးရန် စစ်ကောင်စီတပ်က ဝရမ်းထုတ်ထားဖူးပြီး ဖမ်းဆီးပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း မက်လုံးပေး ကြေညာထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ထားဝယ်ခရိုင်
#သပိတ်ကော်မတီဝင်
#ဖမ်းဆီး
#မိသားစုဝင်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍7🔥3😁1
​​Bitcoin ကို တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ
===================

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
Bitcoin ကို တရား၀င်ငွေကြး အဖြစ် သတ်မှတ်ခဲ့ တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံက El Salvador နိုင်ငံ ဖြစ်ပါတယ်။ El Salvador နိုင်ငံဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ က စတင်ပြီးတေ့ Bitcoin ကို တရား၀င်ငွေကကြေးအဖြစ်သတ်လိုက်တဲ့ ကမ္ဘာမှာ ပထမဆုံးသော နိုင်ငံဖြစ်ပါတယ်။ ဧရိယာ 21,041 စတုရန်းကီလိုမီတာသာရှိပြီး မြန်မာနိုင်ငံထက် အဆပေါင်း ၃၀ လောက် သေးပါတယ်။ အမေရိက အလယ်ပိုင်း‌ဒေသမှာရှိတဲ့ အသေးငယ်ဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီနိုင်ငံငယ်လေးမှာ Bitcoin စနစ် တရား၀င်မဖြစ်ခင်က ကျွမ်းကျင်တဲ့ သူတစ်ခုက အဲ့လိုပြောင်းလဲမှု ဟာ ငွေကြေး မတည်ငြိမ်မှုဖြစ်စေ နိုင်တယ်လို့ သတိပေးမှု တွေ ရှိခဲ့သလို အပြောင်းအလဲတွေ ပြုလုပ်ချိန်မှာလည်း အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် El Salvador အစိုးရက အဲ့လို ငွေကြေး အဖြစ်သတ်မှတ်ခြင်းက စီးပွားရေးမြင့်တင်ရန်နဲ့ ငွေကြေးလည် ပတ်မှု ပိုမို အဆင်ပြေဖို့အတွက် ဖြစ်တယ်လို့ ပြန်လည်ပြီးတော့ခုခံပြောဆိုခဲ့ပါတယ်။

BItcoin ကိုတရား၀င် ငွေကြေး အဖြစ် အသုံးပြုပြီးတည်း က El Salvador မှာ Digital Currency အသုံးပြုခြင်းက မြင့်တတ်လာပါတယ်။ Bitcoin ကို တရား၀င်‌ငွေကြေးအဖြစ် သတ်မှတ်ခြင်း ဥပဒေအတည်ပြုပြီးတဲ့ နောက်မှာ Bitcoin ATM ပေါင်း ၂၀ မှ ၂၀၀ အထိ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ အစိုးရဟာ Bitcoin Wallet အတွက် Register လုပ်သူတိုင်းကို ဒေါ်လာ ၃၀ တန်တဲ့ Bitcoin တွေပေးပြီးတော့ Bitcoin အသုံးပြုသူ များပြားလာအောင်လုပ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းအများစု ဟာလည်း Bitcoin ဖြင့် ငွေပေးချေမှု ကို စတင်လက်ခံပြီးဥပဒေ အတည်ပြုပြီးသည်နဲ့ တပြိုင်နက် ပြည်ပမှာ ရှိတဲ့ နိုင်ငံသားတွေမှ ပြည်တွင်းကို ငွေလွဲမှုများလည်းမြင့်တက်လာကြောင်း အစိုးရကနေပြီး ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် Bitcoin ရဲ့ စျေးမတည်ငြိမ်မှု တွေက နိုင်ငံ ရဲ့ စီးပွားရေး မှာ အန္တရာယ် ရှိနိုင်တယ်လို့ ပညာရှင်တချို့က ထပ်မံပြီး ပြောဆိုထားပါတယ်။ စိန်ခေါ် မှု များ ရှိသော် လည်း အစိုးရက သူတို့ ရဲ့ လုပ်ဆောင်မှု ကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ကတိပြုခဲ့ပါသေးတယ်။ နောက်ပြီး သမ္မတ Nayib Bukele က “Bitcoin က ကမ္ဘာသုံးငွေကြေးတစ်ခု ဖြစ်လာမယ်ဆိုတာ ကို သူယုံကြည်ပါတယ်၊ အချိန်တွေက အဲ့တာကိုသက်သေ ပြသွားပါလိမ့် မယ်” လို့ ပြောဆိုထားပါတယ်။

ကိုးကား:
Aljazeera : El Salvador passes law on cryptocurrency transfers
Reuters : El Salvador partnership to build $1 billion bitcoin mining farm Bitcoin က El Salvador နိုင်ငံမှာ ဘယ်လို ကူညီပေးနေလဲ ?

Bitcoin ဟာ နိုင်ငံခြားရောက်နေတဲ့ El Salvador နိုင်ငံမှ နိုင်ငံသားတွေ ကနေသူတို့အိမ်ကို ငွေလွဲ ငွေပို့လုပ်တဲ့ အခါမှာ တော်တော်အဆင်ပြေတယ် “ အရင် တရား၀င် ငွေကြေးမဖြစ်ခင်က ငွေလွဲ ငွေပို့ လုပ်ရင် အခကြေးငွေတွေ အများကြီး ပေးရတယ် Bitcoin နဲ့က လွယ်လွယ်ကူကူလုပ်လို့ ရတယ် လို့ နိုင်ငံသားတစ်ယောက်က interview တစ်ခုမှာ ပြောပြထားပါတယ်။ နောက်ထပ်တစ်ခု ကတော့ ကျေးလက်ဒေသတွေနဲ့ ဘဏ်၀င်ဆောင်မှု ကောင်းမွန်စွာ မရရှိတဲ့ နေရာဒေသတွေမှာလည်း Bitcoin ဟာ ငွေပေးချေမှု စနစ်အတွက် များစွာအထောက်အကူပြုနေပါသေးတယ်။ El Salvador နိုင်ငံဟာ Bitcoin သုံးစွဲမှုဟာ တစနဲ့ တစ ပိုမို တိုးတက်လာပြီးတော့ နိုင်ငံရဲ့ စီးပွား‌ရေး တိုးတက် မှု မှာလည်း Bitcoin ဟာ ငွေကြေးဖောင်းပွ မှုများနဲ့ တခြားသော နိုင်ငံရဲ့ လူမှု ရေး အခွင့်အလမ်းများစွာ မှာ ကူညီပေးနေလျက် ရှိပါတယ်။

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

‌Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
👍7😁2
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဖက်ကမ်းမှာ အစ္စရေးရဟတ်ယာဉ်တွေ စီးနင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသုံးဦးသေဆုံး

https://www.facebook.com/reel/6317292048355507

#Mizzima #internationalnews
#reels #shorts
👍3🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
June - 20 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍3😁1🤮1
​​ရေးတွင် စစ်မှုထမ်း‌ဟောင်း ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး
================

ဂျူချန်း
(မဇ္ဈ်ိမ)။ ။ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာမှ၌ စစ်ကောင်စီသတင်းပေးဆိုသူစစ်မှုထမ်း‌ဟောင်းဦးရဲဝင်းနိုင်အား ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၉နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင် ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

ဦးရဲဝင်းနိုင်ကို ကျောက်မိချောင်းကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ၉မမ သေနတ်ဖြင့် ၁၅ချက်အထိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောသည်။ဦးရဲဝင်းနိုင်သည် စစ်ကောင်စီသတင်းပေးဖြစ်ကြောင်း ဒေသခံများ၏ တိုင်ကြားချက်အား လက်ခံရရှိခဲ့ပြီး အချိန်ယူ စုံစမ်းအတည်ပြုပြီးမှ ပစ်ခတ်ရှင်းလင်းခြင်းဟု ၎င်းက ဆိုသည်။

“သူက စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ သူက ဒီဇာတိမဟုတ်ဘူး။ စခ(စစ်ကောင်စီတပ်) နဲ့ပေါင်းပြီး သတင်းပေးတယ်။ ရွာသားတွေတိုင်ကြားချက်အရ ကျနော်တို့ သေချာ ခုနစ်လ၊ ရှစ်လ လောက်အချိန်ယူပြီးတော့ စုံစမ်းပြီးမှ၊ သေချာမှ ကျနော်တို့ ရှင်းလိုက်တာဖြစ်ပါတယ်" ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်ကလည်း ကျောက်မိချောင်းကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးဝင်းမြင့်သည် ရေးဘီလူးအဖွဲ့၏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့အပြင် ခေါဇာမြို့မစခန်းမှုးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နှင့်ရေးမြို့မစခန်းမှုးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည်ဟု သိရသည်။

ရေးဘီလူးအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ရေးမြို့နယ်
#ကျောက်မိချောင်းကျေးရွာ
#စစ်မှုထမ်း‌ဟောင်း
#ရေးဘီလူး
ဓာတ်ပုံ - ဦးရဲဝင်းနိုင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏9👍6🔥2❤1🥴1
ဇွန်လ (၂၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:00 - ကရင်နီပြည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်ကြဖို့ KNPP တိုက်တွန်းလိုက်တဲ့ သတင်း

02:47 - မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်တဲ့သတင်း

05:26 - နတ်တလင်းမြို့နယ်မှ ပြည်သူ ၃ ဦး ပန်းပန်မှုဖြင့် ဖမ်းဆီးခံရတဲ့သတင်းနဲ့

10:14 - အနောက်ဖက်ကမ်းမှာ အစ္စရေးရဟတ်ယာဉ်တွေ စီးနင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသုံးဦးသေဆုံးတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ajRUX2iZIbk

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🔥1
Media is too big
VIEW IN TELEGRAM
စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က စီးပွားရေး ပိတ်ဆို့

Watch more detail - https://youtu.be/Obp-ibuK7MY

#reels #shorts #BusinessRoundUp #MizzimaTV
👍12❤2😁2
This media is not supported in your browser
VIEW IN TELEGRAM
ဘလင်ကင်ရဲ့ခရီးစဉ်အတွင်း တရုတ်နဲ့အမေရိကန်ဆက်ဆံရေး တိုးတက်မှုရှိကြောင်း ရှီကျင့်ဖျင်ပြော

https://www.facebook.com/reel/3606159263040554

#internationalnews #reels
#shorts
👍3🤣3😁1
​​ကင်မွန်းချောင်းနယ်မြေရဲစခန်းနှင့် မြေယာစီမံကိန်းရုံး တိုက်ခိုက်ခံရ
==================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၁) နယ်မြေအတွင်း ရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းနှင့် အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံး တိုက်ခိုက်ခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်၊ အပျက်အစီးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။

“ကင်မွန်းနယ်မြေရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ပါတယ်၊ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု သထုံ ခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါ ကင်မွန်းနယ်မြေရဲစန်းတွင် စစ်ကောင်စီတပ်သားနှင့်ရဲ စုစုပေါင်း ၁၅ ဦးခန့် စခန်းချနေထိုင်ပြီး ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းပေါ်မှပစ်ချတိုက်ခိုက်သော ဗုံးသီးအများစုသည် ပစ်မှတ်တည့်တည့်ကို ထိမှန် ခဲ့ကြောင်း PDF သတင်းရင်းမြစ်တဦးကလည်း ပြောသည်။

“ပစ်မှတ်တည့်တည့်ကိုကျတာများပါတယ်၊ စခန်းအထဲမှာက စစ်ကောင်စီရော ရဲရော စုစုပေါင်း ၁၅ ယောက် လောက်ရှိတယ်ဗျ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအား တပ်မဟာ (၁) KNLA ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ၊ Yangon Eagle Force၊ ကျိုက်ထို ပ.က.ဖ ပူးပေါင်းအဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရဲစခန်းအတွင်းမှ လက်နက်ကြီးသုံးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိ အခိုက်မရှိခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံက ပြောသည်။

အလားတူ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်ရပ်ကွက်ရှိ အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးလည်း ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဗုံးတလုံးဖြင့် တိုက်ခိုက်ခံခဲ့ရ ကြောင်း အဆိုပါရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗုံးပေါက်ကွဲလို့ ရုံးအဆောက်အဦးတဝက်ဝန်းကျင် ပြိုကျပျက်စီးပြီး လူအထိခိုက်တော့ မရှိဘူးကြားပါ တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ဗုံးဖောက်ခွဲခံရမှုကြောင့် အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးအဆောက်အဦး၏ ယာဘက်ခြမ်းနှင့်အမိုး ပျက်စီးခဲ့ကြောင်း သိရသည်။

အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးသည် တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်ရပ်ကွက်အနီးတွင် တည်ဆောက်ဆဲရုံး ဖြစ်သည်။ ထိုရုံးတွင် ပုံမှန်ရုံးတက်သော ဝန်ထမ်းများရှိသော်လည်း ဗုံးဖောက်ခွဲခံရ ချိန်၌ ရုံးအတွင်း လူတဦးမျှ မရှိကြောင်း သိရသည်။
အဆိုပါ မြေယာစီမံကိန်းရုံးကို မည်သည့်အဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ ဘီးလင်းပြည်တွင်း အခွန် များဦးစီးဌာနရုံးအား ဘီးလင်းမြို့နယ်၊ ပ.က.ဖ အဖွဲ့ကဗုံးနှစ်လုံးဖောက်ခွဲခဲ့ရာ အခွန်ဦးစီးမှူးရုံး အဆောက် အအုံ ပျက်စီးခဲ့ပြီး ဘေးကပ်ရှိ စာရင်းစစ်ရုံးပါ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ကင်မွန်းချောင်းနယ်မြေရဲစခန်း
#မြေယာစီမံကိန်းရုံး
#ဘီးလင်းမြို့နယ်
#Mizzima
ဓါတ်ပုံ - လူမှုကွန်ယက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤2🔥2